အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးေရး ဥပေဒ ဘာေၾကာင့္ ႔ေႏွာင္႔ေႏွးရသလဲ

၂၀၂၀ ေဖေဖာ္၀ါရီလတုန္းက Gender Equality Network က က်င္းပတဲ့ အမ်ိဳးသမီးအခြင့္အေရး သင္တန္းတခု

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီး ကာကြယ္ေရး ဥပေဒမူၾကမ္း ေရးဆဲြေနတာ (၇)ႏွစ္ ၾကာလာေပမယ့္ အခုခ်ိန္ထိ အတည္ျပဳ ျပဌာန္းႏိုင္ျခင္း မရွိတာဟာ သူတို႔ရဲ႕ သားသမီး မ်ဳိးဆက္ေတြ အတြက္ပါ ထိခိုက္ေနေၾကာင္း အမ်ဳိးသမီးအေရး လႈပ္ရွားေနသူေတြက သတိေပးေျပာၾကားလိုက္ပါတယ္။ ဘာေၾကာင့္ ဒီဥပေဒမူၾကမ္းကို ျမန္မာႏို္င္ငံမွာ အခုခ်ိန္ထိ ျပဌာန္းႏိုင္ျခင္း မရွိေသးတာလဲ။ မအင္ၾကင္းႏိုင္က တင္ျပမွာပါ။


ျမန္မာႏိုင္ငံမွာ အမ်ဳိးသမီးေတြအေပၚ အၾကမ္းဖက္မႈဟာ ေနရာတကာမွာ ျဖစ္ေနၿပီး လူအမ်ားစုကလည္း ဒါကို ပံုမွန္လိုပဲ သေဘာထားၾကေၾကာင္း အမ်ဳိးသမီးမ်ား အၾကမ္းဖက္မႈ ကာကြယ္ေရး လႈပ္ရွားေဆာင္ရြက္ေနတဲ့ ေရွ႕ေန ေဒၚလွလွရီက AFP သတင္းဌာနကိုအခုလိုေျပာပါတယ္။

“ဓေလ့ ရိုးရာယဥ္ေက်းမႈနဲ႔လည္း ဆိုင္လိမ့္မယ္ေပါ့ေနာ္။ အိမ္တြင္းအၾကမ္းဖက္မႈ ကိစၥေတြ အိမ္ထဲမွာျဖစ္တဲ့ မိသားစု ျပႆနာလိုပဲ ျမန္မာ society ေတာ္ေတာ္မ်ားမ်ားက ခံယူထားၾကတယ္။ အဲဒီ ခံယူထားၾကတဲ့အေပၚမွာ အိမ္တြင္းအၾကမ္းဖက္မႈ ကိစၥေတြ ျဖစ္လာတယ္ဆိုရင္ report လုပ္ရင္ေတာင္မွ ရဲစခန္းက အေရးယူေပးမႈအပိုင္း အားနည္းတာေတြကို က်မတို႔ ေတြ႔ရတယ္။”

ျမန္မာအစိုးရရဲ႕ စာရင္းေကာက္ယူခ်က္အရ ၂၀၁၆ ခုႏွစ္က အဓမၼျပဳက်င့္ခံရမႈေပါင္း ၁,၁၀၀ ေက်ာ္ရွိခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာေတာ့ ၁,၄၀၀ ေက်ာ္ထိ တိုးလာခဲ့ၿပီး သံုးပံု ႏွစ္ပံုဟာ ကေလးငယ္ေတြ အေပၚ က်ဴးလြန္ခဲ့တာျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။

ဒါေပမယ့္ ေရွ႕ေန ေဒၚလွလွရီကေတာ့ ဒီကိန္းဂဏန္းပမာဏဟာ လူဦးေရ ၅၄ သန္းရွိေနတဲ့ ျမန္မာႏိုင္ငံမွာ အစိတ္အပိုင္း အေသးေလးပဲျဖစ္ၿပီး ေန႔စဥ္နဲ႔အမွ် အမ်ဳိးသမီးနဲ႔ ကေလးငယ္ေတြဟာ အၾကမ္းဖက္မႈေတြကို ပံုစံမ်ဳိးစံု ရင္ဆိုင္ေနၾကရတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အမ်ဳိးသမီးေတြအတြက္ အၾကမ္းဖက္မႈကေန အကာအကြယ္ေပးေရး ၂၀၁၃ခုႏွစ္က စၿပီးေရးဆဲြေနတဲ့ ဥပေဒၾကမ္းကို အခုခ်ိန္ထိ အတည္ျပဳ ျပဌာန္းႏိုင္ျခင္းမရွိတာဟာ ေနာင္မ်ဳိးဆက္ေတြ အတြက္ပါ ထိခိုက္နစ္နာေနေၾကာင္း ေဒၚလွလွရီက ေျပာပါတယ္။

“က်မ စိတ္မေကာင္းတာက ဒီေလာက္အထိ ၇ ႏွစ္လံုးလံုး ၾကာရွည္လာတဲ့ ဥပေဒၾကမ္းက က်မတို႔ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးကို က်မအေနနဲ႔ ေျပာမယ္ဆိုရင္ ကာကြယ္မေပးႏိုင္ဘူးေပါ့ေနာ္။ အဲလိုမ်ိဳး က်မျမင္တဲ့အတြက္ ေတာ္ေတာ္ေလး စိတ္မေကာင္းပါဘူး။ ၿပီးရင္ က်မရဲ႕ သမီးအပါအ၀င္ ေနာက္ သမီးေတြရဲ႕ သမီးေတြ ေနာင္တခ်ိန္မွာ အၾကမ္းဖက္မႈေတြ ျဖစ္လာတဲ့အခါမွာ ဒီဥပေဒက ျပည့္ျပည့္၀၀ ကာကြယ္ေပးႏိုင္တဲ့ အေနအထားမွာ ရွိမေနေသးတဲ့အတြက္ ေတာ္ေတာ္ေလးကို ရင္ပူရပါတယ္။”

သူကိုယ္တိုင္ အမ်ဳိးသမီးေတြကို အၾကမ္းဖက္မႈကေန ကာကြယ္ေပးေရး ဥပေဒပိုင္းအရေရာ၊ ေဆး၀ါးကုသမႈ ဆိုင္ရာအရပါ အကူအညီေပးတဲ့ အမ်ဳိးသမီးအေရး အဖဲြ႔ Legal Clinic Myanmar ကို တည္ေထာင္ခဲ့သူျဖစ္ပါတယ္။ အမ်ဳိးသမီးေတြကို အကာအကြယ္ေပးဖို႔ ေရွ႕ေနျဖစ္ေအာင္ သူဘာေၾကာင့္ ႀကိဳးစားခဲ့သလဲ ဆိုတဲ့ ေဒၚလွလွရီရဲ႕ အေတြ႕အႀကံဳကေတာ့

“အိမ္ကို လက္နက္ေတြ ကိုင္ၿပီးလာတယ္ဆိုေတာ့ အရမ္းကို ေၾကာက္ေနၿပီေပါ့ေနာ္။ အေမဆိုရင္ အသံေတာင္မထြက္ဘူး။ အဲဒီအခါမွာ ကိုယ္ကလည္း မွတ္မွတ္ရရဆိုရင္ အရမ္းငယ္ပါေသးတယ္။ ၃ တန္းေလာက္ပဲ ရွိဦးမယ္ထင္တယ္။ အဲဒီတုန္းက အေမကသြားတယ္ ေဆြမ်ိဳးေတြဆီက ပိုက္ဆံေခ်းတယ္။ မသြင္းႏိုင္ရင္ ပိုက္ဆံဘယ္ေလာက္ေပးဆိုၿပီးေတာ့ အဲလိုမ်ိဳး အဲဒီျမင္ကြင္းေတြ က်မကို ဥပေဒဘက္ကို ေရာက္ဖို႔အတြက္ က်မကို တြန္းအားေပးခဲ့ေစတယ္ေပါ့ေနာ္။ အဲဒီေတာ့ အမ်ိဳးသမီး အၾကမ္းဖက္မႈ တားဆီးကာကြယ္တဲ့ ဥပေဒ တခု လုပ္မယ္ဆိုတာ ၂၀၁၃ မွာ က်မ စြမ္းစြမ္းတမံ ပါ၀င္ခဲ့တယ္ေပါ့ေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ က်မ ဒီ issue ေတြနဲ႔ ၂၀၁၁ ကေန လုပ္လာတာ။”

ဗစ္တိုးရီးယားအမႈလို႔ လူသိမ်ားတဲ့ ၂၀၁၉ခုႏွစ္က အသက္ ၃ ႏွစ္အရြယ္ မိန္းကေလးငယ္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရမႈမွာ အခုခ်ိန္ထိ တရားခံကို ေဖၚထုတ္ႏိုင္ျခင္း မရွိေသးတဲ့အျပင္ တရားမွ်တမႈရေရး ဆိုတာနဲ႔ အလွမ္းေ၀းေနဆဲပါ။

အခုလို မိန္းကေလးငယ္ေတြနဲ႔ အမ်ဳိးသမီးေတြအေပၚ အၾကမ္းဖက္မႈကေန ထိထိေရာက္ေရာက္ အကာအကြယ္ေပးမယ့္ ဥပေဒမ်ဳိး လႊတ္ေတာ္ကေန ဘာေၾကာင့္ ျပဌာန္းအတည္ျပဳႏိုင္ျခင္းမရွိေသးတာလဲ။ Triangle Women အဖဲြ႔ ဒါရိုက္တာ ေဒၚခင္ေလးရဲ႕ အျမင္က

“လႊတ္ေတာ္ထဲမွာ ေဆြးေႏြးလိုက္ၿပီဆိုရင္ အမ်ိဳးသားေတြသည္ ဒါကေတာ့ က်မ အမ်ိဳးသား အမ်ိဳးသမီးလို႔ခြဲျခားေျပာတာ မဟုတ္ေပမယ့္ သူတို႔ ရႈေထာင့္က အမ်ိဳးသား ရႈေထာင့္ကပဲ ၾကည့္တယ္။ သူတုိ႔ဘက္က ဘာမ်ားေလွ်ာ့သြားမလဲ ။ သူတုိ႔ဘက္က လံုၿခံဳမႈ အျပည့္အ၀လိုခ်င္တဲ့ အခါက်ေတာ့ အမ်ိဳးသား ရႈေထာင့္ကေန ေဆြးေႏြးတယ္။ ဒါေပမယ့္ အဲဒီလိုေနရာမ်ိဳးမွာ က်မတို႔ အမ်ိဳးသမီးေတြ ဒီထက္ပိုလာရင္ အသံေတြ ဒီထက္ ပိုက်ယ္က်ယ္ေလာင္ေလာင္နဲ႔ ေျပာႏိုင္မယ္ ။ ပိုၿပီးေတာ့ စြာတဲ့လူလိုတာေပါ့ ဒီအခ်ိန္မွာေတာ့ စြာတဲ့လူေတြရွိမွ ရမွာေလ။ ေအးေအးေဆးေဆး အမ်ိဳးသမီးျဖစ္တယ္၊ ပါသြားတယ္ ဒါေပမယ့္ သူက ရိုးရိုးပဲ ေအးေအးေဆးေဆးေနတဲ့လူဆိုရင္ မျဖစ္ဘူး။ ဒီအခ်ိန္မွာ က်မတို႔ မ်ားမ်ားေျပာ ၊ မ်ားမ်ား ရန္စြာၿပီးေတာ့ ရန္စြာတယ္ဆိုတာ က်မတို႔အတြက္မဟုတ္ဘူး အားလံုးေသာ တိုင္းျပည္မွာရွိတဲ့ အမ်ိဳးသမီး ၊ အမ်ိဳးသား ေတြအတြက္ တကယ္ တက္တက္ၾကြၾကြနဲ႔ လုပ္မယ့္ ခ်န္ပီယံေတြလိုေနတာေပါ့။”

အမ်ဳိးသမီးနဲ႔ မိန္းကေလးငယ္ေတြအေပၚ အၾကမ္းဖက္မႈဟာ ႏိုင္ငံတႏိုင္ငံရဲ႕ လံုၿခံဳမႈကင္းမဲ့တဲ့ အေရးေပၚအေျခအေနျဖစ္ၿပီး လူအမ်ားေရွ႕ မဖြယ္မရာလုပ္တာကစလို႔၊ လူကုန္ကူးတဲ့ ျပစ္မႈထိ ပါ၀င္ၿပီး အဖဲြ႔အစည္းအသိုင္းအ၀ိုင္းေတြ၊ ရဲအာဏာပိုင္ေတြနဲ႔ တရားဥပေဒနည္းလမ္းအရပါ လံုး၀လက္သင့္ခံမွာ မဟုတ္ေၾကာင္း ကုလသမဂၢက သတိေပးထားပါတယ္။

(Unicode)

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေး ဥပဒေ ဘာကြောင့့်နှောင့်နှေးရသလဲ

မြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲနေတာ (၇)နှစ် ကြာလာပေမယ့် အခုချိန်ထိ အတည်ပြု ပြဌာန်းနိုင်ခြင်းမရှိတာဟာ သူတို့ရဲ့ သားသမီး မျိုးဆက်တွေ အတွက်ပါ ထိခိုက်နေကြောင်း အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက သတိပေးပြောကြားလိုက်ပါတယ်။ ဘာကြောင့် ဒီဥပဒေမူကြမ်းကို မြန်မာနိုင်ငံမှာ အခုချိန်ထိ ပြဌာန်းနိုင်ခြင်းမရှိသေးတာလဲ။ မအင်ကြင်းနိုင်က တင်ပြမှာပါ။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ နေရာတကာမှာ ဖြစ်နေပြီး လူအများစုကလည်း ဒါကို ပုံမှန်လိုပဲ သဘောထားကြကြောင်း အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ရှေ့နေ ဒေါ်လှလှရီက AFP သတင်းဌာနကိုအခုလိုပြောပါတယ်။

“ဓလေ့ ရိုးရာယဉ်ကျေးမှုနဲ့လည်း ဆိုင်လိမ့်မယ်ပေါ့နော်။ အိမ်တွင်းအကြမ်းဖက်မှု ကိစ္စတွေ အိမ်ထဲမှာဖြစ်တဲ့ မိသားစု ပြဿနာလိုပဲ မြန်မာ society တော်တော်များများက ခံယူထားကြတယ်။ အဲဒီ ခံယူထားကြတဲ့အပေါ်မှာ အိမ်တွင်းအကြမ်းဖက်မှု ကိစ္စတွေ ဖြစ်လာတယ်ဆိုရင် report လုပ်ရင်တောင်မှ ရဲစခန်းက အရေးယူပေးမှုအပိုင်း အားနည်းတာတွေကို ကျမတို့ တွေ့ရတယ်။”

မြန်မာအစိုးရရဲ့ စာရင်းကောက်ယူချက်အရ ၂၀၁၆ ခုနှစ်က အဓမ္မပြုကျင့်ခံရမှုပေါင်း ၁,၁၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၇ခုနှစ်မှာတော့ ၁,၄၀၀ ကျော်ထိ တိုးလာခဲ့ပြီး၊ သုံးပုံ နှစ်ပုံဟာ ကလေးငယ်တွေ အပေါ် ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် ရှေ့နေ ဒေါ်လှလှရီကတော့ ဒီကိန်းဂဏန်းပမာဏဟာ လူဦးရေ သန်းပေါင်း ၅၄ သန်းရှိနေတဲ့ မြန်မာနိုင်ငံမှာ အစိတ်အပိုင်း အသေးလေးပဲဖြစ်ပြီး နေ့စဉ်နဲ့အမျှ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အကြမ်းဖက်မှုတွေကို ပုံစံမျိုးစုံ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက် အကြမ်းဖက်မှုကနေ အကာအကွယ်ပေးရေး ၂၀၁၃ခုနှစ်က စပြီးရေးဆွဲနေတဲ့ ဥပဒေကြမ်းကို အခုချိန်ထိ အတည်ပြု ပြဌာန်းနိုင်ခြင်းမရှိတာဟာ နောင်မျိုးဆက်တွေ အတွက်ပါ ထိခိုက်နစ်နာနေကြောင်း ဒေါ်လှလှရီက ပြောပါတယ်။

“ကျမ စိတ်မကောင်းတာက ဒီလောက်အထိ ၇ နှစ်လုံးလုံး ကြာရှည်လာတဲ့ ဥပဒေကြမ်းက ကျမတို့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကျမအနေနဲ့ ပြောမယ်ဆိုရင် ကာကွယ်မပေးနိုင်ဘူးပေါ့နော်။ အဲလိုမျိုး ကျမမြင်တဲ့အတွက် တော်တော်လေးစိတ်မကောင်းပါဘူး။ ပြီးရင် ကျမရဲ့ သမီးအပါအဝင် နောက် သမီးတွေရဲ့ သမီးတွေ နောင်တချိန်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အခါမှာ ဒီဥပဒေက ပြည့်ပြည့်၀၀ ကာကွယ်ပေးနိုင်တဲ့ အနေအထားမှာ ရှိမနေသေးတဲ့အတွက် တော်တော်လေးကို ရင်ပူရပါတယ်။”

သူကိုယ်တိုင် အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေ ကာကွယ်ပေးရေး ဥပဒေပိုင်းအရရော၊ ဆေးဝါးကုသမှုဆိုင်ရာအရပါ အကူအညီပေးတဲ့ အမျိုးသမီးအရေး အဖွဲ့ Legal Clinic Myanmar ကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ရှေ့နေဖြစ်အောင် သူဘာကြောင့် ကြိုးစားခဲ့သလဲ ဆိုတဲ့ ဒေါ်လှလှရီရဲ့ အတွေ့အကြုံကတော့

“အိမ်ကို လက်နက်တွေ ကိုင်ပြီးလာတယ်ဆိုတော့ အရမ်းကို ကြောက်နေပြီပေါ့နော်။ အမေဆိုရင် အသံတောင်မထွက်ဘူး။ အဲဒီအခါမှာ ကိုယ်ကလည်း မှတ်မှတ်ရရဆိုရင် အရမ်းငယ်ပါသေးတယ်။ ၃ တန်းလောက်ပဲ ရှိဦးမယ်ထင်တယ်။ အဲဒီတုန်းက အမေကသွားတယ် ဆွေမျိုးတွေဆီက ပိုက်ဆံချေးတယ်။ မသွင်းနိုင်ရင် ပိုက်ဆံဘယ်လောက်ပေးဆိုပြီးတော့ အဲလိုမျိုး အဲဒီမြင်ကွင်းတွေ ကျမကို ဥပဒေဘက်ကို ရောက်ဖို့အတွက် ကျမကို တွန်းအားပေးခဲ့စေတယ်ပေါ့နော်။ အဲဒီတော့ အမျိုးသမီး အကြမ်းဖက်မှု တားဆီးကာကွယ်တဲ့ ဥပဒေ တခု လုပ်မယ်ဆိုတာ ၂၀၁၃ မှာ ကျမ စွမ်းစွမ်းတမံ ပါဝင်ခဲ့တယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျမ ဒီ issue တွေနဲ့ ၂၀၁၁ ကနေ လုပ်လာတာ။”

ဗစ်တိုးရီးယားအမှုလို့ လူသိများတဲ့ ၂၀၁၉ခုနှစ်က အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုမှာ အခုချိန်ထိ တရားခံကို ဖေါ်ထုတ်နိုင်ခြင်းမရှိသေးတဲ့အပြင် တရားမျှတမှုရရေး ဆိုတာနဲ့ အလှမ်းဝေးနေဆဲပါ။

အခုလို မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကနေ ထိထိရောက်ရောက် အကာအကွယ်ပေးမယ့် ဥပဒေမျိုး လွှတ်တော်ကနေ ဘာကြောင့် ပြဌာန်းအတည်ပြုနိုင်ခြင်းမရှိသေးတာလဲ။ Triangle Women အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးရဲ့ အမြင်က

“လွှတ်တော်ထဲမှာ ဆွေးနွေးလိုက်ပြီဆိုရင် အမျိုးသားတွေသည် ဒါကတော့ ကျမ အမျိုးသား အမျိုးသမီးလို့ခွဲခြားပြောတာ မဟုတ်ပေမယ့် သူတို့ ရှုထောင့်က အမျိုးသား ရှုထောင့်ကပဲ ကြည့်တယ်။ သူတို့ဘက်က ဘာများလျှော့သွားမလဲ ။ သူတို့ဘက်က လုံခြုံမှု အပြည့်အဝလိုချင်တဲ့အခါကျတော့ အမျိုးသား ရှုထောင့်ကနေ ဆွေးနွေးတယ်။ ဒါပေမယ့် အဲဒီလိုနေရာမျိုးမှာ ကျမတို့ အမျိုးသမီးတွေ ဒီထက်ပိုလာရင် အသံတွေ ဒီထက် ပိုကျယ်ကျယ်လောင်လောင်နဲ့ ပြောနိုင်မယ် ။ ပိုပြီးတော့ စွာတဲ့လူလိုတာပေါ့ ဒီအချိန်မှာတော့ စွာတဲ့လူတွေရှိမှ ရမှာလေ။ အေးအေးဆေးဆေး အမျိုးသမီးဖြစ်တယ်၊ ပါသွားတယ် ဒါပေမယ့် သူက ရိုးရိုးပဲ အေးအေးဆေးဆေးနေတဲ့လူဆိုရင် မဖြစ်ဘူး။ ဒီအချိန်မှာ ကျမတို့ များများပြော ၊ များများ ရန်စွာပြီးတော့ ရန်စွာတယ်ဆိုတာ ကျမတို့အတွက်မဟုတ်ဘူး အားလုံးသော တိုင်းပြည်မှာရှိတဲ့ အမျိုးသမီး ၊ အမျိုးသား တွေအတွက် တကယ် တက်တက်ကြွကြွနဲ့ လုပ်မယ့် ချန်ပီယံတွေလိုနေတာပေါ့။”

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုဟာ နိုင်ငံတနိုင်ငံရဲ့ လုံခြုံမှုကင်းမဲ့တဲ့ အရေးပေါ်အခြေအနေဖြစ်ပြီး လူအများရှေ့ မဖွယ်မရာလုပ်တာကစလို့၊ လူကုန်ကူးတဲ့ ပြစ်မှုထိ ပါဝင်ပြီး အဖွဲ့အစည်းအသိုင်းအဝိုင်းတွေ၊ ရဲအာဏာပိုင်တွေနဲ့ တရားဥပဒေနည်းလမ်းအရပါ လုံးဝလက်သင့်ခံမှာ မဟုတ်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

အင္ၾကင္းႏုုိင္/VOA (Burmese)
https://burmese.voanews.com
အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးေရး ဥပေဒ ဘာေၾကာင့္ ႔ေႏွာင္႔ေႏွးရသလဲ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးေရး ဥပေဒ ဘာေၾကာင့္ ႔ေႏွာင္႔ေႏွးရသလဲ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.