တ႐ုတ္ျပည္တြင္းက ဗိုင္းရပ္စ္ကူးတာမရွိတဲ့ေန႔ ၊ ျပန္အသက္ဝင္လာတဲ့ ဝူဟန္

 လာကူတဲ့ ေဆးဝန္ထမ္းေတြကို ေက်းဇူးတင္
(Zawgyi)⤵⤵⤵
တ႐ုတ္ ႏိုင္ငံမွာ ျပည္တြင္းေနအခ်င္းခ်င္းက ကူးစက္တဲ့ ဗိုင္းရပ္စ္လူနာ မေတြ႕ရတဲ့ ပထမဆုံးေန႔ ျဖစ္ခဲ့ပါတယ္။

ဗိုင္းရပ္စ္ေရာဂါ စတင္ေပၚထြက္လာခဲ့တဲ့ ဒီဇင္ဘာလကုန္ပိုင္းက စၿပီး ဒါပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

အသစ္ေတြ႕တဲ့ လူနာ ၃၄ ေယာက္စလုံးက ႏိုင္ငံျခားက ျပန္လာတဲ့သူေတြ ျဖစ္ၾကပါတယ္။

ေရာဂါစျဖစ္တဲ့ ဝူဟန္မွာ ေရာဂါရွင္ မရွိေတာ့ဘူးလို႔လည္း တ႐ုတ္ ႏိုင္ငံေတာ္ က်န္းမာေရး ေကာ္မရွင္က ေၾကညာခဲ့ပါတယ္။

ဝူဟန္မွာ တလခြဲေလာက္ အပိတ္ခံထားရတဲ့ ၿမိဳ႕သူၿမိဳ႕သားေတြလည္း အုပ္စုဖြဲ႕ သြားလာတာ မဟုတ္ရင္ ျပန္ထြက္ခြင့္ ရလာၿပီ ျဖစ္ပါတယ္။

တခ်ိဳ႕ စီးပြားေရး လုပ္ငန္းေတြလည္း ျပန္စခြင့္ ျပဳခဲ့ပါတယ္။

ဝူဟန္သားေတြ ၿပဳံးႏိုင္ၾကၿပီ

ဝူဟန္က တခ်ိဳ႕ခ႐ိုင္ေတြမွာ ကပ္ေဘးကင္းၿပီလို႔ ေၾကညာထားၿပီး ေစ်းငယ္ေတြနဲ႔ သက္သာဆိုင္ေတြ ျပန္ဖြင့္ေနၿပီ ျဖစ္ပါတယ္။

ႏိုင္ငံျခားက ဝင္လာတဲ့ ကူးစက္မႈက ကာကြယ္ဖို႔အတြက္ ဆားစ္ေရာဂါ လူနာေတြကို ကုခဲ့တဲ့ ေဆး႐ုံတ႐ုံကို ေဘဂ်င္းမွာ ျပန္ဖြင့္ထားပါတယ္။

မသကၤာတဲ့ လူနာေတြကို အဲဒီမွာ ထားဖို႔ ျဖစ္ပါတယ္။

ေဟာင္ေကာင္မွာေတာ့ ဝင္လာသူေတြရဲ႕ သြားလာလႈပ္ရွားမႈကို သိႏိုင္ဖို႔ လွ်ပ္စစ္ လက္ပတ္ေတြ တပ္ေပးမွာ ျဖစ္ပါတယ္။

တ႐ုတ္ျပည္မွာ ေသဆုံးသူ အေရအတြက္ ၃၂၄၅ နဲ႔ ရပ္ေနေပမယ့္ ဒီကိန္းဂဏန္းကို ဘယ္ေလာက္ ယုံရမလဲ ေမးခြန္းေတြ ထြက္ေနပါတယ္။

တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယားနဲ႔ စကၤာပူ ႏိုင္ငံေတြမွာ ျပည္တြင္း ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္လာေပမယ့္ တျခားက ကူးတာေတြ ျပန္ျဖစ္လာမွာကိုလည္း ပူပန္ေနၾကပါတယ္။

ဝူဟန္က ပိတ္ဆို႔ခံရတဲ့ ရပ္ကြက္တခု 

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
တရုတ်ပြည်တွင်းက ဗိုင်းရပ်စ်ကူးတာမရှိတဲ့နေ့ ၊ ပြန်အသက်ဝင်လာတဲ့ ဝူဟန်

ဓာတ်ပုံ မူပိုင် STR
Image caption လာကူတဲ့ ဆေးဝန်ထမ်းတွေကို ကျေးဇူးတင်

တရုတ် နိုင်ငံမှာ ပြည်တွင်းနေအချင်းချင်းက ကူးစက်တဲ့ ဗိုင်းရပ်စ်လူနာ မတွေ့ရတဲ့ ပထမဆုံးနေ့ ဖြစ်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ရောဂါ စတင်ပေါ်ထွက်လာခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက စပြီး ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အသစ်တွေ့တဲ့ လူနာ ၃၄ ယောက်စလုံးက နိုင်ငံခြားက ပြန်လာတဲ့သူတွေ ဖြစ်ကြပါတယ်။

ရောဂါစဖြစ်တဲ့ ဝူဟန်မှာ ရောဂါရှင် မရှိတော့ဘူးလို့လည်း တရုတ် နိုင်ငံတော် ကျန်းမာရေး ကော်မရှင်က ကြေညာခဲ့ပါတယ်။

ဝူဟန်မှာ တလခွဲလောက် အပိတ်ခံထားရတဲ့ မြို့သူမြို့သားတွေလည်း အုပ်စုဖွဲ့ သွားလာတာ မဟုတ်ရင် ပြန်ထွက်ခွင့် ရလာပြီ ဖြစ်ပါတယ်။

တချို့ စီးပွားရေး လုပ်ငန်းတွေလည်း ပြန်စခွင့် ပြုခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် STR
Image caption ဝူဟန်သားတွေ ပြုံးနိုင်ကြပြီ

ဝူဟန်က တချို့ခရိုင်တွေမှာ ကပ်ဘေးကင်းပြီလို့ ကြေညာထားပြီး ဈေးငယ်တွေနဲ့ သက်သာဆိုင်တွေ ပြန်ဖွင့်နေပြီ ဖြစ်ပါတယ်။

နိုင်ငံခြားက ဝင်လာတဲ့ ကူးစက်မှုက ကာကွယ်ဖို့အတွက် ဆားစ်ရောဂါ လူနာတွေကို ကုခဲ့တဲ့ ဆေးရုံတရုံကို ဘေဂျင်းမှာ ပြန်ဖွင့်ထားပါတယ်။

မသင်္ကာတဲ့ လူနာတွေကို အဲဒီမှာ ထားဖို့ ဖြစ်ပါတယ်။

ဟောင်ကောင်မှာတော့ ဝင်လာသူတွေရဲ့ သွားလာလှုပ်ရှားမှုကို သိနိုင်ဖို့ လျှပ်စစ် လက်ပတ်တွေ တပ်ပေးမှာ ဖြစ်ပါတယ်။

တရုတ်ပြည်မှာ သေဆုံးသူ အရေအတွက် ၃၂၄၅ နဲ့ ရပ်နေပေမယ့် ဒီကိန်းဂဏန်းကို ဘယ်လောက် ယုံရမလဲ မေးခွန်းတွေ ထွက်နေပါတယ်။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်္ကာပူ နိုင်ငံတွေမှာ ပြည်တွင်း ကူးစက်မှုကို ထိန်းချုပ်နိုင်လာပေမယ့် တခြားက ကူးတာတွေ ပြန်ဖြစ်လာမှာကိုလည်း ပူပန်နေကြပါတယ်။
ဓာတ်ပုံ မူပိုင် STR
Image caption ဝူဟန်က ပိတ်ဆို့ခံရတဲ့ ရပ်ကွက်တခု

BBC Burmese
https://www.bbc.com
တ႐ုတ္ျပည္တြင္းက ဗိုင္းရပ္စ္ကူးတာမရွိတဲ့ေန႔ ၊ ျပန္အသက္ဝင္လာတဲ့ ဝူဟန္ တ႐ုတ္ျပည္တြင္းက ဗိုင္းရပ္စ္ကူးတာမရွိတဲ့ေန႔ ၊ ျပန္အသက္ဝင္လာတဲ့ ဝူဟန္ Reviewed by THITHTOOLWIN on 22:51 Rating: 5
Powered by Blogger.