COVID-19 ကို ကမၻာ႔ကပ္ေရာဂါ အျဖစ္ WHO ေၾကညာ

ပံုႀကီးခ်ဲ႕ထားေသာ 2019 Novel Coronavirus (2019-nCoV) ပိုးပံု။

(Zawgyi/Unicode)

မၾကာေသးခင္ ရက္ပုိင္းေတြအတြင္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ သိသိသာသာ တုိးလာတဲ့အတြက္ ကမာၻအႏွံ႔ ပ်ံ႕ႏွံ႔တဲ့ ကပ္ေရာဂါအျဖစ္ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က ဗုဒၶဟူးေန႔မွာပဲ ေၾကညာလုိက္ပါတယ္။

တ႐ုတ္ႏုိင္ငံက စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ဗုိင္းရပ္စ္ပုိးဟာ အခုေနာက္ဆုံး ကမာၻေပၚက ႏုိင္ငံေပါင္း ၁၀၀ ေက်ာ္အထိ ကူးစက္ခဲ့ရာက အျမင့္ဆုံးအဆင့္အထိ WHO က တုိးျမွင့္ သတ္မွတ္လုိက္တာပါ။ အျပည့္အစုံကုိေတာ့ ကုိေအာင္လြင္ဦးက ေျပာျပေပးမွာ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံ ျပင္ပမွာ လြန္ခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း ကူးစက္မႈေတြ ၁၃ ဆအထိ တုိးလာသလုိ၊ ကူးစက္တဲ့ ႏုိင္ငံေတြလည္း ၃ ဆ တုိးလာတဲ့အေပၚ စုိးရိမ္တဲ့အတြက္ ကမာၻအႏွံ႔ ပ်ံ႕ႏွံ႔တဲ့ ေရာဂါအျဖစ္ ေၾကညာဖုိ႔ ဆုံးျဖတ္ခဲ့တဲ့အေၾကာင္း WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က Geneva ႐ုံးခ်ဳပ္မွာ သတင္းေထာက္ေတြကုိ ေျပာလုိက္တာပါ။

“ကူးစက္မႈနဲ႔ ျပင္းထန္မႈေတြဟာ စုိးရိမ္စရာေကာင္းေလာက္တဲ့ အဆင့္အထိ ေရာက္လာေနၿပီး၊ တုံ႔ျပန္ေဆာင္ရြက္မႈ မရွိတာေတြဟာလည္း စုိးရိမ္စရာေကာင္းတဲ့ အဆင့္အထိ ေရာက္လာေနတာေၾကာင့္၊ COVID-19 ေရာဂါကုိ ကမာၻအႏွံ႔ ပ်ံ႕ႏွံ႔တဲ့ ကပ္ေရာဂါအျဖစ္ သတ္မွတ္ႏုိင္ၿပီလုိ႔ က်ေနာ္တုိ႔ အေနနဲ႔ သုံးသပ္ပါတယ္။”

ဗုဒၶဟူးေန႔အထိ ရရွိထားတဲ့ အခ်က္အလက္ေတြအရ ကမာၻေပၚက ႏုိင္ငံေပါင္း ၁၁၄ ႏုိင္ငံမွာ လူေပါင္း ၁၁၈,၀၀၀ ေက်ာ္ ကူးစက္ခံထားရၿပီး၊ ေသဆုံးသူေပါင္းဟာလည္း ၄,၃၀၀ ေလာက္အထိ ရွိေနေၾကာင္းလည္း WHO ကေျပာပါတယ္။ ဗုိင္းရပ္စ္ပုိး စတင္ပ်ံ႕ႏွံ႔ရာ တ႐ုတ္ႏုိင္ငံမွာ ကူးစက္မႈေတြ ေလ်ာ့က်လာေနရာမွာ ဗုဒၶဟူးေန႔က ကူးစက္သူ လူနာအသစ္ ၂၄ ေယာက္သာရွိေၾကာင္းလည္း တ႐ုတ္က်န္းမာေရး တာ၀န္ရွိသူေတြက သတင္းထုတ္ျပန္ထားတာပါ။ ဒါေပမဲ့လည္း ကူးစက္သူ ၁,၀၀၀ ေက်ာ္သြားၿပီျဖစ္တဲ့ အေမရိကန္ ျပည္ေထာင္စု အပါအ၀င္ ကမာၻတ၀ွမ္းမွာ ေနာက္ထပ္ ကူးစက္မႈ အသစ္ေတြနဲ႔ ကူးစက္ခံရတဲ့ ႏုိင္ငံသစ္ေတြလည္း ထပ္တုိးလာေနပါတယ္။

ဗုိင္းရပ္စ္ ပ်ံ႕ႏံွ႔မႈေၾကာင့္ ကမာၻ႔စီးပြားေရးအေပၚ ႐ုိက္ခတ္လာေနသလုိ၊ လူမႈအသုိင္းအ၀ုိင္းေတြၾကား စုိးရိမ္မႈေတြလည္း ႀကီးထြားလာေနခ်ိန္မွာ က်န္းမာေရးအႏၱရာယ္ သတိေပးခ်က္ကုိ အျမင့္ဆုံး အဆင့္အထိ သတ္မွတ္ဖုိ႔ အလြယ္တကူ ဆုံးျဖတ္ခဲ့တာ မဟုတ္ေၾကာင္းလည္း WHO အႀကီးအကဲက သတင္းေထာက္ေတြကုိ ေျပာခဲ့တာပါ။

“ကမာၻအႏွံ႔ ပ်ံ႕ႏွံ႔တဲ့ ကပ္ေရာဂါ (Pandemic) ဆုိတာဟာ ခပ္ေပါ့ေပါ့ အမႈမဲ့အမွတ္မဲ့ သုံးႏႈန္းရမယ့္ စကားလုံးမဟုတ္ပါဘူး။ တလဲြသုံးမိခဲ့ရင္ စုိးရိမ္ထိတ္လန္႔မႈေတြ၊ ဒါမွမဟုတ္ရင္လည္း တုိက္ဖ်က္ေရး လုပ္ငန္းေတြ အဆုံးသတ္သြားၿပီဆုိၿပီး လဲြမွားတဲ့ အျမင္ေတြ ၀င္လာရာက မလုိလားအပ္တဲ့ ေ၀ဒနာခံစားရတာေတြ၊ အသက္ဆုံး႐ႈံးမႈေတြလည္း ျဖစ္ႏုိင္ပါတယ္။”

WHO က အျမင့္ဆုံး သတိေပးခ်က္ ထုတ္ျပန္လုိက္တဲ့ ဗုဒၶဟူးေန႔မွာပဲ အာဖရိကတုိက္ႏုိင္ငံတခုျဖစ္တဲ့ ကြန္ဂုိဒီမုိကရက္တစ္ သမၼတ ႏုိင္ငံမွာ ပထမဆုံး ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈကုိ အတည္ျပဳလုိက္သလုိ၊ အင္ဒုိနီးရွား၊ လက္ဘႏြမ္၊ ပနားမားနဲ႔ အုိင္ယာလန္တုိ႔မွာလည္း ပထမဆုံး ေသဆုံးသူေတြ ရွိခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားတာပါ။

တ႐ုတ္ႏုိင္ငံ ျပင္ပမွာ ကူးစက္မႈ အဆုိးဆုံး အေျခအေနနဲ႔ ႀကံဳေနရတဲ့ အီတလီႏုိင္ငံမွာေတာ့ ေသဆုံးသူ ၈၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၂,၀၀၀ ေက်ာ္အထိ ရွိေနၿပီး၊ အီရန္ႏုိင္ငံမွာေတာ့ ေသဆုံးသူ ၃၅၀ ေက်ာ္နဲ႔ ကူးစက္သူ ၉ ေထာင္ေက်ာ္၊ ေတာင္ကုိရီးယား ႏုိင္ငံမွာေတာ့ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၇,၇၀၀ ေက်ာ္အထိ ရွိေနပါတယ္။


........................

COVID-19 ကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် WHO ကြေညာ

(Unicode)

မကြာသေးခင် ရက်ပိုင်းတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ သိသိသာသာ တိုးလာတဲ့အတွက် ကမ္ဘာအနှံ့ ပျံ့နှံ့တဲ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံက စတင်ပျံ့နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးဟာ အခုနောက်ဆုံး ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၀၀ ကျော်အထိ ကူးစက်ခဲ့ရာက အမြင့်ဆုံးအဆင့်အထိ WHO က တိုးမြှင့် သတ်မှတ်လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ပြင်ပမှာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ကူးစက်မှုတွေ ၁၃ ဆအထိ တိုးလာသလို၊ ကူးစက်တဲ့ နိုင်ငံတွေလည်း ၃ ဆ တိုးလာတဲ့အပေါ် စိုးရိမ်တဲ့အတွက် ကမ္ဘာအနှံ့ ပျံ့နှံ့တဲ့ ရောဂါအဖြစ် ကြေညာဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က Geneva ရုံးချုပ်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

“ကူးစက်မှုနဲ့ ပြင်းထန်မှုတွေဟာ စိုးရိမ်စရာကောင်းလောက်တဲ့ အဆင့်အထိ ရောက်လာနေပြီး၊ တုံ့ပြန်ဆောင်ရွက်မှု မရှိတာတွေဟာလည်း စိုးရိမ်စရာကောင်းတဲ့ အဆင့်အထိ ရောက်လာနေတာကြောင့်၊ COVID-19 ရောဂါကို ကမ္ဘာအနှံ့ ပျံ့နှံ့တဲ့ ကပ်ရောဂါအဖြစ် သတ်မှတ်နိုင်ပြီလို့ ကျနော်တို့ အနေနဲ့ သုံးသပ်ပါတယ်။”

ဗုဒ္ဓဟူးနေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှာ လူပေါင်း ၁၁၈,၀၀၀ ကျော် ကူးစက်ခံထားရပြီး၊ သေဆုံးသူပေါင်းဟာလည်း ၄,၃၀၀ လောက်အထိ ရှိနေကြောင်းလည်း WHO ကပြောပါတယ်။ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံမှာ ကူးစက်မှုတွေ လျော့ကျလာနေရာမှာ ဗုဒ္ဓဟူးနေ့က ကူးစက်သူ လူနာအသစ် ၂၄ ယောက်သာရှိကြောင်းလည်း တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားတာပါ။ ဒါပေမဲ့လည်း ကူးစက်သူ ၁,၀၀၀ ကျော်သွားပြီဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာတဝှမ်းမှာ နောက်ထပ် ကူးစက်မှု အသစ်တွေနဲ့ ကူးစက်ခံရတဲ့ နိုင်ငံသစ်တွေလည်း ထပ်တိုးလာနေပါတယ်။

ဗိုင်းရပ်စ် ပျံ့နံှ့မှုကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်လာနေသလို၊ လူမှုအသိုင်းအဝိုင်းတွေကြား စိုးရိမ်မှုတွေလည်း ကြီးထွားလာနေချိန်မှာ ကျန်းမာရေးအန္တရာယ် သတိပေးချက်ကို အမြင့်ဆုံး အဆင့်အထိ သတ်မှတ်ဖို့ အလွယ်တကူ ဆုံးဖြတ်ခဲ့တာ မဟုတ်ကြောင်းလည်း WHO အကြီးအကဲက သတင်းထောက်တွေကို ပြောခဲ့တာပါ။

“ကမ္ဘာအနှံ့ ပျံ့နှံ့တဲ့ ကပ်ရောဂါ (Pandemic) ဆိုတာဟာ ခပ်ပေါ့ပေါ့ အမှုမဲ့အမှတ်မဲ့ သုံးနှုန်းရမယ့် စကားလုံးမဟုတ်ပါဘူး။ တလွဲသုံးမိခဲ့ရင် စိုးရိမ်ထိတ်လန့်မှုတွေ၊ ဒါမှမဟုတ်ရင်လည်း တိုက်ဖျက်ရေး လုပ်ငန်းတွေ အဆုံးသတ်သွားပြီဆိုပြီး လွဲမှားတဲ့ အမြင်တွေ ဝင်လာရာက မလိုလားအပ်တဲ့ ဝေဒနာခံစားရတာတွေ၊ အသက်ဆုံးရှုံးမှုတွေလည်း ဖြစ်နိုင်ပါတယ်။”

WHO က အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်လိုက်တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အာဖရိကတိုက်နိုင်ငံတခုဖြစ်တဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အတည်ပြုလိုက်သလို၊ အင်ဒိုနီးရှား၊ လက်ဘနွမ်၊ ပနားမားနဲ့ အိုင်ယာလန်တို့မှာလည်း ပထမဆုံး သေဆုံးသူတွေ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာပါ။

တရုတ်နိုင်ငံ ပြင်ပမှာ ကူးစက်မှု အဆိုးဆုံး အခြေအနေနဲ့ ကြုံနေရတဲ့ အီတလီနိုင်ငံမှာတော့ သေဆုံးသူ ၈၀၀ ကျော်နဲ့ ကူးစက်သူ ၁၂,၀၀၀ ကျော်အထိ ရှိနေပြီး၊ အီရန်နိုင်ငံမှာတော့ သေဆုံးသူ ၃၅၀ ကျော်နဲ့ ကူးစက်သူ ၉ ထောင်ကျော်၊ တောင်ကိုရီးယား နိုင်ငံမှာတော့ သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၇,၇၀၀ ကျော်အထိ ရှိနေပါတယ်။

ကိုေအာင္လြင္ဦး/ VOA (Burmese)
https://burmese.voanews.com
COVID-19 ကို ကမၻာ႔ကပ္ေရာဂါ အျဖစ္ WHO ေၾကညာ COVID-19 ကို ကမၻာ႔ကပ္ေရာဂါ အျဖစ္ WHO ေၾကညာ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.