ဘရာဇီးလ္ သမၼတ နဲ႔ ကေနဒါ ၀န္ႀကီးခ်ဳပ္ Coronavirus ကူးစက္ခံရမႈ ႐ွိ-မ႐ွိ ေစာင္႔ၾကည္႔ခံရ

ဘရာဇီးလ္ သမၼတ Jair Bolsonaro

(Zawgyi/Unicode)

မၾကာေသးခင္ကပဲ ဖေလာ္ရီဒါျပည္နယ္မွာရွိတဲ့ အေမရိကန္သမၼတပုိင္ Mar-a-Lago အပမ္းေျဖဟုိတယ္မွာ သမၼတ Donald Trump နဲ႔ ေတြ႔ဆုံရာမွာ ဘရာဇီးသမၼတ Jair Bolsonaro နဲ႔အတူ လုိက္ပါခဲ့တဲ့ ဆက္သြယ္ေရးအရာရိွမွာ ဗုိင္းရပ္စ္ကူးစက္ေနတာ ေတြ႔ခဲ့ရတာေၾကာင့္ ဘရာဇီးသမၼတ ကုိယ္တုိင္လည္း ကူးစက္မႈ ရွိမရွိ ေဆးစစ္ခံၿပီး ေစာင့္ၾကည့္ေနရပါတယ္။

အေမရိကန္ကုိ သမၼတနဲ႔အတူ လုိက္ပါသြားတဲ့ ကုိယ္စားလွယ္အဖဲြ႔ တခုလုံးကုိလည္း က်န္းမာေရးအတြက္ လုိအပ္တဲ့ အစီအမံေတြနဲ႔ ေဆာင္ရြက္ေနေၾကာင္း ဘရာဇီးသမၼတ႐ုံးက ၾကာသပေတးေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ဘရာဇီးသမၼတရဲ႕ ဆက္သြယ္ေရးအရာရွိ ျဖစ္သူနဲ႔ ေဘးခ်င္းယွဥ္ ထုိင္ခဲ့တဲ့ သမၼတ Trump ကေတာ့ ကူးစက္မွာ မစုိးရိမ္ေၾကာင္း ၾကာသပေတးေန႔က အုိင္ယာလန္၀န္ႀကီးခ်ဳပ္ Leo Varadkar နဲ႔ ေတြ႔ဆုံရာမွာ ေျပာဆုိခဲ့တာပါ။ ေနာက္ထပ္ ကမာၻ႔ေခါင္းေဆာင္တေယာက္ျဖစ္တဲ့ ကေနဒါ၀န္ႀကီးခ်ဳပ္ Justin Trudeau ဟာလည္း ဇနီးျဖစ္သူမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္တဲ့ လကၡဏာတခ်ဳိ႕ ေတြ႔ခဲ့ရတဲ့အတြက္ သီးသန္႔ခဲြၿပီး ေစာင့္ၾကည့္ေနရပါတယ္။

လန္ဒန္ၿမိဳ႕က အခမ္းအနားတခုကို တက္ေရာက္ခဲ့ၿပီးေနာက္ ကေနဒါ၀န္ႀကီးခ်ဳပ္ ကေတာ္ဟာ တုပ္ေကြး ဆန္ဆန္ ေရာဂါလကၡဏာေတြကုိ ဗုဒၶဟူးေန႔ ေႏွာင္းပုိင္းမွာ စတင္ေတြ႔ရွိခဲ့တာ ျဖစ္ေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ က်ဆင္းမႈေတြ ႀကံဳေနရတဲ့ ကမာၻ႔ဘ႑ာေရး ေစ်းကြက္ကုိ တည္ၿငိမ္ေအာင္ ႀကိဳးပမ္းတဲ့ အေနနဲ႔ အေမရိကန္ ဗဟုိဘဏ္က ၾကာသပေတးေန႔မွာပဲ ၁.၅ ႀထီလီယံ ေရတုိေခ်းေငြေတြနဲ႔ ေစ်းကြက္မွာ အားျဖည့္ေပးခဲ့သလုိ၊ ဘီလီယံ ၆၀ ဖုိး ေငြစုစာခ်ဳပ္ေတြကုိလည္း ၀ယ္ယူခဲ့ပါတယ္။

မထင္မွတ္တဲ့ အစီအစဥ္ေတြကုိ ေဆာင္ရြက္ဖုိ႔ ဗဟုိဘဏ္ဥကၠ႒ Jerome Powell က ညႊန္ၾကားခဲ့တာ ျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။ ဗဟုိဘဏ္ဥကၠ႒ကုိေတာ့ ဘ႑ာေရး ျပႆနာေတြ သက္သာရာရေအာင္ ျမန္ျမန္ဆန္ဆန္ မလုပ္ဘူးဆုိၿပီး သမၼတ Trump က ျပင္းျပင္းထန္ထန္ ေ၀ဖန္ထားပါတယ္။


.......................

ဘရာဇီးလ် သမ္မတ နဲ့ ကနေဒါ ဝန်ကြီးချုပ် Coronavirus ကူးစက်ခံရမှု ရှိ-မရှိ စောင့်ကြည့်ခံရ

(Unicode)

မကြာသေးခင်ကပဲ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ အမေရိကန်သမ္မတပိုင် Mar-a-Lago အပမ်းဖြေဟိုတယ်မှာ သမ္မတ Donald Trump နဲ့ တွေ့ဆုံရာမှာ ဘရာဇီးသမ္မတ Jair Bolsonaro နဲ့အတူ လိုက်ပါခဲ့တဲ့ ဆက်သွယ်ရေးအရာရှိမှာ ဗိုင်းရပ်စ်ကူးစက်နေတာ တွေ့ခဲ့ရတာကြောင့် ဘရာဇီးသမ္မတ ကိုယ်တိုင်လည်း ကူးစက်မှု ရှိမရှိ ဆေးစစ်ခံပြီး စောင့်ကြည့်နေရပါတယ်။

အမေရိကန်ကို သမ္မတနဲ့အတူ လိုက်ပါသွားတဲ့ ကိုယ်စားလှယ်အဖွဲ့ တခုလုံးကိုလည်း ကျန်းမာရေးအတွက် လိုအပ်တဲ့ အစီအမံတွေနဲ့ ဆောင်ရွက်နေကြောင်း ဘရာဇီးသမ္မတရုံးက ကြာသပတေးနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဘရာဇီးသမ္မတရဲ့ ဆက်သွယ်ရေးအရာရှိ ဖြစ်သူနဲ့ ဘေးချင်းယှဉ် ထိုင်ခဲ့တဲ့ သမ္မတ Trump ကတော့ ကူးစက်မှာ မစိုးရိမ်ကြောင်း ကြာသပတေးနေ့က အိုင်ယာလန်ဝန်ကြီးချုပ် Leo Varadkar နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။ နောက်ထပ် ကမ္ဘာ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာလည်း ဇနီးဖြစ်သူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ လက္ခဏာတချို့ တွေ့ခဲ့ရတဲ့အတွက် သီးသန့်ခွဲပြီး စောင့်ကြည့်နေရပါတယ်။

လန်ဒန်မြို့က အခမ်းအနားတခုကို တက်ရောက်ခဲ့ပြီးနောက် ကနေဒါဝန်ကြီးချုပ် ကတော်ဟာ တုပ်ကွေး ဆန်ဆန် ရောဂါလက္ခဏာတွေကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကျဆင်းမှုတွေ ကြုံနေရတဲ့ ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်ကို တည်ငြိမ်အောင် ကြိုးပမ်းတဲ့ အနေနဲ့ အမေရိကန် ဗဟိုဘဏ်က ကြာသပတေးနေ့မှာပဲ ၁.၅ ထြီလီယံ ရေတိုချေးငွေတွေနဲ့ ဈေးကွက်မှာ အားဖြည့်ပေးခဲ့သလို၊ ဘီလီယံ ၆၀ ဖိုး ငွေစုစာချုပ်တွေကိုလည်း ဝယ်ယူခဲ့ပါတယ်။

မထင်မှတ်တဲ့ အစီအစဉ်တွေကို ဆောင်ရွက်ဖို့ ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell က ညွှန်ကြားခဲ့တာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ ဗဟိုဘဏ်ဥက္ကဋ္ဌကိုတော့ ဘဏ္ဍာရေး ပြဿနာတွေ သက်သာရာရအောင် မြန်မြန်ဆန်ဆန် မလုပ်ဘူးဆိုပြီး သမ္မတ Trump က ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ဘရာဇီးလ္ သမၼတ နဲ႔ ကေနဒါ ၀န္ႀကီးခ်ဳပ္ Coronavirus ကူးစက္ခံရမႈ ႐ွိ-မ႐ွိ ေစာင္႔ၾကည္႔ခံရ ဘရာဇီးလ္ သမၼတ နဲ႔ ကေနဒါ ၀န္ႀကီးခ်ဳပ္ Coronavirus ကူးစက္ခံရမႈ ႐ွိ-မ႐ွိ ေစာင္႔ၾကည္႔ခံရ Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.