Coronavirus စပ္းသပ္ေရး ေဆးပစၥည္း စကၤာပူက ျမန္မာကိုေပးအပ္

စကာၤပူက လွဴဒါန္းတဲ႔ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္ေရး ပစၥည္းေတြကို လႊဲေျပာင္းေပးအပ္။ (ဓာတ္ပံု - ျမန္မာႏုိင္ငံဆိုင္ရာ စကာၤပူ သံရံုး Facebook )

(Zawgyi / Unicode)

ကိုရုိနာ ဗိုင္းရပ္စ္ ျပန္႔ပြားမႈ ထိန္းခ်ဳပ္ေရးမွာ ျမန္မာႏုိင္ငံက ဆရာ၀န္ေတြ အသုံးျပဳႏုိင္ဖို႔ ေဆး၀ါး ကိရိယာေတြ ျမန္မာႏိုင္ငံကို ေပးပို႔ခဲ့တယ္လို႔ စကၤာပူႏုိင္ငံျခားေရး၀န္ၾကီးဌာနက ေျပာပါတယ္။ ေရာဂါ စမ္းသပ္ ရွာေဖြေရး ကိရိယာေပါင္း ၃၀၀၀ နဲ႔ PCR ေဆးစစ္စက္ ၂ ခုကို ျမန္မာႏုိင္ငံရဲ႕ ေမတၱာရပ္ခံခ်က္အရ ေပးပုိ႔ခဲ့တာလို႔လည္း စကၤာပူႏုိင္ငံျခားေရး ၀န္ႀကီးဌာနက မတ္လ ၄ ရက္ေန႔ ဗုဒၶဟူးေန႔က ေျပာပါတယ္။

ေဆး၀ါး ကိရိယာေတြကို ျမန္မာႏုိင္ငံ ဆိုင္ရာ စကၤာပူ သံအမတ္ၾကီး Vanessa Chan က ျမန္မာႏုိင္ငံ အမ်ိဳးသား က်န္းမာေရး ဓါတ္ခြဲစမ္းသပ္ခန္းဌာန ညႊန္ၾကားေရးမွဴး ေဒၚေဌးေဌးတင္ကို ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ လႊဲေျပာင္း ေပးအပ္ခဲ့တာပါ။

ေဖေဖာ္၀ါရီလ အတြင္းကလည္း စကၤာပူႏိုင္ငံဟာ တရုတ္ႏုိင္ငံကို ေဆး၀ါး ပစၥည္းေတြ ၂ ၾကိမ္ လႊဲေျပာင္းေပးအပ္ခဲ့ဖူးပါတယ္။

ေဖေဖာ္၀ါရီ ၁၉ ရက္ေန႔က တရုတ္ႏုိင္ငံ ဆိုင္ရာ စကၤာပူ သံအမတ္ၾကီး မစၥတာ Lyi Tuck Yew က ေဆး၀ါးပစၥည္းေတြကို တရုတ္ လြတ္ေျမာက္ေရး တပ္မေတာ္ အေထြေထြ ေရာဂါကုေဆးရုံ ေဆး၀ါး ဌာနကို ေဘဂ်င္းျမိဳ႕မွာ လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။ ေဖေဖာ္၀ါရီ ၈ ရက္တုန္းကေတာ့ ေဆး၀ါး ပစၥည္း အကူအညီေတြကို တရုတ္ႏုိင္ငံ ၀ူဟန္ျမိဳ႕အတြက္ ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

(Unicode)

Coronavirus စပ်းသပ်ရေး ဆေးပစ္စည်း စင်္ကာပူက မြန်မာကိုပေးအပ်

ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေးမှာ မြန်မာနိုင်ငံက ဆရာဝန်တွေ အသုံးပြုနိုင်ဖို့ ဆေးဝါး ကိရိယာတွေ မြန်မာနိုင်ငံကို ပေးပို့ခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ရောဂါ စမ်းသပ် ရှာဖွေရေး ကိရိယာပေါင်း ၃၀၀၀ နဲ့ PCR ဆေးစစ်စက် ၂ ခုကို မြန်မာနိုင်ငံရဲ့ မေတ္တာရပ်ခံချက်အရ ပေးပို့ခဲ့တာလို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဆေးဝါး ကိရိယာတွေကို မြန်မာနိုင်ငံ ဆိုင်ရာ စင်္ကာပူ သံအမတ်ကြီး Vanessa Chan က မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲစမ်းသပ်ခန်းဌာန ညွန်ကြားရေးမှူး ဒေါ်ဌေးဌေးတင်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လွှဲပြောင်း ပေးအပ်ခဲ့တာပါ။

ဖေဖော်ဝါရီလ အတွင်းကလည်း စင်္ကာပူနိုင်ငံဟာ တရုတ်နိုင်ငံကို ဆေးဝါး ပစ္စည်းတွေ ၂ ကြိမ် လွှဲပြောင်းပေးအပ်ခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ဆိုင်ရာ စင်္ကာပူ သံအမတ်ကြီး မစ္စတာ Lyi Tuck Yew က ဆေးဝါးပစ္စည်းတွေကို တရုတ် လွတ်မြောက်ရေး တပ်မတော် အထွေထွေ ရောဂါကုဆေးရုံ ဆေးဝါး ဌာနကို ဘေဂျင်းမြို့မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်တုန်းကတော့ ဆေးဝါး ပစ္စည်း အကူအညီတွေကို တရုတ်နိုင်ငံ ဝူဟန်မြို့အတွက် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
Coronavirus စပ္းသပ္ေရး ေဆးပစၥည္း စကၤာပူက ျမန္မာကိုေပးအပ္ Coronavirus စပ္းသပ္ေရး ေဆးပစၥည္း စကၤာပူက ျမန္မာကိုေပးအပ္ Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.