ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ၿပီး ေရာဂါလကၡဏာျပဖို႔ ဘယ္ေလာက္ၾကာသလဲ

အေမရိကန္ျပည္ေထာင္စုတြင္ လူနာတဦးအား ေဆး႐ုံပို႔ရန္ ျပင္ဆင္ေနသည့္ က်န္းမာေရးဝန္ထမ္းတဦး။ (မတ္ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာရွင္ကို ကိုယ္တိုင္ႀကံဳေတြခဲ့ရခ်ိန္မွာ အရင္က ယူဆခဲ့တဲ့ Covid-19 ေရာဂါဆိုင္ရာ အခ်က္အလက္ေတြနဲ႔ အေတာ္ေလး ကဲြလဲြေနတာ ေတြ႔ခဲ့ရတဲ့အေၾကာင္း အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕က ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္က ဗီြအိုေအကို ေျပာပါတယ္။

အခုဆိုရင္ အေရးေပၚအေျခအေန ေၾကညာထားတဲ့ နယူးေယာက္ၿမိဳ႕မွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ ၁၀၅ ဦးထိ ရွိလာၿပီး တေန႔တည္းမွာတင္ ကူးစက္ခံရသူလို႔ အတည္ျပဳႏိုင္တဲ့ အေရအတြက္ ၁၆ ဦးထက္မနည္း ရွိေနေၾကာင္း ၿမိဳ႕ေတာ္၀န္ Andrew Cuomo က တနဂၤေႏြေန႔က ေျပာၾကားခဲ့ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာနဲ႔ ကိုယ္တိုင္ေတြ႔ႀကံဳခဲ့ရတဲ့ ေဒါက္တာေဇယ်ာသက္ရဲ႕ ေတြ႔ရွိခ်က္ေတြကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလို စေျပာပါတယ္။

ေဒါက္တာေဇယ်ာသက္ - “က်ေနာ့္ကုိယ္ေတြ႔ လူနာဆုိရင္ အေရွ႕ေတာင္အာရွ ႏုိင္ငံတခုကေန ျပန္လာၿပီး ပထမဆုံး စျဖစ္တာ ဖ်ားတာေပါ့၊ ဒီၾကားထဲမွာ ဘာမွကုိ မျဖစ္တာ။ ဒါ ေဖေဖာ္ဝါရီလကုန္မွာ ျဖစ္လာတဲ့အခါၾကေတာ့ ဆရာဝန္အမ်ားစုရဲ႕ ေခါင္းထဲမွာရွိေနတဲ့ အရာနဲ႔ ကြာျခားသြားတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ နံပါတ္တစ္အခ်က္က အေရွ႕ေတာင္အာရွႏုိင္ငံသည္ အရမ္း Hot Topic ျဖစ္ေနတဲ့ ႏုိင္ငံတခုလည္း မဟုတ္ဘူး။ အဲဒီႏုိင္ငံမွာလည္း လူနာတေယာက္မွ မရွိတဲ့နီးပါး ေသခ်ာတယ္။ နံပါတ္ႏွစ္အခ်က္က လူနာက တလၾကာမွ ဖ်ားနာၿပီးေတာ့ ႏွစ္ရက္အတြင္းမွာ လူနာက နည္းနည္းေလးေကာင္းလာတယ္၊ အဖ်ားမရွိေတာ့ဘူးေပါ့။ ကုိယ္ေတြ လက္ေတြကေတာ့ နည္းနည္းပါးပါး ကိုက္တယ္။ ဒါေပမယ့္ ထူးျခားတဲ့တခ်က္က ႏွာမေစးဘူး။ ကိုယ္ေတြ လက္ေတြ ကိုက္တာကလည္း ဆုိးဆုိးဝါးဝါး မဟုတ္ဘူး။ သုံးရက္ ေလးရက္ေျမာက္မွာ စၿပီးေတာ့ အသက္႐ွဴလမ္းေၾကာင္းမွာ စၿပီး ေခ်ာင္းဆုိးလာတယ္။ ဆုိးေတာ့လည္း ေခ်ာင္းေျခာက္ေပါ့။ သလိပ္လည္း ထြက္မလာဘူး။ ၿပီးေတာ့ နည္းနည္း အသက္႐ွဴမဝဘူးဆိုတဲ့ Sympton ေလးေတြ ျဖစ္လာတယ္။ ငါးရက္ေျမာက္ေန႔မွာ ေတာ္ေတာ္ႀကီးကို အသက္႐ွဴ က်ပ္လာတယ္။ ည ၇ နာရီေလာက္မွာ Emergency ေခၚၿပီး ေဆး႐ုံကို သယ္လာတယ္။ အဲဒီမွာ က်ေနာ္ အဓိက ေျပာခ်င္တာက Emergency Room ကုိ သယ္လာတဲ့အခ်ိန္မွာ လြန္ခဲ့တဲ့ ႏွစ္ပတ္အတြင္း ခရီးသြားလားဆုိေတာ့ မသြားဘူးေပါ့။ သူက ႏွစ္ပတ္အတြင္း သြားထားတာမွမဟုတ္တာ။ ၿပီးေတာ့ လြန္ခဲ့တဲ့ ႏွစ္ပတ္အတြင္း ဖ်ားလားဆုိေတာ့ မဟုတ္ဘူး လြန္ခဲ့တဲ့ ေလးရက္ေလာက္ကမွ စဖ်ားတာ။ တေယာက္မွ ဒီလုိေရာဂါျဖစ္မယ္လို႔ မထင္ဘူး။ ႏွာေခါင္းပိတ္တာလည္း ဘာမွမလုပ္ဘဲ လူနာကို ဒီတုိင္း ေခၚလာလုိက္တယ္။”

မအင္ၾကင္းႏုိင္ - ဒီလူနာက ဗုိင္းရပ္စ္ပုိး ဘယ္လိုရလဲဆုိတဲ့ ဇာစ္ျမစ္ကုိ ဆရာတုိ႔ ခုခ်ိန္ထိ မသိေသးဘူးေပါ့။

ေဒါက္တာေဇယ်ာသက္ - “က်ေနာ္တို႔လည္း တတ္ႏုိင္သေလာက္ ေမးတာေပါ့။ ဘယ္လုိမွ က်ေနာ္တုိ႔ ရွာလို႔မရပါဘူး။ သူက အသက္ ၈၀ ေက်ာ္ပါတယ္။ ေရာဂါေပါင္းစုံရွိတဲ့လူလည္း မဟုတ္ပါဘူး။ က်န္းက်န္းမာမာနဲ႔ သူ႔တုိင္းျပည္ကုိ နာရီေပါင္း ေျမာက္ျမားစြာၾကာတဲ့ ေလယာဥ္ပ်ံခရီးကို ႏွစ္တုိင္း ျပန္ျပန္ၿပီးေတာ့ သြားတဲ့ သန္သန္မာမာ အသက္ ၈၀ ေက်ာ္ေပါ့။ တုတ္ေကာက္နဲ႔ေတာင္ သြားေနတဲ့သူ မဟုတ္ပါဘူး။ ဘာေရာဂါမွလည္း မရွိဘူး။ Blood Pressure နည္းနည္းတုိးလုိ႔ Blood Pressure ေဆးေလး စားတာကလြဲလို႔ ဘာမွမရွိဘူး။ ဒီလူသည္ Flu Vaccine ဆုိတဲ့ တုပ္ေကြးေရာဂါပုိးကိုလည္း ဒီႏုိင္ငံမွာ ထုိးသြားတယ္၊ ေအာက္တုိဘာလတုန္းက။ သူ ေအာက္တုိဘာလမွာ သူ႔ႏုိင္ငံကို ျပန္သြားၿပီးေတာ့မွ ဒီဇင္ဘာမွာ သမီးက သြားျပန္ေခၚလာတယ္။ ၿပီးေတာ့ အိမ္ထဲမွာပဲ အၿမဲေနတယ္။ အျပင္သြားတဲ့လူလည္း မဟုတ္ဘူး။ သူ႔ႏုိင္ငံကေန ပါလာတာလား။ ဒါလည္း ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ဘာလုိ႔ ပုိးက တလေလာက္ထိ ကုိယ္ထဲမွာ ေအာင္းေနရလဲ။ က်ေနာ္တုိ႔လည္း ဒီဟာကို ခုထက္ထိ မသိဘူး။”

မအင္ၾကင္းႏုိင္ - ေဆး႐ုံေရာက္လာတဲ့အခ်ိန္မွာ သူက ႐ုိး႐ုိးဖ်ားတယ္ဆုိၿပီးေတာ့ ေရာက္လာေတာ့ Emergency Room ပဲျဖစ္ျဖစ္ ေဆး႐ုံမွာရွိတဲ့ လူေတြကိုေရာ ကူးစက္တာမ်ဳိးေတြ ျဖစ္ႏုိင္လား။

ေဒါက္တာေဇယ်ာသက္ - “ဒါကေတာ့ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ နယူးေယာက္မွာရွိတဲ့ Intensive Care Unit ကုိ ေရာက္ေနတာ စုစုေပါင္း လြန္ခဲ့တဲ့ ေလးငါးနာရီ အခ်ိန္အထိ ၃၃ Case လားမသိဘူး၊ Confirm ျဖစ္တယ္လို႔ ေျပာတယ္။ အဲဒီထဲမွာမွ ၂ ေယာက္ အထူးၾကပ္မတ္ေဆာင္ကို ေရာက္ေနတာေပါ့။ သူတို႔ Mortality Rate ကလည္း တြက္လို႔ရွိရင္ေတာ့ Third Rates အတြင္းမွာေတာ့ ရွိၾကတယ္။ လူတုိင္းေျပာေနသလုိပဲ ၈၀ ကေန ၉၀ ရာခုိင္ႏႈန္းကေတာ့ ဘာမွမျဖစ္ဘဲ ေအးေအးေဆးေဆး ေကာင္းသြားၾကတဲ့ လူေတြခ်ည္းပဲေပါ့။ ဒီ ေအးေအးေဆးေဆး ေကာင္းသြားတဲ့လူေတြက သူတို႔မွာေတာ့ ဘာမွမျဖစ္ဘူး။ ဒါေပမယ့္ သူတုိ႔ကတဆင့္ ေနာက္ထပ္လူေတြကုိ မကူးဖို႔ က်ေနာ္တုိ႔ လုပ္လုိ႔ရတဲ့နည္းလမ္းက တလမ္းပဲ ရွိပါေသးတယ္။ အဲဒါက Quarantine ပဲ ရွိပါေသးတယ္။”

မအင္ၾကင္းႏုိင္ - ေရာဂါကူးစက္မႈ အေျခအေနကေရာ အေမရိကန္ျပည္ေထာင္စုမွာ ဘယ္ေလာက္ထိ ဆုိးလာဖို႔ အေျခအေနရွိမလဲ။

ေဒါက္တာေဇယ်ာသက္ - “ေနာက္ဆုံး က်ေနာ္သိလုိက္တဲ့ Data အရ Case Definition အရ ၁၉ ျပည္နယ္မွာ ၄၀ ရာခုိင္ႏႈန္းေလာက္ေတာ့ ျဖစ္သြားၿပီ။ Data ေတြ မေတြ႔ေသးတာကေတာ့ ဟာဝုိင္ယီမွာ မေတြ႔ေသးဘူး။ အလာစကာမွာလည္း မေတြ႔ေသးဘူး။ တကၠဆက္မွာလည္း မၾကားေသးဘူး။ သေဘာကေတာ့ လူေတြက Awareness ပုိၿပီးျဖစ္လာတယ္။ Test လုပ္လာၾကတယ္။ အဲဒါ Alarm ျဖစ္စရာလားဆုိေတာ့ က်ေနာ္တုိ႔ေတာ့ သိပ္ Alarm မျဖစ္ဘူး။”

မအင္ၾကင္းႏုိင္ - အခုဆိုရင္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ အေရးေပၚ စားေသာက္ကုန္ေတြကို ေတာ္ေတာ္မ်ားမ်ား ဝယ္ယူၾကတယ္။ လက္ေဆးရည္ေတြ ဒါမ်ဳိးေတြဝယ္တာ ေတာ္ေတာ္ေလးကုိ ျပတ္လပ္တာ ေတြ႔ရတယ္။ ဒီလိုမ်ဳိး စားေသာက္ကုန္ေတြ ဝယ္ယူစုေဆာင္းေနတဲ့ အေျခအေနကေရာ တကယ္လိုအပ္ေနၿပီလား။

ေဒါက္တာေဇယ်ာသက္ - “ဒါကေတာ့ ေျပာရတာ နည္းနည္းခက္တယ္။ ဒါေပမယ့္ လိုအပ္လားဆုိေတာ့ ဘယ္ႏွစ္ရက္ထိ စုေဆာင္းႏုိင္မွာလဲ။ တကယ္တမ္းသာ Pandemic ျဖစ္ခဲ့လို႔ရွိရင္ ရက္ေပါင္းေျမာက္ျမားစြာ ႀကဳံေတြ႔ရမွာေပါ့။ မစုေဆာင္းသင့္ဘူးလားဆုိေတာ့လည္း ဒါကေတာ့ Individualised လုပ္တယ္။ က်ေနာ့္အေနနဲ႔ ေျပာရမယ္ဆုိရင္ ေရကေတာ့ ဒီႏုိင္ငံမွာ ျပႆနာ မရွိပါဘူး။ လွ်ပ္စစ္ရွိေနသေရြ႕ကေတာ့ ေရတုိ႔ ဘာတုိ႔ အပိုင္းေတြကေတာ့ အုိေကႏုိင္တာေပါ့။ က်ေနာ့္အေနနဲ႔ ေျပာရရင္ေတာ့ စုေဆာင္းသင့္လား ဆုိေတာ့လည္း တကယ့္လက္ေတြ႔ ဒုကၡေရာက္တဲ့ အခ်ိန္မွာေတာ့ ဟုတ္ပါတယ္။ မရွိလို႔ရွိရင္ ဘာမွ စားစရာမရွိဘူး။ လူေတြကေတာ့ ဝယ္ထားသင့္တာေပါ့။ ဒါေပမယ့္ ယူအက္စ္လို ၿမိဳ႕မွာေတာ့ တ႐ုတ္ျပည္လုိ တၿမိဳ႕လုံး Shutdown လုပ္ဖုိ႔ ျဖစ္ႏုိင္မယ္ေတာ့ မထင္ပါဘူး။”

--------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီး ရောဂါလက္ခဏာပြဖို့ ဘယ်လောက်ကြာသလဲ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာရှင်ကို ကိုယ်တိုင်ကြုံတွေခဲ့ရချိန်မှာ အရင်က ယူဆခဲ့တဲ့ Covid-19 ရောဂါဆိုင်ရာ အချက်အလက်တွေနဲ့ အတော်လေး ကွဲလွဲနေတာ တွေ့ခဲ့ရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ဗွီအိုအေကို ပြောပါတယ်။

အခုဆိုရင် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ နယူးယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၁၀၅ ဦးထိ ရှိလာပြီး တနေ့တည်းမှာတင် ကူးစက်ခံရသူလို့ အတည်ပြုနိုင်တဲ့ အရေအတွက် ၁၆ ဦးထက်မနည်း ရှိနေကြောင်း မြို့တော်ဝန် Andrew Cuomo က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာနဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ဒေါက်တာဇေယျာသက်ရဲ့ တွေ့ရှိချက်တွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ဒေါက်တာဇေယျာသက် - “ကျနော့်ကိုယ်တွေ့ လူနာဆိုရင် အရှေ့တောင်အာရှ နိုင်ငံတခုကနေ ပြန်လာပြီး ပထမဆုံး စဖြစ်တာ ဖျားတာပေါ့၊ ဒီကြားထဲမှာ ဘာမှကို မဖြစ်တာ။ ဒါ ဖေဖော်ဝါရီလကုန်မှာ ဖြစ်လာတဲ့အခါကြတော့ ဆရာဝန်အများစုရဲ့ ခေါင်းထဲမှာရှိနေတဲ့ အရာနဲ့ ကွာခြားသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ်အချက်က အရှေ့တောင်အာရှနိုင်ငံသည် အရမ်း Hot Topic ဖြစ်နေတဲ့ နိုင်ငံတခုလည်း မဟုတ်ဘူး။ အဲဒီနိုင်ငံမှာလည်း လူနာတယောက်မှ မရှိတဲ့နီးပါး သေချာတယ်။ နံပါတ်နှစ်အချက်က လူနာက တလကြာမှ ဖျားနာပြီးတော့ နှစ်ရက်အတွင်းမှာ လူနာက နည်းနည်းလေးကောင်းလာတယ်၊ အဖျားမရှိတော့ဘူးပေါ့။ ကိုယ်တွေ လက်တွေကတော့ နည်းနည်းပါးပါး ကိုက်တယ်။ ဒါပေမယ့် ထူးခြားတဲ့တချက်က နှာမစေးဘူး။ ကိုယ်တွေ လက်တွေ ကိုက်တာကလည်း ဆိုးဆိုးဝါးဝါး မဟုတ်ဘူး။ သုံးရက် လေးရက်မြောက်မှာ စပြီးတော့ အသက်ရှူလမ်းကြောင်းမှာ စပြီး ချောင်းဆိုးလာတယ်။ ဆိုးတော့လည်း ချောင်းခြောက်ပေါ့။ သလိပ်လည်း ထွက်မလာဘူး။ ပြီးတော့ နည်းနည်း အသက်ရှူမဝဘူးဆိုတဲ့ Sympton လေးတွေ ဖြစ်လာတယ်။ ငါးရက်မြောက်နေ့မှာ တော်တော်ကြီးကို အသက်ရှူ ကျပ်လာတယ်။ ည ၇ နာရီလောက်မှာ Emergency ခေါ်ပြီး ဆေးရုံကို သယ်လာတယ်။ အဲဒီမှာ ကျနော် အဓိက ပြောချင်တာက Emergency Room ကို သယ်လာတဲ့အချိန်မှာ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ခရီးသွားလားဆိုတော့ မသွားဘူးပေါ့။ သူက နှစ်ပတ်အတွင်း သွားထားတာမှမဟုတ်တာ။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဖျားလားဆိုတော့ မဟုတ်ဘူး လွန်ခဲ့တဲ့ လေးရက်လောက်ကမှ စဖျားတာ။ တယောက်မှ ဒီလိုရောဂါဖြစ်မယ်လို့ မထင်ဘူး။ နှာခေါင်းပိတ်တာလည်း ဘာမှမလုပ်ဘဲ လူနာကို ဒီတိုင်း ခေါ်လာလိုက်တယ်။”

မအင်ကြင်းနိုင် - ဒီလူနာက ဗိုင်းရပ်စ်ပိုး ဘယ်လိုရလဲဆိုတဲ့ ဇာစ်မြစ်ကို ဆရာတို့ ခုချိန်ထိ မသိသေးဘူးပေါ့။

ဒေါက်တာဇေယျာသက် - “ကျနော်တို့လည်း တတ်နိုင်သလောက် မေးတာပေါ့။ ဘယ်လိုမှ ကျနော်တို့ ရှာလို့မရပါဘူး။ သူက အသက် ၈၀ ကျော်ပါတယ်။ ရောဂါပေါင်းစုံရှိတဲ့လူလည်း မဟုတ်ပါဘူး။ ကျန်းကျန်းမာမာနဲ့ သူ့တိုင်းပြည်ကို နာရီပေါင်း မြောက်မြားစွာကြာတဲ့ လေယာဉ်ပျံခရီးကို နှစ်တိုင်း ပြန်ပြန်ပြီးတော့ သွားတဲ့ သန်သန်မာမာ အသက် ၈၀ ကျော်ပေါ့။ တုတ်ကောက်နဲ့တောင် သွားနေတဲ့သူ မဟုတ်ပါဘူး။ ဘာရောဂါမှလည်း မရှိဘူး။ Blood Pressure နည်းနည်းတိုးလို့ Blood Pressure ဆေးလေး စားတာကလွဲလို့ ဘာမှမရှိဘူး။ ဒီလူသည် Flu Vaccine ဆိုတဲ့ တုပ်ကွေးရောဂါပိုးကိုလည်း ဒီနိုင်ငံမှာ ထိုးသွားတယ်၊ အောက်တိုဘာလတုန်းက။ သူ အောက်တိုဘာလမှာ သူ့နိုင်ငံကို ပြန်သွားပြီးတော့မှ ဒီဇင်ဘာမှာ သမီးက သွားပြန်ခေါ်လာတယ်။ ပြီးတော့ အိမ်ထဲမှာပဲ အမြဲနေတယ်။ အပြင်သွားတဲ့လူလည်း မဟုတ်ဘူး။ သူ့နိုင်ငံကနေ ပါလာတာလား။ ဒါလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘာလို့ ပိုးက တလလောက်ထိ ကိုယ်ထဲမှာ အောင်းနေရလဲ။ ကျနော်တို့လည်း ဒီဟာကို ခုထက်ထိ မသိဘူး။”

မအင်ကြင်းနိုင် - ဆေးရုံရောက်လာတဲ့အချိန်မှာ သူက ရိုးရိုးဖျားတယ်ဆိုပြီးတော့ ရောက်လာတော့ Emergency Room ပဲဖြစ်ဖြစ် ဆေးရုံမှာရှိတဲ့ လူတွေကိုရော ကူးစက်တာမျိုးတွေ ဖြစ်နိုင်လား။

ဒေါက်တာဇေယျာသက် - “ဒါကတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နယူးယောက်မှာရှိတဲ့ Intensive Care Unit ကို ရောက်နေတာ စုစုပေါင်း လွန်ခဲ့တဲ့ လေးငါးနာရီ အချိန်အထိ ၃၃ Case လားမသိဘူး၊ Confirm ဖြစ်တယ်လို့ ပြောတယ်။ အဲဒီထဲမှာမှ ၂ ယောက် အထူးကြပ်မတ်ဆောင်ကို ရောက်နေတာပေါ့။ သူတို့ Mortality Rate ကလည်း တွက်လို့ရှိရင်တော့ Third Rates အတွင်းမှာတော့ ရှိကြတယ်။ လူတိုင်းပြောနေသလိုပဲ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းကတော့ ဘာမှမဖြစ်ဘဲ အေးအေးဆေးဆေး ကောင်းသွားကြတဲ့ လူတွေချည်းပဲပေါ့။ ဒီ အေးအေးဆေးဆေး ကောင်းသွားတဲ့လူတွေက သူတို့မှာတော့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သူတို့ကတဆင့် နောက်ထပ်လူတွေကို မကူးဖို့ ကျနော်တို့ လုပ်လို့ရတဲ့နည်းလမ်းက တလမ်းပဲ ရှိပါသေးတယ်။ အဲဒါက Quarantine ပဲ ရှိပါသေးတယ်။”

မအင်ကြင်းနိုင် - ရောဂါကူးစက်မှု အခြေအနေကရော အမေရိကန်ပြည်ထောင်စုမှာ ဘယ်လောက်ထိ ဆိုးလာဖို့ အခြေအနေရှိမလဲ။

ဒေါက်တာဇေယျာသက် - “နောက်ဆုံး ကျနော်သိလိုက်တဲ့ Data အရ Case Definition အရ ၁၉ ပြည်နယ်မှာ ၄၀ ရာခိုင်နှုန်းလောက်တော့ ဖြစ်သွားပြီ။ Data တွေ မတွေ့သေးတာကတော့ ဟာဝိုင်ယီမှာ မတွေ့သေးဘူး။ အလာစကာမှာလည်း မတွေ့သေးဘူး။ တက္ကဆက်မှာလည်း မကြားသေးဘူး။ သဘောကတော့ လူတွေက Awareness ပိုပြီးဖြစ်လာတယ်။ Test လုပ်လာကြတယ်။ အဲဒါ Alarm ဖြစ်စရာလားဆိုတော့ ကျနော်တို့တော့ သိပ် Alarm မဖြစ်ဘူး။”

မအင်ကြင်းနိုင် - အခုဆိုရင် နိုင်ငံတော်တော်များများမှာ အရေးပေါ် စားသောက်ကုန်တွေကို တော်တော်များများ ဝယ်ယူကြတယ်။ လက်ဆေးရည်တွေ ဒါမျိုးတွေဝယ်တာ တော်တော်လေးကို ပြတ်လပ်တာ တွေ့ရတယ်။ ဒီလိုမျိုး စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းနေတဲ့ အခြေအနေကရော တကယ်လိုအပ်နေပြီလား။

ဒေါက်တာဇေယျာသက် - “ဒါကတော့ ပြောရတာ နည်းနည်းခက်တယ်။ ဒါပေမယ့် လိုအပ်လားဆိုတော့ ဘယ်နှစ်ရက်ထိ စုဆောင်းနိုင်မှာလဲ။ တကယ်တမ်းသာ Pandemic ဖြစ်ခဲ့လို့ရှိရင် ရက်ပေါင်းမြောက်မြားစွာ ကြုံတွေ့ရမှာပေါ့။ မစုဆောင်းသင့်ဘူးလားဆိုတော့လည်း ဒါကတော့ Individualised လုပ်တယ်။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် ရေကတော့ ဒီနိုင်ငံမှာ ပြဿနာ မရှိပါဘူး။ လျှပ်စစ်ရှိနေသရွေ့ကတော့ ရေတို့ ဘာတို့ အပိုင်းတွေကတော့ အိုကေနိုင်တာပေါ့။ ကျနော့်အနေနဲ့ ပြောရရင်တော့ စုဆောင်းသင့်လား ဆိုတော့လည်း တကယ့်လက်တွေ့ ဒုက္ခရောက်တဲ့ အချိန်မှာတော့ ဟုတ်ပါတယ်။ မရှိလို့ရှိရင် ဘာမှ စားစရာမရှိဘူး။ လူတွေကတော့ ဝယ်ထားသင့်တာပေါ့။ ဒါပေမယ့် ယူအက်စ်လို မြို့မှာတော့ တရုတ်ပြည်လို တမြို့လုံး Shutdown လုပ်ဖို့ ဖြစ်နိုင်မယ်တော့ မထင်ပါဘူး။”

အင္ၾကင္းႏိုင္/VOA (Burmese)
https://burmese.voanews.com
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ၿပီး ေရာဂါလကၡဏာျပဖို႔ ဘယ္ေလာက္ၾကာသလဲ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ၿပီး ေရာဂါလကၡဏာျပဖို႔ ဘယ္ေလာက္ၾကာသလဲ Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.