ဒီခ်ဳပ္ခ႐ိုင္အတြင္းေရးမွဴးဆိုသူက မူလတန္းေက်ာင္းအုပ္ဆရာမတစ္ဦးကို ဖိနပ္နဲ႔ ပါး႐ိုက္တဲ့အတြက္ ေက်ာင္အုပ္ဆရာမမွ တရား႐ုံးမွာ အမႈဖြင့္

(Zawgyi)⤵⤵⤵
တာခ်ီလိတ္၊ မတ္ ၁၉

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခ႐ိုင္NLD အတြင္းေရးမွဴးဆိုသူကို မူလတန္းေက်ာင္းအုပ္ဆရာမတစ္ဦးမွ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔က ၿမိဳ႕နယ္တရား႐ုံးမွာ ရာဇသတ္ႀကီးပုဒ္မ ၃၅၄၊၃၂၃တို႔နဲ႔ ဦးတိုက္ေလွ်ာက္ထားစြဲဆိုခဲ့တယ္လို႔ သတင္းရရွိပါတယ္။

တရားစြဲဆိုသူက တာခ်ီလိတ္ၿမိဳ႕နယ္၊ ခ်စ္ထူေက်း႐ြာမူလတန္းေက်ာင္းအုပ္ ေဒၚဇင္ဇင္မ်ိဳးျဖစ္ၿပီး စြဲဆိုခံရသူကေတာ့ တာခ်ီလိတ္ခ႐ိုင္NLD အတြင္းေရးမွဴးတစ္ဦးျဖစ္သူ ဦးမိုးမင္းဆိုသူျဖစ္တယ္လို႔ တရားလိုေျပာျပခ်က္အရ သိရပါတယ္။

အခင္းျဖစ္ပြားရာ ၂၀၂၀ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၈ရက္ေန႔ ၊ ေန႔လည္ ၂နာရီ၁၅မိနစ္ခန္႔က ဆရာမတာဝန္က်ရာ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ခ်စ္ထူေက်ာင္းကို ဦးမိုးမင္းနဲ႔ ဦးရဲနီထြန္းတို႔ ဆိုင္ကယ္နဲ႔ ေရာက္ရွိလာခဲ့ၾကတယ္လို႔ ဆိုပါတယ္။

"သူ႔အမ်ိဳးသမီးနဲ႔ ကြၽန္မက ေငြေရးေၾကးေရးကိစၥရွိတယ္ရွင့္။ ကြၽန္မက အဲဒီေန႔က လာမယ္လို႔ မထင္ဘူး။ ကြၽန္မက ေက်ာင္းထဲမွာ စာသင္ေနတာ ၊ အလႉရွင္ေတြက ေခါက္ဆြဲေၾကာ္လာေကြၽးမယ္ၾကားလို႔ ေစာင့္ေနတာ။ အဲဒီအခ်ိန္မွာပဲ NLD အတြင္းေရးမႉး ဦးမိုးမင္းနဲ႔ ဒုတိယဥကၠဌ ဦးရဲနီထြန္းတို႔ေရာက္လာၾကတယ္။ အက်ႌ အမဲေရာင္ဆင္တူ ႏွစ္ေယာက္ဝတ္လာၾကတယ္။ စာတန္းပါတယ္။ NLDက အက်ႌ​ျဖစ္တယ္။ ပုဆိုးက အစိမ္းေရာင္အမဲကြက္နဲ႔ သူက ကြၽန္မကို လက္ယပ္လွမ္းေခၚတယ္။ ကြၽန္မက အခန္းတံခါးေပါက္ရဲ႕ေရွနားေလးမွာပဲ ဘာလို႔ဖုန္းမဆက္တာလဲလို႔ တစ္ခြန္းပဲေျပာရေသးတယ္။ သူက ညာဘက္ဖိနပ္နဲ႔ခြၽတ္ၿပီးေတာ့ ကြၽန္မပါးကို ႐ိုက္လိုက္တယ္"လို႔ ဦးတိုက္ေလွ်ာက္ထားသူ ေဒၚဇင္ဇင္မိုးက ေ႐ႊႀတိဂံေဒသ သတင္းကို ေျပာပါတယ္။

အခင္းျဖစ္ပြားၿပီးေနာက္ ေဒၚဇင္ဇင္မိုးက ၿမိဳ႕ကသက္ဆိုင္ရာတာဝန္ရွိသူေတြကို ဆက္သြယ္တိုင္ၾကားခဲ့တယ္လို႔ ဆိုပါတယ္။

"ဆရာႀကီးေတြဆီကိုေပါ့။ ဖုန္းဆက္လိုက္တယ္။ ခုခ်က္ခ်င္းပဲ ဆင္းလာခဲ့ပါေပါ့။ ႐ုံးမွာပဲရွင္းၾကမယ္ေပါ့။ ကြၽန္မလည္း ဆရာႀကီးေတြဆီေရာက္ေတာ့ သူ႔အမ်ိဳးသမီးလည္းေရာက္ေနတယ္။ သူလည္းကြၽန္မလို မူလတန္းေက်ာင္းအုပ္ပဲ။ ဆရာႀကီးေတြက အုပ္ခ်ဳပ္ေရးမႉးေတြကို ေခၚထားၿပီးေတာ့ ညႇိႏႈိင္းမယ္ေပါ့။ ဘယ္လိုျဖစ္ခ်င္သလဲဆိုေတာ့ ကြၽန္မက ေတာင္းပန္ရင္ေက်နပ္မယ္ေပါ့။ သူ႔အမ်ိဳးသမီးက ၃နာရီသာ ခြဲသြားတယ္။ လုံးဝမေတာင္းပန္ဘူး။ စိတ္ေတြတိုၿပီး ကြၽန္မကိုဆဲဆိုၿပီးေတာ့မွ တိုင္ခ်င္လည္းတိုင္၊ သူ႔အမ်ိဳးသားေထာင္က်လဲက်ေပါ့။ အဲဒါ ပညာေရးမႉးကေနၿပီးေတာ့ တရား႐ုံးသြားၿပီးေတာ့သာ တိုင္လိုက္ေတာ့ေပါ့။ ကြၽန္မတို႔ ၁၈ရက္ေန႔ ညေနအထိ မတိုင္ေသးဘူး။ ကြၽန္မက NLDက ဦးခင္ေမာင္တင့္(ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္)ရဲ႕အမ်ိဳးသမီးဆီသြားၿပီး ဒီလိုဒီလို ျဖစ္သြားတယ္ဆိုေတာ့ သူက ဘယ္မွမတိုင္ပါနဲ႔အုံး၊ သူေျပာၾကည့္ေပးပါ့မယ္ဆိုေတာ့ ညက်ေတာ့ သူတို႔ ေက်ာင္းလာတဲ့ႏွစ္ေယာက္ကို ေခၚတယ္။ ဒီလိုျဖစ္သြားတာ ခင္ဗ်ားတို႔ ေတာင္းပန္လိုက္ဆိုေတာ့ ဦးရဲနီထြန္းကေတာ့ ေတာင္းပန္မယ္၊ဦးမိုးမင္းကေတာ့ မေတာင္းပန္ဘူးေပါ့။ ပါတီကလည္းႏႈတ္ထြက္မယ္၊ သူ႔လမ္းသူေလ်ာက္မယ္ေျပာတယ္တဲ့။ ညီမေလး ေဆာင္႐ြက္စရာရွိတာ ေဆာင္႐ြက္လိုက္‌ေတာ့ေပါ့။ မနက္က်ေတာ့ ဦးခင္ေမာင္တင့္ဇနီးက ေခၚေျပာတာ၊ အဲေတာ့ ကြၽန္မတို႔က စခန္းကိုသြားတယ္။ စခန္းကလည္း ညႇိဳၾကပါဦးလို႔ ေျပာတာေပါ့။ အမႈမဖြင့္ဘူး၊ ကြၽန္မေဆး႐ုံကို သြားေတာ့လည္း NLD က တစ္ေယာက္ကို ေတြ႕တယ္။ ညႇိႏႈိင္းမယ္ဆိုၿပီးေတာ့ ေဆးစာမရဘူး။ ဒါေၾကာင့္ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာ ကြၽန္မ တရား႐ုံးကို ဦးတိုက္ေလွ်ာက္လိုက္တာ ညေန ၃နာရီခြဲမွာ။ သူတို႔၁၈ ရက္ေန႔ ျဖစ္ျဖစ္ခ်င္းကတည္းက ေတာင္းပန္လိုက္ရင္ ၿပီးသြားၿပီ"လို႔ ေဒၚဇင္ဇင္မိုးက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေဒၚဇင္ဇင္မိုးဘက္က အက်ိဳးေဆာင္အျဖစ္ လိုက္ပါေဆာင္႐ြက္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးၾကည္ဝင္းေမာင္ကို ဆက္သြယ္ေမးျမန္းရာမွာ အမႈကေတာ့၂၃ရက္ေန႔ခ်ိန္းထားၿပီး ရာဇသတ္ႀကီးပုဒ္မ၄၅၄ အမ်ိဳးသမီးကာအိ​ေျႏၵပ်က္ေစမႈ ၊ပုဒ္မ၃၂၃ သာမာန္နာက်င္ေစမႈေတြနဲ႔ျဖစ္တယ္လို႔ ေျပာပါတယ္။

ဆက္လက္ၿပီးေတာ့ တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးခင္ေမာင္နင့္ကို ေ႐ႊႀတိဂံေဒသ သတင္းဌာနမွ မတ္လ၁၉ရက္ေန႔ ေန႔လည္ပိုင္းက ဆက္သြယ္ေမးျမန္းရာမွာ ခရီးကခုမွျပန္ေရာက္လာလို႔ ဘာမွေသခ်ာမသိရေသးေၾကာင္းနဲ႔ ေနာက္တစ္နာရီအၾကာေလာက္မွ ဆက္သြယ္ဖို႔ ျပန္လည္ေျဖၾကခဲ့ပါတယ္။

​ေငြေၾကးကိစၥနဲ႔ပတ္သက္ၿပီး ေဒၚဇင္ဇင္မိုးကို ေမးျမန္းရာမွာ၂၀၁၈ခုႏွစ္၊ ၈လပိုင္းကတည္းက စာခ်ဳပ္နဲ႔ က်ပ္သိန္း၅၀ကို အတိုး၈ က်ပ္နဲ႔ ေခ်းယူထားတာျဖစ္ၿပီး အတိုးေတြမ်ားၿပီး ဆက္မေပးႏိုင္ေတာ့လို႔ ​မၾကာေသးခင္ကမွ ေခတၱရပ္နားထားတာလို႔ ဆိုပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဘာမ်ားထပ္ၿပီးေျပာလိုသလဲလို႔ ေဒၚဇင္ဇင္မိုးကို ေမးရာမွာ "အက်ႌကလည္း အမဲေရာင္ႏွစ္ေယာက္ ဆင္တူဝတ္ထားတယ္။ ေနာက္ေက်ာမွာစာတန္းေတြပါတယ္။ စာတန္း၂တန္းေတာ့ပါတယ္။ ကြၽန္မဆီကိုလာတိုင္း NLDရင္ထိုးႀကီးထိုးလာတယ္။ က်မကို ပါး႐ိုက္လိုက္ေတာ့ ရြာက လူႀကီးေတြက စိတ္ပူၿပီးလာေမးၾကတယ္။ ရြာကလူႀကီးေတြကိုလည္း သူက NLDခ႐ိုင္အတြင္းေရးမွဴးဆိုၿပီးေျပာတယ္။ အဲဒီဝတ္စုံႀကီးဝတ္လာၿပီးေတာ့ လာတဲ့အခါ ႐ြာကလူေတြက ေၾကာက္ေအာင္လို႔လား၊ ကြၽန္မနားလည္တာက ဒီဝတ္စုံဝတ္ထားတယ္ဆို ျပည္သူေတြက ေလးစားေနရမွာ မဟုတ္လား။ သူတို႔ကို ေၾကာက္ေစခ်င္လို႔ ဝတ္လာတာလား"လို႔ ဆက္ေျပာပါတယ္။

သတင္း-ေ႐ႊႀတိဂံေဒသ သတင္းဌာန
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ဒီချုပ်ခရိုင်အတွင်းရေးမှူးဆိုသူက မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးကို ဖိနပ်နဲ့ ပါးရိုက်တဲ့အတွက် ကျောင်အုပ်ဆရာမမှ တရားရုံးမှာ အမှုဖွင့်

တာချီလိတ်၊ မတ် ၁၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်NLD အတွင်းရေးမှူးဆိုသူကို မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးမှ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၅၄၊၃၂၃တို့နဲ့ ဦးတိုက်လျှောက်ထားစွဲဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။

တရားစွဲဆိုသူက တာချီလိတ်မြို့နယ်၊ ချစ်ထူကျေးရွာမူလတန်းကျောင်းအုပ် ဒေါ်ဇင်ဇင်မျိုးဖြစ်ပြီး စွဲဆိုခံရသူကတော့ တာချီလိတ်ခရိုင်NLD အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးမိုးမင်းဆိုသူဖြစ်တယ်လို့ တရားလိုပြောပြချက်အရ သိရပါတယ်။

အခင်းဖြစ်ပွားရာ ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ရက်နေ့ ၊ နေ့လည် ၂နာရီ၁၅မိနစ်ခန့်က ဆရာမတာဝန်ကျရာ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ချစ်ထူကျောင်းကို ဦးမိုးမင်းနဲ့ ဦးရဲနီထွန်းတို့ ဆိုင်ကယ်နဲ့ ရောက်ရှိလာခဲ့ကြတယ်လို့ ဆိုပါတယ်။

"သူ့အမျိုးသမီးနဲ့ ကျွန်မက ငွေရေးကြေးရေးကိစ္စရှိတယ်ရှင့်။ ကျွန်မက အဲဒီနေ့က လာမယ်လို့ မထင်ဘူး။ ကျွန်မက ကျောင်းထဲမှာ စာသင်နေတာ ၊ အလှူရှင်တွေက ခေါက်ဆွဲကြော်လာကျွေးမယ်ကြားလို့ စောင့်နေတာ။ အဲဒီအချိန်မှာပဲ NLD အတွင်းရေးမှူး ဦးမိုးမင်းနဲ့ ဒုတိယဥက္ကဌ ဦးရဲနီထွန်းတို့ရောက်လာကြတယ်။ အင်္ကျီ အမဲရောင်ဆင်တူ နှစ်ယောက်ဝတ်လာကြတယ်။ စာတန်းပါတယ်။ NLDက အင်္ကျီဖြစ်တယ်။ ပုဆိုးက အစိမ်းရောင်အမဲကွက်နဲ့ သူက ကျွန်မကို လက်ယပ်လှမ်းခေါ်တယ်။ ကျွန်မက အခန်းတံခါးပေါက်ရဲ့ရှေနားလေးမှာပဲ ဘာလို့ဖုန်းမဆက်တာလဲလို့ တစ်ခွန်းပဲပြောရသေးတယ်။ သူက ညာဘက်ဖိနပ်နဲ့ချွတ်ပြီးတော့ ကျွန်မပါးကို ရိုက်လိုက်တယ်"လို့ ဦးတိုက်လျှောက်ထားသူ ဒေါ်ဇင်ဇင်မိုးက ရွှေတြိဂံဒေသ သတင်းကို ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ဒေါ်ဇင်ဇင်မိုးက မြို့ကသက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်သွယ်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

"ဆရာကြီးတွေဆီကိုပေါ့။ ဖုန်းဆက်လိုက်တယ်။ ခုချက်ချင်းပဲ ဆင်းလာခဲ့ပါပေါ့။ ရုံးမှာပဲရှင်းကြမယ်ပေါ့။ ကျွန်မလည်း ဆရာကြီးတွေဆီရောက်တော့ သူ့အမျိုးသမီးလည်းရောက်နေတယ်။ သူလည်းကျွန်မလို မူလတန်းကျောင်းအုပ်ပဲ။ ဆရာကြီးတွေက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ထားပြီးတော့ ညှိနှိုင်းမယ်ပေါ့။ ဘယ်လိုဖြစ်ချင်သလဲဆိုတော့ ကျွန်မက တောင်းပန်ရင်ကျေနပ်မယ်ပေါ့။ သူ့အမျိုးသမီးက ၃နာရီသာ ခွဲသွားတယ်။ လုံးဝမတောင်းပန်ဘူး။ စိတ်တွေတိုပြီး ကျွန်မကိုဆဲဆိုပြီးတော့မှ တိုင်ချင်လည်းတိုင်၊ သူ့အမျိုးသားထောင်ကျလဲကျပေါ့။ အဲဒါ ပညာရေးမှူးကနေပြီးတော့ တရားရုံးသွားပြီးတော့သာ တိုင်လိုက်တော့ပေါ့။ ကျွန်မတို့ ၁၈ရက်နေ့ ညနေအထိ မတိုင်သေးဘူး။ ကျွန်မက NLDက ဦးခင်မောင်တင့်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)ရဲ့အမျိုးသမီးဆီသွားပြီး ဒီလိုဒီလို ဖြစ်သွားတယ်ဆိုတော့ သူက ဘယ်မှမတိုင်ပါနဲ့အုံး၊ သူပြောကြည့်ပေးပါ့မယ်ဆိုတော့ ညကျတော့ သူတို့ ကျောင်းလာတဲ့နှစ်ယောက်ကို ခေါ်တယ်။ ဒီလိုဖြစ်သွားတာ ခင်ဗျားတို့ တောင်းပန်လိုက်ဆိုတော့ ဦးရဲနီထွန်းကတော့ တောင်းပန်မယ်၊ဦးမိုးမင်းကတော့ မတောင်းပန်ဘူးပေါ့။ ပါတီကလည်းနှုတ်ထွက်မယ်၊ သူ့လမ်းသူလျောက်မယ်ပြောတယ်တဲ့။ ညီမလေး ဆောင်ရွက်စရာရှိတာ ဆောင်ရွက်လိုက်‌တော့ပေါ့။ မနက်ကျတော့ ဦးခင်မောင်တင့်ဇနီးက ခေါ်ပြောတာ၊ အဲတော့ ကျွန်မတို့က စခန်းကိုသွားတယ်။ စခန်းကလည်း ညှိုကြပါဦးလို့ ပြောတာပေါ့။ အမှုမဖွင့်ဘူး၊ ကျွန်မဆေးရုံကို သွားတော့လည်း NLD က တစ်ယောက်ကို တွေ့တယ်။ ညှိနှိုင်းမယ်ဆိုပြီးတော့ ဆေးစာမရဘူး။ ဒါကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျွန်မ တရားရုံးကို ဦးတိုက်လျှောက်လိုက်တာ ညနေ ၃နာရီခွဲမှာ။ သူတို့၁၈ ရက်နေ့ ဖြစ်ဖြစ်ချင်းကတည်းက တောင်းပန်လိုက်ရင် ပြီးသွားပြီ"လို့ ဒေါ်ဇင်ဇင်မိုးက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒေါ်ဇင်ဇင်မိုးဘက်က အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းမောင်ကို ဆက်သွယ်မေးမြန်းရာမှာ အမှုကတော့၂၃ရက်နေ့ချိန်းထားပြီး ရာဇသတ်ကြီးပုဒ်မ၄၅၄ အမျိုးသမီးကာအိန္ဒြေပျက်စေမှု ၊ပုဒ်မ၃၂၃ သာမာန်နာကျင်စေမှုတွေနဲ့ဖြစ်တယ်လို့ ပြောပါတယ်။

ဆက်လက်ပြီးတော့ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်နင့်ကို ရွှေတြိဂံဒေသ သတင်းဌာနမှ မတ်လ၁၉ရက်နေ့ နေ့လည်ပိုင်းက ဆက်သွယ်မေးမြန်းရာမှာ ခရီးကခုမှပြန်ရောက်လာလို့ ဘာမှသေချာမသိရသေးကြောင်းနဲ့ နောက်တစ်နာရီအကြာလောက်မှ ဆက်သွယ်ဖို့ ပြန်လည်ဖြေကြခဲ့ပါတယ်။

ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး ဒေါ်ဇင်ဇင်မိုးကို မေးမြန်းရာမှာ၂၀၁၈ခုနှစ်၊ ၈လပိုင်းကတည်းက စာချုပ်နဲ့ ကျပ်သိန်း၅၀ကို အတိုး၈ ကျပ်နဲ့ ချေးယူထားတာဖြစ်ပြီး အတိုးတွေများပြီး ဆက်မပေးနိုင်တော့လို့ မကြာသေးခင်ကမှ ခေတ္တရပ်နားထားတာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘာများထပ်ပြီးပြောလိုသလဲလို့ ဒေါ်ဇင်ဇင်မိုးကို မေးရာမှာ "အင်္ကျီကလည်း အမဲရောင်နှစ်ယောက် ဆင်တူဝတ်ထားတယ်။ နောက်ကျောမှာစာတန်းတွေပါတယ်။ စာတန်း၂တန်းတော့ပါတယ်။ ကျွန်မဆီကိုလာတိုင်း NLDရင်ထိုးကြီးထိုးလာတယ်။ ကျမကို ပါးရိုက်လိုက်တော့ ရွာက လူကြီးတွေက စိတ်ပူပြီးလာမေးကြတယ်။ ရွာကလူကြီးတွေကိုလည်း သူက NLDခရိုင်အတွင်းရေးမှူးဆိုပြီးပြောတယ်။ အဲဒီဝတ်စုံကြီးဝတ်လာပြီးတော့ လာတဲ့အခါ ရွာကလူတွေက ကြောက်အောင်လို့လား၊ ကျွန်မနားလည်တာက ဒီဝတ်စုံဝတ်ထားတယ်ဆို ပြည်သူတွေက လေးစားနေရမှာ မဟုတ်လား။ သူတို့ကို ကြောက်စေချင်လို့ ဝတ်လာတာလား"လို့ ဆက်ပြောပါတယ်။

သတင်း-ရွှေတြိဂံဒေသ သတင်းဌာန
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဒီခ်ဳပ္ခ႐ိုင္အတြင္းေရးမွဴးဆိုသူက မူလတန္းေက်ာင္းအုပ္ဆရာမတစ္ဦးကို ဖိနပ္နဲ႔ ပါး႐ိုက္တဲ့အတြက္ ေက်ာင္အုပ္ဆရာမမွ တရား႐ုံးမွာ အမႈဖြင့္ ဒီခ်ဳပ္ခ႐ိုင္အတြင္းေရးမွဴးဆိုသူက မူလတန္းေက်ာင္းအုပ္ဆရာမတစ္ဦးကို ဖိနပ္နဲ႔ ပါး႐ိုက္တဲ့အတြက္ ေက်ာင္အုပ္ဆရာမမွ တရား႐ုံးမွာ အမႈဖြင့္ Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.