လန္ဒန္ၿမိဳ႕ေတာ္ လြတ္ေျမာက္ေရး ဂုဏ္ထူးေဆာင္ဆု ေဒၚေအာင္ဆန္းစုၾကည္ဆီက ျပန္လည္႐ုပ္သိမ္း

၂၀၁၇ ေမလတုန္းက Freedom of the City of London ဂုဏ္ထူးေဆာင္ဆုကို ေဒၚေအာင္ဆန္းစုၾကည္ လက္ခံစဥ္ (Ministry of Foreign Affairs Myanmar)
(Zawgyi/Unicode)

ေဒၚေအာင္ဆန္းစုၾကည္ကို ခ်ီးျမႇင့္ထားတဲ့ Freedom of the City of London လြတ္ေျမာက္ေရး ဂုဏ္ထူးေဆာင္ဆုကို ျပန္လည္႐ုပ္သိမ္း လိုက္ၿပီ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈကင္းမဲ့တဲ့ ႏိုင္ထက္စီးနင္း လုပ္ရပ္ေတြကို ႐ႈတ္ခ်ေျပာဆုိဖို႔ ပ်က္ကြက္ခဲ့တာအတြက္ ဒီဂုဏ္ထူးေဆာင္ဆု ႐ုပ္သိမ္းဖုိ႔ လန္ဒန္ၿမိဳ႕ေတာ္ေကာ္ပုိေရး႐ွင္းက ဆုံးျဖတ္ခဲ့ေပမဲ့ ယာယီဆုိင္းငံ့ထားရာက ေဒၚေအာင္ဆန္းစုၾကည္ဘက္က အေၾကာင္းျပန္ၾကားဖုိ႔ ပ်က္ကြက္ခဲ့ၿပီးေနာက္မွာ အခုလို အၿပီးတုိင္ ႐ုပ္သိမ္းလိုက္တာျဖစ္ပါတယ္။ အေၾကာင္းစုံကို ကုိဥာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

လန္ဒန္ၿမိဳ႕ေတာ္ ေကာ္ပုိေရး႐ွင္း(City of London Corporation)က ေဒၚေအာင္ဆန္းစုၾကည္ကို ခ်ီးျမႇင့္ထားတဲ့ Freedom of the City of London ဂုဏ္ထူးေဆာင္ဆုကို ျပန္လည္ ႐ုပ္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း မတ္လ (၅)ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ လုိက္ပါတယ္။

ေၾကညာခ်က္ထဲမွာ အဖြဲ႔ဥကၠဌ Sir David Wooton က အခုလိုေျပာဆိုထားပါတယ္။

“ ဒီေန႔ဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈကင္းမဲ့တဲ့ ႏိုင္ထက္စီးနင္းလုပ္ရပ္ေတြကို က်ေနာ္တို႔အဖြဲ႔က ျပစ္တင္႐ႈတ္ခ်ေၾကာင္း ျပသလိုက္တာျဖစ္ပါတယ္။ အဲဒါေတြကုိ မၾကာေသးခင္က ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ဦးေဆာင္ၿပီးတက္ေရာက္တဲ့ နယ္သာလန္ႏို္င္ငံ The Hague ၿမဳိ႕တရား႐ုံးမွာ လူမ်ဳိးတုန္းသတ္ျဖတ္မႈနဲ႔ ပတ္သက္လုိ႔ အေသးစိတ္ ၾကားနာခဲ့ၿပီျဖစ္သလို၊ အေထာက္ထားေတြလည္း သိရွိခဲ့ရၿပီ ျဖစ္ပါတယ္။ ဒီၾကားနာမႈမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာအစိုးရနဲ႔အတူ ပူးတြဲရပ္တည္ခဲ့ၿပီး လန္ဒန္ၿမဳိ႕ေတာ္ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔ လြတ္လပ္မႈဆိုင္ရာေကာ္မတီရဲ႕ အေၾကာင္းၾကားစာေတြကို ျပန္ၾကားဖို႔ ပ်က္ကြက္ခဲ့တဲ့အတြက္ ဒီဆုကို ျပန္လည္႐ုပ္သိမ္းေရး သေဘာထား ပုိမို ခိုင္မာသြားပါတယ္။”

ဂုဏ္ထူးေဆာင္ဆုကို ျပန္လည္႐ုပ္သိမ္းဖို႔ ျဖစ္လာရတဲ့ အေၾကာင္းနဲ႔ ပတ္သက္လို႔ လန္ဒန္အေျခစိုက္ Burma Campaign UK အဖြဲ႔ ဒါ႐ိုက္တာ Mark Farmaner က ခုလုိသုံးသပ္ပါတယ္။

“ ၂၀၁၇ ခုႏွစ္တုန္းက လန္ဒန္ၿမိဳ႕ေတာ္ ေကာ္ပုိေရး႐ွင္းဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ဂုဏ္ထူးေဆာင္ လြတ္ေျမာက္ေရးဆု ခ်ီးျမႇင့္ခဲ့ပါတယ္။ အဲဒီတုန္းက ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ျမန္မာႏိုင္ငံ ဒီမုိကေရစ ီ အသြင္ကူးေျပာင္းေရးအေပၚ အေကာင္းျမင္ေနၾကပါတယ္။ ဒါေပမဲ့ လန္ဒန္ၿမဳိ႕ရဲ႕ စီးပြားေရးလုပ္ငန္းႀကီးေတြ၊ ဘဏ္လုပ္ငန္းႀကီးေတြနဲ႔ ကုမၸဏီႀကီးေတြ တည္ရွိရာ City of London ရဲ႕ Corporation ကေတာ့ ျမန္မာႏိုင္ငံကို စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံဖို႔ အခြင့္အလန္းတရပ္အျဖစ္ ႐ႈျမင္ခဲ့ၾကၿပီး၊ ဒီဆု ခ်ီးျမႇင့္လုိက္ျခင္းအားျဖင့္ စီးပြားေရးဆက္ဆံမႈ ပိုမို အဆင္ေျပ လာလိမ့္မယ္ လို႔လည္း ယူဆခဲ့ၾကတာပါ။”

“ ဒါေပမဲ့ ေနာက္ပုိင္း ၂၀၁၇ ၾသဂုတ္လမွာ ႐ုိဟင္ဂ်ာျပႆနာေပၚေပါက္ခဲ့တာ၊ လူ႔အခြင့္ေရး ခ်ဳိးေဖာက္မႈေတြရွိလာတာ၊ ႏိုင္ငံေရးအက်ဥ္းသား ေတြ ဆက္ရွိေနတာ .. ဒါေတြကို ေတြ႔လာရေတာ့ လန္ဒန္ၿမိဳ႕ေတာ္ေကာ္ပုိေရး႐ွင္း အဖြဲ႔ဝင္တခ်ဳိ႕က ဒီဆုဟာ ေဒၚေအာင္ဆန္းစုၾကည္ကုိ ဆက္ၿပီး ေပးသင့္သလားဆုိၿပီး ေမးခြန္းထုတ္လာၾကပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ေဒၚစုဆီကို စာႏွစ္ႀကိမ္ ေရးသားၿပီး သူတုိ႔ရဲ႕ စုိးရိမ္ေၾကာင့္ၾက မႈေတြနဲ႔ ဒီကိစၥကို အေၾကာင္းျပန္ၾကားေပးဖို႔ ေမးျမန္ခဲ့ေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ျပန္လည္ေျဖၾကားျခင္း မရွိခဲ့ပါဘူး။ ဒါေၾကာင့္ ခုခါမွာ သူတို႔က ဒီဆုကို ျပန္လည္႐ုပ္သိမ္းခဲ့တာ ျဖစ္ပါတယ္။ ”

Freedom of the City of London ဂုဏ္ထူးေဆာင္ဆုကို ေဒၚေအာင္ဆန္းစုၾကည္ဆီက ျပန္ရုပ္သိမ္းဖို႔ ၂၀၁၉ ဇန္နဝါရီလထဲမွာ ေကာင္စီအဖြဲ႔ ဝင္ေတြ မဲခြဲဆံုးျဖတ္ခဲ့ေပမယ့္ မ႐ုုပ္သိမ္းေသးပဲ ဆုိင္းငံ့ထားခဲ့တာပါ။ အဲဒီလိုရုပ္သိမ္းဖို႔ အၿပီးသတ္ ဆံုးျဖတ္ခ်က္မခ်ခင္ ျပန္လည္ေျဖရွင္းခ်က္ ေပးႏုိင္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ဆီကို စာေရးသား အေၾကာင္းၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လြတ္လပ္မႈနဲ႔ ဒီမိုကေရစီအေျပာင္းအလဲေတြကို အၾကမ္းမဖက္တဲ့နည္းနဲ႔ ရ႐ွိေျပာင္းလဲေအာင္ႀကိဳးစားခဲ့သူျဖစ္တာေၾကာင့္ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကုိ လန္ဒန္ၿမိဳ႕ေတာ္က Honorary Freedom ဂုဏ္ထူးေဆာင္ဆုကို ေပးအပ္ခဲ့ပါတယ္။

တခ်ိန္က ကမၻာကေတာင္ အတုယူေလးစားခဲ့ရတဲ့ ျမန္မာ့ဒီမုိကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ခုေတာ့ လူ႔အခြင့္အေရး ကိစၥေတြမွာ ေလးစားမႈမရွိေတာ့ဘူးလို႔ ျမင္လာမိေၾကာင္း Mark Farmaner က ေထာက္ျပပါတယ္။

“ အရင္တုန္းက ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုင္ငံတကာ အသုိင္းအဝုိင္းကို အကူအညီေတာင္းခဲ့သလို ႏိုင္ငံတကာက လူအမ်ားစုကလည္း ကူညီပံ့ပုိးခဲ့ပါတယ္။ အခုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ လူ႔အခြင့္အေရးအေပၚ ေလးစားလုိက္နာတယ္လို႔ မယုံၾကည္ၾကေတာ့သလုိ စစ္တပ္က လူ႔အခြင့္အေရးခ်ဳိးေဖာက္ေနတာကိုေတာင္ သူမက အကာကြယ္ေပးေနတယ္ဆုိၿပီး ျပစ္တင္ခံေနရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ဟာ စစ္တပ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္း မရွိတာမွန္ေပမဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ျပန္လႊတ္ေပးႏိုင္တာမ်ဳိး၊ လြတ္လပ္စြာ ေျပာဆုိခြင့္ေတြမွာ ဖိႏွိပ္ထားတဲ့ ဥပေဒေတြကို ေျဖေလွ်ာ့ေပးႏိုင္တာ ရွိေပမယ့္ သူ႔အေနနဲ႔ ဒါေတြ လုပ္ေဆာင္တာ မရွိေသးပါဘူး။ ”

ဒီဂုဏ္ထူးေဆာင္ဆုကို ေဒၚေအာင္ဆန္းစုၾကည္ဆီက ျပန္ရုပ္သိမ္းဖို႔ ေကာင္စီဝင္တဦးျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏြယ္ဖြား ၿဗိတိန္ႏိုင္ငံသား Munsur Ali က အဆိုျပဳခဲ့ၿပီး၊ Common Council တရားရံုးမွာ အေျခအတင္ ေဆြးေႏြးခဲ့ၿပီးတဲ့ေနာက္ ျပန္ရုပ္သိမ္းသင့္တယ္ဆုိတဲ့ ဆံုးျဖတ္ခ်က္ကို ၂၀၁၉ ထဲ ရံုးေတာ္က အမိန္႔ခ်ခဲ့တာျဖစ္ပါတယ္။

Honorary Freedom ဂုဏ္ထူးေဆာင္ဆုကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း Winston Churchill, ဂ႐ုဏာရွင္သူနာျပဳဆရာမ Florence Nightingale အျပင္ ေတာင္အာဖရိကႏုိင္ငံက Nelson Mandela နဲ႔ ဘုန္းေတာ္ႀကီး Desmond Tutu ၊ သိပၸံပါေမာကၡ Stephen Hawking တုိ႔ကို ေပးအပ္ခဲ့တာျဖစ္ပါတယ္။


..................

လန်ဒန်မြို့တော် လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်လည်ရုပ်သိမ်း

(Unicode)

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ နိုင်ထက်စီးနင်း လုပ်ရပ်တွေကို ရှုတ်ချပြောဆိုဖို့ ပျက်ကွက်ခဲ့တာအတွက် ဒီဂုဏ်ထူးဆောင်ဆု ရုပ်သိမ်းဖို့ လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့ပေမဲ့ ယာယီဆိုင်းငံ့ထားရာက ဒေါ်အောင်ဆန်းစုကြည်ဘက်က အကြောင်းပြန်ကြားဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ အခုလို အပြီးတိုင် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

လန်ဒန်မြို့တော် ကော်ပိုရေးရှင်း(City of London Corporation)က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မတ်လ (၅)ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

ကြေညာချက်ထဲမှာ အဖွဲ့ဥက္ကဌ Sir David Wooton က အခုလိုပြောဆိုထားပါတယ်။

“ ဒီနေ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ နိုင်ထက်စီးနင်းလုပ်ရပ်တွေကို ကျနော်တို့အဖွဲ့က ပြစ်တင်ရှုတ်ချကြောင်း ပြသလိုက်တာဖြစ်ပါတယ်။ အဲဒါတွေကို မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးတက်ရောက်တဲ့ နယ်သာလန်နိုင်ငံ The Hague မြို့တရားရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အသေးစိတ် ကြားနာခဲ့ပြီဖြစ်သလို၊ အထောက်ထားတွေလည်း သိရှိခဲ့ရပြီ ဖြစ်ပါတယ်။ ဒီကြားနာမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရနဲ့အတူ ပူးတွဲရပ်တည်ခဲ့ပြီး လန်ဒန်မြို့တော် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ လွတ်လပ်မှုဆိုင်ရာကော်မတီရဲ့ အကြောင်းကြားစာတွေကို ပြန်ကြားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဒီဆုကို ပြန်လည်ရုပ်သိမ်းရေး သဘောထား ပိုမို ခိုင်မာသွားပါတယ်။”

ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းဖို့ ဖြစ်လာရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ ဒါရိုက်တာ Mark Farmaner က ခုလိုသုံးသပ်ပါတယ်။

“ ၂၀၁၇ ခုနှစ်တုန်းက လန်ဒန်မြို့တော် ကော်ပိုရေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် လွတ်မြောက်ရေးဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစ ီ အသွင်ကူးပြောင်းရေးအပေါ် အကောင်းမြင်နေကြပါတယ်။ ဒါပေမဲ့ လန်ဒန်မြို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ဘဏ်လုပ်ငန်းကြီးတွေနဲ့ ကုမ္ပဏီကြီးတွေ တည်ရှိရာ City of London ရဲ့ Corporation ကတော့ မြန်မာနိုင်ငံကို စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလန်းတရပ်အဖြစ် ရှုမြင်ခဲ့ကြပြီး၊ ဒီဆု ချီးမြှင့်လိုက်ခြင်းအားဖြင့် စီးပွားရေးဆက်ဆံမှု ပိုမို အဆင်ပြေ လာလိမ့်မယ် လို့လည်း ယူဆခဲ့ကြတာပါ။”

“ ဒါပေမဲ့ နောက်ပိုင်း ၂၀၁၇ သြဂုတ်လမှာ ရိုဟင်ဂျာပြဿနာပေါ်ပေါက်ခဲ့တာ၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေရှိလာတာ၊ နိုင်ငံရေးအကျဉ်းသား တွေ ဆက်ရှိနေတာ .. ဒါတွေကို တွေ့လာရတော့ လန်ဒန်မြို့တော်ကော်ပိုရေးရှင်း အဖွဲ့ဝင်တချို့က ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ပေးသင့်သလားဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်စုဆီကို စာနှစ်ကြိမ် ရေးသားပြီး သူတို့ရဲ့ စိုးရိမ်ကြောင့်ကြ မှုတွေနဲ့ ဒီကိစ္စကို အကြောင်းပြန်ကြားပေးဖို့ မေးမြန်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ခုခါမှာ သူတို့က ဒီဆုကို ပြန်လည်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ”

Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်သိမ်းဖို့ ၂၀၁၉ ဇန်နဝါရီလထဲမှာ ကောင်စီအဖွဲ့ ဝင်တွေ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် မရုပ်သိမ်းသေးပဲ ဆိုင်းငံ့ထားခဲ့တာပါ။ အဲဒီလိုရုပ်သိမ်းဖို့ အပြီးသတ် ဆုံးဖြတ်ချက်မချခင် ပြန်လည်ဖြေရှင်းချက် ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီကို စာရေးသား အကြောင်းကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအပြောင်းအလဲတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရရှိပြောင်းလဲအောင်ကြိုးစားခဲ့သူဖြစ်တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော်က Honorary Freedom ဂုဏ်ထူးဆောင်ဆုကို ပေးအပ်ခဲ့ပါတယ်။

တချိန်က ကမ္ဘာကတောင် အတုယူလေးစားခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ခုတော့ လူ့အခွင့်အရေး ကိစ္စတွေမှာ လေးစားမှုမရှိတော့ဘူးလို့ မြင်လာမိကြောင်း Mark Farmaner က ထောက်ပြပါတယ်။

“ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို အကူအညီတောင်းခဲ့သလို နိုင်ငံတကာက လူအများစုကလည်း ကူညီပံ့ပိုးခဲ့ပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာတယ်လို့ မယုံကြည်ကြတော့သလို စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေတာကိုတောင် သူမက အကာကွယ်ပေးနေတယ်ဆိုပြီး ပြစ်တင်ခံနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတာမှန်ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးနိုင်တာမျိုး၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေမှာ ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ဖြေလျှော့ပေးနိုင်တာ ရှိပေမယ့် သူ့အနေနဲ့ ဒါတွေ လုပ်ဆောင်တာ မရှိသေးပါဘူး။ ”

ဒီဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်သိမ်းဖို့ ကောင်စီဝင်တဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသား Munsur Ali က အဆိုပြုခဲ့ပြီး၊ Common Council တရားရုံးမှာ အခြေအတင် ဆွေးနွေးခဲ့ပြီးတဲ့နောက် ပြန်ရုပ်သိမ်းသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၉ ထဲ ရုံးတော်က အမိန့်ချခဲ့တာဖြစ်ပါတယ်။

Honorary Freedom ဂုဏ်ထူးဆောင်ဆုကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Winston Churchill, ဂရုဏာရှင်သူနာပြုဆရာမ Florence Nightingale အပြင် တောင်အာဖရိကနိုင်ငံက Nelson Mandela နဲ့ ဘုန်းတော်ကြီး Desmond Tutu ၊ သိပ္ပံပါမောက္ခ Stephen Hawking တို့ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကိုဉာဏ္ဝင္းေအာင္/VOA (Burmese)
https://burmese.voanews.com
လန္ဒန္ၿမိဳ႕ေတာ္ လြတ္ေျမာက္ေရး ဂုဏ္ထူးေဆာင္ဆု ေဒၚေအာင္ဆန္းစုၾကည္ဆီက ျပန္လည္႐ုပ္သိမ္း လန္ဒန္ၿမိဳ႕ေတာ္ လြတ္ေျမာက္ေရး ဂုဏ္ထူးေဆာင္ဆု ေဒၚေအာင္ဆန္းစုၾကည္ဆီက ျပန္လည္႐ုပ္သိမ္း Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.