Coronavirus ေၾကာင္႔ အေမရိကန္မွာ ေသဆံုးသူ ၆ ဦး႐ွိၿပီ

Washington ျပည္နယ္ Kirkland ၿမိဳ႕က Coronavirus ကူးစက္သူကို ေဆးရံုပို႔ေဆာင္ေနစဥ္ (ေဖေဖာ္၀ါရီလ ၁၉ ရက္ေန႔ ၂၀၂၀)
(Zawgyi/ Unicode)

အေမရိကန္ႏုိင္ငံမွာ Coronavirus နဲ႔ေသဆုံးသူ တနလၤာေန႔က ၄ ေယာက္ ထပ္တုိးလာတဲ့အတြက္ အခုခ်ိန္ထိ ေသဆုံးသူ ၆ ေယာက္ ရွိသြားၿပီ ျဖစ္ပါတယ္။ ဒီဗုိင္းရပ္စ္ပုိး စတင္ေတြ႔ရွိတဲ့ တရုတ္ႏုိင္ငံမွာ ေရာဂါပုိးကူးစက္သူအေရအတြက္ သီတင္းပတ္ ၆ ပတ္အတြင္း အနည္းဆုံးအေရအတြက္ကုိ ေလ်ာ့က်ခဲ့ၿပီး ေရာဂါကူးစက္ခံရလုိ႔ ေဆးကုသမႈခံယူၿပီး ျပန္ေကာင္းလာလုိ႔ ေဆးရုံကဆင္းတဲ့ လူနာ အေရအတြက္ တုိးလာေနတဲ့အခ်ိန္မွာဘဲ အေမရိကန္မွာ ေသဆုံးသူနဲ႔ ကူးစက္သူအေရအတြက္ တုိးမ်ားလာေနတာပါ။

ေသဆုံးသူ အားလုံးဟာ အေမရိကန္ျပည္ေထာင္စု အေနာက္ဘက္ျခမ္းက Washington ျပည္နယ္မွာအတြင္းမွာခ်ည္းဘဲ ျဖစ္ၿပီး ေရာဂါပုိး ကူးစက္ခံရသူ အေရအတြက္ဟာလည္း တျဖည္းျဖည္း တုိးလာေနတာမွာ တနလၤာေန႔အထိ ၁၀၀ ရွိသြားၿပီ ျဖစ္ပါတယ္။

နယူးေယာက္ၿမိဳ႕မွာ ပထမဆုံးအႀကိမ္ ေရာဂါပုိး ကူးစက္သူ ေတြ႔ရွိေၾကာင္း သတင္းထြက္လာတဲ့ အခ်ိန္မွာဘဲ ဂ်ာမနီႏုိင္ငံ၊ ဘာလင္ၿမိဳ႕နဲ႔ ရုရွားႏုိင္ငံ၊ ေမာ္စကုိၿမိဳ႕တုိ႔မွာလည္း ေရာဂါပုိးကူးစက္သူေတြ ရွိလာၿပီ ျဖစ္ပါတယ္။ ကမၻာတ၀ွမ္း Coronavirus ေသဆုံးသူ ၃,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ႏုိင္ငံေပါင္း ၆၀ ေက်ာ္မွာ ေရာဂါပုိးကူးစက္ေနသူ စုစုေပါင္း ၈၉,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

Coronavirus ကူးစက္ ျပန္႔ႏွ႔ံမႈဟာ တကမၻာလုံးကုိ ရုိက္ခတ္လာေနတာပါ။ ဂ်ပန္ႏုိင္ငံမွာ ေက်ာင္းေတြပိတ္ထားတဲ့အတြက္ သန္းေပါင္းမ်ားစြာေသာ ေက်ာင္းသားေတြ ေက်ာင္းမတက္ၾကရဘဲ ျဖစ္ပါတယ္။ ေရာဂါပုိး ကူးစက္ေနတယ္လုိ႔ သံသယရွိခံရသူ အစၥေရး ႏုိင္ငံသားေတြဟာလည္း တနလၤာေန႔က က်င္းပတဲ့ အေထြေထြေရြးေကာက္ပြဲမွာ သူတုိ႔အတြက္ အထူး သတ္မွတ္ထားတဲ့ေနရာမွာဘဲ မဲသြားေပးခြင့္ ရွိပါတယ္။ ကမၻာလွည့္ခရီးသည္ေတြ အမ်ားဆုံးသြားတဲ့ ျပင္သစ္ႏုိင္ငံက ကမၻာေက်ာ္ Louvre ျပတုိက္ကုိလည္း ပိတ္ထားလုိက္ၿပီ ျဖစ္ပါတယ္။

ဥေရာပတုိက္အတြင္း ေရာဂါပုိးကူးစက္မႈအမ်ားဆုံးျဖစ္ေနတဲ့ အီတလီႏုိင္ငံမွာေတာ့ အခုခ်ိန္ထိ ကူးစက္သူ ၁,၇၀၀ ရွိသြားၿပီျဖစ္ၿပီး ကူးစက္သူ အေရအတြက္ဟာ ဒီထက္ ပုိတုိးလာႏုိင္ေၾကာင္း အစုိးရ အရာရွိေတြက ေျပာပါတယ္။

..............

Coronavirus ကြောင့် အမေရိကန်မှာ သေဆုံးသူ ၆ ဦးရှိပြီ

(Unicode)

အမေရိကန်နိုင်ငံမှာ Coronavirus နဲ့သေဆုံးသူ တနင်္လာနေ့က ၄ ယောက် ထပ်တိုးလာတဲ့အတွက် အခုချိန်ထိ သေဆုံးသူ ၆ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံမှာ ရောဂါပိုးကူးစက်သူအရေအတွက် သီတင်းပတ် ၆ ပတ်အတွင်း အနည်းဆုံးအရေအတွက်ကို လျော့ကျခဲ့ပြီး ရောဂါကူးစက်ခံရလို့ ဆေးကုသမှုခံယူပြီး ပြန်ကောင်းလာလို့ ဆေးရုံကဆင်းတဲ့ လူနာ အရေအတွက် တိုးလာနေတဲ့အချိန်မှာဘဲ အမေရိကန်မှာ သေဆုံးသူနဲ့ ကူးစက်သူအရေအတွက် တိုးများလာနေတာပါ။

သေဆုံးသူ အားလုံးဟာ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက Washington ပြည်နယ်မှာအတွင်းမှာချည်းဘဲ ဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ဟာလည်း တဖြည်းဖြည်း တိုးလာနေတာမှာ တနင်္လာနေ့အထိ ၁၀၀ ရှိသွားပြီ ဖြစ်ပါတယ်။

နယူးယောက်မြို့မှာ ပထမဆုံးအကြိမ် ရောဂါပိုး ကူးစက်သူ တွေ့ရှိကြောင်း သတင်းထွက်လာတဲ့ အချိန်မှာဘဲ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့နဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့မှာလည်း ရောဂါပိုးကူးစက်သူတွေ ရှိလာပြီ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း Coronavirus သေဆုံးသူ ၃,၀၀၀ ကျော်သွားပြီဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်မှာ ရောဂါပိုးကူးစက်နေသူ စုစုပေါင်း ၈၉,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

Coronavirus ကူးစက် ပြန့်နှံ့မှုဟာ တကမ္ဘာလုံးကို ရိုက်ခတ်လာနေတာပါ။ ဂျပန်နိုင်ငံမှာ ကျောင်းတွေပိတ်ထားတဲ့အတွက် သန်းပေါင်းများစွာသော ကျောင်းသားတွေ ကျောင်းမတက်ကြရဘဲ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်နေတယ်လို့ သံသယရှိခံရသူ အစ္စရေး နိုင်ငံသားတွေဟာလည်း တနင်္လာနေ့က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ သူတို့အတွက် အထူး သတ်မှတ်ထားတဲ့နေရာမှာဘဲ မဲသွားပေးခွင့် ရှိပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားတဲ့ ပြင်သစ်နိုင်ငံက ကမ္ဘာကျော် Louvre ပြတိုက်ကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဥရောပတိုက်အတွင်း ရောဂါပိုးကူးစက်မှုအများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံမှာတော့ အခုချိန်ထိ ကူးစက်သူ ၁,၇၀၀ ရှိသွားပြီဖြစ်ပြီး ကူးစက်သူ အရေအတွက်ဟာ ဒီထက် ပိုတိုးလာနိုင်ကြောင်း အစိုးရ အရာရှိတွေက ပြောပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
Coronavirus ေၾကာင္႔ အေမရိကန္မွာ ေသဆံုးသူ ၆ ဦး႐ွိၿပီ Coronavirus ေၾကာင္႔ အေမရိကန္မွာ ေသဆံုးသူ ၆ ဦး႐ွိၿပီ Reviewed by THITHTOOLWIN on 11:03 Rating: 5
Powered by Blogger.