တပ္မေတာ္ရဟတ္ယာဥ္ မေတာ္တဆမႈ ေလယာဥ္မွဴး ၂ ဦးသာ ထိခုိက္

တပ္မေတာ္ရဟတ္ယာဥ္ ပ်က္က်ၿပီးေနာက္ ေတြ႔ရသည့္ ျမင္ကြင္းတခ်ဳိ႕။ (မတ္ ၃၊ ၂၀၂၀)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပုိင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ မူးယစ္ေဆး၀ါး အေျမာက္အမ်ား ဖမ္းဆီးရမိခဲ့တဲ့အေၾကာင္း သတင္းေထာက္ေတြနဲ႔ စစ္သံမွဴးေတြကုိ ဖိတ္ေခၚျပသတဲ့ ခရီးစဥ္မွာ တပ္မေတာ္ရဟတ္ယာဥ္တစင္း မေတာ္တဆမႈ ျဖစ္ရာမွာ ေလယာဥ္မွဴး ၂ ဦးသာ ထိခုိက္မႈရွိခဲ့ေၾကာင္း ျမန္မာစစ္တပ္က ေျပာလုိက္ပါတယ္။

ကြတ္ခုိင္ၿမိဳ႕နယ္ ေကာင္းခါးေက်းရြာ၊ လြယ္ခမ္ေက်းရြာနဲ႔ အနီးအနား နယ္ေျမေတြမွာ ေဖေဖာ္၀ါရီလ ၂၈ ရက္ေန႔ကေန မတ္လ ၄ ရက္ေန႔အထိ သိမ္းဆည္းရမိထားတဲ့ ေငြက်ပ္ ၉၃ ဘီလီယံေက်ာ္ တန္ဘုိးရွိတဲ့ မူးယစ္ေဆး၀ါးေတြနဲ႔ ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ ပစၥည္းေတြကုိ ျပသၿပီး ရွင္းလင္းဖုိ႔ ျပည္တြင္း၊ ျပည္ပမီဒီယာက သတင္းသမားေတြ၊ စစ္သံမွဴးေတြကုိ တပ္မေတာ္က ေသာၾကာေန႔ အေစာပုိင္းမွာပဲ ေလေၾကာင္းကေန ေခၚယူသြားခဲ့တာပါ။

ဒါေပမဲ့လည္း ညေနပုိင္း ျပန္လည္ထြက္ခြာခ်ိန္မွာ ရဟတ္ယာဥ္တစင္း စက္ခ်ဳိ႕ယြင္းမႈေၾကာင့္ ေျမေပၚကုိ ျပဳတ္က်ခဲ့ရာမွာ ရဟတ္ယာဥ္မွဴးေတြရဲ႕ ထိန္းသိမ္းမႈေၾကာင့္ အထိအခုိက္ အနည္းအက်ဥ္းနဲ႔ ဆင္းသက္ႏုိင္ခဲ့ေၾကာင္းလည္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

မေတာ္တဆမႈအတြင္း ရဟတ္ယာဥ္မွဴး ၂ ေယာက္သာ ထိခုိက္ဒဏ္ရာေတြ ရခဲ့ၾကၿပီး၊ မစုိးရိမ္ရဘူးလုိ႔လည္း ဆုိပါတယ္။ ခရီးစဥ္မွာ လုိက္ပါလာတဲ့ သတင္းေထာက္ေတြ၊ စစ္သံမွဴးေတြကုိေတာ့ တျခားရဟတ္ယာဥ္ေတြနဲ႔ လား႐ႈိးၿမိဳ႕ကုိ ပုိ႔ေဆာင္ေပးခဲ့ၿပီး၊ ရန္ကုန္ကုိေတာ့ တပ္မေတာ္ ေလယာဥ္ေတြနဲ႔ ဆက္လက္ပုိ႔ေဆာင္ေပးခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

ရဟတ္ယာဥ္ ၄ စင္းနဲ႔ သြားတဲ့ ခရီးစဥ္မွာ ႏုိင္ငံတကာ စစ္သံမွဴးေတြ လုိက္ပါလာတဲ့ ရဟတ္ယာဥ္မွာ မေတာ္တဆမႈနဲ႔ ႀကံဳခဲ့ရတာလုိ႔လည္း ခရီးစဥ္မွာ လုိက္ပါသြားတဲ့ ဗြီအုိေအသတင္းေထာက္က ေျပာပါတယ္။
ဖမ္းမိ မူးယစ္ေဆးမ်ားကိစၥ တပ္မေတာ္ရွင္းလင္းပြဲ မွတ္တမ္းဓာတ္ပံုမ်ား (ဓာတ္ပံု - ဗြီအိုေအ)

...............

တပ်မတော်ရဟတ်ယာဉ် မတော်တဆမှု လေယာဉ်မှူး ၂ ဦးသာထိခိုက်
(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သတင်းထောက်တွေနဲ့ စစ်သံမှူးတွေကို ဖိတ်ခေါ်ပြသတဲ့ ခရီးစဉ်မှာ တပ်မတော်ရဟတ်ယာဉ်တစင်း မတော်တဆမှု ဖြစ်ရာမှာ လေယာဉ်မှူး ၂ ဦးသာ ထိခိုက်မှုရှိခဲ့ကြောင်း မြန်မာစစ်တပ်က ပြောလိုက်ပါတယ်။

ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ၊ လွယ်ခမ်ကျေးရွာနဲ့ အနီးအနား နယ်မြေတွေမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ သိမ်းဆည်းရမိထားတဲ့ ငွေကျပ် ၉၃ ဘီလီယံကျော် တန်ဘိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ပြသပြီး ရှင်းလင်းဖို့ ပြည်တွင်း၊ ပြည်ပမီဒီယာက သတင်းသမားတွေ၊ စစ်သံမှူးတွေကို တပ်မတော်က သောကြာနေ့ အစောပိုင်းမှာပဲ လေကြောင်းကနေ ခေါ်ယူသွားခဲ့တာပါ။

ဒါပေမဲ့လည်း ညနေပိုင်း ပြန်လည်ထွက်ခွာချိန်မှာ ရဟတ်ယာဉ်တစင်း စက်ချို့ယွင်းမှုကြောင့် မြေပေါ်ကို ပြုတ်ကျခဲ့ရာမှာ ရဟတ်ယာဉ်မှူးတွေရဲ့ ထိန်းသိမ်းမှုကြောင့် အထိအခိုက် အနည်းအကျဉ်းနဲ့ ဆင်းသက်နိုင်ခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မတော်တဆမှုအတွင်း ရဟတ်ယာဉ်မှူး ၂ ယောက်သာ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပြီး၊ မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။ ခရီးစဉ်မှာ လိုက်ပါလာတဲ့ သတင်းထောက်တွေ၊ စစ်သံမှူးတွေကိုတော့ တခြားရဟတ်ယာဉ်တွေနဲ့ လားရှိုးမြို့ကို ပို့ဆောင်ပေးခဲ့ပြီး၊ ရန်ကုန်ကိုတော့ တပ်မတော် လေယာဉ်တွေနဲ့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ရဟတ်ယာဉ် ၄ စင်းနဲ့ သွားတဲ့ ခရီးစဉ်မှာ နိုင်ငံတကာ စစ်သံမှူးတွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်မှာ မတော်တဆမှုနဲ့ ကြုံခဲ့ရတာလို့လည်း ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ဗွီအိုအေသတင်းထောက်က ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
တပ္မေတာ္ရဟတ္ယာဥ္ မေတာ္တဆမႈ ေလယာဥ္မွဴး ၂ ဦးသာ ထိခုိက္ တပ္မေတာ္ရဟတ္ယာဥ္ မေတာ္တဆမႈ ေလယာဥ္မွဴး ၂ ဦးသာ ထိခုိက္ Reviewed by THITHTOOLWIN on 15:01 Rating: 5
Powered by Blogger.