ကမၻာ့ကူးစက္ျမန္ေရာဂါေၾကာင့္ လူစုလူေ၀းသၾကၤန္ပြဲ မက်င္းပရန္ သမၼတရုံးထုတ္ျပန္

(Zawgyi)⤵⤵⤵
မတ္ ၁၃ ရက္ ၂၀၂၀

ကမၻာ့ကူးစက္ျမန္ေရာဂါေၾကာင့္ မ႑ပ္ျဖင့္ ရုိးရာသၾကၤန္ပြဲေတာ္အပါအ၀င္ ရုပ္ရွင္ရုံ ႏွင့္ လူစည္ကားပြဲမ်ား အားလံုး ၂၀၂၀ ဧၿပီလကုန္သည့္အထိ ပိတ္ ထားရန္ လိုအပ္ပါက ပိတ္ရက္ထပ္တိုးရန္ နိုင္ငံေတာ္ သမၼတရုံးက ယေန႕ ထုတ္ျပန္ လိုက္ သည္။

၂၀၂၀ မတ္လ ၁၃ ရက္ က အခ်က္ ၅ ခ်က္ပါ နိုင္ငံေတာ္ သမၼတရုံးမွ ျပည္သူသို႕ ပန္ၾကားခ်က္တြင္ - အသက္ ရွဴ လမ္းေၾကာင္းဆိုင္ရာေရာဂါ Coronavirus Disease 2019 ( COVID – 19 ) သည္ လူစုလူေ၀းမ်ားျပားရာ ေနရာမ်ားတြင္ လွ်င္ျမန္စြာ ကူးစက္နုိင္သည့္အတြက္ ျပည္သူလူထုအေနျဖင့္ ျမန္မာ့ရိုးရာသၾကၤန္ပြဲေတာ္ အတြက္ မ႑ပ္ေဆာက္လုပ္က်င္းပျခင္း အပါအ၀င္၊ အခမ္းအနား ပြဲလမ္းသဘင္မ်ား အား ဧၿပီလ ၃၀ ရက္ေန႕ အထိ မျပဳလုပ္ၾကရန္၊ လိုအပ္ပါက ရပ္ဆိုင္းကာလ ထပ္မံတိုးျမွင့္သတ္မွတ္သြားမည္ဟု ထုတ္ျပန္ထားသည္။

ျပည္ေထာင္စုျမန္မာနိုင္ငံ သမၼတ အိမ္ေတာ္ ပုံမွန္ သတင္းစာရွင္းလင္းပြဲတြင္ နုိင္ငံေတာ္ သမၼတရုံးေျပာ ခြင့္ရ ဦးေဇာ္ေဌး က -
“မတ္လ ၁၁ ရက္ေန့ညေနပုိင္းမွာဘဲ WHO ကေနျပီးေတာ့ ကမၻာလုံးဆုိင္ရာ ကပ္ေရာဂါ မွတ္တမ္းအျဖစ္ေၾကျငာ ခဲ့ျပီးေတာ့ က်ေနာ္တို့ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ မတ္လ ၁၂ ရက္ေန့ ေန႕လည္ပုိင္း မြန္းလြဲ ၂ နာရီမွာ နုိင္ငံေတာ္အတုိင္အပင္ခံပုဂၢိဳလ္ ဦးေဆာင္ျပီးေတာ့ အေရးေပၚအစည္းအေ၀း က်င္းပခဲ့ပါတယ္။ အထူးသျဖင့္ ေရာဂါ ကာကြယ္ေရး ၊ထိန္းခ်ဳပ္ေရး၊ ကုသေရးအစီအမံေတြ ေနာက္ေရရွည္ကာလ မွာျဖစ္လာ ႏုိင္တဲ့ ဆုိးက်ဳိးေတြ ၊ စီးပြါးေရးအပါအ၀င္ ထိခုိက္ႏုိင္တဲ့ က႑ေတြကုိက်ယ္က်ယ္ျပန့္ျပန့္ ေဆြးေနြးျပီးေတာ့ ၾကိဳတင္ျပင္ ဆင္တဲ့အပုိင္းေတြကုိ အဓိကထား ေဆာင္ရြက္ေနတာျဖစ္ပါတယ္ ” - ဟု ေျပာသည္။

သွ်မ္းျပည္နယ္အစိုးရ ညႊန္ၾကားစာတြင္ - ျမန္မာနိုင္ငံ၏ COVID 19 ေရာဂါျဖစ္ပြားမွဳ အေျခအေနမွာ မတ္လ ၁ ရက္ေန႕အထိ သံသယလူနာ နွင့္ ေစာင့္ၾကည့္လူနာ ရန္ကုန္တြင္ ၁၄ ဦး၊ သွ်မ္းျပည္တြင္ ၁၂ ဦး၊ မႏၱေလး တြင္ ၈ ဦး အျခား ျပည္နယ္နွင့္တိုင္းတြင္ ၁၁ ဦး စုစုေပါင္း ၄၅ ဦးရွိျပီး ဓါတ္ခြဲစစ္ေဆးရာမွာ ေရာဂါပိုး မေတြ႕ရွိရ ေၾကာင္း၊ ကပ္ေရာဂါ ႀကိဳတင္ကာကြယ္ႏွိမ္ႏွင္းရန္အတြက္ သွ်မ္းျပည္နယ္အတြင္း ရိုးရာဓေလ့ ပြဲေတာ္မ်ား က်င္းပမွဳ ရက္ေရႊ႕ဆိုင္းျခင္း ဖ်က္သိမ္းျခင္းမ်ား ျပဳလုပ္ရန္လိုအပ္ေၾကာင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ မ်ားအပါ အ၀င္ ခရိုင္ ၊ ၿမိဳ႕နယ္အသီးသီးအား အေၾကာင္းၾကားစာေပးပို႕ထားသည္။

ယေန႕ ကမၻာတ၀ွမ္း COVID 19 ေရာဂါျဖစ္ပြားမွဳ ေနာက္ဆံုးအေျခအေနမွာ ေရာဂါကူးစက္မွဳအမ်ားဆုံး သည္ တရုတ္နိုင္ငံျဖစ္ျပီး ကူးစက္သူ ၈ ေသာင္းေက်ာ္ ၊ ကုသေပ်ာက္ကင္းသူ ၆၄၀၀၀ ေက်ာ္၊ ေသဆုံးသူ ၃၁၇၇ ဦးရွိေၾကာင္း၊ ဒုတိယ အမ်ားဆုံးမွာ အီတလီနိုင္ငံျဖစ္ျပီး ကူးစက္သူ ၁၅၀၀၀ ေက်ာ္ ကုသေပ်ာက္ကင္းသူ ၁၂၀၀၀ ေက်ာ္ ၊ ေသဆုံးသူ ၁၀၁၆ ဦး ရွိသြားၿပီျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္ နယ္နိမိတ္ထိစပ္ေနသည့္ ထိုင္းနိုင္ငံတြင္မူ ေရာဂါကူးစက္ခံရသူ ၇၅ ဦး ကုသ ေပ်ာက္ကင္းသူ ၃၅ ဦး ကုသေနဆဲ ၃၉ ဦး ေသဆုံးသူ ၁ ဦး ရွိေၾကာင္း၊ ေရာဂါကူးစက္မွဳရွိသည့္နုိင္ငံအဆင့္ ၄၁ ျဖစ္ေၾကာင္းသိရသည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
--------------
(Unicode)⤵⤵⤵
ကမ္ဘာ့ကူးစက်မြန်ရောဂါကြောင့် လူစုလူဝေးသင်္ကြန်ပွဲ မကျင်းပရန် သမ္မတရုံးထုတ်ပြန်

သျှမ်းသံတော်ဆင့် ၊ ယိင်းယိင်း
မတ် ၁၃ ရက် ၂၀၂၀

ကမ္ဘာ့ကူးစက်မြန်ရောဂါကြောင့် မဏ္ဍပ်ဖြင့် ရိုးရာသင်္ကြန်ပွဲတော်အပါအဝင် ရုပ်ရှင်ရုံ နှင့် လူစည်ကားပွဲများ အားလုံး ၂၀၂၀ ဧပြီလကုန်သည့်အထိ ပိတ် ထားရန် လိုအပ်ပါက ပိတ်ရက်ထပ်တိုးရန် နိုင်ငံတော် သမ္မတရုံးက ယနေ့ ထုတ်ပြန် လိုက် သည်။

၂၀၂၀ မတ်လ ၁၃ ရက် က အချက် ၅ ချက်ပါ နိုင်ငံတော် သမ္မတရုံးမှ ပြည်သူသို့ ပန်ကြားချက်တွင် - အသက် ရှူ လမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 ( COVID – 19 ) သည် လူစုလူဝေးများပြားရာ နေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အတွက် မဏ္ဍပ်ဆောက်လုပ်ကျင်းပခြင်း အပါအဝင်၊ အခမ်းအနား ပွဲလမ်းသဘင်များ အား ဧပြီလ ၃၀ ရက်နေ့ အထိ မပြုလုပ်ကြရန်၊ လိုအပ်ပါက ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်သတ်မှတ်သွားမည်ဟု ထုတ်ပြန်ထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတ အိမ်တော် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတရုံးပြော ခွင့်ရ ဦးဇော်ဌေး က -
“မတ်လ ၁၁ ရက်နေ့ညနေပိုင်းမှာဘဲ WHO ကနေပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ မှတ်တမ်းအဖြစ်ကြေငြာ ခဲ့ပြီးတော့ ကျနော်တို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်း မွန်းလွဲ ၂ နာရီမှာ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးတော့ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အထူးသဖြင့် ရောဂါ ကာကွယ်ရေး ၊ထိန်းချုပ်ရေး၊ ကုသရေးအစီအမံတွေ နောက်ရေရှည်ကာလ မှာဖြစ်လာ နိုင်တဲ့ ဆိုးကျိုးတွေ ၊ စီးပွါးရေးအပါအဝင် ထိခိုက်နိုင်တဲ့ ကဏ္ဍတွေကိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့ ကြိုတင်ပြင် ဆင်တဲ့အပိုင်းတွေကို အဓိကထား ဆောင်ရွက်နေတာဖြစ်ပါတယ် ” - ဟု ပြောသည်။

သျှမ်းပြည်နယ်အစိုးရ ညွှန်ကြားစာတွင် - မြန်မာနိုင်ငံ၏ COVID 19 ရောဂါဖြစ်ပွားမှု အခြေအနေမှာ မတ်လ ၁ ရက်နေ့အထိ သံသယလူနာ နှင့် စောင့်ကြည့်လူနာ ရန်ကုန်တွင် ၁၄ ဦး၊ သျှမ်းပြည်တွင် ၁၂ ဦး၊ မန္တလေး တွင် ၈ ဦး အခြား ပြည်နယ်နှင့်တိုင်းတွင် ၁၁ ဦး စုစုပေါင်း ၄၅ ဦးရှိပြီး ဓါတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိရ ကြောင်း၊ ကပ်ရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရန်အတွက် သျှမ်းပြည်နယ်အတွင်း ရိုးရာဓလေ့ ပွဲတော်များ ကျင်းပမှု ရက်ရွှေ့ဆိုင်းခြင်း ဖျက်သိမ်းခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များအပါ အဝင် ခရိုင် ၊ မြို့နယ်အသီးသီးအား အကြောင်းကြားစာပေးပို့ထားသည်။

ယနေ့ ကမ္ဘာတဝှမ်း COVID 19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေမှာ ရောဂါကူးစက်မှုအများဆုံး သည် တရုတ်နိုင်ငံဖြစ်ပြီး ကူးစက်သူ ၈ သောင်းကျော် ၊ ကုသပျောက်ကင်းသူ ၆၄၀၀၀ ကျော်၊ သေဆုံးသူ ၃၁၇၇ ဦးရှိကြောင်း၊ ဒုတိယ အများဆုံးမှာ အီတလီနိုင်ငံဖြစ်ပြီး ကူးစက်သူ ၁၅၀၀၀ ကျော် ကုသပျောက်ကင်းသူ ၁၂၀၀၀ ကျော် ၊ သေဆုံးသူ ၁၀၁၆ ဦး ရှိသွားပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံတွင်မူ ရောဂါကူးစက်ခံရသူ ၇၅ ဦး ကုသ ပျောက်ကင်းသူ ၃၅ ဦး ကုသနေဆဲ ၃၉ ဦး သေဆုံးသူ ၁ ဦး ရှိကြောင်း၊ ရောဂါကူးစက်မှုရှိသည့်နိုင်ငံအဆင့် ၄၁ ဖြစ်ကြောင်းသိရသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
ကမၻာ့ကူးစက္ျမန္ေရာဂါေၾကာင့္ လူစုလူေ၀းသၾကၤန္ပြဲ မက်င္းပရန္ သမၼတရုံးထုတ္ျပန္ ကမၻာ့ကူးစက္ျမန္ေရာဂါေၾကာင့္ လူစုလူေ၀းသၾကၤန္ပြဲ မက်င္းပရန္ သမၼတရုံးထုတ္ျပန္ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.