"ဝ" ဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မလား


■ ၂၀၂၀ ရွေးကောက်ပွဲမှာ " ဝ " ပြည်နယ်ထဲက မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနဲ့ နားဖန်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်က "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ သွားရောက်ခဲ့ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

UWSP က ရွေးကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောထားပေးခဲ့တယ်လို့ UWSP ရဲ့ လားရှိုးရုံး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက RFA ကို ပြောပါတယ်။

“ခြောက်မြို့နယ်မှာ နှစ်မြို့နယ်က အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ကျန်တဲ့ လေးမြို့နယ်က ကျွန်တော်တို့ UWSA ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်။ အဲဒါကြောင့်မို့လိုပါ။ အဲဒီမှာတွေကျင်းပနိုင်ဖို့ ကျွန်တော်တို့ ဌာနချုပ်ကလည်းပဲ အဲဒီဟာတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထားကို ပေးခဲ့တယ်လို့ ကျွန်တော်အဲလိုပဲ နားလည်ရ ပါတယ်။”

ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။

ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို RFA က ဒီနေ့ဆက်သွယ်ရာမှာ တစ်စုံတစ်ရာပြောကြားဖို့ မရှိဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောထားဖူးပါတယ်။ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာကျင်းပဖို့ရှိတယ်လို့ အများအပြားက ယူဆထားကြပါတယ်။

ဝဒေသမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုရင် ဝတိုင်းရင်းသားပါတီအပြင် ရှမ်းပြည်နယ်အတွင်းက တခြား ပါတီတွေနဲ့ ပြည်မပါတီတွေ လွတ်လွတ်လပ်လပ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရ မရဆိုတာကတော့ UWSP ဗဟိုဌာနချုပ်ရဲ့ သဘောထားပေါ် မူတည်နေပါတယ်။

UWSP က ခေါင်းဆောင်ပိုင်းတွေအနေနဲ့ တပါတီတည်းက ကြီးစိုးတဲ့စနစ်ကိုမလုပ်ဘဲ ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ ဘယ်တိုင်းရင်းသားပါတီကိုမဆိုလက်ခံပြီး တံခါးဖွင့်ဝါဒကို ကျင့်သုံးဖို့လိုတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။

UWSP ရဲ့ ထိန်းချုပ်မှုအောက်က နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆွေးနွေးကြတာကို ဝမ်းသာတယ်လို့ " ဝ " ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီနပ် ကပြော ပါတယ်။

“လေးမြို့နယ်မှာ ရွေးကောက်ပွဲ ထပ်ပြီးတော့ ကျင်းပနိုင်မယ်ဆိုရင်တော့ ကျွန်တော် ဝမ်းမြောက်ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားနည်းနေတယ်လေ။ အခုဒီမှာ မလုပ်တဲ့ဒေသကြတော့ သူ့အသံကိုလည်း ကျွန်တော်တို့ သွားနားထောင်လို့ မရဘူးလေ။”

ဦးညီနပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ " ဝ " အမျိုးသားစည်းလုံးညီညွတ်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူပါ။ အခုတော့ ပါတီကထွက်ပြီး တသီးပုဂ္ဂလအဖြစ် ရပ်တည်နေပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရှိမယ်ဆိုရင် ပြည်သူတွေရဲ့ လိုလားချက်တွေကို လွှတ်တော်ကတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြနိုင်ခွင့်ရှိလို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရတာကြောင့် လွှတ်တော်ကိုယ်စားလှယ် ရှိတဲ့နေရာနဲ့ မရှိတဲ့နေရာက ကွာခြားချက်တွေရှိတယ်လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ကော်မရှင်က စတင်လုပ်ဆောင်လာတဲ့ ဒီ လေးမြို့နယ်ထဲမှာ လက်ရှိအချိန် ထိတော့ UWSP သာရှိတာပါ။

၂၀၂၀ ရွေးကောက်ပွဲအမှီ ဝအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ ဝ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်းပြီး ဝအမျိုးသားပါတီ ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေတာတော့ ရှိပါတယ်။

UWSA က လုံခြုံရေးပေးမယ်ဆိုတဲ့ ကတိကဝတ်ရမှ အဲဒီနယ်မြေမှာ ရွေးကောက်ပွဲကကျင်းပဖြစ်မှာလို့ လွှတ်တော်လုပ်ငန်းစဉ်တွေကို စောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် က ဦးအေးကျော် ကပြောပါတယ်။

“အဲဒီနေရာတွေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းက လုံခြုံရေးယူပေးမှပေါ့နော်။ အဲဒါကလည်း ဝတွေပေါ်မှာလည်း မူတည်တာပေါ့။ သူတို့ဒေသမှာ ရွေးကောက်ပွဲ လုပ်စေချင်တယ်ဆိုရင် ကျွန်တော်တို့ လုံခြုံရေးယူပါတယ်ဆိုရင် ဖြစ်တာပေါ့နော်။ သူတို့က လုံခြုံရေးမယူပေးရင် ရွေးကောက်ပွဲ မလုပ် စေချင်ရင်တော့ ၂၀၂၀ မှာလည်း ဖြစ်မှာမဟုတ်ဘူး။ နောက်လည်း ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။”

၂၇ ရက်နေ့က ပန်ခမ်းမြို့က နှစ်ဖက်တွေ့ဆုံပွဲကို UWSP ဘက်က ဒု ဥက္ကဋ္ဌ ဦးရှောက်မင်လျံ ၊ ဒုစစ်သေနာပတိချုပ် ဦးကျောက်ကျုံးတန်း၊ ဒုအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ ၊ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း တို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဒု ဥက္ကဌ က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဝ ဒေသကို လာရောက်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ကြောင်း ဝပြည်နယ်သတင်း UWST က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြို့နယ် ခြောက်ခုရှိပါတယ်။ အဲဒီထဲက ပြည်ထောင်စုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မက်မန်းနဲ့ ဟိုပန်မြို့နယ်တွေမှာတော့ ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပခဲ့ပါတယ်။

အရင်ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ် ၄ ခုမှာ ရွေးကောက်ပွဲကျင်းပဖြစ်မယ်ဆိုရင်လည်း ဝ ပါတီတွေ သာ ယှဉ်ပြိုင်နိုင်ခွင့်ရှိလိမ့်မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။

~~~~~~~~~~~~~~~
(Zawgyi)⤵⤵⤵

"ဝ" ေဒသမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေတာ့မလား

■ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ " ဝ " ျပည္နယ္ထဲက မိုင္းေမာ၊ ပန္ဝိုင္၊ ပန္ဆန္းနဲ႔ နားဖန္းၿမိဳ႕နယ္ေတြမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ ေကာ္မရွင္ဥကၠ႒ကိုယ္တိုင္က "ဝ" ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပန္ခမ္းၿမိဳ႕မွာ သြားေရာက္ခဲ့ပါတယ္။ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္းက ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွာ သြားေရာက္ခဲ့တာျဖစ္ပါတယ္။

UWSP က ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာထားေပးခဲ့တယ္လို႔ UWSP ရဲ႕ လားရႈိး႐ုံး ဆက္ဆံေရးတာဝန္ခံ ဦးညီရမ္းက RFA ကို ေျပာပါတယ္။

“ေျခာက္ၿမိဳ႕နယ္မွာ ႏွစ္ၿမိဳ႕နယ္က အစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ က်န္တဲ့ ေလးၿမိဳ႕နယ္က ကြၽန္ေတာ္တို႔ UWSA ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိတယ္။ အဲဒါေၾကာင့္မို႔လိုပါ။ အဲဒီမွာေတြက်င္းပႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ဌာနခ်ဳပ္ကလည္းပဲ အဲဒီဟာေတြမွာ ပူးေပါင္းေဆာင္႐ြက္သြားမယ္ဆိုတဲ့ သေဘာထားကို ေပးခဲ့တယ္လို႔ ကြၽန္ေတာ္အဲလိုပဲ နားလည္ရ ပါတယ္။”

ေ႐ြးေကာက္ပြဲေကာ္မရွင္ကေတာ့ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး တရားဝင္ သတင္းမထုတ္ျပန္ေသးပါဘူး။

ေကာ္မရွင္ဥကၠ႒ ဦးလွသိန္းကို RFA က ဒီေန႔ဆက္သြယ္ရာမွာ တစ္စုံတစ္ရာေျပာၾကားဖို႔ မရွိဘူးလို႔ ဆိုပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ၿမိဳ႕နယ္ေပါင္း ၃၃၀ မွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနတယ္လို႔ ေျပာထားဖူးပါတယ္။ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလမွာက်င္းပဖို႔ရွိတယ္လို႔ အမ်ားအျပားက ယူဆထားၾကပါတယ္။

ဝေဒသမွာ ေ႐ြးေကာက္ပြဲ က်င္းပျဖစ္မယ္ဆိုရင္ ဝတိုင္းရင္းသားပါတီအျပင္ ရွမ္းျပည္နယ္အတြင္းက တျခား ပါတီေတြနဲ႔ ျပည္မပါတီေတြ လြတ္လြတ္လပ္လပ္ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ခြင့္ ရ မရဆိုတာကေတာ့ UWSP ဗဟိုဌာနခ်ဳပ္ရဲ႕ သေဘာထားေပၚ မူတည္ေနပါတယ္။

UWSP က ေခါင္းေဆာင္ပိုင္းေတြအေနနဲ႔ တပါတီတည္းက ႀကီးစိုးတဲ့စနစ္ကိုမလုပ္ဘဲ ဝင္ေရာက္ယွဥ္ၿပိဳင္လိုတဲ့ ဘယ္တိုင္းရင္းသားပါတီကိုမဆိုလက္ခံၿပီး တံခါးဖြင့္ဝါဒကို က်င့္သုံးဖို႔လိုတယ္လို႔ သုံးသပ္သူေတြလည္းရွိပါတယ္။

UWSP ရဲ႕ ထိန္းခ်ဳပ္မႈေအာက္က နယ္ေျမေတြမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ ေဆြးေႏြးၾကတာကို ဝမ္းသာတယ္လို႔ " ဝ " ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ မက္မန္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးညီနပ္ ကေျပာ ပါတယ္။

“ေလးၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲ ထပ္ၿပီးေတာ့ က်င္းပႏိုင္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ ဝမ္းေျမာက္ႀကိဳဆိုတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အားနည္းေနတယ္ေလ။ အခုဒီမွာ မလုပ္တဲ့ေဒသၾကေတာ့ သူ႔အသံကိုလည္း ကြၽန္ေတာ္တို႔ သြားနားေထာင္လို႔ မရဘူးေလ။”

ဦးညီနပ္ဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ " ဝ " အမ်ိဳးသားစည္းလုံးညီၫြတ္ေရးပါတီကေန ေ႐ြးေကာက္ပြဲဝင္ခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လာသူပါ။ အခုေတာ့ ပါတီကထြက္ၿပီး တသီးပုဂၢလအျဖစ္ ရပ္တည္ေနပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ရွိမယ္ဆိုရင္ ျပည္သူေတြရဲ႕ လိုလားခ်က္ေတြကို လႊတ္ေတာ္ကတဆင့္ ျပည္ေထာင္စု အစိုးရအဖြဲ႕ထံ တင္ျပႏိုင္ခြင့္ရွိလို႔ ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြရတာေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ ရွိတဲ့ေနရာနဲ႔ မရွိတဲ့ေနရာက ကြာျခားခ်က္ေတြရွိတယ္လို႔ သူက ဆိုပါတယ္။

ေ႐ြးေကာက္ပြဲက်င္းပဖို႔ ေကာ္မရွင္က စတင္လုပ္ေဆာင္လာတဲ့ ဒီ ေလးၿမိဳ႕နယ္ထဲမွာ လက္ရွိအခ်ိန္ ထိေတာ့ UWSP သာရွိတာပါ။

၂၀၂၀ ေ႐ြးေကာက္ပြဲအမွီ ဝအမ်ိဳးသားစည္းလုံးညီၫႊတ္ေရးပါတီ၊ ဝ ဒီမိုကရက္တစ္ပါတီ၊ ဝ လစ္ဘရယ္ ဒီမိုကရက္တစ္ တိုးတက္ဖြံ႕ၿဖိဳးေရးပါတီတို႔ ပူးေပါင္းၿပီး ဝအမ်ိဳးသားပါတီ ဖြဲ႕စည္းႏိုင္ဖို႔ ႀကိဳးပမ္းေနတာေတာ့ ရွိပါတယ္။

UWSA က လုံၿခဳံေရးေပးမယ္ဆိုတဲ့ ကတိကဝတ္ရမွ အဲဒီနယ္ေျမမွာ ေ႐ြးေကာက္ပြဲကက်င္းပျဖစ္မွာလို႔ လႊတ္ေတာ္လုပ္ငန္းစဥ္ေတြကို ေစာင့္ၾကည့္ေနတဲ့ ပြင့္လင္းျမန္မာ့ေရွ႕ေဆာင္ က ဦးေအးေက်ာ္ ကေျပာပါတယ္။

“အဲဒီေနရာေတြမွာ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုရင္ အဲဒီေဒသမွာရွိတဲ့ အဖြဲ႕အစည္းက လုံၿခဳံေရးယူေပးမွေပါ့ေနာ္။ အဲဒါကလည္း ဝေတြေပၚမွာလည္း မူတည္တာေပါ့။ သူတို႔ေဒသမွာ ေ႐ြးေကာက္ပြဲ လုပ္ေစခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ လုံၿခဳံေရးယူပါတယ္ဆိုရင္ ျဖစ္တာေပါ့ေနာ္။ သူတို႔က လုံၿခဳံေရးမယူေပးရင္ ေ႐ြးေကာက္ပြဲ မလုပ္ ေစခ်င္ရင္ေတာ့ ၂၀၂၀ မွာလည္း ျဖစ္မွာမဟုတ္ဘူး။ ေနာက္လည္း ဘယ္ေတာ့မွ ျဖစ္မွာမဟုတ္ဘူး။”

၂၇ ရက္ေန႔က ပန္ခမ္းၿမိဳ႕က ႏွစ္ဖက္ေတြ႕ဆုံပြဲကို UWSP ဘက္က ဒု ဥကၠ႒ ဦးေရွာက္မင္လ်ံ ၊ ဒုစစ္ေသနာပတိခ်ဳပ္ ဦးေက်ာက္က်ဳံးတန္း၊ ဒုအေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးေပါက္ယူရိ ၊ ဒုဥကၠ႒ ဦးေက်ာက္ေကာ္အန္း တို႔ တက္ေရာက္ခဲ့ပါတယ္။

အဲဒီေဆြးေႏြးပြဲမွာ ဒု ဥကၠဌ က NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္လည္း ဝ ေဒသကို လာေရာက္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာခဲ့ေၾကာင္း ဝျပည္နယ္သတင္း UWST က သတင္းထုတ္ျပန္ထားပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ၿမိဳ႕နယ္ ေျခာက္ခုရွိပါတယ္။ အဲဒီထဲက ျပည္ေထာင္စုအစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိတဲ့ မက္မန္းနဲ႔ ဟိုပန္ၿမိဳ႕နယ္ေတြမွာေတာ့ ၂၀၁၀၊ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲေတြကို က်င္းပခဲ့ပါတယ္။

အရင္ေ႐ြးေကာက္ပြဲေတြ မက်င္းပႏိုင္ခဲ့တဲ့ ၿမိဳ႕နယ္ ၄ ခုမွာ ေ႐ြးေကာက္ပြဲက်င္းပျဖစ္မယ္ဆိုရင္လည္း ဝ ပါတီေတြ သာ ယွဥ္ၿပိဳင္ႏိုင္ခြင့္ရွိလိမ့္မယ္ဆိုတဲ့ ယူဆခ်က္ေတြလည္း ရွိေနပါတယ္။

ေဝမာထြန္း
RFA Burmese
https://www.rfa.org/burmese
"ဝ" ဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မလား "ဝ" ဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မလား Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.