Coronavirus ေၾကာင္႔ ေတာင္ကိုရီးယား စီးပြါးက်


(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ ကမာၻ႔ ေဈးကြက္ ပ်က္ေနခ်ိန္မွာ တခ်ိဳ႕ေလ့လာသူေတြက ကမာၻ႔စီးပြားပ်က္ကပ္ ဆိုက္ႏိုင္တယ္လို႔ သတိေပးေနပါတယ္။ ေရာဂါကူးစက္မႈ အျပင္းထန္ဆုံး ခံစားခဲ့ရတဲ့ ႏိုင္ငံတခ်ိဳ႕မွာ ထိခိုက္မႈေတြ ႀကဳံေတြ႔ ေနရတဲ့အေၾကာင္း ေတာင္ကိုရီးယားႏိုင္ငံ Seoul ၿမိဳ႕ေတာ္ ကေန Bill Gallo သတင္းေပးပို႔ ထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပမွာပါ။

ေတာင္ကိုရီးယား ႏိုင္ငံ Seoul ၿမိဳ႕ေတာ္မွာ ႐ုံးအေဆာက္အအံုေတြ အမ်ားႀကီးရွိတဲ့ ရပ္ကြက္မွာ ဖြင့္ထားတဲ့ BBQ စားေသာက္ဆိုင္ပိုင္ရွင္ Lee Jae-hoon က အခုလို ေျပာပါတယ္။

"ၾကာသပေတးေန႔ေလာက္ ေရာက္ၿပီဆိုရင္ ဒီဆိုင္က စားသုံးသူေတြ နဲ႔ ျပည့္ေနတတ္ပါတယ္။ အခုေတာ့ ခင္ဗ်ား ျမင္တဲ့အတိုင္းပါပဲ။ ဘယ္သူမွ မရွိဘူးေလ။"

ေရာဂါ ကူးစက္ျပန႔္ပြားတာကို တားဆီးဖို႔ လူခ်င္းေတြ႕ဆုံတာကို ေရွာင္ရွားေနတဲ့ အခ်ိန္ အခုလို လူသူကင္းမဲ့ေနတာမ်ိဳးက ေတာင္ကိုရီးယား စားေသာက္ဆိုင္ ေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ေနတာပါ။ Lee Jae Hoon က

" ဒါမ်ိဳးက က်ေနာ့္ သက္တမ္း ၅၉ ႏွစ္အ႐ြယ္မွာ ပထမဦးဆုံးအႀကိမ္ ျဖစ္တာ ျဖစ္ၿပီး စီးပြားေရး က်တာပဲ ျဖစ္ျဖစ္၊ ကူးစက္ေရာဂါေၾကာင့္ပဲ ျဖစ္ျဖစ္ အေရာင္းကေတာ့ လုံးဝ က်သြားတာပါပဲ။"

အခုလို ပန္းဆိုင္မ်ိဳး လုပ္ငန္းငယ္ေလးေတြ ဟာ သက္ေရာက္မႈ ႀကီးႀကီးမားမား ခံေနရပါတယ္။ တခ်ိဳ႕ဆို ဆိုင္လုံးဝ ပိတ္ထားလိုက္ရပါတယ္။ ဆိုးလ္ၿမိဳ႕ေတာ္က ပန္းဆိုင္ပိုင္ရွင္ Kim Choon-hwan က အခုလို ေျပာပါတယ္။

" အခုဘယ္သူမွ ပန္းမဝယ္ပါဘူး။ အခုဆိုရင္ က်မက ငွားခေတာင္ ေပးဖို႔ ခက္ခဲေနပါတယ္။ ေငြ ေခ်းရဖို႔ ရွိေနေပမဲ့လည္း ဒါလည္း အဆင္ေျပပါ့မလား မသိပါဘူး။ အခုထက္ထိေတာ့ က်မ မွာ ေျဖရွင္းနည္း မရွိေသးပါဘူး။"

လုပ္ငန္းငယ္ေတြ သာမက လုပ္ငန္းႀကီးေတြလည္း ထိခိုက္ေနပါတယ္။ ေတာင္ကိုရီးယားက တခ်ိဳ႕ စက္႐ုံေတြဆိုရင္ တ႐ုတ္ျပည္က ပစၥည္း ျပတ္လတ္တာ ေၾကာင့္ပဲ ျဖစ္ျဖစ္၊ ေရာဂါ ကူးစက္ခံရလို႔ပဲ ျဖစ္ျဖစ္ ယာယီ ပိတ္ထားလိုက္ရပါတယ္။ တနည္းေျပာရင္ေတာ့ ဒီဗိုင္းရပ္စ္ဟာ စီးပြားေရးကို ႏွစ္ဆင့္ ထိုးႏွက္လိုက္တာပါ။ Myungji တကၠသိုလ္က စီးပြားေရး ပါေမာကၡ woo Seok-jin က

" ေရာဂါေတြ ျဖစ္ၿပီဆိုရင္ ျဖစ္ေလ့ရွိတာက ဝယ္လိုအားကို ထိခိုက္သြားတတ္တာပါ။ လူေတြက ေလွ်ာ့ဝယ္ၾကပါတယ္။ အခု ကို႐ိုနာဗိုင္းရပ္စ္ ကိစၥမွာဆိုရင္ ထုတ္လုပ္မႈပိုင္း ကိုပါ ထိခိုက္သြားတာပါ။"

ဒါကို တုံ႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယား အစိုးရက စီးပြားေရး လႈံ႔ေဆာ္ဖို႔ ေဒၚလာ ၁၀ ဘီလ်ံ ကူညီမယ္လို႔ ေၾကညာပါတယ္။ တျခား လုပ္ေဆာင္ခ်က္ေတြထဲမွာေတာ့ အစိုးရအေနနဲ႔ စီးပြားေရးလုပ္ငန္းေတြ အတိုး သက္သက္သာသာနဲ႔ ရေအာင္ ခြင့္ျပဳေပးပါမယ္။ ဒါေတြကလည္း Lee Jeong-Hwan ရဲ႕ ေတာင္ကိုးရီးယား ခရီးသြားလုပ္ငန္း ကို မကယ္ႏိုင္ပါဘူး။

" ႀကိဳတင္ ဘိုကင္လုပ္ဖို႔ေနေနသာသာ အခု ဖုန္းေခၚတဲ့သူ မရွိပါဘူး။ အစိုးရကေတာ့ အေရးေပၚ ေခ်းေငြ ေပးမယ္လို႔ ေျပာထားပါတယ္။ က်ေနာ္ အဲ့ဒါကို ေစာင့္ေနပါတယ္။"

ေရာဂါကူးစက္မႈေတြ တိုးလာေလေလ အခုလို အေျခအေနက ႏိုင္ငံေတာ္ေတာ္မ်ားမ်ား မွာ ႀကဳံေတြရဖို႔ ရွိေနပါတယ္။

(Unicode)

Coronavirus ကြောင့် တောင်ကိုရီးယား စီးပွါးကျ


ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကမ္ဘာ့ ဈေးကွက် ပျက်နေချိန်မှာ တချို့လေ့လာသူတွေက ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်နိုင်တယ်လို့ သတိပေးနေပါတယ်။ ရောဂါကူးစက်မှု အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတချို့မှာ ထိခိုက်မှုတွေ ကြုံတွေ့ နေရတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော် ကနေ Bill Gallo သတင်းပေးပို့ ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။

တောင်ကိုရီးယား နိုင်ငံ Seoul မြို့တော်မှာ ရုံးအဆောက်အအုံတွေ အများကြီးရှိတဲ့ ရပ်ကွက်မှာ ဖွင့်ထားတဲ့ BBQ စားသောက်ဆိုင်ပိုင်ရှင် Lee Jae-hoon က အခုလို ပြောပါတယ်။

"ကြာသပတေးနေ့လောက် ရောက်ပြီဆိုရင် ဒီဆိုင်က စားသုံးသူတွေ နဲ့ ပြည့်နေတတ်ပါတယ်။ အခုတော့ ခင်ဗျား မြင်တဲ့အတိုင်းပါပဲ။ ဘယ်သူမှ မရှိဘူးလေ။"

ရောဂါ ကူးစက်ပြန့်ပွားတာကို တားဆီးဖို့ လူချင်းတွေ့ဆုံတာကို ရှောင်ရှားနေတဲ့ အချိန် အခုလို လူသူကင်းမဲ့နေတာမျိုးက တောင်ကိုရီးယား စားသောက်ဆိုင် တော်တော်များများမှာ ဖြစ်နေတာပါ။ Lee Jae Hoon က

" ဒါမျိုးက ကျနော့် သက်တမ်း ၅၉ နှစ်အရွယ်မှာ ပထမဦးဆုံးအကြိမ် ဖြစ်တာ ဖြစ်ပြီး စီးပွားရေး ကျတာပဲ ဖြစ်ဖြစ်၊ ကူးစက်ရောဂါကြောင့်ပဲ ဖြစ်ဖြစ် အရောင်းကတော့ လုံးဝ ကျသွားတာပါပဲ။"

အခုလို ပန်းဆိုင်မျိုး လုပ်ငန်းငယ်လေးတွေ ဟာ သက်ရောက်မှုကြီးကြီးမားမား ခံနေရပါတယ်။ တချို့ဆို ဆိုင်လုံးဝပိတ်ထားလိုက်ရပါတယ်။ ဆိုးလ်မြို့တော်က ပန်းဆိုင်ပိုင်ရှင် Kim Choon-hwan က အခုလို ပြောပါတယ်။

" အခုဘယ်သူမှ ပန်းမဝယ်ပါဘူး။ အခုဆိုရင် ကျမက ငှားခတောင် ပေးဖို့ ခက်ခဲနေပါတယ်။ ငွေ ချေးရဖို့ ရှိနေပေမဲ့လည်း ဒါလည်း အဆင်ပြေပါ့မလား မသိပါဘူး။ အခုထက်ထိတော့ ကျမ မှာ ဖြေရှင်းနည်း မရှိသေးပါဘူး။"

လုပ်ငန်းငယ်တွေ သာမက လုပ်ငန်းကြီးတွေလည်း ထိခိုက်နေပါတယ်။ တောင်ကိုရီးယားက တချို့ စက်ရုံတွေဆိုရင် တရုတ်ပြည်က ပစ္စည်း ပြတ်လတ်တာကြောင့်ပဲ ဖြစ်ဖြစ်၊ ရောဂါ ကူးစက်ခံရလို့ပဲ ဖြစ်ဖြစ် ယာယီ ပိတ်ထားလိုက်ရ ပါတယ်။ တနည်းပြောရင်တော့ ဒီဗိုင်းရပ်စ်ဟာ စီးပွားရေးကို နှစ်ဆင့် ထိုးနှက်လိုက်တာပါ။ Myungji တက္ကသိုလ်က စီးပွားရေး ပါမောက္ခ woo Seok-jin က

"ရောဂါတွေ ဖြစ်ပြီဆိုရင် ဖြစ်လေ့ရှိတာက ဝယ်လိုအားကို ထိခိုက်သွားတတ်တာပါ။ လူတွေက လျှော့ဝယ်ကြပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ် ကိစ္စမှာဆိုရင် ထုတ်လုပ်မှုပိုင်းကိုပါ ထိခိုက်သွားတာပါ။"

ဒါကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား အစိုးရက စီးပွားရေး လှုံဆော်ဖို့ ဒေါ်လာ ၁၀ ဘီလျံ ကူညီမယ်လို့ ကြေညာပါတယ်။ တခြား လုပ်ဆောင်ချက်တွေထဲမှာတော့ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ အတိုး သက်သက်သာသာနဲ့ ရအောင် ခွင့်ပြုပေးပါမယ်။ ဒါတွေကလည်း Lee Jeong-Hwan ရဲ့ တောင်ကိုးရီးယား ခရီးသွားလုပ်ငန်း ကို မကယ်နိုင်ပါဘူး။

" ကြိုတင် ဘိုကင်လုပ်ဖို့နေနေသာသာ အခု ဖုန်းခေါ်တဲ့သူ မရှိပါဘူး။ အစိုးရကတော့ အရေးပေါ် ချေးငွေ ပေးမယ်လို့ ပြောထားပါတယ်။ ကျနော် အဲ့ဒါကို စောင့်နေပါတယ်။"

ရောဂါကူးစက်မှုတွေ တိုးလာလေလေ အခုလို အခြေအနေက နိုင်ငံတော်တော်များများ မှာ ကြုံတွေရဖို့ ရှိနေပါတယ်။

 ၿငိမ္းခ်မ္း/ VOA (Burmese)
https://burmese.voanews.com
Coronavirus ေၾကာင္႔ ေတာင္ကိုရီးယား စီးပြါးက် Coronavirus ေၾကာင္႔ ေတာင္ကိုရီးယား စီးပြါးက် Reviewed by THITHTOOLWIN on 23:43 Rating: 5
Powered by Blogger.