Coronavirus ေၾကာင္႔ အီတလီစာသင္ေက်ာင္းအားလံုး ေခတၱပိတ္

အီတလီ ႏိုင္ငံ မီလန္ၿမိဳ႕က Bicocca တကၠသိုလ္ ဓာတုေဗဒ ပါေမာကၡ Luca De Gioia ပို႔ခ်ခ်က္ေတြကို အသံသြင္းၿပီး အြန္လိုင္းေပၚကေန ေက်ာင္းသားေတြကို ပို႔ခ်။

(Zawgyi / Unicode)

Coronavirus ေၾကာင့္ အီတလီႏုိင္ငံအတြင္းက စာသင္းေက်ာင္းေတြအားလုံး ၁၀ ရက္ၾကာ ပိတ္မယ့္အေၾကာင္ အစုိးရက ေၾကညာတဲ့အခ်ိန္မွာဘဲ ဒီ ဗုိင္းရပ္စ္္ပုိး ေနာက္ထပ္ ကူးစက္တဲ့ ႏုိင္ငံ ၄ ႏုိင္ငံ တုိးလာပါတယ္။

ခ်ီလီ၊ ဟန္္ေဂရီ၊ ပုိလန္နဲ႔ ဆလုိေဗးနီးယားႏုိင္ငံေတြကလည္း သူတုိ႔တုိင္းျပည္အသီးသီးမွာ Coronavirus ကူးစက္သူေတြ ရွိလာေနၿပီျဖစ္ေၾကာင္း ဗုဒၶဟူးေန႔က ေျပာပါတယ္။ ဟန္ေဂရီမွာ ကူးစက္သူေတြကေတာ့ အီရန္ႏုိင္ငံက ေက်ာင္းလာတက္သူေတြျဖစ္ၿပီး ဆလုိေဗးနီးယားႏုိင္ငံက လူနာကေတာ့ ေမာ္ရုိကုိနဲ႔ အီတလီႏုိင္ငံေတြကုိ ျဖတ္သန္းလာသူ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

အီတလီႏုိင္ငံဟာ ဥေရာပတုိက္အတြင္း ေရာဂါပုိးကူးစက္မႈ အမ်ားဆုံးႏုိင္ငံျဖစ္ၿပီး အခုခ်ိန္ထိ ကူးစက္ခံရသူ ၂,၇၀၀ နဲ႔ ေသဆုံးသူ ၁၀၀ ရွိသြားၿပီ ျဖစ္ပါတယ္။ အီတလီအစုိးရအေနနဲ႔ လုပ္သင့္လုပ္ထုိက္တဲ့ ဆုံးျဖတ္ခ်က္ကုိ ခ်ၿပီး စာသင္ေက်ာင္းေတြကုိ မတ္လ ၁၅ ရက္ေန႔အထိ ပိတ္ပစ္ဖုိ႔ ဆုံးျဖတ္လုိက္တာလုိ႔ ဆုိပါတယ္။

အခုခ်ိန္ထိ ကမၻာတ၀ွမ္း Coronavirus ကူးစက္ေနတဲ့ ႏုိ္င္ငံေပါင္း ၇၅ ႏုိင္ငံ ရွိသြားၿပီလုိ႔ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus က ဗုဒၶဟူးေန႔မွာ ျပဳလုပ္တဲ့ ပုံမွန္သတင္းစာ ရွင္းလင္းပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။ ဒီေရာဂါပုိးကုိ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ ႏုိင္ငံတုိင္းက အစြမ္းကုန္ ႀကိဳးစား လုပ္ေဆာင္ၾကဖုိ႔လည္း WHO အႀကီးအကဲက တုိက္တြန္းလုိက္ပါတယ္။

အေမရိကန္ျပည္ေထာင္စု မွာေတာ့ အခုခ်ိန္ထိ ေသဆုံးသူ ၁၁ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။ အေစာပုိင္းက ၀ါရွင္တန္ျပည္နယ္မွာ ၁၀ ဦး ေသဆုံးခဲ့တာ အပါအ၀င္ ကယ္လီဖုိးနီးယားျပည္နယ္၊ Sacramento ၿမိဳ႕မွာ အသက္အရြယ္ ႀကီးရင့္သူ အမ်ဳိးသား တဦး ေသဆုံးခဲ့တာ ျဖစ္ပါတယ္။


(Unicode)

Coronavirus ကြောင့် အီတလီစာသင်ကျောင်းအားလုံး ခေတ္တပိတ်


Coronavirus ကြောင့် အီတလီနိုင်ငံအတွင်းက စာသင်းကျောင်းတွေအားလုံး ၁၀ ရက်ကြာ ပိတ်မယ့်အကြောင် အစိုးရက ကြေညာတဲ့အချိန်မှာဘဲ ဒီ ဗိုင်းရပ်စ်ပိုး နောက်ထပ် ကူးစက်တဲ့ နိုင်ငံ ၄ နိုင်ငံ တိုးလာပါတယ်။

ချီလီ၊ ဟန်ဂေရီ၊ ပိုလန်နဲ့ ဆလိုဗေးနီးယားနိုင်ငံတွေကလည်း သူတို့တိုင်းပြည်အသီးသီးမှာ Coronavirus ကူးစက်သူတွေ ရှိလာနေပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဟန်ဂေရီမှာ ကူးစက်သူတွေကတော့ အီရန်နိုင်ငံက ကျောင်းလာတက်သူတွေဖြစ်ပြီး ဆလိုဗေးနီးယားနိုင်ငံက လူနာကတော့ မော်ရိုကိုနဲ့ အီတလီနိုင်ငံတွေကို ဖြတ်သန်းလာသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံဟာ ဥရောပတိုက်အတွင်း ရောဂါပိုးကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး အခုချိန်ထိ ကူးစက်ခံရသူ ၂,၇၀၀ နဲ့ သေဆုံးသူ ၁၀၀ ရှိသွားပြီ ဖြစ်ပါတယ်။ အီတလီအစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဆုံးဖြတ်ချက်ကို ချပြီး စာသင်ကျောင်းတွေကို မတ်လ ၁၅ ရက်နေ့အထိ ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

အခုချိန်ထိ ကမ္ဘာတဝှမ်း Coronavirus ကူးစက်နေတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံ ရှိသွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ဒီရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတိုင်းက အစွမ်းကုန် ကြိုးစား လုပ်ဆောင်ကြဖို့လည်း WHO အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အခုချိန်ထိ သေဆုံးသူ ၁၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ အစောပိုင်းက ဝါရှင်တန်ပြည်နယ်မှာ ၁၀ ဦး သေဆုံးခဲ့တာ အပါအဝင် ကယ်လီဖိုးနီးယားပြည်နယ်၊ Sacramento မြို့မှာ အသက်အရွယ် ကြီးရင့်သူ အမျိုးသား တဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
Coronavirus ေၾကာင္႔ အီတလီစာသင္ေက်ာင္းအားလံုး ေခတၱပိတ္ Coronavirus ေၾကာင္႔ အီတလီစာသင္ေက်ာင္းအားလံုး ေခတၱပိတ္ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.