ကိုလံဘီယာႏိုင္ငံတြင္ ေထာင္ေဖာက္ရန္ ႀကိဳးပမ္းမႈေၾကာင့္ အက်ဥ္းသား ၂၃ ဦးေသဆုံး

ကိုလံဘီယာႏိုင္ငံ ၿမိဳ႕ေတာ္ ဘိုဂိုတာရွိ အက်ဥ္းေထာင္ေဖာက္ရန္ ႀကိဳးပမ္းမႈသတင္းၾကားၿပီးေနာက္ အက်ဥ္းသားမ်ား၏ ေဆြမ်ိဳးမ်ား ေထာင္သို႔ အလ်င္အျမန္သြားေရာက္ၾကစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဘိုဂိုတာ၊ မတ္ ၂၃ ရက္ (ဆင္ဟြာ)

    ကိုလံဘီယာႏိုင္ငံ ၿမိဳ႕ေတာ္ ဘိုဂိုတာရွိ အက်ဥ္းေထာင္တစ္ခုတြင္ ေထာင္ေဖာက္ရန္ ႀကိဳးပမ္းမႈေၾကာင့္ အက်ဥ္းသား ၂၃ ဦးေသဆုံးၿပီး အျခားသူ ၈၃ ဦးဒဏ္ရာရရွိခဲ့ကာ ယင္းအနက္ ၃၂ ဦးကို ေဆး႐ုံတင္ခဲ့ရေၾကာင္း တရားေရးဝန္ႀကီး မာဂရီတာ ကာဘယ္လို (Margarita Cabello) က မတ္ ၂၂ ရက္၌ ေျပာၾကားခဲ့သည္။

“ဒီေန႔ကေတာ့ ႏိုင္ငံအတြက္ အလြန္နာက်င္ရတဲ့ေန႔တစ္ေန႔ပါပဲ။ မေန႔ည (မတ္ ၂၂ ရက္) က La Modelo အက်ဥ္းေထာင္ကေန ထြက္ေျပးဖို႔ ႀကိဳးစားမႈႀကီးျဖစ္ခဲ့တယ္” ဟု ကာဘယ္လိုက ေျပာခဲ့သည္။ႏိုင္ငံေတာ္ အက်ဥ္းေထာင္ႏွင့္ အက်ဥ္းေထာင္ အဖြဲ႕အစည္း (INPEC) မွ အက်ဥ္းေထာင္လုံၿခဳံေရးႏွင့္ တာဝန္ရွိသူ ၇ ဦးလည္း ဒဏ္ရာရရွိခဲ့ၿပီး ယင္းအနက္ ႏွစ္ဦးမွာ စိုးရိမ္ဖြယ္ အေျခအေနတြင္ရွိေၾကာင္း ကာဘယ္လိုက ဆိုသည္။

မတ္ ၂၁ ရက္ညပိုင္းက ကိုလံဘီယာႏိုင္ငံရွိ အျခားအက်ဥ္းေထာင္မ်ားတြင္လည္း အက်ဥ္းေထာင္ေဖာက္ရန္ ႀကံစည္မႈ၏ အစိတ္အပိုင္းအျဖစ္ အဓိက႐ုဏ္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္း အဆိုပါ ဝန္ႀကီးက ေျပာခဲ့သည္။“ေထာင္ကေန လြတ္သြားသူမရွိပါဘူး။ ေထာင္ေဖာက္ေျပးဖို႔ ႀကိဳးပမ္းၾကတဲ့အစီအစဥ္ကို တားဆီးႏိုင္ခဲ့ပါတယ္” ဟု ၎က ဆိုသည္။

ကာဘယ္လိုက အက်ဥ္းေထာင္မ်ားအတြင္း တစ္ကိုယ္ေရႏွင့္ ပတ္ဝန္းက်င္သန႔္ရွင္းေရး အေျခအေနမ်ားက ႏိုဗယ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ႏိုင္ေျချမင့္မားသည္ဆိုျခင္းကို ျငင္းဆိုထားၿပီး ၎အခ်က္က အက်ဥ္းသားမ်ား၏ စိုးရိမ္ပူပန္မႈတစ္ခုျဖစ္ၿပီး အဓိက႐ုဏ္းမ်ား၏ ေနာက္ကြယ္မွ အေၾကာင္းျပခ်က္သာျဖစ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
ကိုလံဘီယာနိုင်ငံတွင် ထောင်ဖောက်ရန် ကြိုးပမ်းမှုကြောင့် အကျဉ်းသား ၂၃ ဦးသေဆုံး

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ အကျဉ်းထောင်ဖောက်ရန် ကြိုးပမ်းမှုသတင်းကြားပြီးနောက် အကျဉ်းသားများ၏ ဆွေမျိုးများ ထောင်သို့ အလျင်အမြန်သွားရောက်ကြစဉ် (ဆင်ဟွာ)

    ဘိုဂိုတာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

    ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်ဖောက်ရန် ကြိုးပမ်းမှုကြောင့် အကျဉ်းသား ၂၃ ဦးသေဆုံးပြီး အခြားသူ ၈၃ ဦးဒဏ်ရာရရှိခဲ့ကာ ယင်းအနက် ၃၂ ဦးကို ဆေးရုံတင်ခဲ့ရကြောင်း တရားရေးဝန်ကြီး မာဂရီတာ ကာဘယ်လို (Margarita Cabello) က မတ် ၂၂ ရက်၌ ပြောကြားခဲ့သည်။

“ဒီနေ့ကတော့ နိုင်ငံအတွက် အလွန်နာကျင်ရတဲ့နေ့တစ်နေ့ပါပဲ။ မနေ့ည (မတ် ၂၂ ရက်) က La Modelo အကျဉ်းထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားမှုကြီးဖြစ်ခဲ့တယ်” ဟု ကာဘယ်လိုက ပြောခဲ့သည်။နိုင်ငံတော် အကျဉ်းထောင်နှင့် အကျဉ်းထောင် အဖွဲ့အစည်း (INPEC) မှ အကျဉ်းထောင်လုံခြုံရေးနှင့် တာဝန်ရှိသူ ၇ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် နှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိကြောင်း ကာဘယ်လိုက ဆိုသည်။

မတ် ၂၁ ရက်ညပိုင်းက ကိုလံဘီယာနိုင်ငံရှိ အခြားအကျဉ်းထောင်များတွင်လည်း အကျဉ်းထောင်ဖောက်ရန် ကြံစည်မှု၏ အစိတ်အပိုင်းအဖြစ် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဝန်ကြီးက ပြောခဲ့သည်။“ထောင်ကနေ လွတ်သွားသူမရှိပါဘူး။ ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းကြတဲ့အစီအစဉ်ကို တားဆီးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ကာဘယ်လိုက အကျဉ်းထောင်များအတွင်း တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေများက နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေမြင့်မားသည်ဆိုခြင်းကို ငြင်းဆိုထားပြီး ၎င်းအချက်က အကျဉ်းသားများ၏ စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပြီး အဓိကရုဏ်းများ၏ နောက်ကွယ်မှ အကြောင်းပြချက်သာဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ကိုလံဘီယာႏိုင္ငံတြင္ ေထာင္ေဖာက္ရန္ ႀကိဳးပမ္းမႈေၾကာင့္ အက်ဥ္းသား ၂၃ ဦးေသဆုံး ကိုလံဘီယာႏိုင္ငံတြင္ ေထာင္ေဖာက္ရန္ ႀကိဳးပမ္းမႈေၾကာင့္ အက်ဥ္းသား ၂၃ ဦးေသဆုံး Reviewed by THITHTOOLWIN on 01:01 Rating: 5
Powered by Blogger.