ျပည္ပေရာက္ ျမန္မာေက်ာင္းသားေတြ အိမ္ျပန္ခက္ေန

(Zawgyi)⤵⤵⤵

ျပည္ပမွာ ေခတၱေရာက္ရွိ ေနထိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ သက္ဆိုင္ရာ အိမ္ရွင္ႏိုင္ငံက က်န္းမာေရး ေကာင္းမြန္ေၾကာင္း ေထာက္ခံစာပါမွ ျမန္မာႏိုင္ငံကို ျပန္လာခြင့္ျပဳမယ္လို႔ အစိုးရက ေၾကညာထားတဲ့အတြက္ ျပည္ပကို အလည္အပတ္ သြားသူေတြနဲ႔ ေက်ာင္းသားေတြ ျပန္လာဖို႔ အခက္အခဲ ရွိေနၾကပါတယ္။

ျမန္မာျပည္ျပန္လာမယ့္သူေတြ သက္ဆိုင္ရာ အိမ္ရွင္ႏိုင္ငံက ေဆးေထာက္ခံစာေတြ ပါရမယ္ဆိုတဲ့ လိုအပ္ခ်က္ကို ျမန္မာအစိုးရ သံ႐ုံးေတြက ထုတ္ျပန္ထားတာျဖစ္ၿပီး က်န္းမာေရး ေထာက္ခံေပးႏိုင္တဲ့ အဖြဲ႕အစည္း ဒါမွမဟုတ္ ဆရာဝန္ရဲ႕ တရားဝင္လက္မွတ္ရႏိုင္ဖို႔ အခက္ႀကဳံေနၾကပါတယ္။

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ကို အလည္အပတ္ေရာက္ေနတဲ့ ကိုၿငိမ္းခ်မ္းက... သံ႐ုံးကထုတ္ေပးတဲ့ စာ႐ြက္ေပၚမွာ က်န္းမာေရးေကာင္းမြန္ေၾကာင္း တရားဝင္ လက္မွတ္ထိုးေပးႏိုင္မယ့္ ဆရာဝန္ကို လိုက္ရွာေနရတယ္လို႔ RFA ကို ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဟာ ႏိုင္ငံနဲ႔ေဒသေပါင္း ၁၆၇ ခုကို ဆိုးဆိုး႐ြား႐ြား ပ်ံ႕ႏွံ႔ေနၿပီး ဥေရာပတိုက္က အီတလီႏိုင္ငံမွာ ဆိုရင္ တ႐ုတ္ႏိုင္ငံက ေသဆုံးမႈထက္ေတာင္ ေက်ာ္ေနပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ အခုအခ်ိန္ထိ ေရာဂါကူးစက္ခံရတဲ့သူမရွိေသးဘူးလို႔ ျမန္မာအစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

ဒီေရာဂါ ျမန္မာႏိုင္ငံထဲကို ျပန႔္မလာေအာင္ ကာကြယ္တဲ့အေနနဲ႔ ႏိုင္ငံတိုင္းက ႏိုင္ငံျခားသားခရီးသြားေတြကို အစိုးရက ျပည္ဝင္ခြင့္ပိတ္လိုက္သလို ျပည္ပေရာက္ ကိုယ့္ႏိုင္ငံသားေတြျပန္လာခ်င္ရင္လည္း သက္ဆိုင္ရာ ႏိုင္ငံရဲ႕ ေဆးေထာက္ခံစာပါမွ ျပန္လာခြင့္ျပဳမယ္လို႔ ၿပီးခဲ့တဲ့ မတ္လ ၂၀ ရက္ေန႔က ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿဗိတိန္ ႏိုင္ငံ Newcastle မွာရွိတဲ့ Northumbria တကၠသိုလ္မွာ ေက်ာင္းတတ္ေနတဲ့ ကိုရဲေက်ာ္သူတို႔လို ေက်ာင္းသားတခ်ိဳ႕ေတာ့ ဒီ ေဆးစာ႐ြက္မပါလို႔ ေလဆိပ္မွာ ေလယာဥ္ေပၚတက္ခြင့္ မရျဖစ္ေနတယ္လို႔ RFA ကို ေျပာပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ပြည်ပရောက် မြန်မာကျောင်းသားတွေ အိမ်ပြန်ခက်နေ

ပြည်ပမှာ ခေတ္တရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာပါမှ မြန်မာနိုင်ငံကို ပြန်လာခွင့်ပြုမယ်လို့ အစိုးရက ကြေညာထားတဲ့အတွက် ပြည်ပကို အလည်အပတ် သွားသူတွေနဲ့ ကျောင်းသားတွေ ပြန်လာဖို့ အခက်အခဲ ရှိနေကြပါတယ်။

မြန်မာပြည်ပြန်လာမယ့်သူတွေ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက ဆေးထောက်ခံစာတွေ ပါရမယ်ဆိုတဲ့ လိုအပ်ချက်ကို မြန်မာအစိုးရ သံရုံးတွေက ထုတ်ပြန်ထားတာဖြစ်ပြီး ကျန်းမာရေး ထောက်ခံပေးနိုင်တဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ဆရာဝန်ရဲ့ တရားဝင်လက်မှတ်ရနိုင်ဖို့ အခက်ကြုံနေကြပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို အလည်အပတ်ရောက်နေတဲ့ ကိုငြိမ်းချမ်းက... သံရုံးကထုတ်ပေးတဲ့ စာရွက်ပေါ်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း တရားဝင် လက်မှတ်ထိုးပေးနိုင်မယ့် ဆရာဝန်ကို လိုက်ရှာနေရတယ်လို့ RFA ကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ဒေသပေါင်း ၁၆၇ ခုကို ဆိုးဆိုးရွားရွား ပျံ့နှံ့နေပြီး ဥရောပတိုက်က အီတလီနိုင်ငံမှာ ဆိုရင် တရုတ်နိုင်ငံက သေဆုံးမှုထက်တောင် ကျော်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ အခုအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူမရှိသေးဘူးလို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီရောဂါ မြန်မာနိုင်ငံထဲကို ပြန့်မလာအောင် ကာကွယ်တဲ့အနေနဲ့ နိုင်ငံတိုင်းက နိုင်ငံခြားသားခရီးသွားတွေကို အစိုးရက ပြည်ဝင်ခွင့်ပိတ်လိုက်သလို ပြည်ပရောက် ကိုယ့်နိုင်ငံသားတွေပြန်လာချင်ရင်လည်း သက်ဆိုင်ရာ နိုင်ငံရဲ့ ဆေးထောက်ခံစာပါမှ ပြန်လာခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန် နိုင်ငံ Newcastle မှာရှိတဲ့ Northumbria တက္ကသိုလ်မှာ ကျောင်းတတ်နေတဲ့ ကိုရဲကျော်သူတို့လို ကျောင်းသားတချို့တော့ ဒီ ဆေးစာရွက်မပါလို့ လေဆိပ်မှာ လေယာဉ်ပေါ်တက်ခွင့် မရဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

RFA Burmese
https://www.rfa.org
ျပည္ပေရာက္ ျမန္မာေက်ာင္းသားေတြ အိမ္ျပန္ခက္ေန ျပည္ပေရာက္ ျမန္မာေက်ာင္းသားေတြ အိမ္ျပန္ခက္ေန Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.