ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဆယ္ႏွစ္ေက်ာ္က Contagion ႐ုပ္ရွင္ကား ျပန္ေခတ္စားလာေန

 Contagion ႐ုပ္ရွင္ဟာ ၂၀၁၁ ခုႏွစ္တုန္းက လူႀကိဳက္အမ်ားဆုံးစာရင္းမွာ အဆင့္ ၆၁ ေနရာမွာသာ ရွိခဲ့ေပမဲ့ အခု ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ေက်ာ့ျပန္ ေခတ္စားေန
(Zawgyi)⤵⤵⤵
၂၀၁၁ ခုႏွစ္က ႐ုံတင္ခဲ့တဲ့ Contagion ႐ုပ္ရွင္ကားဟာ အဲဒီအခ်ိန္က လူႀကိဳက္အမ်ားဆုံး႐ုပ္ရွင္ကားေတြထဲမွာ မပါခဲ့ပါဘူး။ မက္ ေဒမန္၊ ဂ်ဳဒ္ ေလာ၊ ဂြင္းနစ္သ္ ပါလ္ထ႐ိုး၊ ကိတ္ ဝင္းဆလက္နဲ႔ မိုက္ကယ္ ေဒါက္ဂလပ္စ္ တို႔လို နာမည္ႀကီး မင္းသားမင္းသမီးေတြ ပါဝင္ သ႐ုပ္ေဆာင္ထားေပမဲ့ အဲဒီႏွစ္က ဝင္ေငြအေကာင္းဆုံး႐ုပ္ရွင္စာရင္းမွာ နံပတ္ ၆၁ ပဲ ခ်ိတ္ခဲ့ပါတယ္။

ဒါေပမဲ့ အခုေတာ့ အဲဒီ Contagion ႐ုပ္ရွင္နာမည္ကို ဂူဂဲလ္မွာ လိုက္ရွာသူေတြ တစ္ဟုန္ထိုး တိုးလာေနၿပီး အေမရိကန္ႏိုင္ငံမွာ အက္ပဲလ္ရဲ႕ အိုင္က်ဴးန္စတိုးကေန ေဒါင္းလုဒ္ အမ်ားဆုံး လုပ္တဲ့ ႐ုပ္ရွင္စာရင္းထဲမွာ ပါေနတာကို အံ့ၾသစရာ ေတြ႕ရပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ စျဖစ္ေနၿပီ ဆိုတဲ့ သတင္း ထြက္လာတဲ့ ဒီဇင္ဘာလတုန္းက ဒီ႐ုပ္ရွင္ဟာ လူႀကိဳက္အမ်ားဆုံး စာရင္းထဲမွာ အဆင့္ ၂၇၀ မွာပဲ ရွိခဲ့တယ္လို႔ အဲဒီ Contagion ႐ုပ္ရွင္ ထုတ္လုပ္ခဲ့တဲ့ ဝါနာ ဘရာသားစ္ ကုမၸဏီက ေျပာပါတယ္။

အခု ၃ လအၾကာမွာေတာ့ ဒီ Contagion ႐ုပ္ရွင္ဟာ နံပတ္ ၈ ေနရာကို ေရာက္လာခဲ့ပါတယ္။

ဒါဟာ ႐ုပ္ရွင္ကားထဲမွာပါတဲ့ ကူးစက္ေရာဂါနဲ႔ အခုလက္ရွိ ကူးစက္ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ဆင္တူေနတဲ့အတြက္ေၾကာင့္လို႔ ဆိုရမွာပါ။
တစ္ကယ့္ဘဝလို ပုံေဖာ္ႏိုင္တဲ့ အႏုပညာ
အဲဒီ ႐ုပ္ရွင္ကားထဲမွာ ကူးစက္ေရာဂါသည္ အျဖစ္ ဂြင္းနက္သ္ ပါလ္ထ႐ိုး သ႐ုပ္ေဆာင္ထား

အဲဒီ ႐ုပ္ရွင္ထဲမွာ အေမရိကန္႐ုပ္ရွင္မင္းသမီး ဂြင္းနက္သ္ ပါလ္ထ႐ိုးက စီးပြားေရးလုပ္ငန္းရွင္ အမ်ိဳးသမီးတစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ထားၿပီး တ႐ုတ္ႏိုင္ငံကို သြားတုန္းမွာ ထူးဆန္းတဲ့ ဗိုင္းရပ္စ္ေရာဂါတစ္မ်ိဳးေၾကာင့္ ေသဆုံးသြားခဲ့တာပါ။

အဲဒီ Contagion ႐ုပ္ရွင္ ဇာတ္အိမ္ထဲက အျဖစ္အပ်က္ေတြဟာ အခု လက္ရွိျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြနဲ႔ အေတာ္မ်ားမ်ား တိုက္ဆိုင္ေနၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ႏြယ္ေနတာေၾကာင့္လည္း လူေတြအၾကား စိတ္ဝင္တစား အၾကည့္မ်ားလာၾကတာပါ။

ဒါ့အျပင္ ဒီ႐ုပ္ရွင္ကို လူေတြ စိတ္ဝင္စားလာေစတဲ့ ေနာက္အခ်က္တစ္ခ်က္က ဂြင္းနက္သက္ ပါလ္ထ႐ိုးက ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က ေလယာဥ္ခရီးစဥ္တစ္ခုမွာ သူႏွာေခါင္းစည္း ဝတ္ထားတဲ့ပုံကို လူမႈကြန္ရက္မွာ တင္လိုက္တဲ့အတြက္ေၾကာင့္လည္း ျဖစ္ပါတယ္။

"ပဲရစ္ကို အသြား၊ လမ္းမွာပါ၊ အေၾကာက္လြန္တယ္ပဲ ေျပာေျပာ၊ သတိထားတယ္ပဲ ဆိုဆို၊ အလန္႔တၾကားျဖစ္တယ္၊ ဝါဒျဖန္႔တယ္ပဲ ေခၚေခၚ။ ကြၽန္မ ပါလ္ထ႐ိုး ကေတာ့ ေလယာဥ္ေပၚမွာ ႏွာေခါင္းစည္း ဝတ္အိပ္ၿပီး ခရီးသြားေနပါၿပီရွင့္" လို႔ သူ႔ရဲ႕ အင္စတာဂရမ္မွာ ေရးထားပါတယ္။

"ဒီ႐ုပ္ရွင္ထဲမွာ ကြၽန္မကိုယ္တိုင္ ပါခဲ့ဖူးပါတယ္။ အႏၲရာယ္ကင္းေအာင္ ေနၾကပါ။ လက္ဆြဲ မႏႈတ္ဆက္ၾကပါနဲ႔။ လက္ခဏခဏ ေဆးၾကပါ" လို႔ လူမႈကြန္ရက္ ပလက္ေဖာင္းေတြမွာ အားေပးသူ ၆ သန္းေက်ာ္ ရွိတဲ့ ဂြင္းနက္သ္ ပါလ္ထ႐ိုးက အဲဒီပို႔စ္မွာ ေရးထားပါတယ္။
တိုက္ဆိုင္ ဆင္တူမႈေတြ

Contagion ႐ုပ္ရွင္ကားထဲမွာ ပါတဲ့ ဇာတ္အိမ္ဇာတ္ကြက္ေတြက အခုလက္ရွိ ျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြနဲ႔ တိုက္ဆိုင္ ဆင္တူေနတာက အေတာ္ေလးကို အံ့ၾသစရာပါ။

အဲဒီ႐ုပ္ရွင္ထဲမွာ လင္းႏို႔မွာ ရွိတဲ့ မက္ဗ္-၁ (MEV-1) ဆိုတဲ့ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ ဝက္ကို ခုတ္ထစ္ ခ်က္ျပဳတ္ခဲ့သူ ေဟာင္ေကာင္ စားဖိုမႉး တစ္ဦးကို မင္းသမီး ဂြင္းနက္သ္ ပါလ္ထ႐ိုး သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္႐ုပ္က လက္ဆြဲ ႏႈတ္ဆက္ခဲ့ရာကေန ေရာဂါကူးစက္ခဲ့တာ ဆိုၿပီး ဇာတ္အိမ္ဖြဲ႕ထားတာပါ။

အဲဒီေနာက္ ေလယာဥ္နဲ႔ အိမ္ျပန္လာခဲ့ရာမွာ အႀကီးအက်ယ္ နာမက်န္းျဖစ္ၿပီး ႐ုတ္ခ်ည္း ေသဆုံးသြားခဲ့ပါတယ္။ သိပ္မၾကာခင္ သူ႔ရဲ႕ သားလည္း ေသဆုံးသြားခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ ခင္ပြန္း (မက္ ေဒမြန္) ကေတာ့ ကိုယ္ခံအားေကာင္းၿပီး ေရာဂါမကူးစက္ခဲ့ပါဘူး။
႐ုပ္ရွင္ထဲမွာလိုပဲ ကိုဗစ္-၁၉ ေရာဂါဟာ တိရစာၦန္ကေနတဆင့္ လူကို ကူးစက္ခဲ့တာလို႔ ေဆးပညာရွင္ေတြက ယူဆေနၾက
တကယ့္ လက္ေတြ႕ဘဝမွာလည္း တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက စျဖစ္ပြားခဲ့တဲ့ကိုဗစ္-၁၉ ေရာဂါဟာ တိရစာၦန္ကေန လူကို ကူးစက္ ျဖစ္ပြားခဲ့တာလို႔ ေဆးပညာရွင္ေတြက ယူဆေနၾကပါတယ္။

၂၀၀၂-၂၀၀၃ ခုႏွစ္ေတြတုန္းက ျဖစ္ပြားခဲ့တဲ့ ဆားစ္ ကပ္ေရာဂါလိုပဲ ကို႐ိုနာဗိုင္းရပ္စ္ဟာ လင္းႏို႔ေတြကေန စတင္ ကူးစက္ခဲ့ၿပီး ေနာက္တိရစာၦန္မ်ိဳးစိတ္ေတြကေန တဆင့္ လူကို ကူးစက္ခဲ့တာလို႔ ယူဆထားၾကတာပါ။

Contagion ႐ုပ္ရွင္ထဲမွာ လင္းႏို႔ကေန ဝက္ကို ဗိုင္းရပ္စ္ပိုး ကူးစက္ခဲ့တာလို႔ ဆိုထားပါတယ္။ ဒါက အမ်ားလက္ခံတဲ့ အခ်က္မဟုတ္ေပမဲ့ တ႐ုတ္အာဏာပိုင္ေတြကေတာ့ ၿမိဳ႕တစ္ၿမိဳ႕က သားသတ္ေစ်း႐ုံတစ္ခုကေန ေရာဂါ အစျပဳ ျဖစ္ပြားခဲ့တာလို႔ ထုတ္ေဖာ္ ေျပာထားပါတယ္။
တကယ့္အျဖစ္အပ်က္ကို အေျခခံ ႐ိုက္ကူးထား

စိတ္ကူးယဥ္ဇာတ္လမ္းထဲမွာေရာ တကယ့္ဘဝမွာပါ အဲဒီဗိုင္းရပ္စ္ပိုးက အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေဝဒနာေတြ ျဖစ္ေစတာပါ။ ဒါေပမဲ့ ႐ုပ္ရွင္ထဲက မက္ဗ္-၁ ေရာဂါ ဟာ ကိုဗစ္-၁၉ ေရာဂါ အုပ္စုထဲက မဟုတ္တဲ့ နီးပါ လို႔ ေခၚတဲ့ တကယ့္ဗိုင္းရပ္စ္ပိုးတခုကို အေျခခံၿပီး ဇာတ္လမ္းဆင္ထားတာပါ။
Contagion ႐ုပ္ရွင္ထဲက မက္ဗ္-၁ ဗိုင္းရပ္စ္ေရာ တကယ့္အျပင္က ကိုဗစ္-19 ဗိုင္းရပ္စ္ပါ လင္းႏို႔နဲ႔ ဆက္ႏြယ္ေန

ခုလက္ရွိ ျဖစ္ေနတဲ့ ဗိုင္းရပ္ေရာဂါဟာ ႐ုပ္ရွင္ထဲကေလာက္ေတာ့ အေသအေပ်ာက္ မမ်ားေသးပါဘူး။ Contagion ႐ုပ္ရွင္ထဲမွာ ေသဆုံးသူ ၂၅ ရာခိုင္ႏႈန္း ရွိခဲ့ေပမဲ့ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ေဖာ္ျပခ်က္အရ ကိုဗစ္-19 ဗိုင္းရပ္စ္ေၾကာင့္ ေလာေလာဆယ္ ေသဆုံးသူ ၃ ဒႆမ ၄ ရာခိုင္ႏႈန္းပဲ ရွိတယ္လို႔ သိရပါတယ္။

႐ုပ္ရွင္ထဲမွာ မက္ဗ္-1 ေရာဂါေၾကာင့္ တစ္လအတြင္း ကမာၻတဝန္း လူ ၂၆ သန္း ေသဆုံးခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ စျဖစ္ခဲ့အၿပီး ၃ လအၾကာ အခုအခါ ေသဆုံးသူ ၄၀၀၀ ရွိပါတယ္။

အဲဒီ႐ုပ္ရွင္ထဲကလို အလားတူတဲ့ တစ္ခုတည္းေသာ ကူးစက္ေရာဂါကေတာ့ ၁၉၁၈-၂၀ ခုႏွစ္ေတြအတြင္း စပိန္ တုတ္ေကြး ကပ္ေရာဂါ ျဖစ္ၿပီး လူ သန္း ၅၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။
သီးသန္႔ခြဲထားပုံ

႐ုပ္ရွင္ထဲမွာ ဗိုင္းရပ္စ္ေရာဂါ ကူးစက္ျဖစ္ပြားေနတယ္လို႔ သံသယရွိခ်ိန္မွာ ေရာဂါ ကူးစက္ခံထားရသူေတြကို စစ္ေဆးရွာေဖြၿပီး သီးသန္႔ခြဲ ေစာင့္ၾကည့္ဖို႔အတြက္ ကပ္ေဘးေရာဂါ ဆိုင္ရာ စုံစမ္းေရးအဖြဲ႕ (အျပင္မွာလည္း တကယ္ ရွိတဲ့အဖြဲ႕)က ဝန္ထမ္းေတြကို ေစလႊတ္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ဗိုင္းရပ္စ္ပိုး မျပန္႔ပြားေအာင္ လူေတြကို အစုလိုက္အၿပဳံလိုက္ သီးသန္႔ ခြဲထားသလို အလားတူပုံစံမ်ိဳး Contagion ႐ုပ္ရွင္ထဲမွာေတာ့ ရွီကာဂိုၿမိဳ႕မွာ သီးသန္႔ခြဲထားပါတယ္။
 ႐ုပ္ရွင္ထဲက ဗိုင္းရပ္စ္ေရာဂါဟာ ၁၉၁၈-၂၀ ခုႏွစ္တုန္းက စပိန္ တုတ္ေကြး ေရာဂါနဲ႔ အလားတူ

အီတလီႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန္႔ပြားေနမႈကို တားဆီးဖို႔ ႀကိဳးစားတဲ့အေနနဲ႔ အခုအခါ ေျမာက္ပိုင္း ေဒသ အေတာ္မ်ားမ်ားကို သီးသန္႔ခြဲထားလိုက္ၿပီ ျဖစ္ပါတယ္။
ေၾကာက္႐ြံ႕မႈနဲ႔ ဆင့္ကဲ ႐ိုက္ခတ္မႈ

Contagion ႐ုပ္ရွင္ကို ဇာတ္ၫႊန္း ေရးခဲ့သူ စေကာ့တ္ ဇက္ ဘန္းစ္ ကေတာ့ ဒီ႐ုပ္ရွင္အခုလို တစ္ေက်ာ့ျပန္ ေခတ္စားလာတာကို အရမ္းကို အံ့ၾသမိတယ္လို႔ ဆိုပါတယ္။

ေခတ္မီတဲ့ လက္ရွိ လူ႔အသိုင္းအဝိုင္းအေနနဲ႔ ဒီလို ကူးစက္ေရာဂါ ျပန္႔ပြားမႈမ်ိဳးကို ကိုင္တြယ္ေျဖရွင္းႏိုင္စြမ္း အားနည္းတယ္ ဆိုတာကို Contagion ႐ုပ္ရွင္က ေဖာ္ျပေနတယ္လို႔ Fortune မဂၢဇင္းနဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ သူက ေျပာခဲ့ပါတယ္။

"Contagion ႐ုပ္ရွင္ထဲက ကူးစက္ေရာဂါနဲ႔ အခု ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ အၾကား ဆင္တူေနတာေတြဟာ တိုက္ဆိုင္မႈသာ ျဖစ္ၿပီး တစ္ကယ္တမ္းမွာ သိပ္အေရးမပါလွပါဘူး။ ဒါ့ထက္ ပိုအေရးႀကီးတဲ့ အခ်က္ေတြကေတာ့ ဒီကူးစက္ေရာဂါအေပၚ လူ႔အသိုင္းအဝိုင္းက ဘယ္လို တုံ႔ျပန္မလဲ၊ စိုးရိမ္ေၾကာက္႐ြံ႕မႈေတြ ပ်ံ႕ႏွံ႔သြားရာကေန ျဖစ္ေပၚလာမယ့္ ဆင့္ကဲ ႐ိုက္ခတ္မႈ စတဲ့ အခ်က္ေတြ ျဖစ္ပါတယ္" လို႔ မစၥတာ ဘန္းစ္ က ေျပာပါတယ္။
 Contagion ႐ုပ္ရွင္ကား ဇာတ္ၫႊန္းေရးခဲ့သူ စေကာ့တ္ ဇက္ ဘန္းစ္

ဒါဟာ Contagion ႐ုပ္ရွင္ထဲက သီးျခား ဇာတ္ေကာင္တစ္ခု ျဖစ္တဲ့ ဘေလာ့ကာ အယ္လန္ ခ႐ြန္ေဝဒါ ရဲ႕ လွ်ိဳ႕ဝွက္ ႀကံစည္မႈ တစ္ခုကို မစၥတာ ဘန္းစ္က ၫႊန္းခ်င္ပုံ ရပါတယ္။

ခ႐ြန္ေဝဒါ (ဂ်ဴဒ္ ေလာ) က သူ႔ဘေလာ့ဂ္ ကေန ဗိုင္းရပ္စ္ေရာဂါပိုးအေၾကာင္း အေျခအျမစ္ မရွိတဲ့ ေကာလာဟလေတြ ေလွ်ာက္ျဖန္႔ခဲ့ၿပီး ဗိုင္းရပ္စ္ေရာဂါ ကုႏိုင္တယ္ ဆိုတဲ့ မဟုတ္မမွန္ ေဆးၿမီးတို တစ္ခုကို ေၾကာ္ျငာခဲ့ပါတာပါ။

တိုက္တိုက္ဆိုင္ဆိုင္ အခု လက္ရွိ ျဖစ္ေနတဲ့ အေျခအေနမွာလည္း ကိုဗစ္-၁၉ ေရာဂါ မျဖစ္ေအာင္ ဒါမွမဟုတ္ ေပ်ာက္ေအာင္ ကုႏိုင္တယ္ ဆိုၿပီး လူမႈကြန္ရက္ေပၚမွာ မဟုတ္မမွန္ ေၾကာ္ျငာ ေရာင္းခ်ေနတဲ့ ေဆးေတြ၊ ပစၥည္းေတြကို လူတစ္သန္းေက်ာ္က ထပ္ဆင့္မွ်ေဝ ေရာင္းခ်ေနတာေတြကို ပိတ္ပင္မယ္လို႔ အေမဇုန္ကုမၸဏီက မၾကာေသးခင္ကပဲ ထုတ္ေဖာ္ ေၾကညာခဲ့ပါတယ္။

႐ုပ္ျမင္သံၾကားေပၚကေန တရားေဟာတဲ့ နာမည္ႀကီး အေမရိကန္ ဧဝံေဂလိ တရားေဟာဆရာ ဂ်င္ ဘက္ကာ က ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ေပ်ာက္တယ္ ဆိုတဲ့ ေငြမႈန္ပါတဲ့ ေဆးရည္တစ္မ်ိဳးကို ေၾကာ္ျငာ ေရာင္းခ်ခဲ့တဲ့အတြက္ အခုသီတင္းပတ္အတြင္းမွာပဲ နယူးေယာက္ျပည္နယ္ အာဏာပိုင္ေတြရဲ႕ စစ္ေဆး အေရးယူတာ ခံခဲ့ရပါတယ္။

ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ ဓါတုလက္နက္တစ္မ်ိဳးကေန ဖန္တီး ထုတ္လုပ္ခဲ့တာ ဆိုတဲ့ ေကာလာဟလမ်ိဳးလို သတင္းမွားေတြလည္း ေပၚထြက္ခဲ့ပါတယ္။

Contagion ႐ုပ္ရွင္ဇာတ္ၫႊန္း ဆရာ မစၥတာ ဘန္းစ္ ကိုယ္တိုင္လည္း လွ်ိဳ႕ဝွက္ႀကံစည္မႈ လုပ္ခဲ့တယ္ ဆိုၿပီး ပစ္မွတ္ထား တိုက္ခိုက္တာေတြ ရွိလာခဲ့ပါတယ္။

ကမာၻ႔ႏိုင္ငံေရးကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတဲ့ လွ်ိဳ႕ဝွက္အဖြဲ႕အစည္း တစ္ခုရဲ႕ အဖြဲ႕ဝင္တစ္ဦး ဆိုၿပီး လူတစ္ခ်ိဳ႕က လူမႈကြန္ရက္ေပၚကေန သူ႔ကို စြပ္စြဲေရးသားတာေတြ ရွိခဲ့တယ္လို႔ မစၥတာ ဘန္းစ္က New York Times သတင္းစာကို ေျပာခဲ့ပါတယ္။

"သတင္းမွားေတြ ျဖန္႔တာဟာ ဗိုင္းရပ္စ္ေရာဂါလိုပဲ အႏၲရာယ္ ႀကီးႏိုင္တယ္ ဆိုတာကို ကြၽန္ေတာ္ အစိုးရိမ္မိဆုံးပါ" လို႔ သူက ေျပာပါတယ္။
 The Nipah virus, which has a fatality of up to 75%, served as inspiration for the disease in Contagion

သိပၸံနည္းက်က် ယုတၱိရွိမႈ

Contagion ႐ုပ္ရွင္ကား တေက်ာ့ျပန္ လူႀကိဳက္မ်ားလာတာဟာ ဒီ႐ုပ္ရွင္ကားရဲ႕ ဇာတ္အိမ္ကို ဇာတ္ၫႊန္းဆရာ မစၥတာ ဘန္းစ္က သိပၸံနည္းက်က် ယုတၱိရွိေအာင္ ဖန္တီးခဲ့လို႔ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

သူ ဇာတ္ၫႊန္း ေရးတဲ့အခ်ိန္တုန္းက WHO ကမာၻ႔ က်န္းမာေရးကြၽမ္းက်င္သူေတြ အပါအဝင္ ေရာဂါေဗဒပညာရွင္ေတြ၊ ကပ္ေရာဂါ ကြၽမ္းက်င္သူေတြ ပါတဲ့ အဖြဲ႕နဲ႔ ေမးျမန္း ေဆြးေႏြးခဲ့ပါတယ္။

"အဲဒီတုန္းက ဒီနယ္ပယ္ထဲက ကြၽမ္းက်င္သူေတြက ေက်ာခ်မ္းစရာ အခ်က္တစ္ခ်ိဳ႕ ကြၽန္ေတာ့္ကို ေျပာခဲ့ၾကပါတယ္"

"အဲဒါကေတာ့ ဒီလို ကူးစက္ေရာဂါမ်ိဳး ျဖစ္လာဖို႔ ရွိသလား ဆိုတာ ေမးစရာ မလိုေတာ့ဘဲ ဘယ္ေတာ့ ျဖစ္လာမလဲ ဆိုတာကိုပဲ ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုတယ္ ဆိုတဲ့ စကားပဲ ျဖစ္ပါတယ္"လို႔ မစၥတာ ဘန္းစ္က ျပန္ေျပာျပပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆယ်နှစ်ကျော်က Contagion ရုပ်ရှင်ကား ပြန်ခေတ်စားလာနေ

ဓာတ်ပုံ မူပိုင် Warner Bros
Image caption Contagion ရုပ်ရှင်ဟာ ၂၀၁၁ ခုနှစ်တုန်းက လူကြိုက်အများဆုံးစာရင်းမှာ အဆင့် ၆၁ နေရာမှာသာ ရှိခဲ့ပေမဲ့ အခု ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကျော့ပြန် ခေတ်စားနေ

၂၀၁၁ ခုနှစ်က ရုံတင်ခဲ့တဲ့ Contagion ရုပ်ရှင်ကားဟာ အဲဒီအချိန်က လူကြိုက်အများဆုံးရုပ်ရှင်ကားတွေထဲမှာ မပါခဲ့ပါဘူး။ မက် ဒေမန်၊ ဂျုဒ် လော၊ ဂွင်းနစ်သ် ပါလ်ထရိုး၊ ကိတ် ဝင်းဆလက်နဲ့ မိုက်ကယ် ဒေါက်ဂလပ်စ် တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေ ပါဝင် သရုပ်ဆောင်ထားပေမဲ့ အဲဒီနှစ်က ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်းမှာ နံပတ် ၆၁ ပဲ ချိတ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ အဲဒီ Contagion ရုပ်ရှင်နာမည်ကို ဂူဂဲလ်မှာ လိုက်ရှာသူတွေ တစ်ဟုန်ထိုး တိုးလာနေပြီး အမေရိကန်နိုင်ငံမှာ အက်ပဲလ်ရဲ့ အိုင်ကျူးန်စတိုးကနေ ဒေါင်းလုဒ် အများဆုံး လုပ်တဲ့ ရုပ်ရှင်စာရင်းထဲမှာ ပါနေတာကို အံ့သြစရာ တွေ့ရပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်နေပြီ ဆိုတဲ့ သတင်း ထွက်လာတဲ့ ဒီဇင်ဘာလတုန်းက ဒီရုပ်ရှင်ဟာ လူကြိုက်အများဆုံး စာရင်းထဲမှာ အဆင့် ၂၇၀ မှာပဲ ရှိခဲ့တယ်လို့ အဲဒီ Contagion ရုပ်ရှင် ထုတ်လုပ်ခဲ့တဲ့ ဝါနာ ဘရာသားစ် ကုမ္ပဏီက ပြောပါတယ်။

အခု ၃ လအကြာမှာတော့ ဒီ Contagion ရုပ်ရှင်ဟာ နံပတ် ၈ နေရာကို ရောက်လာခဲ့ပါတယ်။

ဒါဟာ ရုပ်ရှင်ကားထဲမှာပါတဲ့ ကူးစက်ရောဂါနဲ့ အခုလက်ရှိ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆင်တူနေတဲ့အတွက်ကြောင့်လို့ ဆိုရမှာပါ။
တစ်ကယ့်ဘဝလို ပုံဖော်နိုင်တဲ့ အနုပညာ
ဓာတ်ပုံ မူပိုင် Getty Images
Image caption အဲဒီ ရုပ်ရှင်ကားထဲမှာ ကူးစက်ရောဂါသည် အဖြစ် ဂွင်းနက်သ် ပါလ်ထရိုး သရုပ်ဆောင်ထား

အဲဒီ ရုပ်ရှင်ထဲမှာ အမေရိကန်ရုပ်ရှင်မင်းသမီး ဂွင်းနက်သ် ပါလ်ထရိုးက စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး တရုတ်နိုင်ငံကို သွားတုန်းမှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးကြောင့် သေဆုံးသွားခဲ့တာပါ။

အဲဒီ Contagion ရုပ်ရှင် ဇာတ်အိမ်ထဲက အဖြစ်အပျက်တွေဟာ အခု လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ အတော်များများ တိုက်ဆိုင်နေပြီး တရုတ်နိုင်ငံနဲ့ ဆက်နွယ်နေတာကြောင့်လည်း လူတွေအကြား စိတ်ဝင်တစား အကြည့်များလာကြတာပါ။

ဒါ့အပြင် ဒီရုပ်ရှင်ကို လူတွေ စိတ်ဝင်စားလာစေတဲ့ နောက်အချက်တစ်ချက်က ဂွင်းနက်သက် ပါလ်ထရိုးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လေယာဉ်ခရီးစဉ်တစ်ခုမှာ သူနှာခေါင်းစည်း ဝတ်ထားတဲ့ပုံကို လူမှုကွန်ရက်မှာ တင်လိုက်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

"ပဲရစ်ကို အသွား၊ လမ်းမှာပါ၊ အကြောက်လွန်တယ်ပဲ ပြောပြော၊ သတိထားတယ်ပဲ ဆိုဆို၊ အလန့်တကြားဖြစ်တယ်၊ ဝါဒဖြန့်တယ်ပဲ ခေါ်ခေါ်။ ကျွန်မ ပါလ်ထရိုး ကတော့ လေယာဉ်ပေါ်မှာ နှာခေါင်းစည်း ဝတ်အိပ်ပြီး ခရီးသွားနေပါပြီရှင့်" လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးထားပါတယ်။

"ဒီရုပ်ရှင်ထဲမှာ ကျွန်မကိုယ်တိုင် ပါခဲ့ဖူးပါတယ်။ အန္တရာယ်ကင်းအောင် နေကြပါ။ လက်ဆွဲ မနှုတ်ဆက်ကြပါနဲ့။ လက်ခဏခဏ ဆေးကြပါ" လို့ လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ အားပေးသူ ၆ သန်းကျော် ရှိတဲ့ ဂွင်းနက်သ် ပါလ်ထရိုးက အဲဒီပို့စ်မှာ ရေးထားပါတယ်။
တိုက်ဆိုင် ဆင်တူမှုတွေ

Contagion ရုပ်ရှင်ကားထဲမှာ ပါတဲ့ ဇာတ်အိမ်ဇာတ်ကွက်တွေက အခုလက်ရှိ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင် ဆင်တူနေတာက အတော်လေးကို အံ့သြစရာပါ။

အဲဒီရုပ်ရှင်ထဲမှာ လင်းနို့မှာ ရှိတဲ့ မက်ဗ်-၁ (MEV-1) ဆိုတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ ဝက်ကို ခုတ်ထစ် ချက်ပြုတ်ခဲ့သူ ဟောင်ကောင် စားဖိုမှူး တစ်ဦးကို မင်းသမီး ဂွင်းနက်သ် ပါလ်ထရိုး သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်က လက်ဆွဲ နှုတ်ဆက်ခဲ့ရာကနေ ရောဂါကူးစက်ခဲ့တာ ဆိုပြီး ဇာတ်အိမ်ဖွဲ့ထားတာပါ။

အဲဒီနောက် လေယာဉ်နဲ့ အိမ်ပြန်လာခဲ့ရာမှာ အကြီးအကျယ် နာမကျန်းဖြစ်ပြီး ရုတ်ချည်း သေဆုံးသွားခဲ့ပါတယ်။ သိပ်မကြာခင် သူ့ရဲ့ သားလည်း သေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ခင်ပွန်း (မက် ဒေမွန်) ကတော့ ကိုယ်ခံအားကောင်းပြီး ရောဂါမကူးစက်ခဲ့ပါဘူး။
ဓာတ်ပုံ မူပိုင် Getty Images
Image caption Contagion ရုပ်ရှင်ထဲမှာလိုပဲ ကိုဗစ်-၁၉ ရောဂါဟာ တိရစ္ဆာန်ကနေတဆင့် လူကို ကူးစက်ခဲ့တာလို့ ဆေးပညာရှင်တွေက ယူဆနေကြ

တကယ့် လက်တွေ့ဘဝမှာလည်း တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက စဖြစ်ပွားခဲ့တဲ့ကိုဗစ်-၁၉ ရောဂါဟာ တိရစ္ဆာန်ကနေ လူကို ကူးစက် ဖြစ်ပွားခဲ့တာလို့ ဆေးပညာရှင်တွေက ယူဆနေကြပါတယ်။

၂၀၀၂-၂၀၀၃ ခုနှစ်တွေတုန်းက ဖြစ်ပွားခဲ့တဲ့ ဆားစ် ကပ်ရောဂါလိုပဲ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေကနေ စတင် ကူးစက်ခဲ့ပြီး နောက်တိရစ္ဆာန်မျိုးစိတ်တွေကနေ တဆင့် လူကို ကူးစက်ခဲ့တာလို့ ယူဆထားကြတာပါ။

Contagion ရုပ်ရှင်ထဲမှာ လင်းနို့ကနေ ဝက်ကို ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့တာလို့ ဆိုထားပါတယ်။ ဒါက အများလက်ခံတဲ့ အချက်မဟုတ်ပေမဲ့ တရုတ်အာဏာပိုင်တွေကတော့ မြို့တစ်မြို့က သားသတ်ဈေးရုံတစ်ခုကနေ ရောဂါ အစပြု ဖြစ်ပွားခဲ့တာလို့ ထုတ်ဖော် ပြောထားပါတယ်။
တကယ့်အဖြစ်အပျက်ကို အခြေခံ ရိုက်ကူးထား

စိတ်ကူးယဉ်ဇာတ်လမ်းထဲမှာရော တကယ့်ဘဝမှာပါ အဲဒီဗိုင်းရပ်စ်ပိုးက အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ ဖြစ်စေတာပါ။ ဒါပေမဲ့ ရုပ်ရှင်ထဲက မက်ဗ်-၁ ရောဂါ ဟာ ကိုဗစ်-၁၉ ရောဂါ အုပ်စုထဲက မဟုတ်တဲ့ နီးပါ လို့ ခေါ်တဲ့ တကယ့်ဗိုင်းရပ်စ်ပိုးတခုကို အခြေခံပြီး ဇာတ်လမ်းဆင်ထားတာပါ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption Contagion ရုပ်ရှင်ထဲက မက်ဗ်-၁ ဗိုင်းရပ်စ်ရော တကယ့်အပြင်က ကိုဗစ်-19 ဗိုင်းရပ်စ်ပါ လင်းနို့နဲ့ ဆက်နွယ်နေ

ခုလက်ရှိ ဖြစ်နေတဲ့ ဗိုင်းရပ်ရောဂါဟာ ရုပ်ရှင်ထဲကလောက်တော့ အသေအပျောက် မများသေးပါဘူး။ Contagion ရုပ်ရှင်ထဲမှာ သေဆုံးသူ ၂၅ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဖော်ပြချက်အရ ကိုဗစ်-19 ဗိုင်းရပ်စ်ကြောင့် လောလောဆယ် သေဆုံးသူ ၃ ဒဿမ ၄ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သိရပါတယ်။

ရုပ်ရှင်ထဲမှာ မက်ဗ်-1 ရောဂါကြောင့် တစ်လအတွင်း ကမ္ဘာတဝန်း လူ ၂၆ သန်း သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်ခဲ့အပြီး ၃ လအကြာ အခုအခါ သေဆုံးသူ ၄၀၀၀ ရှိပါတယ်။

အဲဒီရုပ်ရှင်ထဲကလို အလားတူတဲ့ တစ်ခုတည်းသော ကူးစက်ရောဂါကတော့ ၁၉၁၈-၂၀ ခုနှစ်တွေအတွင်း စပိန် တုတ်ကွေး ကပ်ရောဂါ ဖြစ်ပြီး လူ သန်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။
သီးသန့်ခွဲထားပုံ

ရုပ်ရှင်ထဲမှာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ သံသယရှိချိန်မှာ ရောဂါ ကူးစက်ခံထားရသူတွေကို စစ်ဆေးရှာဖွေပြီး သီးသန့်ခွဲ စောင့်ကြည့်ဖို့အတွက် ကပ်ဘေးရောဂါ ဆိုင်ရာ စုံစမ်းရေးအဖွဲ့ (အပြင်မှာလည်း တကယ် ရှိတဲ့အဖွဲ့)က ဝန်ထမ်းတွေကို စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် လူတွေကို အစုလိုက်အပြုံလိုက် သီးသန့် ခွဲထားသလို အလားတူပုံစံမျိုး Contagion ရုပ်ရှင်ထဲမှာတော့ ရှီကာဂိုမြို့မှာ သီးသန့်ခွဲထားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရုပ်ရှင်ထဲက ဗိုင်းရပ်စ်ရောဂါဟာ ၁၉၁၈-၂၀ ခုနှစ်တုန်းက စပိန် တုတ်ကွေး ရောဂါနဲ့ အလားတူ

အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှုကို တားဆီးဖို့ ကြိုးစားတဲ့အနေနဲ့ အခုအခါ မြောက်ပိုင်း ဒေသ အတော်များများကို သီးသန့်ခွဲထားလိုက်ပြီ ဖြစ်ပါတယ်။
ကြောက်ရွံ့မှုနဲ့ ဆင့်ကဲ ရိုက်ခတ်မှု

Contagion ရုပ်ရှင်ကို ဇာတ်ညွှန်း ရေးခဲ့သူ စကော့တ် ဇက် ဘန်းစ် ကတော့ ဒီရုပ်ရှင်အခုလို တစ်ကျော့ပြန် ခေတ်စားလာတာကို အရမ်းကို အံ့သြမိတယ်လို့ ဆိုပါတယ်။

ခေတ်မီတဲ့ လက်ရှိ လူ့အသိုင်းအဝိုင်းအနေနဲ့ ဒီလို ကူးစက်ရောဂါ ပြန့်ပွားမှုမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း အားနည်းတယ် ဆိုတာကို Contagion ရုပ်ရှင်က ဖော်ပြနေတယ်လို့ Fortune မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောခဲ့ပါတယ်။

"Contagion ရုပ်ရှင်ထဲက ကူးစက်ရောဂါနဲ့ အခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကြား ဆင်တူနေတာတွေဟာ တိုက်ဆိုင်မှုသာ ဖြစ်ပြီး တစ်ကယ်တမ်းမှာ သိပ်အရေးမပါလှပါဘူး။ ဒါ့ထက် ပိုအရေးကြီးတဲ့ အချက်တွေကတော့ ဒီကူးစက်ရောဂါအပေါ် လူ့အသိုင်းအဝိုင်းက ဘယ်လို တုံ့ပြန်မလဲ၊ စိုးရိမ်ကြောက်ရွံ့မှုတွေ ပျံ့နှံ့သွားရာကနေ ဖြစ်ပေါ်လာမယ့် ဆင့်ကဲ ရိုက်ခတ်မှု စတဲ့ အချက်တွေ ဖြစ်ပါတယ်" လို့ မစ္စတာ ဘန်းစ် က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption Contagion ရုပ်ရှင်ကား ဇာတ်ညွှန်းရေးခဲ့သူ စကော့တ် ဇက် ဘန်းစ်

ဒါဟာ Contagion ရုပ်ရှင်ထဲက သီးခြား ဇာတ်ကောင်တစ်ခု ဖြစ်တဲ့ ဘလော့ကာ အယ်လန် ခရွန်ဝေဒါ ရဲ့ လျှို့ဝှက် ကြံစည်မှု တစ်ခုကို မစ္စတာ ဘန်းစ်က ညွှန်းချင်ပုံ ရပါတယ်။

ခရွန်ဝေဒါ (ဂျူဒ် လော) က သူ့ဘလော့ဂ် ကနေ ဗိုင်းရပ်စ်ရောဂါပိုးအကြောင်း အခြေအမြစ် မရှိတဲ့ ကောလာဟလတွေ လျှောက်ဖြန့်ခဲ့ပြီး ဗိုင်းရပ်စ်ရောဂါ ကုနိုင်တယ် ဆိုတဲ့ မဟုတ်မမှန် ဆေးမြီးတို တစ်ခုကို ကြော်ငြာခဲ့ပါတာပါ။

တိုက်တိုက်ဆိုင်ဆိုင် အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေမှာလည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင် ဒါမှမဟုတ် ပျောက်အောင် ကုနိုင်တယ် ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ မဟုတ်မမှန် ကြော်ငြာ ရောင်းချနေတဲ့ ဆေးတွေ၊ ပစ္စည်းတွေကို လူတစ်သန်းကျော်က ထပ်ဆင့်မျှဝေ ရောင်းချနေတာတွေကို ပိတ်ပင်မယ်လို့ အမေဇုန်ကုမ္ပဏီက မကြာသေးခင်ကပဲ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

ရုပ်မြင်သံကြားပေါ်ကနေ တရားဟောတဲ့ နာမည်ကြီး အမေရိကန် ဧဝံဂေလိ တရားဟောဆရာ ဂျင် ဘက်ကာ က ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပျောက်တယ် ဆိုတဲ့ ငွေမှုန်ပါတဲ့ ဆေးရည်တစ်မျိုးကို ကြော်ငြာ ရောင်းချခဲ့တဲ့အတွက် အခုသီတင်းပတ်အတွင်းမှာပဲ နယူးယောက်ပြည်နယ် အာဏာပိုင်တွေရဲ့ စစ်ဆေး အရေးယူတာ ခံခဲ့ရပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ဓါတုလက်နက်တစ်မျိုးကနေ ဖန်တီး ထုတ်လုပ်ခဲ့တာ ဆိုတဲ့ ကောလာဟလမျိုးလို သတင်းမှားတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

Contagion ရုပ်ရှင်ဇာတ်ညွှန်း ဆရာ မစ္စတာ ဘန်းစ် ကိုယ်တိုင်လည်း လျှို့ဝှက်ကြံစည်မှု လုပ်ခဲ့တယ် ဆိုပြီး ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိလာခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံရေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦး ဆိုပြီး လူတစ်ချို့က လူမှုကွန်ရက်ပေါ်ကနေ သူ့ကို စွပ်စွဲရေးသားတာတွေ ရှိခဲ့တယ်လို့ မစ္စတာ ဘန်းစ်က New York Times သတင်းစာကို ပြောခဲ့ပါတယ်။

"သတင်းမှားတွေ ဖြန့်တာဟာ ဗိုင်းရပ်စ်ရောဂါလိုပဲ အန္တရာယ် ကြီးနိုင်တယ် ဆိုတာကို ကျွန်တော် အစိုးရိမ်မိဆုံးပါ" လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption The Nipah virus, which has a fatality of up to 75%, served as inspiration for the disease in Contagion
သိပ္ပံနည်းကျကျ ယုတ္တိရှိမှု

Contagion ရုပ်ရှင်ကား တကျော့ပြန် လူကြိုက်များလာတာဟာ ဒီရုပ်ရှင်ကားရဲ့ ဇာတ်အိမ်ကို ဇာတ်ညွှန်းဆရာ မစ္စတာ ဘန်းစ်က သိပ္ပံနည်းကျကျ ယုတ္တိရှိအောင် ဖန်တီးခဲ့လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သူ ဇာတ်ညွှန်း ရေးတဲ့အချိန်တုန်းက WHO ကမ္ဘာ့ ကျန်းမာရေးကျွမ်းကျင်သူတွေ အပါအဝင် ရောဂါဗေဒပညာရှင်တွေ၊ ကပ်ရောဂါ ကျွမ်းကျင်သူတွေ ပါတဲ့ အဖွဲ့နဲ့ မေးမြန်း ဆွေးနွေးခဲ့ပါတယ်။

"အဲဒီတုန်းက ဒီနယ်ပယ်ထဲက ကျွမ်းကျင်သူတွေက ကျောချမ်းစရာ အချက်တစ်ချို့ ကျွန်တော့်ကို ပြောခဲ့ကြပါတယ်"

"အဲဒါကတော့ ဒီလို ကူးစက်ရောဂါမျိုး ဖြစ်လာဖို့ ရှိသလား ဆိုတာ မေးစရာ မလိုတော့ဘဲ ဘယ်တော့ ဖြစ်လာမလဲ ဆိုတာကိုပဲ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ် ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်"လို့ မစ္စတာ ဘန်းစ်က ပြန်ပြောပြပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဆယ္ႏွစ္ေက်ာ္က Contagion ႐ုပ္ရွင္ကား ျပန္ေခတ္စားလာေန ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဆယ္ႏွစ္ေက်ာ္က Contagion ႐ုပ္ရွင္ကား ျပန္ေခတ္စားလာေန Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.