Coronavirus ေၾကာင္႔ အေမရိကန္ လူထုက်န္းမာေရး အေရးေပၚအေျခအေန ေၾကညာ

အေမရိကန္ က်န္းမာေရးနဲ႔ လူမႈ၀န္ထမ္း၀န္ႀကီး Alex Azar က အမ်ားျပည္သူ က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ေၾကညာ

(Zawgyi/Unicode)

Coronavirus ကူးစက္မႈေၾကာင့္ အေမရိကန္ျပည္ေထာင္စု ျပည္နယ္အေတာ္မ်ားမ်ားမွာ အေရးေပၚအေျခအေန ေၾကညာလုိက္ပါတယ္။ ဒီကာလအတြင္းမွာ အမ်ားျပည္သူက်န္းမာေရးအတြက္ အေရးႀကီးတဲ့လုပ္ငန္းေတြ ေဆာင္ရြက္သြားမယ္လုိ႔ ဗဟုိအစုိးရနဲ႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြက ေျပာဆုိထားပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

အေမရိကန္ျပည္ေထာင္စုအတြင္း Coronavirus ကူးစက္မႈအေရအတြက္ တုိးမ်ားလာတာနဲ႔အတူ ေရာဂါပုိး ပ်ံ႔႔ႏွ႔ံမႈဟာလည္း ပုိမုိ က်ယ္ျပန္႔လာၿပီး ဒီဗုိင္းရပ္စ္ပုိး ကူးစက္ပ်ံ ႔ႏွံ႔မႈဟန္႔တားေရးနဲ႔ အမ်ားျပည္သူအၾကား ထိတ္လန္႔ ေၾကာက္ရြ႔ံ႕မႈ မျဖစ္ေစေရး ဗဟုိနဲ႔ ျပည္နယ္အစုိးရေတြက လုိအပ္တာေတြကုိ လုပ္ေဆာင္ေနပါတယ္။

တရုတ္ႏုိင္ငံမွာ စတင္ျဖစ္ေပၚတဲ့ Coronavirus ဟာ တျခားႏုိင္ငံေတြကုိပါ ကူးစက္ ပ်ံ႔႔ႏွံ႔ လာေနတာေၾကာင့္ ဒီကိစၥကုိ အမ်ားျပည္သူ က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ အေမရိကန္ က်န္းမာေရးနဲ႔ လူမႈ၀န္ထမ္း၀န္ႀကီး Alex Azar က ဇန္န၀ါရီလ ၃၁ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ အေရးေပၚအေျခအေန ေၾကညာျခင္းအားျဖင့္ ဗဟုိအစုိးရအေနနဲ႔ ျပည္နယ္ေတြရဲ႕ ေတာင္းဆုိခ်က္ေတြ အေပၚမူတည္ၿပီး လုိအပ္တဲ့ေနရာေတြကုိ က်န္းမာေရး၀န္ထမ္းေတြ ေစလြတ္တာအျပင္ တျခား ကူညီလုိ႔ရတာေတြကုိ အလ်င္အျမန္ ကူညီ ေဆာင္ရြက္ေပးႏုိင္မွာ ျဖစ္ပါတယ္။

အေရးေပၚအေျခအေန ႀကံဳေတြ႔လာရတဲ့အခါ ဗဟုိ၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ လူမ်ဳိးစုေဒသတုိ႔အျပင္ ျပည္ေထာင္စု အစုိးရ အုပ္ခ်ဳပ္မႈေအာက္မွာ ရွိေနတဲ့ ေနရာေဒသေတြကုိ ဗဟုိအစုိးရရဲ႕ ရန္ပုံေငြေတြကုိ ေတာင္းခံ အသုံးျပဳႏုိင္မွာျဖစ္သလုိ အဲဒီေဒသေတြနဲ႔ ပူးေပါင္း လုပ္ေဆာင္မႈေတြလည္း ရွိလာမွာ ျဖစ္ပါတယ္။ အေရးေပၚအေျခအေန ေၾကညာထားၿပီးျဖစ္တဲ့အတြက္ ဗဟုိအစုိးရအေနနဲ႔ ေရာဂါပုိးရွိမရွိ စမ္းသပ္တာ၊ ဒီဗုိင္းရပ္စ္ပုိး တုိက္ဖ်က္ေရးအတြက္ ေဆး၀ါး စမ္းသပ္ ေဖာ္ထုတ္တာနဲ႔ ကုသတာေတြ အျပင္ Coronavirus အတြက္ ကာကြယ္ေဆး စမ္းသပ္ ေဖာ္ထုတ္တဲ့ေနရာမွာ အေရးေပၚ ရန္ပုံေငြကုိ သုံးစြဲခြင့္ ရွိလာမွာ ျဖစ္ပါတယ္။

Coronavirus တုိက္ဖ်က္ေရးမွာ သုံးစြဲဖုိ႔ အေမရိကန္လႊတ္ေတာ္က အတည္ျပဳေပးလုိက္တဲ့ ရန္ပုံေငြ ေဒၚလာ ၈.၃ ဘီလီယံကုိ သမၼတ Donald Trump က မတ္လ ၆ ရက္ေန႔မွာ လက္မွတ္ထုိး အတည္ျပဳေပးလုိက္ပါတယ္။ ဒီရံပုံေငြကုိေတာ့ ပါတီႀကီး ၂ ရပ္စလုံးက သေဘာတူ ေထာက္ခံေပးခဲ့ၾကတာပါ။

အေရးေပၚအေျခအေနေၾကညာလုိက္တဲ့အတြက္ ျပည္ေထာင္စုအစုိးရအေဆာက္အဦး၊ အထူးသျဖင့္ စစ္တပ္အေရးေပၚကုသေရးဌာနေတြနဲ႔ အဲဒီက ၀န္ထမ္းေတြ ဒီကိစၥမွာ ပါ၀င္ ကူညီ လုပ္ေဆာင္ ေပးႏုိင္မွာ ျဖစ္ပါတယ္။

အမ်ားျပည္သူက်န္းမာေရး အေရးေပၚအေျခအေန ေၾကညာၿပီးၿပီးခ်င္းမွာဘဲ တရုတ္နဲ႔ တျခား ေရာဂါပုိး ကူးစက္ေနတဲ့ ႏုိင္ငံေတြက ျပန္ေရာက္လာၾကတဲ့ ဗုိင္းရပ္စ္ပုိး ကူးစက္ေနသူေတြကုိ လက္ခံၿပီး သီးျခား ခြဲထုတ္ထားေပးႏုိင္မယ့္ အေမရိကန္ႏုိင္ငံတ၀ွမ္းက စစ္အေျခစုိက္ စခန္းေတြကုိ က်န္းမာေရးနဲ႔ လူမႈ ၀န္ထမ္း ၀န္ႀကီးဌာနနဲ႔ CDC ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနတုိ႔က စာရင္း ျပဳစုထားၿပီး ျဖစ္ပါတယ္။

မယ္ရီလန္းျပည္နယ္အတြင္းမွာေတာ့ Coronavirus ကူးစက္ေနသူ ၃ ဦးေတြ႔ခဲ့ေၾကာင္း ေၾကညာၿပီးေနာက္တရက္ ေဖေဖာ္၀ါရီလ ၅ ရက္ေန႔မွာ အမ်ားျပည္သူက်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Larry Hogan က ေၾကညာခဲ့ပါတယ္။

“ျပည္နယ္အတြင္းမွာ အသုံးျပဳလုိ႔ရႏုိင္တဲ့ အရင္းအျမစ္ေတြအားလုံးကုိ အသုံးခ်လုိ႔ရႏုိင္ေအာင္ မယ္ရီလန္းျပည္နယ္မွာ အမ်ားအျပည္သူက်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ က်ေနာ္ ေၾကညာလုိက္ပါတယ္။ ဒီလုိေၾကညာရတာကေတာ့ အခု ဗုိင္းရပ္စ္ပုိး ကူးစက္ေနတယ္လုိ႔ အတည္ျပဳထားၿပီးသူေတြနဲ႔ ထိေတြ႔ ဆက္ဆံခဲ့သူေတြဟာ ဘယ္သူေတြျဖစ္သလဲဆုိတာကုိ စုံစမ္း ေဖာ္ထုတ္ဖုိ႔အတြက္လဲ ျဖစ္ပါတယ္။”

Covid-19 လုိ႔ တရား၀င္အမည္ေပးထားတဲ့ ေရာဂါျဖစ္ေစတဲ့ Coronavirus ကုိ အေရးအေပၚ အေျခအေန အျဖစ္ ေၾကညာလုိက္တာေၾကာင့္ ျပည္နယ္အတြင္းက သက္ဆုိင္ရာဌာနေတြနဲ႔ ဒီကိစၥကုိ ႀကီးၾကပ္ ေဆာင္ရြက္သူေတြအၾကား လ်င္ျမန္စြာ ပူးေပါင္း ေဆာင္ရြက္ႏုိင္ၾကမွာ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

မယ္ရီလန္းအျပင္ တျခား ကာလီဖုိးနီးယား၊ နယူးေယာက္၊ ဖေလာ္ရီဒါနဲ႔ ၀ါရွင္တန္ျပည္နယ္တုိ႔ကလည္း အေရးေပၚအေျခအေန ေၾကညာထားၾကၿပီး Coronavirus တုိက္ဖ်က္ေရး တျပည္နယ္လုံး အတုိင္းအတာနဲ႔ ေဆာင္ရြက္ေနမႈေတြကုိ ႀကီးၾကပ္ လုပ္ေဆာင္မယ့္ဌာနေတြ၊ လုပ္ငန္းအဖြဲ႔ေတြကုိ ဖြဲ႔စည္းထားၾကၿပီးလည္း ျဖစ္ပါတယ္။

ျပည္နယ္အဆင့္ လုပ္ေဆာင္မႈေတြမွာေတာ့ ဒီဗုိင္းရပ္စ္ပုိးေၾကာင့္ အေသအေပ်ာက္မ်ားတဲ့အျပင္ ေရာဂါပုိး ကူးစက္မႈျဖစ္ေပၚေနတဲ့ သက္ရြယ္အုိေတြနဲ႔ သူတုိ႔ေနတဲ့ ေနရာေတြကုိ ေစာင့္ၾကည့္ၿပီး ျပင္ပကုိ ကူးစက္ ပ်ံ႕ႏွံ႔မႈမရွိေအာင္ လုပ္ေဆာင္တာ၊ ေရာဂါရွိမရွိ အထူးစမ္းသပ္တဲ့ဌာနေတြ ဖြင့္လွစ္ တာေတြ လုပ္ေဆာင္ေနၾကပါတယ္။ ဒါ့အျပင္ ဗုိင္းရပ္စ္ပုိးဟာ သေႏၶေျပာင္းျခင္းရွိမရွိ ဆုိတာနဲ႔ ဘယ္ေနရာက စတင္ကူးစက္ခဲ့တယ္ဆုိတဲ့ လမ္းေၾကာင္းေတြကုိ သုေတသနျပဳလုပ္ၿပီး ရရွိလာတဲ့အခ်က္အလက္ေတြကုိ CDC ထံ ေပးပုိ႔တယ္လုိ႔ ဆုိပါတယ္။

အမ်ားျပည္သူက်န္းမာေရးအတြက္ အေရးေပၚအေျခအေန ေၾကညာလုိက္တာေၾကာင့္ ျပည္ေထာင္စုအစုိးရ အာဏာပုိင္ေတြအေနနဲ႔ ေရာဂါပုိး ကူးစက္ေနသူ၊ ဒါမွမဟုတ္ ကူးစက္ေနသူနဲ႔ ထိေတြ႔ ဆက္ဆံခဲ့သူေတြကုိ သီးျခား ခြဲထုတ္ထားတာမ်ဳိး လုပ္ပုိင္ခြင့္ရွိေစပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ တနလၤာေန႔အထိ Coronavirus ေၾကာင့္ ေသဆုံးသူ အနည္းဆုံး ၂၄ ဦး ရွိေနၿပီး ဗုိင္းရပ္စ္ပုိးကူးစက္သူ အေရအတြက္ကေတာ့ ၅၀၀ ေက်ာ္သြားၿပီလုိ႔ ဆုိပါတယ္။

................

Coronavirus ကြောင့် အမေရိကန် လူထုကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာ

(Unicode)

Coronavirus ကူးစက်မှုကြောင့် အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ဒီကာလအတွင်းမှာ အများပြည်သူကျန်းမာရေးအတွက် အရေးကြီးတဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဗဟိုအစိုးရနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ပြောဆိုထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုအတွင်း Coronavirus ကူးစက်မှုအရေအတွက် တိုးများလာတာနဲ့အတူ ရောဂါပိုး ပျံ့နှံ့မှုဟာလည်း ပိုမို ကျယ်ပြန့်လာပြီး ဒီဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုဟန့်တားရေးနဲ့ အများပြည်သူအကြား ထိတ်လန့် ကြောက်ရွံ့မှု မဖြစ်စေရေး ဗဟိုနဲ့ ပြည်နယ်အစိုးရတွေက လိုအပ်တာတွေကို လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပေါ်တဲ့ Coronavirus ဟာ တခြားနိုင်ငံတွေကိုပါ ကူးစက် ပျံ့နှံ့ လာနေတာကြောင့် ဒီကိစ္စကို အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အမေရိကန် ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဝန်ကြီး Alex Azar က ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာခြင်းအားဖြင့် ဗဟိုအစိုးရအနေနဲ့ ပြည်နယ်တွေရဲ့ တောင်းဆိုချက်တွေ အပေါ်မူတည်ပြီး လိုအပ်တဲ့နေရာတွေကို ကျန်းမာရေးဝန်ထမ်းတွေ စေလွတ်တာအပြင် တခြား ကူညီလို့ရတာတွေကို အလျင်အမြန် ကူညီ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေ ကြုံတွေ့လာရတဲ့အခါ ဗဟို၊ ပြည်နယ်၊ မြို့နယ်၊ လူမျိုးစုဒေသတို့အပြင် ပြည်ထောင်စု အစိုးရ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ နေရာဒေသတွေကို ဗဟိုအစိုးရရဲ့ ရန်ပုံငွေတွေကို တောင်းခံ အသုံးပြုနိုင်မှာဖြစ်သလို အဲဒီဒေသတွေနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာထားပြီးဖြစ်တဲ့အတွက် ဗဟိုအစိုးရအနေနဲ့ ရောဂါပိုးရှိမရှိ စမ်းသပ်တာ၊ ဒီဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးအတွက် ဆေးဝါး စမ်းသပ် ဖော်ထုတ်တာနဲ့ ကုသတာတွေ အပြင် Coronavirus အတွက် ကာကွယ်ဆေး စမ်းသပ် ဖော်ထုတ်တဲ့နေရာမှာ အရေးပေါ် ရန်ပုံငွေကို သုံးစွဲခွင့် ရှိလာမှာ ဖြစ်ပါတယ်။

Coronavirus တိုက်ဖျက်ရေးမှာ သုံးစွဲဖို့ အမေရိကန်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ရန်ပုံငွေ ဒေါ်လာ ၈.၃ ဘီလီယံကို သမ္မတ Donald Trump က မတ်လ ၆ ရက်နေ့မှာ လက်မှတ်ထိုး အတည်ပြုပေးလိုက်ပါတယ်။ ဒီရံပုံငွေကိုတော့ ပါတီကြီး ၂ ရပ်စလုံးက သဘောတူ ထောက်ခံပေးခဲ့ကြတာပါ။

အရေးပေါ်အခြေအနေကြေညာလိုက်တဲ့အတွက် ပြည်ထောင်စုအစိုးရအဆောက်အဦး၊ အထူးသဖြင့် စစ်တပ်အရေးပေါ်ကုသရေးဌာနတွေနဲ့ အဲဒီက ဝန်ထမ်းတွေ ဒီကိစ္စမှာ ပါဝင် ကူညီ လုပ်ဆောင် ပေးနိုင်မှာ ဖြစ်ပါတယ်။

အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာပြီးပြီးချင်းမှာဘဲ တရုတ်နဲ့ တခြား ရောဂါပိုး ကူးစက်နေတဲ့ နိုင်ငံတွေက ပြန်ရောက်လာကြတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတွေကို လက်ခံပြီး သီးခြား ခွဲထုတ်ထားပေးနိုင်မယ့် အမေရိကန်နိုင်ငံတဝှမ်းက စစ်အခြေစိုက် စခန်းတွေကို ကျန်းမာရေးနဲ့ လူမှု ဝန်ထမ်း ဝန်ကြီးဌာနနဲ့ CDC ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနတို့က စာရင်း ပြုစုထားပြီး ဖြစ်ပါတယ်။

မယ်ရီလန်းပြည်နယ်အတွင်းမှာတော့ Coronavirus ကူးစက်နေသူ ၃ ဦးတွေ့ခဲ့ကြောင်း ကြေညာပြီးနောက်တရက် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှူး Larry Hogan က ကြေညာခဲ့ပါတယ်။

“ပြည်နယ်အတွင်းမှာ အသုံးပြုလို့ရနိုင်တဲ့ အရင်းအမြစ်တွေအားလုံးကို အသုံးချလို့ရနိုင်အောင် မယ်ရီလန်းပြည်နယ်မှာ အများအပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကျနော် ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာရတာကတော့ အခု ဗိုင်းရပ်စ်ပိုး ကူးစက်နေတယ်လို့ အတည်ပြုထားပြီးသူတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့သူတွေဟာ ဘယ်သူတွေဖြစ်သလဲဆိုတာကို စုံစမ်း ဖော်ထုတ်ဖို့အတွက်လဲ ဖြစ်ပါတယ်။”

Covid-19 လို့ တရားဝင်အမည်ပေးထားတဲ့ ရောဂါဖြစ်စေတဲ့ Coronavirus ကို အရေးအပေါ် အခြေအနေ အဖြစ် ကြေညာလိုက်တာကြောင့် ပြည်နယ်အတွင်းက သက်ဆိုင်ရာဌာနတွေနဲ့ ဒီကိစ္စကို ကြီးကြပ် ဆောင်ရွက်သူတွေအကြား လျင်မြန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မယ်ရီလန်းအပြင် တခြား ကာလီဖိုးနီးယား၊ နယူးယောက်၊ ဖလော်ရီဒါနဲ့ ဝါရှင်တန်ပြည်နယ်တို့ကလည်း အရေးပေါ်အခြေအနေ ကြေညာထားကြပြီး Coronavirus တိုက်ဖျက်ရေး တပြည်နယ်လုံး အတိုင်းအတာနဲ့ ဆောင်ရွက်နေမှုတွေကို ကြီးကြပ် လုပ်ဆောင်မယ့်ဌာနတွေ၊ လုပ်ငန်းအဖွဲ့တွေကို ဖွဲ့စည်းထားကြပြီးလည်း ဖြစ်ပါတယ်။

ပြည်နယ်အဆင့် လုပ်ဆောင်မှုတွေမှာတော့ ဒီဗိုင်းရပ်စ်ပိုးကြောင့် အသေအပျောက်များတဲ့အပြင် ရောဂါပိုး ကူးစက်မှုဖြစ်ပေါ်နေတဲ့ သက်ရွယ်အိုတွေနဲ့ သူတို့နေတဲ့ နေရာတွေကို စောင့်ကြည့်ပြီး ပြင်ပကို ကူးစက် ပျံ့နှံ့မှုမရှိအောင် လုပ်ဆောင်တာ၊ ရောဂါရှိမရှိ အထူးစမ်းသပ်တဲ့ဌာနတွေ ဖွင့်လှစ် တာတွေ လုပ်ဆောင်နေကြပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ပိုးဟာ သန္ဓေပြောင်းခြင်းရှိမရှိ ဆိုတာနဲ့ ဘယ်နေရာက စတင်ကူးစက်ခဲ့တယ်ဆိုတဲ့ လမ်းကြောင်းတွေကို သုတေသနပြုလုပ်ပြီး ရရှိလာတဲ့အချက်အလက်တွေကို CDC ထံ ပေးပို့တယ်လို့ ဆိုပါတယ်။

အများပြည်သူကျန်းမာရေးအတွက် အရေးပေါ်အခြေအနေ ကြေညာလိုက်တာကြောင့် ပြည်ထောင်စုအစိုးရ အာဏာပိုင်တွေအနေနဲ့ ရောဂါပိုး ကူးစက်နေသူ၊ ဒါမှမဟုတ် ကူးစက်နေသူနဲ့ ထိတွေ့ ဆက်ဆံခဲ့သူတွေကို သီးခြား ခွဲထုတ်ထားတာမျိုး လုပ်ပိုင်ခွင့်ရှိစေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တနင်္လာနေ့အထိ Coronavirus ကြောင့် သေဆုံးသူ အနည်းဆုံး ၂၄ ဦး ရှိနေပြီး ဗိုင်းရပ်စ်ပိုးကူးစက်သူ အရေအတွက်ကတော့ ၅၀၀ ကျော်သွားပြီလို့ ဆိုပါတယ်။

ကိုေဇာ္ဝင္းလႈိင္/VOA (Burmese)
https://burmese.voanews.com
Coronavirus ေၾကာင္႔ အေမရိကန္ လူထုက်န္းမာေရး အေရးေပၚအေျခအေန ေၾကညာ Coronavirus ေၾကာင္႔ အေမရိကန္ လူထုက်န္းမာေရး အေရးေပၚအေျခအေန ေၾကညာ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.