ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ အလူးအလဲခံရတဲ့ ေတာင္ကိုရီးယားဆီက သင္ခန္းစာ

(Zawgyi)⤵⤵⤵
ေတာင္ကိုရီးယားႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံၿပီးရင္ ကို႐ိုနာဗိုင္းရပ္စ္ကူစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီလကုန္ပိုင္းေလာက္ကဆိုရင္တစ္ရက္ကိုလူေပါင္း ၉၀၀ ေက်ာ္အထိကူးစက္မႈေတြရွိခဲ့ပါတယ္။ ဒါေပမဲ့ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္းမွာ ကူစက္မႈက တစ္ရက္ကို လူေပါင္း ၁၀၀ ေအာက္ထိ က်ဆင္း သြားေၾကာင္းေတြ႕ရပါတယ္။ ႏိုင္ငံကိုလည္းျပည္ဝင္ခြင့္မပိတ္ထားပဲ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားတဲ့ႏိုင္ငံက လူေတြကိုလည္း စိစစ္လက္ခံေနပါတယ္။ ဘယ္လိုနည္းစနစ္ေတြနဲ႔ ဘယ္လိုကိုင္တြယ္ေဆာင္႐ြက္ေနလဲ။ ဒီနည္းစနစ္ေတြကိုေရာ ျမန္မာႏိုင္ငံက ဘယ္လိုသင္ခန္းစာယူႏိုင္မလဲ။ ျမန္မာႏိုင္ငံဆိုင္ရာေတာင္ကိုရီယားသံအမတ္ မစၥတာ လီဆန္းဟြာ ကို ဘီဘီစီအႀကီးတန္းသတင္းေထာက္ ေစာရန္ႏိုင္က ဆက္သြယ္ေမးျမန္း ထားပါတယ္။

ေမး။ ။ မၾကာေသးမီက ကိုရီးယားႏိုင္ငံအတြင္း ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ လက္ရွိအေျခအေနနဲ႔ ပတ္သက္ၿပီး အတိုခ်ဳပ္ ေျပာျပေပးပါ။

ေျဖ။ ။ အတည္ျပဳခ်က္အသစ္ေတြကို ေလ့လာၾကည့္ပါက အေျခအေန တိုးတက္တယ္လို႔ ယူဆပါတယ္။ ၂လပိုင္း အကုန္ အတည္ျပဳခ်က္အသစ္ (Peak)မွာ တစ္ရက္လွ်င္လူေပါင္း ၉၀၀ေက်ာ္အထိ ရွိခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္း တစ္ရက္ကို လူေပါင္း ၁၀၀ေအာက္ထိ က်ဆင္းသြားတာေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ ဒါနဲ႔တင္ ေက်နပ္မေနသင့္ပါဘူး (We should not be complacent)။ ဒယ္ဂူ ဂေယာင္းဘို႔ဘက္မွာ အတည္ျပဳလူနာ ၈၀ရာခိုင္ႏႈန္းအထက္ ရွိတဲ့အတြက္ ဒယ္ဂူ ဂေယာင္းဘို႔ေဒသေတြမွာ အထူးၾကပ္မတ္စစ္ေဆးတာနဲ႔ ျပန႔္ပြားမႈ ထိန္းခ်ဳပ္တာေတြကတဆင့္ ေဒသတြင္း အတည္ျပဳ လူနာအသစ္ေတြ ထပ္မံမေတြ႕ရွိေတာ့တဲ့ အေျခအေနကို ျမင္ေနရပါတယ္၊ ဆိုးလ္နဲ႔ အနီးတဝိုက္ေဒသေတြမွာလည္း ျပန႔္ပြားမႈ အနည္းငယ္ ျဖစ္ပြားေနတဲ့ အတြက္ ထိုေဒသအတြင္း ပ်ံပြားမႈကို ကာကြယ္ရန္ ပိုမို ႀကိဳးပမ္းေနပါတယ္။

ေမး။ ။ ကိုရီးယားက ကို႐ိုနာေရာဂါလကၡဏာစစ္ေဆးတာ (diagnostic test) ကို ႏိုင္ႏိုင္နင္းနင္း ကိုင္တြယ္ႏိုင္တာကို အေနာက္ႏိုင္ငံကလည္း အသိအမွတ္ျပဳတယ္။ ဘယ္လိုကိုင္တြယ္ေဆာင္႐ြက္ခဲ့ လဲဆိုတာကို ေျပာျပပါဦး။

ေျဖ။ ။ ဝါရွင္တန္ပို႔စ္ႏွင့္ ႏိုင္ငံတကာ က်န္းမာေရး ေစာင့္ေရွာက္မႈပညာရွင္ေတြလို အေနာက္တိုင္း မီဒီယာေတြကေတာ့ ကိုရီးယားရဲ႕ စိစစ္စြမ္းရည္ကို ေအာင္ျမင္မႈပုံစံ (Success model) အျဖစ္ အကဲျဖတ္ ထားပါတယ္။ တစ္ေန႔ကို လူ၂ေသာင္းေလာက္ ရွိတဲ့ သံသယလူနာမ်ားကို ပိုင္ပိုင္ႏိုင္ႏိုင္ စိစစ္ႏိုင္တဲ့ ႏိုင္ငံ ရွားပါတယ္။ ကိုရီးယားမွာ အတည္ျပဳလူနာ ၈၀၀၀ ေက်ာ္အထိရွိရတဲ့ အေၾကာင္းကေတာ့ ဗိုင္းရပ္လကၡဏာရွိသူေတြကို စမ္းသပ္ရွာေဖြရာခဲ့တဲ့အတြက္လို႔ ပညာရွင္ေတြက ေျပာပါတယ္။ ၿပီးေတာ့ အတည္ျပဳလူနာ အစရွိတဲ့ ကို႐ိုနာနဲ႔ ပတ္သက္တဲ့ အေျခအေနကို ျပည္သူမ်ားထံ ပြင့္လင္းျမင္သာစြာ အသိေပးၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ အခ်ိန္ႏွင့္တျပည္းညီ မွ်ေဝခဲ့တဲ့ ကြၽန္ေတာ္တို႔ရဲ႕ မူဝါဒကိုလည္း ခ်ီးေျမႇာက္ၾကပါတယ္။ စစ္ေဆးမႈ အပိုင္းမွာေတာ့ ကားထဲကေန မဆင္းဘဲ ကားေပၚက စစ္ေဆးခံတဲ့ (Drive-through testing stations) ကို အေမရိကန္အျပင္ တျခား ႏိုင္ငံေတြက စံျပအျဖစ္ သတ္မွတ္ထားပါတယ္။

ေမး။ ။ ကိုရီးယားကေတာ့ ကူးစက္ေရာဂါ ျဖစ္ပြားတဲ့ ႏိုင္ငံေတြရဲ႕ လူဝင္မႈကို အျပည့္အဝ ပိတ္ပင္တား ဆီးတာမႈ မလုပ္ေပမဲ့ ႏိုင္ငံတြင္း ဝင္ထြက္တဲ့အခ်ိန္မွာ ဘယ္လိုလုပ္ေဆာင္ခ်က္မ်ိဳးနဲ႔ virus ဝင္ေရာက္မႈနဲ႔ ပ်ံ႕ပြားမႈကို ကာကြယ္တားဆီးေနပါသလဲ။

ေျဖ။ ။ ျဖစ္ပြားမႈ ပမာဏမ်ားတဲ့ အခ်ိဳ႕ႏိုင္ငံေတြကိုေတာ့ (Special Entry Procedure) ကို သုံးၿပီး ဗိုင္းရက္စ္ ဝင္ေရာက္မႈနဲ႔ပ်ံ႕ပြားမႈကို ထိေရာက္စြာ ထိန္းခ်ဳပ္လ်က္ရွိပါတယ္။ သတ္မွတ္ထားတဲ့ ႏိုင္ငံေတြက ဝင္ေရာက္လာသူေတြအေနနဲ႔ ေလဆိပ္မွာ စမတ္ဖုန္း တစ္ခုခ်င္းဆီမွာ self- diagnostic application ကို ထည့္သြင္းရပါတယ္။ အဲဒီကတဆင့္ က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ႏိုင္ပါတယ္။ အေျခအေနကို Quarantine တာဝန္ရွိသူမ်ားထံ ေန႔စဥ္ အေၾကာင္းၾကားရမွာ ျဖစ္ပါတယ္။ တကယ္လို႔ အေၾကာင္းမၾကားတာျဖစ္ေစ၊ က်န္းမာေရးျပသနာရွိသည္ကိုျဖစ္ေစ ေတြ႕မယ္ဆိုရင္ က်န္းမာေရး အာဏာပိုင္ေတြက သင့္ေလ်ာ္တဲ့အေရးယူေဆာင္႐ြက္မႈေတြကို ခ်က္ခ်င္း လုပ္ပါတယ္။ ဒီစနစ္ကေတာ့ ကိုရီးယားရဲ႕ အဆင့္ျမင့္ICT နည္းပညာ အသုံးျပဳထားတဲ့ ဆန္းသစ္တဲ့ ေစာင့္ၾကပ္ၾကည့္ရႈတဲ့ စနစ္အျဖစ္ သတ္မွတ္ခံရပါတယ္။ ကို႐ိုနာ အတည္ျပဳလူနာ ေတြ႕မယ္ဆိုရင္ အျပင္ထြက္ခြင့္ ပိတ္ပင္ၿပီး အတည္ျပဳလူနာနဲ႔ ထိေတြ႕ရတဲ့ အုပ္စုကိုလည္း ေစာင့္ၾကပ္ၾကည့္ရႈတဲ့ ကာလအတြင္း ထြက္ခြာခြင့္မရပါဘူး။ ေလဆိပ္မွာလည္း (3-step detection system) နဲ႔ စစ္ေဆးေနဆဲျဖစ္ၿပီး အဖ်ား ေခ်ာင္းဆိုး အစရွိတဲ့ အသက္ရႉလမ္းေၾကာင္း ဆိုင္ရာေရာဂါ လကၡဏာေတြ႕မယ္ဆိုရင္ ထြက္ခြာခြင့္ ပိတ္တာ ျပဳလုပ္ပါတယ္။ ကိုရီးယားႏိုင္ငံထဲ(Social Distancing)နဲ႔ ႏိုင္ငံသားမ်ားရဲ႕ ဆႏၵအေလ်ာက္ပါဝင္မႈက အလြန္ ျမင့္မားေနတယ္လို႔ သိထားပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးလည္း အကဲျဖတ္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။ ကို႐ိုနာ အေျခအေနက တိတိက်က် ျမန္ျမန္ဆန္ဆန္ အခ်က္အလက္ မွ်ေဝတာကတဆင့္ အစိုးရ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံသားေတြရဲ႕ ယုံၾကည္မႈရယူဖို႔က အေရးႀကီးတယ္လို႔ အတည္ျပဳထားပါတယ္။

အစိုးရ လုပ္ေဆာင္ခ်က္ တုံ႔ျပန္မႈ စြမ္းရည္နဲ႔ ပတ္သက္တဲ့ ယုံၾကည္မႈ၊ ဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ နားလည္မႈကို ေနာက္ခံၿပီး တစ္ကိုယ္ေရ သန႔္ရွင္းေရး နဲ႔ social distancing မွာ ရင့္က်က္တဲ့ ႏိုင္ငံသား တစ္ဉီးခ်င္းရဲ႕ တက္ႂကြစြာပါဝင္မႈက အေရး ႀကီးပါတယ္။ အစိုးရႏွင့္ ျပည္သူၾကား ယုံၾကည္မႈကို တည္ေဆာက္ကာ စိုးရိမ္ထိတ္လန႔္မႈ မျဖစ္ၾကဘဲ တည္ၿငိမ္စြာ တုန႔္ျပန္ေဆာင္႐ြက္သြားၾကရန္ အေရးႀကီးေၾကာင္း။ မတ္လ ၁၆ ရက္ေန႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ျပည္သူမ်ားထံ ပန္ၾကားတဲ့မိန႔္ခြန္းမွာလည္း စိုးရိမ္ႀကီးစြာ ရိကၡာဝယ္ယူစုေဆာင္းတာ၊ မမွန္ကန္သည့္ သတင္းေတြ ထုတ္ေဝျဖန႔္ျဖဴးတာ မလုပ္ၾကဖို႔ အေလးအနက္တိုက္တြန္းထားတာကိုေတြ႕ရပါတယ္။

ေမး။ ။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကာကြယ္ထိန္းသိမ္းတာနဲ႔ပတ္သက္ၿပီး ကိုရီးယားနဲ႔ ျမန္မာႏိုင္ငံက ဘယ္လိုအေနအထားမ်ိဳးနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားႏိုင္မယ္လို႔ ျမင္ပါသလဲ။

ေျဖ။ ။ ကူးစက္ေရာဂါအတြက္ တုံ႔ျပန္ေဆာင္႐ြက္တာဟာ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲ သလိုမ်ိဳး ၿခိမ္းေျခာက္မႈအမ်ားဆုံးျဖစ္ၿပီး အမ်ိဳးသားေရး စိန္ေခၚမႈတစ္ရပ္လို ျဖစ္ေနပါတယ္။ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးပန္းတိုင္ (SDG: Sustainable Development Goal) ပန္းတိုင္ ၃ ရပ္ မွာ ကမာၻလုံးဆိုင္ရာက်န္းမာေရးအႏၲရာယ္က်ေရာက္မႈအတြက္ ႏိုင္ငံအသီးသီးကေန သတိေပးခ်က္ ေစာေစာထုတ္ျပန္တာ(early warning)၊ ေဘးအႏၲရာယ္က်ေရာက္မႈ ေလွ်ာ့ခ်တာ(risk reduction) ၊ ထိန္းခ်ဳပ္တုံ႔ျပန္ေဆာင္႐ြက္တာ(management)တို႔ ပါဝင္ေနၿပီး ျပည္သူအားလုံး လက္လွမ္းမီႏိုင္တဲ့ က်န္းမာေရး (universal health coverage) ျဖစ္ေနဖို႔လည္း ပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ တုန္းက ဘူဆန္မွာ လုပ္တဲ့ ကိုရီးယား-အာဆီယံ အထူးထိပ္သီးအစည္းအေဝးမွာ ႏိုင္ငံ့ေခါင္းေဆာင္ေတြက ႏိုင္ငံျဖတ္ေက်ာ္ စိန္ေခၚမႈေတြ (transnational challenges)နဲ႔ပတ္သက္လာရင္ တူညီတဲ့တုံ႔ျပန္မႈက အျခားမည္သည့္ အခ်ိန္အခါမ်ားထက္ အေရးပါေၾကာင္းကို တူညီစြာ သိနားလည္ခဲ့ၾကပါတယ္။ ကူးစက္ေရာဂါ တုံ႔ျပန္ေဆာင္႐ြက္ရာမွာ ေစာလွ်င္စြာ စမ္းသပ္ေဖာ္ထုတ္တာ (early detection and testing)၊ ေစာင့္ၾကပ္ၾကည့္ရႈတာ (quarantine) ၊ ကုသေရးလုပ္ငန္း (treatment) ေတြ ၿခဳံငုံပါဝင္ေနတဲ့အေလ်ာက္ ကိုရီးယား-ျမန္မာ ႏွစ္ႏိုင္ငံရဲ႕ best practices အေတြ႕အႀကဳံေတြကို မွ်ေဝတာ၊ နည္းပညာ လႊဲေျပာင္းေပးႏိုင္တာ စသည္ျဖင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့အေနအထား ႀကီးမားတယ္လို႔ ထင္ျမင္မိပါတယ္။

ေမး။ ။ ကို႐ိုနာ ၁၉ စစ္ေဆးတာေတြ၊ ေစာင့္ၾကပ္တာေတြနဲ႔ပတ္သက္ၿပီး ကိုရီးယားႏိုင္ငံဆီမွာ ျမန္မာႏိုင္ငံက ဘယ္လိုသင္ခန္းစာမ်ိဳးေတြ ေလ့လာလို႔ရမလဲ။

ေျဖ။ ။ မၾကာေသးခင္က WHO အေထြေထြအတြင္းေရးမႉးဟာ ကို႐ိုနာေရာဂါပိုး ကူးစက္မႈ ကာကြယ္ေရးနဲ႔ တုံ႔ျပန္ေဆာင္႐ြက္ေရးမွာ အဓိကအေရးႀကီးတာက ဓာတ္ခြဲစမ္းသပ္ျခင္း 'test, test, test' ဟု အေလးထားေျပာၾကားရေလာက္ေအာင္ ေရာဂါကူးစက္ခံရသူကို ေစာစီးစြာ ရွာေဖြေဖာ္ထုတ္ႏိုင္ၿပီး သူတို႔ကို ေစာင့္ၾကပ္ထားရွိကာ ေဒသတြင္းလူမႈအသိုင္းအဝန္းတြင္ အသစ္ကူးစက္ေစမႈကိုကာကြယ္ တားဆီးၿပီး လူနားမ်ားအား ျမန္ဆန္သည့္ ကုသမႈမ်ား ေထာင့္ပံ့ေပးျခင္းသည့္ အလြန္တရာ အေရးႀကီး လွပါတယ္။ ဒီအေျခအေနမွာ ကိုရီးယားေရာဂါေစာင့္ၾကပ္ၾကည့္ရႈေရးအဖြဲ႕ရဲ႕ တင္းမာသည့္က်န္းမာေရးစစ္ေဆးမႈေတြနဲ႔ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈေတြဟာ ႏိုင္ငံတကာအသိုက္အဝန္းတြင္ စံျပေကာင္း ျဖစ္ႏိုင္မယ္လို႔ ျမင္မိပါတယ္။ ကိုရီးယားရဲ႕ drive-through testing stations ေတြကို အေမရိကန္နဲ႔ ဥေရာပႏိုင္ငံအခ်ိဳ႕တြင္ အတုယူေဆာင္႐ြက္လ်က္ရွိပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မေန႔က ျပည္သူမ်ားထံ ပန္ၾကားသည့္ မိန႔္ခြန္းတြင္ အေလးထားေျပာၾကားထားသလို ကို႐ိုနာ ၁၉ အႏၲရာယ္ကို တုံ႔ျပန္ေဆာင္႐ြက္ရာတြင္ ႏိုင္ငံသားမ်ားရဲ႕ စိတ္သေဘာဆႏၵအရ အင္တိုက္အားတိုက္ ပူးေပါင္းေဆာင္႐ြက္မႈဟာ အေရးႀကီး ပါတယ္။ အစိုးရ ထုတ္ျပန္ေၾကညာခ်က္ေတြ၊ တုံ႔ျပန္ေဆာင္႐ြက္ေနမႈေတြနဲ႔ ပတ္သက္ၿပီး ျပည္သူမ်ားက ယုံၾကည္မႈခိုင္မာေစရန္မွာလည္း အျခားအရာမ်ားထက္ အေရးႀကီးတယ္ လို႔ထင္ျမင္မိပါတယ္။

ေမး။ ။ ျမန္မာႏိုင္ငံကို ဝင္လာတဲ့ ကိုရီးယားစီးပြားေရးလုပ္ငန္းရွင္ေတြက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ ရွိပါသလား။

ေျဖ။ ။ အေရာင္းအဝယ္အပိုင္းမွာေတာ့ အခက္အခဲေတြ မ်ားပါတယ္။ ေလေၾကာင္းလိုင္း၊ ဟိုတယ္၊ ခရီးသြားလုပ္ငန္း၊ စားေသာက္ဆိုင္ အစရွိတဲ့ ခရီးသြားလုပ္ငန္းေတြမွာ ခရီးသြားေတြရဲ႕ ဝယ္လိုအား သိသိသာသာက်ဆင္းသြားလို႔ အႀကီးအက်ယ္ပ်က္စီးဆုံးရႈံးမႈေတြ ရင္ဆိုင္ေနရပါတယ္။ ကိုရီးယား သံ႐ုံးကေတာ့ ၿပီးခဲ့တဲ့ ၃လပိုင္း၊ ၁ရက္ေန႔မွာ ဟိုတယ္နဲ႔ ခရီးသြားလာေရး ျပည္ေထာင္စုဝန္ႀကီး ဉီးအုန္းေမာင္နဲ႔ ခရီးသြားလာေရးအပိုင္းမွာ ႀကဳံေတြ႕ေနတဲ့ အခက္အခဲေတြကို ရွင္းလင္းတင္ျပၿပီး တန္ျပန္ေဆြးေႏြးမႈမ်ားျပဳလုပ္တဲ့ ေတြ႕ဆုံေဆြးေႏြးပြဲ က်င္းပခဲ့ပါတယ္။

CMP (Cut-Make-Package) လုပ္ငန္းျဖစ္တဲ့ အထည္ခ်ဳပ္လုပ္ငန္း အေနနဲ႔ ၉၀ရာခိုင္ႏႈန္းအထိ ကုန္ၾကမ္းပစၥည္းမ်ားကို တ႐ုတ္အေပၚကို မွီခိုအားထားေနရတဲ့ လုပ္ငန္းျဖစ္ၿပီး ကုန္ၾကမ္းပစၥည္းမ်ား ေရာင္းဝယ္မႈ မ်ားစြာထိခိုက္တဲ့ အေလ်ာက္ ပုံမွန္လည္ပတ္ေရး ခက္ခဲတဲ့ အေနအထားတြင္ရွိေနပါတယ္။ ဒါ့အျပင္ ကိုရီးယားနဲ႔ ျမန္မာၾကား လုပ္ေဆာင္ေနဆဲ ျဖစ္တဲ့ ဖြံ႕ၿဖိဳးေရးပူးေပါင္းေဆာင္႐ြက္မႈ ပေရာဂ်က္ေတြ ကလည္း ၂ပတ္ေစာင့္ၾကပ္ၾကည့္ရႈျခင္း အစီအစဥ္ေၾကာင့္ ကြင္းဆင္းစစ္ေဆးေရးအဖြဲ႕ေတြကို ဆိုင္းငံ့ထားတဲ့ အေျခအေနျဖစ္ပါတယ္။

ေမး။ ။ ဒီႏွစ္က ကိုရီးယား-ျမန္မာ သံတမန္ဆက္ဆံေရး ၄၅ ႏွစ္ျပည့္လို႔ သိထားပါတယ္ ကိုရီးယားသံ႐ုံးအေနနဲ႔ ဘယ္လိုအစီအစဥ္မ်ား လုပ္ေဆာင္သြားဖို႔ရွိပါသလဲ။

ေျဖ။ ။ မႏွစ္ဟာ ႏွစ္ႏိုင္ငံထိပ္သီးေခါင္းေဆာင္မ်ားၾကား ထိပ္သီးအစည္းအေဝးမ်ား အျပန္အလွန္ က်င္းပ ျပဳလုပ္ႏိုင္ခဲ့လို႔ ထူးျခားတဲ့ ႏွစ္တစ္ႏွစ္ ျဖစ္ခဲ့ပါသည္။ သံတမန္ဆက္ဆံေရး ၄၅ ႏွစ္ျပည့္ေျမာက္တဲ့ ယခုႏွစ္ဟာဆိုရင္ ပိုမိုထူးျခားေကာင္းမြန္တဲ့ ႏွစ္တစ္ႏွစ္အျဖစ္ ပုံေဖာ္သြားၾကရန္မွာ ႏွစ္ႏိုင္ငံလုံး၏ ခိုင္မာတဲ့ ဆႏၵျဖစ္ပါတယ္။ မႏွစ္က ပထမဆုံးအေနျဖင့္ ျမန္မာကို ကိုရီးယားခရီးသြား အေရအတြက္ ၁ သိန္းတက္ ေရာက္ရွိခဲ့ၿပီးလူထုအခ်င္းခ်င္း ႏွီးေႏွာဖလွယ္မႈမ်ား(people-to -people exchange trend) တစ္ခု ျဖစ္လာပါလိမ့္မယ္။ ျမန္မာအလုပ္သမားေစလႊတ္မႈ EPS(Employment Permit System) ကို ယမန္ႏွစ္ထက္ ၇ ဆနီးပါး တိုးျမႇင့္ႏိုင္ခဲ့ပါတယ္။ ကို႐ိုနာကူးစက္ေရာဂါ အေျခအေနေတြေၾကာင့္ အခက္အခဲမ်ားရွိေပမဲ့ ခရီးသြားလုပ္ငန္းႏွင့္ယဥ္ေက်းမႈ ႏွီးေႏွာ ဖလွယ္မႈေတြဟာ မၾကာမီ ျပန္လည္ေဆာင္႐ြက္လာႏိုင္မယ္လို႔ ထင္ျမင္မိပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈအေနျဖင့္ အထည္ခ်ဳပ္လုပ္ငန္းေတြအျပင္ ေမာ္ေတာ္ကားထုတ္လုပ္ေရးလုပ္ငန္း စတဲ့ အမ်ိဳးမ်ိဳးေသာ ကုန္ထုတ္လုပ္ငန္းက႑ေတြနဲ႔ ဘဏ္လုပ္ငန္းဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးတက္ဝင္ ေရာက္လ်က္ရွိေနပါတယ္။ ကိုရီးယား-ျမန္မာ ခ်စ္ၾကည္ေရးတံတား၊ ကိုရီးယား-ျမန္မာ စက္မႈဇုန္ စီမံကိန္း စတဲ့ အႀကီးစားလုပ္ငန္းေတြလည္း အဆင္ေျပေခ်ာေမြ႕စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ လ်က္ရွိေနပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အလူးအလဲခံရတဲ့ တောင်ကိုရီးယားဆီက သင်ခန်းစာ

Image caption သံအမတ် မစ္စတာ လီဆန်းဟွာ

တောင်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကူစက်မှုအများဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကဆိုရင်တစ်ရက်ကိုလူပေါင်း ၉၀၀ ကျော်အထိကူးစက်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကူစက်မှုက တစ်ရက်ကို လူပေါင်း ၁၀၀ အောက်ထိ ကျဆင်း သွားကြောင်းတွေ့ရပါတယ်။ နိုင်ငံကိုလည်းပြည်ဝင်ခွင့်မပိတ်ထားပဲ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတဲ့နိုင်ငံက လူတွေကိုလည်း စိစစ်လက်ခံနေပါတယ်။ ဘယ်လိုနည်းစနစ်တွေနဲ့ ဘယ်လိုကိုင်တွယ်ဆောင်ရွက်နေလဲ။ ဒီနည်းစနစ်တွေကိုရော မြန်မာနိုင်ငံက ဘယ်လိုသင်ခန်းစာယူနိုင်မလဲ။ မြန်မာနိုင်ငံဆိုင်ရာတောင်ကိုရီယားသံအမတ် မစ္စတာ လီဆန်းဟွာ ကို ဘီဘီစီအကြီးတန်းသတင်းထောက် စောရန်နိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။ ။ မကြာသေးမီက ကိုရီးယားနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အတိုချုပ် ပြောပြပေးပါ။

ဖြေ။ ။ အတည်ပြုချက်အသစ်တွေကို လေ့လာကြည့်ပါက အခြေအနေ တိုးတက်တယ်လို့ ယူဆပါတယ်။ ၂လပိုင်း အကုန် အတည်ပြုချက်အသစ် (Peak)မှာ တစ်ရက်လျှင်လူပေါင်း ၉၀၀ကျော်အထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း တစ်ရက်ကို လူပေါင်း ၁၀၀အောက်ထိ ကျဆင်းသွားတာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒါနဲ့တင် ကျေနပ်မနေသင့်ပါဘူး (We should not be complacent)။ ဒယ်ဂူ ဂယောင်းဘို့ဘက်မှာ အတည်ပြုလူနာ ၈၀ရာခိုင်နှုန်းအထက် ရှိတဲ့အတွက် ဒယ်ဂူ ဂယောင်းဘို့ဒေသတွေမှာ အထူးကြပ်မတ်စစ်ဆေးတာနဲ့ ပြန့်ပွားမှု ထိန်းချုပ်တာတွေကတဆင့် ဒေသတွင်း အတည်ပြု လူနာအသစ်တွေ ထပ်မံမတွေ့ရှိတော့တဲ့ အခြေအနေကို မြင်နေရပါတယ်၊ ဆိုးလ်နဲ့ အနီးတဝိုက်ဒေသတွေမှာလည်း ပြန့်ပွားမှု အနည်းငယ် ဖြစ်ပွားနေတဲ့ အတွက် ထိုဒေသအတွင်း ပျံပွားမှုကို ကာကွယ်ရန် ပိုမို ကြိုးပမ်းနေပါတယ်။

မေး။ ။ ကိုရီးယားက ကိုရိုနာရောဂါလက္ခဏာစစ်ဆေးတာ (diagnostic test) ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တာကို အနောက်နိုင်ငံကလည်း အသိအမှတ်ပြုတယ်။ ဘယ်လိုကိုင်တွယ်ဆောင်ရွက်ခဲ့ လဲဆိုတာကို ပြောပြပါဦး။

ဖြေ။ ။ ဝါရှင်တန်ပို့စ်နှင့် နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှုပညာရှင်တွေလို အနောက်တိုင်း မီဒီယာတွေကတော့ ကိုရီးယားရဲ့ စိစစ်စွမ်းရည်ကို အောင်မြင်မှုပုံစံ (Success model) အဖြစ် အကဲဖြတ် ထားပါတယ်။ တစ်နေ့ကို လူ၂သောင်းလောက် ရှိတဲ့ သံသယလူနာများကို ပိုင်ပိုင်နိုင်နိုင် စိစစ်နိုင်တဲ့ နိုင်ငံ ရှားပါတယ်။ ကိုရီးယားမှာ အတည်ပြုလူနာ ၈၀၀၀ ကျော်အထိရှိရတဲ့ အကြောင်းကတော့ ဗိုင်းရပ်လက္ခဏာရှိသူတွေကို စမ်းသပ်ရှာဖွေရာခဲ့တဲ့အတွက်လို့ ပညာရှင်တွေက ပြောပါတယ်။ ပြီးတော့ အတည်ပြုလူနာ အစရှိတဲ့ ကိုရိုနာနဲ့ ပတ်သက်တဲ့ အခြေအနေကို ပြည်သူများထံ ပွင့်လင်းမြင်သာစွာ အသိပေးပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အချိန်နှင့်တပြည်းညီ မျှဝေခဲ့တဲ့ ကျွန်တော်တို့ရဲ့ မူဝါဒကိုလည်း ချီးမြှောက်ကြပါတယ်။ စစ်ဆေးမှု အပိုင်းမှာတော့ ကားထဲကနေ မဆင်းဘဲ ကားပေါ်က စစ်ဆေးခံတဲ့ (Drive-through testing stations) ကို အမေရိကန်အပြင် တခြား နိုင်ငံတွေက စံပြအဖြစ် သတ်မှတ်ထားပါတယ်။

မေး။ ။ ကိုရီးယားကတော့ ကူးစက်ရောဂါ ဖြစ်ပွားတဲ့ နိုင်ငံတွေရဲ့ လူဝင်မှုကို အပြည့်အဝ ပိတ်ပင်တား ဆီးတာမှု မလုပ်ပေမဲ့ နိုင်ငံတွင်း ဝင်ထွက်တဲ့အချိန်မှာ ဘယ်လိုလုပ်ဆောင်ချက်မျိုးနဲ့ virus ဝင်ရောက်မှုနဲ့ ပျံ့ပွားမှုကို ကာကွယ်တားဆီးနေပါသလဲ။

ဖြေ။ ။ ဖြစ်ပွားမှု ပမာဏများတဲ့ အချို့နိုင်ငံတွေကိုတော့ (Special Entry Procedure) ကို သုံးပြီး ဗိုင်းရက်စ် ဝင်ရောက်မှုနဲ့ပျံ့ပွားမှုကို ထိရောက်စွာ ထိန်းချုပ်လျက်ရှိပါတယ်။ သတ်မှတ်ထားတဲ့ နိုင်ငံတွေက ဝင်ရောက်လာသူတွေအနေနဲ့ လေဆိပ်မှာ စမတ်ဖုန်း တစ်ခုချင်းဆီမှာ self- diagnostic application ကို ထည့်သွင်းရပါတယ်။ အဲဒီကတဆင့် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နိုင်ပါတယ်။ အခြေအနေကို Quarantine တာဝန်ရှိသူများထံ နေ့စဉ် အကြောင်းကြားရမှာ ဖြစ်ပါတယ်။ တကယ်လို့ အကြောင်းမကြားတာဖြစ်စေ၊ ကျန်းမာရေးပြသနာရှိသည်ကိုဖြစ်စေ တွေ့မယ်ဆိုရင် ကျန်းမာရေး အာဏာပိုင်တွေက သင့်လျော်တဲ့အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်း လုပ်ပါတယ်။ ဒီစနစ်ကတော့ ကိုရီးယားရဲ့ အဆင့်မြင့်ICT နည်းပညာ အသုံးပြုထားတဲ့ ဆန်းသစ်တဲ့ စောင့်ကြပ်ကြည့်ရှုတဲ့ စနစ်အဖြစ် သတ်မှတ်ခံရပါတယ်။ ကိုရိုနာ အတည်ပြုလူနာ တွေ့မယ်ဆိုရင် အပြင်ထွက်ခွင့် ပိတ်ပင်ပြီး အတည်ပြုလူနာနဲ့ ထိတွေ့ရတဲ့ အုပ်စုကိုလည်း စောင့်ကြပ်ကြည့်ရှုတဲ့ ကာလအတွင်း ထွက်ခွာခွင့်မရပါဘူး။ လေဆိပ်မှာလည်း (3-step detection system) နဲ့ စစ်ဆေးနေဆဲဖြစ်ပြီး အဖျား ချောင်းဆိုး အစရှိတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ လက္ခဏာတွေ့မယ်ဆိုရင် ထွက်ခွာခွင့် ပိတ်တာ ပြုလုပ်ပါတယ်။ ကိုရီးယားနိုင်ငံထဲ(Social Distancing)နဲ့ နိုင်ငံသားများရဲ့ ဆန္ဒအလျောက်ပါဝင်မှုက အလွန် မြင့်မားနေတယ်လို့ သိထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း အကဲဖြတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကိုရိုနာ အခြေအနေက တိတိကျကျ မြန်မြန်ဆန်ဆန် အချက်အလက် မျှဝေတာကတဆင့် အစိုးရ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေရဲ့ ယုံကြည်မှုရယူဖို့က အရေးကြီးတယ်လို့ အတည်ပြုထားပါတယ်။

အစိုးရ လုပ်ဆောင်ချက် တုံ့ပြန်မှု စွမ်းရည်နဲ့ ပတ်သက်တဲ့ ယုံကြည်မှု၊ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ နားလည်မှုကို နောက်ခံပြီး တစ်ကိုယ်ရေ သန့်ရှင်းရေး နဲ့ social distancing မှာ ရင့်ကျက်တဲ့ နိုင်ငံသား တစ်ဉီးချင်းရဲ့ တက်ကြွစွာပါဝင်မှုက အရေး ကြီးပါတယ်။ အစိုးရနှင့် ပြည်သူကြား ယုံကြည်မှုကို တည်ဆောက်ကာ စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြဘဲ တည်ငြိမ်စွာ တုန့်ပြန်ဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း။ မတ်လ ၁၆ ရက်နေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများထံ ပန်ကြားတဲ့မိန့်ခွန်းမှာလည်း စိုးရိမ်ကြီးစွာ ရိက္ခာဝယ်ယူစုဆောင်းတာ၊ မမှန်ကန်သည့် သတင်းတွေ ထုတ်ဝေဖြန့်ဖြူးတာ မလုပ်ကြဖို့ အလေးအနက်တိုက်တွန်းထားတာကိုတွေ့ရပါတယ်။

မေး။ ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး ကိုရီးယားနဲ့ မြန်မာနိုင်ငံက ဘယ်လိုအနေအထားမျိုးနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်မယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ကူးစက်ရောဂါအတွက် တုံ့ပြန်ဆောင်ရွက်တာဟာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲ သလိုမျိုး ခြိမ်းခြောက်မှုအများဆုံးဖြစ်ပြီး အမျိုးသားရေး စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG: Sustainable Development Goal) ပန်းတိုင် ၃ ရပ် မှာ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအန္တရာယ်ကျရောက်မှုအတွက် နိုင်ငံအသီးသီးကနေ သတိပေးချက် စောစောထုတ်ပြန်တာ(early warning)၊ ဘေးအန္တရာယ်ကျရောက်မှု လျှော့ချတာ(risk reduction) ၊ ထိန်းချုပ်တုံ့ပြန်ဆောင်ရွက်တာ(management)တို့ ပါဝင်နေပြီး ပြည်သူအားလုံး လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး (universal health coverage) ဖြစ်နေဖို့လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းက ဘူဆန်မှာ လုပ်တဲ့ ကိုရီးယား-အာဆီယံ အထူးထိပ်သီးအစည်းအဝေးမှာ နိုင်ငံ့ခေါင်းဆောင်တွေက နိုင်ငံဖြတ်ကျော် စိန်ခေါ်မှုတွေ (transnational challenges)နဲ့ပတ်သက်လာရင် တူညီတဲ့တုံ့ပြန်မှုက အခြားမည်သည့် အချိန်အခါများထက် အရေးပါကြောင်းကို တူညီစွာ သိနားလည်ခဲ့ကြပါတယ်။ ကူးစက်ရောဂါ တုံ့ပြန်ဆောင်ရွက်ရာမှာ စောလျှင်စွာ စမ်းသပ်ဖော်ထုတ်တာ (early detection and testing)၊ စောင့်ကြပ်ကြည့်ရှုတာ (quarantine) ၊ ကုသရေးလုပ်ငန်း (treatment) တွေ ခြုံငုံပါဝင်နေတဲ့အလျောက် ကိုရီးယား-မြန်မာ နှစ်နိုင်ငံရဲ့ best practices အတွေ့အကြုံတွေကို မျှဝေတာ၊ နည်းပညာ လွှဲပြောင်းပေးနိုင်တာ စသည်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အနေအထား ကြီးမားတယ်လို့ ထင်မြင်မိပါတယ်။

မေး။ ။ ကိုရိုနာ ၁၉ စစ်ဆေးတာတွေ၊ စောင့်ကြပ်တာတွေနဲ့ပတ်သက်ပြီး ကိုရီးယားနိုင်ငံဆီမှာ မြန်မာနိုင်ငံက ဘယ်လိုသင်ခန်းစာမျိုးတွေ လေ့လာလို့ရမလဲ။

ဖြေ။ ။ မကြာသေးခင်က WHO အထွေထွေအတွင်းရေးမှူးဟာ ကိုရိုနာရောဂါပိုး ကူးစက်မှု ကာကွယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေးမှာ အဓိကအရေးကြီးတာက ဓာတ်ခွဲစမ်းသပ်ခြင်း 'test, test, test' ဟု အလေးထားပြောကြားရလောက်အောင် ရောဂါကူးစက်ခံရသူကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ပြီး သူတို့ကို စောင့်ကြပ်ထားရှိကာ ဒေသတွင်းလူမှုအသိုင်းအဝန်းတွင် အသစ်ကူးစက်စေမှုကိုကာကွယ် တားဆီးပြီး လူနားများအား မြန်ဆန်သည့် ကုသမှုများ ထောင့်ပံ့ပေးခြင်းသည့် အလွန်တရာ အရေးကြီး လှပါတယ်။ ဒီအခြေအနေမှာ ကိုရီးယားရောဂါစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ရဲ့ တင်းမာသည့်ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုမှုတွေဟာ နိုင်ငံတကာအသိုက်အဝန်းတွင် စံပြကောင်း ဖြစ်နိုင်မယ်လို့ မြင်မိပါတယ်။ ကိုရီးယားရဲ့ drive-through testing stations တွေကို အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့တွင် အတုယူဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မနေ့က ပြည်သူများထံ ပန်ကြားသည့် မိန့်ခွန်းတွင် အလေးထားပြောကြားထားသလို ကိုရိုနာ ၁၉ အန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်ရာတွင် နိုင်ငံသားများရဲ့ စိတ်သဘောဆန္ဒအရ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီး ပါတယ်။ အစိုးရ ထုတ်ပြန်ကြေညာချက်တွေ၊ တုံ့ပြန်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူများက ယုံကြည်မှုခိုင်မာစေရန်မှာလည်း အခြားအရာများထက် အရေးကြီးတယ် လို့ထင်မြင်မိပါတယ်။

မေး။ ။ မြန်မာနိုင်ငံကို ဝင်လာတဲ့ ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိပါသလား။

ဖြေ။ ။ အရောင်းအဝယ်အပိုင်းမှာတော့ အခက်အခဲတွေ များပါတယ်။ လေကြောင်းလိုင်း၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင် အစရှိတဲ့ ခရီးသွားလုပ်ငန်းတွေမှာ ခရီးသွားတွေရဲ့ ဝယ်လိုအား သိသိသာသာကျဆင်းသွားလို့ အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေ ရင်ဆိုင်နေရပါတယ်။ ကိုရီးယား သံရုံးကတော့ ပြီးခဲ့တဲ့ ၃လပိုင်း၊ ၁ရက်နေ့မှာ ဟိုတယ်နဲ့ ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နဲ့ ခရီးသွားလာရေးအပိုင်းမှာ ကြုံတွေ့နေတဲ့ အခက်အခဲတွေကို ရှင်းလင်းတင်ပြပြီး တန်ပြန်ဆွေးနွေးမှုများပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

CMP (Cut-Make-Package) လုပ်ငန်းဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း အနေနဲ့ ၉၀ရာခိုင်နှုန်းအထိ ကုန်ကြမ်းပစ္စည်းများကို တရုတ်အပေါ်ကို မှီခိုအားထားနေရတဲ့ လုပ်ငန်းဖြစ်ပြီး ကုန်ကြမ်းပစ္စည်းများ ရောင်းဝယ်မှု များစွာထိခိုက်တဲ့ အလျောက် ပုံမှန်လည်ပတ်ရေး ခက်ခဲတဲ့ အနေအထားတွင်ရှိနေပါတယ်။ ဒါ့အပြင် ကိုရီးယားနဲ့ မြန်မာကြား လုပ်ဆောင်နေဆဲ ဖြစ်တဲ့ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု ပရောဂျက်တွေ ကလည်း ၂ပတ်စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်ကြောင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေကို ဆိုင်းငံ့ထားတဲ့ အခြေအနေဖြစ်ပါတယ်။

မြန်မာနဲ့ တောင်ကိုရီးယားရဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ မိတ်ဖက်ဆက်ဆံရေး

မေး။ ။ ဒီနှစ်က ကိုရီးယား-မြန်မာ သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်လို့ သိထားပါတယ် ကိုရီးယားသံရုံးအနေနဲ့ ဘယ်လိုအစီအစဉ်များ လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ မနှစ်ဟာ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များကြား ထိပ်သီးအစည်းအဝေးများ အပြန်အလှန် ကျင်းပ ပြုလုပ်နိုင်ခဲ့လို့ ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်မြောက်တဲ့ ယခုနှစ်ဟာဆိုရင် ပိုမိုထူးခြားကောင်းမွန်တဲ့ နှစ်တစ်နှစ်အဖြစ် ပုံဖော်သွားကြရန်မှာ နှစ်နိုင်ငံလုံး၏ ခိုင်မာတဲ့ ဆန္ဒဖြစ်ပါတယ်။ မနှစ်က ပထမဆုံးအနေဖြင့် မြန်မာကို ကိုရီးယားခရီးသွား အရေအတွက် ၁ သိန်းတက် ရောက်ရှိခဲ့ပြီးလူထုအချင်းချင်း နှီးနှောဖလှယ်မှုများ(people-to -people exchange trend) တစ်ခု ဖြစ်လာပါလိမ့်မယ်။ မြန်မာအလုပ်သမားစေလွှတ်မှု EPS(Employment Permit System) ကို ယမန်နှစ်ထက် ၇ ဆနီးပါး တိုးမြှင့်နိုင်ခဲ့ပါတယ်။ ကိုရိုနာကူးစက်ရောဂါ အခြေအနေတွေကြောင့် အခက်အခဲများရှိပေမဲ့ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှု နှီးနှော ဖလှယ်မှုတွေဟာ မကြာမီ ပြန်လည်ဆောင်ရွက်လာနိုင်မယ်လို့ ထင်မြင်မိပါတယ်။

ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အထည်ချုပ်လုပ်ငန်းတွေအပြင် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း စတဲ့ အမျိုးမျိုးသော ကုန်ထုတ်လုပ်ငန်းကဏ္ဍတွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင် ရောက်လျက်ရှိနေပါတယ်။ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား၊ ကိုရီးယား-မြန်မာ စက်မှုဇုန် စီမံကိန်း စတဲ့ အကြီးစားလုပ်ငန်းတွေလည်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ အလူးအလဲခံရတဲ့ ေတာင္ကိုရီးယားဆီက သင္ခန္းစာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ အလူးအလဲခံရတဲ့ ေတာင္ကိုရီးယားဆီက သင္ခန္းစာ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.