ကာလီဖိုးနီးယားလူထု အိမ္ထဲမွာပဲေနဖို႔ အုပ္ခ်ဳပ္ေရးမွဴး အမိန္႔ထုတ္


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု California ျပည္နယ္ထဲမွာ Coronavirus ပိုးကူးစက္ပ်ံ႕ပြားမႈထိန္းခ်ဳပ္ႏိ္ုင္ဖုိ႔အတြက္ ျပည္နယ္ထဲကလူေပါင္း သန္း ၄၀ ေလာက္ကို အိမ္ထဲမွာပဲေနဖုိ႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Gavin Newsom က အမိန္႔ထုတ္လိုက္ပါတယ္။

ၾကာသပေတးေန႔ ညပိုင္းကစလုိ႔ California ျပည္နယ္တခုလံုးမွာ ႐ွိေနၾကသူေတြကို ေနအိမ္ေတြမွာပဲ ေနၾကဖုိ႔ အမိန္႔ထုတ္တယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Newsom မေန႔က ေၾကညာခဲ့တာျဖစ္ပါတယ္။ ဒီအမိန္႔ကို ျပည္သူေတြလိုက္နာၾကမယ္လို႔ အခိုင္အမာယံုၾကည္တယ္လို႔လည္း ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

California ျပည္နယ္တဝန္း Coronavirus ပိုးကူးစက္သူ ၁,၀၀၀ ေက်ာ္နဲ႔ ၁၉ ေယာက္ ေသဆံုးခဲ့ၿပီးေနာက္ မလိုအပ္ရင္ အိမ္ျပင္မထြက္ဖုိ႔ ကန္႔သတ္ခ်က္ကို ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

ျပည္နယ္ထဲမွာ ေရာဂါပိုးကူးစက္သူအေရအတြက္ တိုးမယ္လို႔ ခန္႔မွန္းထားခ်ိန္မွာ ေရတပ္စစ္ေဆး႐ံုသေဘၤာ တစီးကို Los Angeles ဆိပ္ကမ္းကို ေစလႊတ္ေပးဖုိ႔အတြက္လည္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Newsom က သမၼတ Donald Trump ဆီကို စာေရးသား ေတာင္းဆိုထားပါတယ္။

အေမရိကန္ျပည္ေထာင္စုတဝန္းမွာေတာ့ ေရာဂါပိုးကူးစက္သူ ၁၄,၀၀၀ ေက်ာ္၊ ေသဆံုးသူ ၂၀၀ ေက်ာ္႐ွိပါတယ္။ ကမာၻတဝန္းမွာ Coronavirus ပိုးေၾကာင့္ ေသဆံုးသူ ဒီကေန႔ ၁၀,၀၀၀ ေက်ာ္သြားပါၿပီ။ COVID-19 ေရာဂါျဖစ္ေနသူကလည္း ၂၄၄,၀၀၀ ေက်ာ္ျဖစ္ေနပါတယ္။

ေရာဂါပိုး စတင္ကူးစက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာ ပိုးေနာက္ထပ္ ကူးစက္သူ မ႐ွိတာ ၂ ရက္႐ွိသြားေပမဲ့ လက္႐ွိေရာဂါပိုးကူးစက္မႈ အမ်ားဆံုးျဖစ္ေနတဲ့ အီတလီႏိုင္ငံမွာေတာ့ ေသဆံုးသူအေရအတြက္ဟာ တ႐ုတ္ႏိုင္ငံက ေသဆံုးသူ အေရအတြက္ထက္ ေက်ာ္လြန္သြားပါၿပီ။ အီတလီႏို္င္ငံမွာ ေသဆံုးသူ ၃,၄၀၅ ေယာက္႐ွိတယ္လို႔ အီတလီတာဝန္႐ွိသူေတြက ၾကာသပေတးေန႔က ေၾကညာပါတယ္။

တ႐ုတ္ႏိုင္ငံမွာေတာ့ စုစုေပါင္းေသဆံုးသူက ၃,၂၄၈ ေယာက္ျဖစ္ပါတယ္။ တ႐ုတ္ၿပီးရင္ အာ႐ွမွာ ကူးစက္သူအမ်ားဆံုး ေတာင္ကိုရီးယားႏိုင္ငံမွာ ေန႔စဥ္ပိုးကူးစက္သူအေရအတြက္ ၁၀၀ ေအာက္ေရာက္ေနရာက ျပန္မ်ားေနၿပီး ၾကာသပေတးေန႔က ကူးစက္သူ ၁၅၂ ေယာက္ ႐ွိခဲ့ပါတယ္။

ဂ်ာမနီႏိုင္ငံမွာလည္း ၾကာသပေတးေန႔က ေရာဂါပုိးကူးစက္သူအသစ္ ၂,၈၀၀ အထိတိုးသြားခဲ့ပါတယ္။ တေယာက္နဲ႔တေယာက္ ခပ္ခြာခြာမေနၾကတာအပါအဝင္ ပိုးမကူးေအာင္ ေ႐ွာင္ၾကဥ္သင့္တဲ့ကိစၥေတြကို အေသအခ်ာ မလိုက္နာဘူးဆုိရင္ ဂ်ာမန္ ၁၀ သန္းေလာက္အထိ ေရာဂါပုိးကူးစက္ႏိုင္တယ္လို႔ တာဝန္႐ွိသူေတြက သတိေပးထားပါတယ္။

Australia နဲ႔ New Zealand ႏိုင္ငံတို႔မွာေတာ့ Coronavirus ပိုးကူးစက္မႈ ထိန္းခ်ဳပ္တဲ့အေနန႔ဲ ႏိုင္ငံသားနဲ႔ အၿမဲတမ္းေနထိုင္သူမဟုတ္ရင္ ႏိုင္ငံထဲဝင္ခြင့္ကို ဒီကေန႔ကစၿပီး တားျမစ္ထားပါတယ္။

[Unicode Version]

ကာလီဖိုးနီးယားလူထု အိမ်ထဲမှာပဲနေဖို့ အုပ်ချုပ်ရေးမှူး အမိန့်ထုတ်

အမေရိကန်ပြည်ထောင်စု California ပြည်နယ်ထဲမှာ Coronavirus ပိုးကူးစက်ပျံ့ပွားမှုထိန်းချုပ်နိုင်ဖို့အတွက် ပြည်နယ်ထဲကလူပေါင်း သန်း ၄၀ လောက်ကို အိမ်ထဲမှာပဲနေဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က အမိန့်ထုတ်လိုက်ပါတယ်။

ကြာသပတေးနေ့ ညပိုင်းကစလို့ California ပြည်နယ်တခုလုံးမှာ ရှိနေကြသူတွေကို နေအိမ်တွေမှာပဲ နေကြဖို့ အမိန့်ထုတ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီအမိန့်ကို ပြည်သူတွေလိုက်နာကြမယ်လို့ အခိုင်အမာယုံကြည်တယ်လို့လည်း ပြည်နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။

California ပြည်နယ်တဝန်း Coronavirus ပိုးကူးစက်သူ ၁,၀၀၀ ကျော်နဲ့ ၁၉ ယောက် သေဆုံးခဲ့ပြီးနောက် မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ ကန့်သတ်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြည်နယ်ထဲမှာ ရောဂါပိုးကူးစက်သူအရေအတွက် တိုးမယ်လို့ ခန့်မှန်းထားချိန်မှာ ရေတပ်စစ်ဆေးရုံသင်္ဘော တစီးကို Los Angeles ဆိပ်ကမ်းကို စေလွှတ်ပေးဖို့အတွက်လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom က သမ္မတ Donald Trump ဆီကို စာရေးသား တောင်းဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စုတဝန်းမှာတော့ ရောဂါပိုးကူးစက်သူ ၁၄,၀၀၀ ကျော်၊ သေဆုံးသူ ၂၀၀ ကျော်ရှိပါတယ်။ ကမ္ဘာတဝန်းမှာ Coronavirus ပိုးကြောင့် သေဆုံးသူ ဒီကနေ့ ၁၀,၀၀၀ ကျော်သွားပါပြီ။ COVID-19 ရောဂါဖြစ်နေသူကလည်း ၂၄၄,၀၀၀ ကျော်ဖြစ်နေပါတယ်။

ရောဂါပိုး စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ပိုးနောက်ထပ် ကူးစက်သူ မရှိတာ ၂ ရက်ရှိသွားပေမဲ့ လက်ရှိရောဂါပိုးကူးစက်မှု အများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံမှာတော့ သေဆုံးသူအရေအတွက်ဟာ တရုတ်နိုင်ငံက သေဆုံးသူ အရေအတွက်ထက် ကျော်လွန်သွားပါပြီ။ အီတလီနိုင်ငံမှာ သေဆုံးသူ ၃,၄၀၅ ယောက်ရှိတယ်လို့ အီတလီတာဝန်ရှိသူတွေက ကြာသပတေးနေ့က ကြေညာပါတယ်။

တရုတ်နိုင်ငံမှာတော့ စုစုပေါင်းသေဆုံးသူက ၃,၂၄၈ ယောက်ဖြစ်ပါတယ်။ တရုတ်ပြီးရင် အာရှမှာ ကူးစက်သူအများဆုံး တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ်ပိုးကူးစက်သူအရေအတွက် ၁၀၀ အောက်ရောက်နေရာက ပြန်များနေပြီး ကြာသပတေးနေ့က ကူးစက်သူ ၁၅၂ ယောက် ရှိခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ကြာသပတေးနေ့က ရောဂါပိုးကူးစက်သူအသစ် ၂,၈၀၀ အထိတိုးသွားခဲ့ပါတယ်။ တယောက်နဲ့တယောက် ခပ်ခွာခွာမနေကြတာအပါအဝင် ပိုးမကူးအောင် ရှောင်ကြဉ်သင့်တဲ့ကိစ္စတွေကို အသေအချာ မလိုက်နာဘူးဆိုရင် ဂျာမန် ၁၀ သန်းလောက်အထိ ရောဂါပိုးကူးစက်နိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Australia နဲ့ New Zealand နိုင်ငံတို့မှာတော့ Coronavirus ပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူမဟုတ်ရင် နိုင်ငံထဲဝင်ခွင့်ကို ဒီကနေ့ကစပြီး တားမြစ်ထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကာလီဖိုးနီးယားလူထု အိမ္ထဲမွာပဲေနဖို႔ အုပ္ခ်ဳပ္ေရးမွဴး အမိန္႔ထုတ္ ကာလီဖိုးနီးယားလူထု အိမ္ထဲမွာပဲေနဖို႔ အုပ္ခ်ဳပ္ေရးမွဴး အမိန္႔ထုတ္ Reviewed by THITHTOOLWIN on 00:17 Rating: 5
Powered by Blogger.