ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ပုဒ္မ ၄၃၆ (က) ျပင္ဆင္ခ်က္မ်ားအနက္ ႏွစ္ခ်က္သာ အတည္ျဖစ္

(Zawgyi)⤵⤵⤵
    ေနျပည္ေတာ္၊ မတ္ ၁၀ ရက္ (ဆင္ဟြာ)

 ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံ အျခခံ ဥပေဒ (၂၀၀၈)ကို ဒုတိယ အႀကိမ္ ျပင္ဆင္ သည့္ ဥပေဒမူၾကမ္းမ်ားပါ ပုဒ္မခြဲမ်ားအေပၚ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၏ ဆႏၵမဲေပးျခင္းကို ယေန႔ စတင္ခဲ့ရာ ပုဒ္မ ၄၃၆ (က)တြင္ အက်ဳံးဝင္သည့္ ပုဒ္မ၊ ပုဒ္မခြဲ ၁၄ ခုတို႔ကို စုစည္းထားေသာ ဆႏၵမဲ လက္မွတ္(၁)အတြက္ မဲခြဲျခင္းအား ျပည္ေထာင္စု လႊတ္ေတာ္၌ ေဆာင္႐ြက္ခဲ့ၿပီး ျပင္ဆင္ခ်က္ ႏွစ္ခုျဖစ္သည့္ ပုဒ္မ ၃၂ (က) ႏွင့္ ၃၂(ခ)တို႔သည္ ေထာက္ခံမဲ ၅၈၄ မဲႏွင့္ ၅၈၆ မဲ အသီးသီး ရရွိခဲ့ေသာေၾကာင့္ ယေန႔ အစည္းအေဝးသို႔ တက္ေရာက္ မဲေပးသူ လႊတ္ေတာ္ ကိုယ္စား လွယ္ ဦးေရ ၆၃၃ ဦး၏ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ရရွိခဲ့သျဖင့္ အဆိုပါ ပုဒ္မခြဲတို႔ကို ျပင္ဆင္ေရး ဆက္လက္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း လႊတ္ေတာ္ နာယကက အတည္ျပဳ ေၾကညာခဲ့သည္။

အဆိုပါ ပုဒ္မ ၃၂(က)ႏွင့္ ပုဒ္မ ၃၂ (ခ)တို႔၏  မူလျပဌာန္းခ်က္တြင္ ပါဝင္သည့္ “အိုမင္းမစြမ္းသူမ်ား” စာသားအား “သက္ႀကီး ႐ြယ္အိုမ်ား” ဟု ေျပာင္းျခင္း၊ “မသန္မစြမ္း” စာသားအား “မသန္စြမ္း” ဟု ျပင္ဆင္ ေျပာင္းလဲျခင္းအေပၚ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ရရွိခဲ့ၿပီး လႊတ္ေတာ္က ျပင္ဆင္ေရးကို အတည္ျပဳခဲ့ျခင္းျဖစ္သည္။

ယေန႔ ဆႏၵမဲ ေပးခဲ့ၾကသည့္ ျပင္ဆင္ခ်က္ ၁၄ ခ်က္တို႔အနက္ အဆိုပါ ျပင္ဆင္ခ်က္ ႏွစ္ခုသာ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ရရွိခဲ့ၿပီး က်န္ ၁၂ ခ်က္တို႔ ျဖစ္ၾကသည့္ ပုဒ္မ ၅၊ ပုဒ္မ ၆(ဃ)၊ ၆(စ)၊ ၇၊ ၈၊ ၁၄၊ ၁၇(ခ)၊ ၂၀(ဂ)၊ ၂၆(က)၊ ၃၂(က)၊ ၃၂(ခ)၊ ၃၉၊ ၄၀(ခ)၊ ၄၀(ဂ) တို႔ကမူ ေထာက္ခံ ဆႏၵမဲ ရ၅ ရာခိုင္ႏႈန္း မေက်ာ္ေသာေၾကာင့္ မူလအတိုင္း ျဖစ္ေၾကာင္း လႊတ္ေတာ္ နာယကက ေၾကညာခဲ့ သည္။ ပုဒ္မ ၄၃၆ (က) ေအာက္ရွိ ဆႏၵမဲ လက္မွတ္(၂) ႏွင့္ စပ္လ်ဥ္းၿပီး လႊတ္ေတာ္၏ အဆုံးအျဖတ္ ရယူျခင္းကို မတ္လ ၁၁ ရက္ေန႔ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝးတြင္ ဆက္လက္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းလည္း လႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ေၾကညာခဲ့သည္။

အဆိုပါ ဆႏၵမဲ လက္မွတ္ (၂) တြင္ ႏိုင္ငံေတာ္ သမၼတ၏ အရည္အခ်င္း ဆိုင္ရာ ပုဒ္မ ၅၉ (ဂ)၊ (ဃ)၊ (စ) အပါအဝင္ ပုဒ္မ ပုဒ္မခြဲေပါင္း ၁၅ ခု ပါဝင္ေၾကာင္း သိရသည္။

 (Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က) ပြင်ဆင်ချက်များအနက် နှစ်ချက်သာ အတည်ဖြစ်

လွှတ်တော် ကိုယ်စားလှယ်များ ဆန္ဒမဲ ပေးနေကြစဉ် (ဆင်ဟွာ)

    နေပြည်တော်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒမဲပေးခြင်းကို ယနေ့ စတင်ခဲ့ရာ ပုဒ်မ ၄၃၆ (က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုတို့ကို စုစည်းထားသော ဆန္ဒမဲ လက်မှတ်(၁)အတွက် မဲခွဲခြင်းအား ပြည်ထောင်စု လွှတ်တော်၌ ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက် နှစ်ခုဖြစ်သည့် ပုဒ်မ ၃၂ (က) နှင့် ၃၂(ခ)တို့သည် ထောက်ခံမဲ ၅၈၄ မဲနှင့် ၅၈၆ မဲ အသီးသီး ရရှိခဲ့သောကြောင့် ယနေ့ အစည်းအဝေးသို့ တက်ရောက် မဲပေးသူ လွှတ်တော် ကိုယ်စား လှယ် ဦးရေ ၆၃၃ ဦး၏ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သဖြင့် အဆိုပါ ပုဒ်မခွဲတို့ကို ပြင်ဆင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော် နာယကက အတည်ပြု ကြေညာခဲ့သည်။

အဆိုပါ ပုဒ်မ ၃၂(က)နှင့် ပုဒ်မ ၃၂ (ခ)တို့၏  မူလပြဌာန်းချက်တွင် ပါဝင်သည့် “အိုမင်းမစွမ်းသူများ” စာသားအား “သက်ကြီး ရွယ်အိုများ” ဟု ပြောင်းခြင်း၊ “မသန်မစွမ်း” စာသားအား “မသန်စွမ်း” ဟု ပြင်ဆင် ပြောင်းလဲခြင်းအပေါ် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး လွှတ်တော်က ပြင်ဆင်ရေးကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယနေ့ ဆန္ဒမဲ ပေးခဲ့ကြသည့် ပြင်ဆင်ချက် ၁၄ ချက်တို့အနက် အဆိုပါ ပြင်ဆင်ချက် နှစ်ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး ကျန် ၁၂ ချက်တို့ ဖြစ်ကြသည့် ပုဒ်မ ၅၊ ပုဒ်မ ၆(ဃ)၊ ၆(စ)၊ ၇၊ ၈၊ ၁၄၊ ၁၇(ခ)၊ ၂၀(ဂ)၊ ၂၆(က)၊ ၃၂(က)၊ ၃၂(ခ)၊ ၃၉၊ ၄၀(ခ)၊ ၄၀(ဂ) တို့ကမူ ထောက်ခံ ဆန္ဒမဲ ရ၅ ရာခိုင်နှုန်း မကျော်သောကြောင့် မူလအတိုင်း ဖြစ်ကြောင်း လွှတ်တော် နာယကက ကြေညာခဲ့ သည်။ ပုဒ်မ ၄၃၆ (က) အောက်ရှိ ဆန္ဒမဲ လက်မှတ်(၂) နှင့် စပ်လျဉ်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းကို မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

အဆိုပါ ဆန္ဒမဲ လက်မှတ် (၂) တွင် နိုင်ငံတော် သမ္မတ၏ အရည်အချင်း ဆိုင်ရာ ပုဒ်မ ၅၉ (ဂ)၊ (ဃ)၊ (စ) အပါအဝင် ပုဒ်မ ပုဒ်မခွဲပေါင်း ၁၅ ခု ပါဝင်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ပုဒ္မ ၄၃၆ (က) ျပင္ဆင္ခ်က္မ်ားအနက္ ႏွစ္ခ်က္သာ အတည္ျဖစ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ပုဒ္မ ၄၃၆ (က) ျပင္ဆင္ခ်က္မ်ားအနက္ ႏွစ္ခ်က္သာ အတည္ျဖစ္ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.