
(Zawgyi)⤵⤵⤵



-----------
(Unicode)⤵⤵⤵
ထိုင်းနိုင်ငံ ချင်းမိုင်လာမည့်သူများ သိရှိစေရန်

ချင်းမိုင်သို့ လာမည့် မြန်မာနိုင်ငံသားများ အနေဖြင့် ခရီးစဉ် မတိုင်မီ (၇၂)နာရီ အတွင်း ထုတ်ပေးသည့် COVID-19 ကင်းစင်ကြောင်းဆေးလက်မှတ်နှင့် ထိုင်းနိုင်ငံအတွင်း ဆေးဝါး ကုသခံယူခွင့် အကျုံးဝင်ပြီး အနည်းဆုံး အမေရိကန် ဒေါ်လာ တသိန်း ကုသခံယူခွင့်ရှိသည့် ကျန်းမာရေး အာမခံ တင်ပြရန် လိုအပ်ကြောင်း ကန့်သတ်လိုက်သည်။

အဆိုပါ ကန့်သတ်ချက်သည့် ယခုလ ၂၂ရက်နေ့ မှ စတင်မည် ဖြစ်ပြီး၊ ယနေ့ (မတ် ၂၀ ) ရက်စွဲဖြင့် ချင်းမိုင်မြို့ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ကြေညာလိုက်သည်။

တင်ပြနိုင်ခြင်းမရှိပါက Boarding Pass ထုတ်ပေးခြင်း မပြုကြောင်း၊ ကူးစက်ရောဂါ အက်ဥပဒေ (၂၀၁၅) အရ Form T.8 (အမည်၊ နိုင်ငံကူး လက်မှတ်၊ တည်ခိုးမည့်လိပ်စာ) ကို ပြည့်စုံစွာ ဖြည့်စွက်ရန် AOT Aiports Mobile App မှတဆင့် ဖြည့်စွက်တင်ပြနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
ထိုင်းနိုင်ငံ ချင်းမိုင်လာမည့်သူများ သိရှိစေရန် ထိုင်းနိုင်ငံ ချင်းမိုင်လာမည့်သူများ သိရှိစေရန် Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.