ျမန္မာႏိုင္ငံ ဝင္လာသူအားလုံးကို ၁၄ ရက္ေစာင့္ၾကည့္မယ္

 ျမန္မာကိုလာေရာက္မယ့္ ခရီးသြားေတြအေပၚ ထပ္တိုးကန႔္သတ္ခ်က္ေတြထုတ္
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ကာကြယ္ဖို႔ ျမန္မာကိုလာေရာက္မယ့္ ခရီးသြားေတြအေပၚ ထပ္တိုးကန႔္သတ္ခ်က္ေတြကို ျမန္မာအစိုးရက မတ္လ ၂၄ ရက္ ညပိုင္းမွာ ထုတ္ျပန္ခဲ့ပါတယ္။

မတ္လ ၂၅ ရက္ေန႔ ည ၁၂ နာရီ က စတင္သတ္မွတ္မယ့္ ဒီအစီစဥ္မွာ ျမန္မာႏိုင္ငံကိုျပန္ဝင္လာမယ့္သူေတြ ထဲက ျမန္မာႏိုင္ငံ သားအားလုံးကို ၁၄ ရက္ေစာင့္ၾကည့္ သြားမွာျဖစ္ၿပီးေတာ့ ၊ႏိုင္ငံျခားသားေတြကိုေတာ့ ၇၂ နာရီ (သုံးရက္အတြင္း) ကိုဗစ္-၁၉ ေရာဂါကင္းရွင္းေၾကာင္း အေထာက္အထားျပဖို႔ လိုမွာျဖစ္သလို႔၊ သူတို႔ကိုလည္း ၁၄ ရက္ေစာင့္ၾကည့္သြားမွာျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ၿပီးခဲ့တဲ့မတ္လ ၂၀ ရက္ေန႔က အေမရိကန္ျပည္ေထာင္စု၊ ဆြစ္ဇာလန္၊ ၿဗိတိန္၊ နယ္သာလန္၊ ၾသစတီးယား၊ ဘယ္လ္ဂ်ီယံ၊ ေနာ္ေဝ၊ ဆြီဒင္နဲ႔ ဒိန္းမတ္တို႔ က လာတဲ့သူေတြကို ၁၄ ရက္ေစာင့္ၾကည့္မယ္လို႔ထုတ္ျပန္ခဲ့ၿပီး၊ မတ္လ ၁၅ ရက္ကစလို႔ ကိုရီးယား၊ တ႐ုတ္၊ အီတလီ၊ အီရန္၊ ျပင္သစ္၊ စပိန္နဲ႔ ဂ်ာမနီ စတဲ့ ခုနစ္ႏိုင္ငံက လာသူေတြကို ျပည္ဝင္ခြင့္ကန႔္သတ္ခ်က္ေတြ ထုတ္ျပန္ခဲ့ၿပီးျဖစ္ပါတယ္။

အဲဒီမွာ တ႐ုတ္ႏိုင္ငံ၊ ဟူေပျပည္နယ္နဲ႔ ကိုရီးယားႏိုင္ငံ ဒယ္ဂူးနဲ႔ ေဂ်ာင္ဘြတ္ျပည္နယ္က လာသူေတြကို ျပည္ဝင္ခြင့္မေပးဘဲ အဲဒီႏွစ္ႏိုင္ငံက တျခားေဒသကလာသူေတြကိုေတာ့ ျမန္မာအပါအဝင္ ခရီးသြားအားလုံးကို ၁၄ ရက္ သီးသန႔္ ေစာင့္ၾကည့္မႈေတြ စတင္ခဲ့တာ ျဖစ္ပါတယ္။

အခုလို လုပ္ရတာဟာ ႏိုင္ငံ အသီးသီးက လာေရာက္တဲ့ ခရီးသည္ေတြက တစ္ဆင့္ ျမန္မာျပည္သူေတြေပၚ က်ေရာက္ႏိုင္တဲ့ အႏၲရာယ္ကို ထိန္းခ်ဳပ္ ကန္႔သတ္ႏိုင္ဖို႔ အခုလို ေဆာင္႐ႊက္ ရတာျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဂၤလန္ ကေန ျပန္လာတဲ့သူ ႏွစ္ဉီးမွာ ဗိုင္းရပ္စ္ေတြ႕

ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ တတိယေျမာက္ကူးစက္ထားသူကို မတ္လ ၂၄ ရက္ေန႔က ေတြ႕ရွိထားေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ကထုတ္ျပန္ပါတယ္။

အဲဒီကူးစက္ခံရသူဟာ အဂၤလန္ ကေန ျပန္လာတဲ့သူျဖစ္ၿပီးေတာ့ အခုအခါမွာ ေဝဘာဂီေဆး႐ုံမွာ တက္ေရာက္ခံေနရတယ္လို႔ ေျပာပါတယ္ ။

သူဟာမတ္လ ၂၁ ရက္ေန႔က ထိုင္းႏိုင္ငံကေန တစ္ဆင့္ျမန္မာႏိုင္ငံ ကိုဝင္ေရာက္လာသူျဖစ္ေပမယ့္ ၊အစိုးရရဲ႕ ေစာင့္ၾကည့္တဲ့ အစီစဥ္ မွာ မပါပဲ လြတ္လာသူျဖစ္ပါတယ္

အင္းစိန္ၿမိဳ႕နယ္ ေတာင္သူကုန္း မွာ ေနထိုင္တဲ့ဒီအမ်ိဳးသားဟာ ကိုယ္ပူဖ်ားနာတာနဲ႔ ေခ်ာင္းဆိုးေရာဂါလကၡဏာေတြ ေၾကာင့္ မတ္လ ၂၃ ရက္ေန႔မွာ အင္းစိန္ျပည္သူ႔ေဆး႐ုံမွာ ေစာင့္ၾကည့္လူနာအျဖစ္ သီးသန႔္ခန္းထားရွိ(isolation) ေစာင့္ၾကပ္ကုသမႈ ခံယူခဲ့သူျဖစ္ပါတယ္။

အခုသူေနထိုင္တဲ့ လမ္းကို ပိတ္ထားၿပီးေတာ့၊ မိသားစုဝင္ေတြကို ေစာင့္ၾကည့္ေနေၾကာင္းနဲ႔ ၊သူသြားခဲ့တဲ့ ဘုရားရွိခိုးေက်ာင္းကိုလည္းပိတ္ထားေၾကာင္း အင္းစိန္ေတာင္သူကုန္းေနထိုင္သူ မဆာရာကေျပာပါတယ္။

 ထိုင္းနယ္စပ္ကေန ၃ ရက္တာကာလအတြင္း တစ္ေသာင္းေက်ာ္ အထိျမန္မာႏိုင္ငံထဲ ကိုျပန္ဝင္လာၾကတာ ျဖစ္
ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေသဆုံးမႈေတြ ဟာ အခုအခါမွာ ကမာၻ႔ႏိုင္ငံေပါင္း ၁၉၅ ႏိုင္ငံ ခန္႔မွာ လူေပါင္း၃သိန္း ေက်ာ္ကကူးစက္ခံေနရၿပီး လူတစ္ေသာင္းေျခာက္ေထာင္နီးပါး ေသဆုံးခဲ့ၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ အဂၤလန္က ျပန္လာသူႏွစ္ဉီးနဲ႔ အေမရိကန္က ျပန္လာသူ တစ္ဉီးတို႔မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကိုဗစ္ ၁၉ ကူးစက္ခံေနရ ေၾကာင္း စစ္ေဆးေတြ႕ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ကထုတ္ျပန္ပါတယ္။

မတ္လ ၂၅ ရက္ေန႔ အထိေတာ့ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ေၾကာင့္ေသဆုံးသူ မရွိေသးပါဘူး။

ဒါေပမယ့္ ျမန္မာအစိုးရ ဟာ မတ္လ ၁၅ ရက္ေန႔ ကစၿပီးျမန္မာႏိုင္၍ ဝင္လာတဲ့ခရီးသြားေတြကို ကန္႔သတ္မႈေတြ စတင္ခဲ့တာျဖစ္ပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ႏိုင္ငံအားလုံးအတြက္ ဆိုက္ေရာက္ဗီဇာနဲ႔ အီလက္ထေရာနစ္ဗီဇာ ေတြကိုလည္း ဧၿပီလကုန္အထိ ယာယီရပ္ဆိုင္းထားပါတယ္။

ထိုင္းနဲ႔ မေလးရွားဘက္က ေန နယ္စပ္ကေန တစ္ဆင့္ျပန္ဝင္ လာသူေတြ ကိုေတာ့

ျမန္မာအစိုးရဘက္က ဆက္လက္လက္ခံေနၿပီး ဂိတ္ပိတ္မယ့္အေနအထားေတာ့ လုပ္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ျပန္လာတဲ့သူေတြရဲ႕ အခ်က္အလက္ေတြကို ရယူထားၿပီး သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ေတြကို ျဖန႔္ေဝေပးကာ သက္ဆိုင္ရာအစိုးရအဖြဲ႕ေတြရဲ႕ အစီအစဥ္ေတြနဲ႔ ေစာင့္ၾကည့္မႈေတြျပဳလုပ္ၾကတယ္လို႔ ျမဝတီၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ဘီဘီစီကိုေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံ ဝင်လာသူအားလုံးကို ၁၄ ရက်စောင့်ကြည့်မယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာကိုလာရောက်မယ့် ခရီးသွားတွေအပေါ် ထပ်တိုးကန့်သတ်ချက်တွေထုတ်

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ မြန်မာကိုလာရောက်မယ့် ခရီးသွားတွေအပေါ် ထပ်တိုးကန့်သတ်ချက်တွေကို မြန်မာအစိုးရက မတ်လ ၂၄ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့ ည ၁၂ နာရီ က စတင်သတ်မှတ်မယ့် ဒီအစီစဉ်မှာ မြန်မာနိုင်ငံကိုပြန်ဝင်လာမယ့်သူတွေ ထဲက မြန်မာနိုင်ငံ သားအားလုံးကို ၁၄ ရက်စောင့်ကြည့် သွားမှာဖြစ်ပြီးတော့ ၊နိုင်ငံခြားသားတွေကိုတော့ ၇၂ နာရီ (သုံးရက်အတွင်း) ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း အထောက်အထားပြဖို့ လိုမှာဖြစ်သလို့၊ သူတို့ကိုလည်း ၁၄ ရက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမတ်တို့ က လာတဲ့သူတွေကို ၁၄ ရက်စောင့်ကြည့်မယ်လို့ထုတ်ပြန်ခဲ့ပြီး၊ မတ်လ ၁၅ ရက်ကစလို့ ကိုရီးယား၊ တရုတ်၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီ စတဲ့ ခုနစ်နိုင်ငံက လာသူတွေကို ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီမှာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်နဲ့ ကိုရီးယားနိုင်ငံ ဒယ်ဂူးနဲ့ ဂျောင်ဘွတ်ပြည်နယ်က လာသူတွေကို ပြည်ဝင်ခွင့်မပေးဘဲ အဲဒီနှစ်နိုင်ငံက တခြားဒေသကလာသူတွေကိုတော့ မြန်မာအပါအဝင် ခရီးသွားအားလုံးကို ၁၄ ရက် သီးသန့် စောင့်ကြည့်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို လုပ်ရတာဟာ နိုင်ငံ အသီးသီးက လာရောက်တဲ့ ခရီးသည်တွေက တစ်ဆင့် မြန်မာပြည်သူတွေပေါ် ကျရောက်နိုင်တဲ့ အန္တရာယ်ကို ထိန်းချုပ် ကန့်သတ်နိုင်ဖို့ အခုလို ဆောင်ရွှက် ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အင်္ဂလန် ကနေ ပြန်လာတဲ့သူ နှစ်ဉီးမှာ ဗိုင်းရပ်စ်တွေ့

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ တတိယမြောက်ကူးစက်ထားသူကို မတ်လ ၂၄ ရက်နေ့က တွေ့ရှိထားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။

အဲဒီကူးစက်ခံရသူဟာ အင်္ဂလန် ကနေ ပြန်လာတဲ့သူဖြစ်ပြီးတော့ အခုအခါမှာ ဝေဘာဂီဆေးရုံမှာ တက်ရောက်ခံနေရတယ်လို့ ပြောပါတယ် ။

သူဟာမတ်လ ၂၁ ရက်နေ့က ထိုင်းနိုင်ငံကနေ တစ်ဆင့်မြန်မာနိုင်ငံ ကိုဝင်ရောက်လာသူဖြစ်ပေမယ့် ၊အစိုးရရဲ့ စောင့်ကြည့်တဲ့ အစီစဉ် မှာ မပါပဲ လွတ်လာသူဖြစ်ပါတယ်

အင်းစိန်မြို့နယ် တောင်သူကုန်း မှာ နေထိုင်တဲ့ဒီအမျိုးသားဟာ ကိုယ်ပူဖျားနာတာနဲ့ ချောင်းဆိုးရောဂါလက္ခဏာတွေ ကြောင့် မတ်လ ၂၃ ရက်နေ့မှာ အင်းစိန်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းထားရှိ(isolation) စောင့်ကြပ်ကုသမှု ခံယူခဲ့သူဖြစ်ပါတယ်။

အခုသူနေထိုင်တဲ့ လမ်းကို ပိတ်ထားပြီးတော့၊ မိသားစုဝင်တွေကို စောင့်ကြည့်နေကြောင်းနဲ့ ၊သူသွားခဲ့တဲ့ ဘုရားရှိခိုးကျောင်းကိုလည်းပိတ်ထားကြောင်း အင်းစိန်တောင်သူကုန်းနေထိုင်သူ မဆာရာကပြောပါတယ်။
Image caption ထိုင်းနယ်စပ်ကနေ ၃ ရက်တာကာလအတွင်း တစ်သောင်းကျော် အထိမြန်မာနိုင်ငံထဲ ကိုပြန်ဝင်လာကြတာ ဖြစ်

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ ဟာ အခုအခါမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံ ခန့်မှာ လူပေါင်း၃သိန်း ကျော်ကကူးစက်ခံနေရပြီး လူတစ်သောင်းခြောက်ထောင်နီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အင်္ဂလန်က ပြန်လာသူနှစ်ဉီးနဲ့ အမေရိကန်က ပြန်လာသူ တစ်ဉီးတို့မှာ ကိုရိုနာ ဗိုင်းရပ်စ် ကိုဗစ် ၁၉ ကူးစက်ခံနေရ ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။

မတ်လ ၂၅ ရက်နေ့ အထိတော့မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကြောင့်သေဆုံးသူ မရှိသေးပါဘူး။

ဒါပေမယ့် မြန်မာအစိုးရ ဟာ မတ်လ ၁၅ ရက်နေ့ ကစပြီးမြန်မာနိုင်၍ ဝင်လာတဲ့ခရီးသွားတွေကို ကန့်သတ်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ တွေကိုလည်း ဧပြီလကုန်အထိ ယာယီရပ်ဆိုင်းထားပါတယ်။

ထိုင်းနဲ့ မလေးရှားဘက်က နေ နယ်စပ်ကနေ တစ်ဆင့်ပြန်ဝင် လာသူတွေ ကိုတော့

မြန်မာအစိုးရဘက်က ဆက်လက်လက်ခံနေပြီး ဂိတ်ပိတ်မယ့်အနေအထားတော့ လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပြန်လာတဲ့သူတွေရဲ့ အချက်အလက်တွေကို ရယူထားပြီး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို ဖြန့်ဝေပေးကာ သက်ဆိုင်ရာအစိုးရအဖွဲ့တွေရဲ့ အစီအစဉ်တွေနဲ့ စောင့်ကြည့်မှုတွေပြုလုပ်ကြတယ်လို့ မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ဘီဘီစီကိုပြောပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာႏိုင္ငံ ဝင္လာသူအားလုံးကို ၁၄ ရက္ေစာင့္ၾကည့္မယ္ ျမန္မာႏိုင္ငံ ဝင္လာသူအားလုံးကို ၁၄ ရက္ေစာင့္ၾကည့္မယ္ Reviewed by THITHTOOLWIN on 02:30 Rating: 5
Powered by Blogger.