ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ အေမရိကန္မွာ က်ယ္က်ယ္ျပန္႔ျပန္႔ စစ္ႏိုင္ေတာ့မယ္လို႔ သမၼတေျပာ

Broadway ျပဇာတ္ေၾကာ္ျငာပိုစတာမ်ားေဘးမွ ျဖတ္ေလွ်ာက္ သြြားသည့္ ႏွာေခါင္းႏွင့္ ပါးစပ္ကာ တပ္ထားသူတဦး။ (နယူးေယာက္ၿမိဳ႕၊ အေမရိကန္) မတ္ ၁၂၊ ၂၀၂၀။

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ Coronavirus ပိုး ရွိမရွိ မၾကာခင္ က်ယ္က်ယ္ျပန္႔ျပန္႔ စစ္ေဆးႏိုင္ေတာ့မယ္လို႔ သမၼတ Donald Trump က ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

စစ္ေဆးႏိုင္ဖုိ႔ အတားအဆီးျဖစ္ေနတဲ့ ႀကိဳးနီေတြအားလံုးကို ႐ွင္းလင္းထားၿပီးၿပီလို႔ သမၼတက Twitter လူမႈကြန္ယက္ေပၚမွာ ေရးသားခဲ့တာပါ။ ဒါေပမဲ့ ဘယ္ေလာက္အတုိင္းအတာနဲ႔ ဘယ္လိုစစ္ေဆးႏုိင္မွာလဲဆိုတဲ့ အေသးစိတ္ကိုေတာ့ သူကရွင္းျပမထားပါဘူး။

Virus ပိုးစစ္ေဆးမႈစနစ္ကို ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန CDC ကေလ့လာသံုးသပ္ထားေပမဲ့ ဘာမွထိထိေရာက္ေရာက္ မလုပ္ဘူးလို႔ သမၼတဆိုပါတယ္။ အရင္သမၼတ Barack Obama လုပ္ခဲ့တဲ့ အေျပာင္းအလဲေတြေၾကာင့္ ခက္ခဲေနတာလို႔လည္း အျပစ္တင္ပါတယ္။

အေမရိကန္မွာ Coronavirus ပိုးကူးစက္မႈ ရိွမရွိ စစ္ေဆးႏိုင္ေရးအပါအဝင္ ျပည္ေထာင္စုအစိုးရရဲ႕ တံု႔ျပန္မႈပိုင္းနဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြရွိေနခ်ိန္ွမွာ သမၼတက ခုလိုေျပာၾကားတာျဖစ္ပါတယ္။ Coronavirus ပိုးတံု႔ျပန္ေရး ဥပေဒၾကမ္းကို လႊတ္ေတာ္မွာ အတည္ျပဳႏိုင္ဖုိ႔ လႊတ္ေတာ္အမတ္ေတြ ေဆြးေႏြးေနၾကပါတယ္။

ဥပေဒၾကမ္းထဲက ဘယ္အခ်က္ေတြကို သေဘာတူထားၿပီလဲဆိုတာကို ဒီကေန႔ ေသာၾကာေန႔မွာ ေၾကညာႏိုင္မယ္လို႔ေမွ်ာ္လင့္ေၾကာင္း ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ကေျပာၾကားခဲ့ပါတယ္။ လႊတ္ေတာ္အေဆာက္အဦးေတြထဲ အမ်ားျပည္သူဝင္ခြင့္ကိုေတာ့ ဧၿပီလအထိ ပိတ္ထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ စုစုေပါင္း Coronavirus ပိုးကူးစက္ေနသူ ေလာေလာဆယ္ ၁,၇၀၀ ေက်ာ္ရွိၿပီး ေသဆံုးသူ ၄၀ ႐ွိေနပါတယ္။ New York ၿမိဳ႕မွာ ၾကာသပေတးေန႔အထိ ပိုးကူးစက္ေနသူ ၉၅ ေယာက္ရွိတယ္လုိ႔ ၿမိဳ႕ေတာ္ဝန္ Bill de Blasio ကေျပာပါတယ္။

ပိုးကူးစက္မႈကို တားဆီးႏိုင္ဖုိ႔ New York ၿမိဳ႕မွာ အေရးေပၚအေျခအေန ထုတ္ျပန္ထားၿပီး လူစုလူေဝးလုပ္တာေတြကို တားျမစ္ထားပါတယ္။ ဒါေၾကာင့္ New York ၿမိဳ႕က နာမည္ေက်ာ္ Broadway ျပဇာတ္႐ံုေတြကိုလည္း ယာယီပိတ္ထားပါတယ္။ Maryland နဲ႔ Ohio ျပည္နယ္ေတြမွာေတာ့ စာသင္ေက်ာင္းအားလံုးကို ပိတ္လိုက္ပါတယ္။

ကမာၻတဝန္း ဧည့္သည္ေတြအမ်ားဆံုးလာၾကတဲ့ ေနရာတခုျဖစ္တဲ့ California ျပည္နယ္က Disneyland ကစားကြင္းႀကီးကိုလည္း မတ္လ တလလံုး ပိတ္ထားမယ္လို႔ ေၾကညာပါတယ္။

ကမာၻတဝန္းႏိုင္ငံေပါင္း ၁၃၀ေက်ာ္မွာ Coronavirus ပိုးကူးစက္ေနသူ ၁၃၀,၀၀၀ ေက်ာ္ ႐ွိေနပါတယ္။ ဗိုင္းရပ္စ္ ပိုးစတင္ကူးစက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ ေနာက္ထပ္ပိုးကူးသူ ဒီကေန႔ ၈ ေယာက္ပဲရွိတယ္လုိ႔ ေၾကညာပါတယ္။

***********************

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ အမေရိကန်မှာ ကျယ်ကျယ်ပြန့်ပြန့် စစ်နိုင်တော့မယ်လို့ သမ္မတပြော

အမေရိကန်ပြည်ထောင်စုမှာ Coronavirus ပိုး ရှိမရှိ မကြာခင် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်တော့မယ်လို့ သမ္မတ Donald Trump က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စစ်ဆေးနိုင်ဖို့ အတားအဆီးဖြစ်နေတဲ့ ကြိုးနီတွေအားလုံးကို ရှင်းလင်းထားပြီးပြီလို့ သမ္မတက Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့တာပါ။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာနဲ့ ဘယ်လိုစစ်ဆေးနိုင်မှာလဲဆိုတဲ့ အသေးစိတ်ကိုတော့ သူကရှင်းပြမထားပါဘူး။

Virus ပိုးစစ်ဆေးမှုစနစ်ကို ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန CDC ကလေ့လာသုံးသပ်ထားပေမဲ့ ဘာမှထိထိရောက်ရောက် မလုပ်ဘူးလို့ သမ္မတဆိုပါတယ်။ အရင်သမ္မတ Barack Obama လုပ်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် ခက်ခဲနေတာလို့လည်း အပြစ်တင်ပါတယ်။

အမေရိကန်မှာ Coronavirus ပိုးကူးစက်မှု ရှိမရှိ စစ်ဆေးနိုင်ရေးအပါအဝင် ပြည်ထောင်စုအစိုးရရဲ့ တုံ့ပြန်မှုပိုင်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိနေချိန်ှမှာ သမ္မတက ခုလိုပြောကြားတာဖြစ်ပါတယ်။ Coronavirus ပိုးတုံ့ပြန်ရေး ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ လွှတ်တော်အမတ်တွေ ဆွေးနွေးနေကြပါတယ်။

ဥပဒေကြမ်းထဲက ဘယ်အချက်တွေကို သဘောတူထားပြီလဲဆိုတာကို ဒီကနေ့ သောကြာနေ့မှာ ကြေညာနိုင်မယ်လို့မျှော်လင့်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကပြောကြားခဲ့ပါတယ်။ လွှတ်တော်အဆောက်အဦးတွေထဲ အများပြည်သူဝင်ခွင့်ကိုတော့ ဧပြီလအထိ ပိတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စုစုပေါင်း Coronavirus ပိုးကူးစက်နေသူ လောလောဆယ် ၁,၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၀ ရှိနေပါတယ်။ New York မြို့မှာ ကြာသပတေးနေ့အထိ ပိုးကူးစက်နေသူ ၉၅ ယောက်ရှိတယ်လို့ မြို့တော်ဝန် Bill de Blasio ကပြောပါတယ်။

ပိုးကူးစက်မှုကို တားဆီးနိုင်ဖို့ New York မြို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး လူစုလူဝေးလုပ်တာတွေကို တားမြစ်ထားပါတယ်။ ဒါကြောင့် New York မြို့က နာမည်ကျော် Broadway ပြဇာတ်ရုံတွေကိုလည်း ယာယီပိတ်ထားပါတယ်။ Maryland နဲ့ Ohio ပြည်နယ်တွေမှာတော့ စာသင်ကျောင်းအားလုံးကို ပိတ်လိုက်ပါတယ်။

ကမ္ဘာတဝန်း ဧည့်သည်တွေအများဆုံးလာကြတဲ့ နေရာတခုဖြစ်တဲ့ California ပြည်နယ်က Disneyland ကစားကွင်းကြီးကိုလည်း မတ်လ တလလုံး ပိတ်ထားမယ်လို့ ကြေညာပါတယ်။

ကမ္ဘာတဝန်းနိုင်ငံပေါင်း ၁၃ဝကျော်မှာ Coronavirus ပိုးကူးစက်နေသူ ၁၃၀,၀၀၀ ကျော် ရှိနေပါတယ်။ ဗိုင်းရပ်စ် ပိုးစတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ နောက်ထပ်ပိုးကူးသူ ဒီကနေ့ ၈ ယောက်ပဲရှိတယ်လို့ ကြေညာပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ အေမရိကန္မွာ က်ယ္က်ယ္ျပန္႔ျပန္႔ စစ္ႏိုင္ေတာ့မယ္လို႔ သမၼတေျပာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ အေမရိကန္မွာ က်ယ္က်ယ္ျပန္႔ျပန္႔ စစ္ႏိုင္ေတာ့မယ္လို႔ သမၼတေျပာ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.