
တပ်မတော်ရဟတ်ယာဉ် ပျက်ကျပြီးနောက် တွေ့ရသည့် မြင်ကွင်းတချို့။ (မတ် ၃၊ ၂၀၂၀)

(Zawgyi/Unicode)





----------------------------------------------

ပြည်ပစစ်သံမှူးတွေပါလာတဲ့ တပ်မတော်ရဟတ်ယာဉ်ပျက်ကျ

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာကနေ လားရှိုးကိုသွားမယ့် စစ်ရဟတ်ယာဉ်တစင်းဟာ ပျံတက်ပြီး မီတာ ၃၀ လောက် အရောက်မှာ စက်ချို့ယွင်းတာကြောင့် ပျက်ကျပြီး ရဟတ်ယာဉ်အဖွဲ့ဝင်တချို့ ဒဏ်ရာရသွားတယ်လို့ အဲဒီမှာရောက်နေတဲ့ ဗွီအိုအေသတင်းထောက်က ပြောပါတယ်။

ကောင်းခါးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ တပ်မတော်က သိမ်းဆည်းမိထားတဲ့ မူးယစ်ဆေးဝါးတွေ၊ မူးယစ်ဆေးဝါးချက်တဲ့နေရာမှာ ပစ္စည်းတွေကို သတင်းထောက်တွေနဲ့ နိုင်ငံခြားစစ်သံမှူးတွေကို ခေါ်ပြပြီး အပြန်မှာ အခုလို ရဟတ်ယာဉ် မတော်တဆမှုဖြစ်တာပါ။

ချို့ယွင်းသွားတဲ့ ရဟတ်ယာဉ်ဟာ နိုင်ငံခြားစစ်သံမှူးတွေ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဖြစ်ပြီး စစ်သံမှူးတယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ဘဲ၊ ရဟတ်ယာဉ်မှူး ၁ ယောက်နဲ့ ရဟတ်ယာဉ်ဝန်ထမ်းနှစ်ယောက် ပေါင်း ၃ ယောက် ဒဏ်ရာရသွားတာလို့ ဗွီိအိုအေသတင်းထောက်က ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
ပြည်ပစစ်သံမှူးတွေပါလာတဲ့ တပ်မတော်ရဟတ်ယာဉ်ပျက်ကျ ပြည်ပစစ်သံမှူးတွေပါလာတဲ့ တပ်မတော်ရဟတ်ယာဉ်ပျက်ကျ Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.