ေျမာက္ဦး၊ ေက်ာက္ေတာ္ပစ္ခတ္မႈမွာ အရပ္သား သုံးဦးေသ၊ ၃၀ ဒဏ္ရာရ

ICRC ဝန္ထမ္းမ်ားက လူနာေတြကို ေျမာက္ဦးကေန စစ္ေတြေဆး႐ုံကို ၂၀၂၀ မတ္ ၁၃ရက္ေန႔က သယ္ယူလာစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြမွာ ဒီေန႔ မတ္ ၁၃ ရက္ မနက္က ေဆး႐ုံ၊ စစ္ေဘးဒုကၡသည္ စခန္းနဲ႔ ေက်း႐ြာအခ်ိဳ႕ပစ္ခတ္ခံရလို႔ တစ္ေန႔တည္းမွာ အရပ္သား သုံးေယာက္ေသၿပီး ကေလးေလးေယာက္ အပါအဝင္ အေယာက္ ၃၀ ဒဏ္ရာရခဲ့ပါတယ္။

ေသဆုံးသူ သုံးေယာက္က ေက်ာက္ေတာ္ၿမိဳ႕နယ္ သာစည္ေက်း႐ြာက ေဒသခံေတြပါ။

ဒီေန႔လယ္က တပ္မေတာ္စစ္ေၾကာင္းတစ္ခု ႐ြာထဲကို ဝင္ေရာက္ၿပီး လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္လို႔ လူ သုံးေယာက္ေသဆုံးၿပီး ငါးေယာက္ ဒဏ္ရာရသြားတယ္လို႔ သာစည္႐ြာသားေတြက ေျပာပါတယ္။

လမ္းေတြပိတ္ေနတာေၾကာင့္ ဒဏ္ရာရလူနာေတြကို ဒီညေနအထိ ေဆး႐ုံပို႔ေဆာင္ဖို႔ အခက္အခဲ ျဖစ္ေနတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

“၁၁ နာရီဝန္းက်င္ကေနၿပီးေတာ့ ႐ြာကိုဝင္ၿပီး တပ္မေတာ္က ပစ္ခဲ့တယ္။ မိန္းကေလးတစ္ေယာက္နဲ႔ ေယာက်ာ္းေလးႏွစ္ေယာက္ တခါတည္း ပြဲခ်င္းၿပီးဆုံးသြားတယ္။ သူတို႔က စပါးက်ီေအာက္မွာ ဝပ္ေနတာကို ေဖာ္ထုတ္ၿပီးေတာ့ ပစ္ခဲ့တာပါ။ ႐ြာအေရွ႕ဘက္ ကားလမ္းနေဘးမွာ မိုင္းကြဲတယ္ဆိုၿပီး ႐ြာကိုေျပးဝင္လာၿပီး ပစ္တဲ့သူကို ပစ္တာပဲ။ ဒဏ္ရာရတဲ့သူက ငါးေယာက္ပါ။ ၿမိဳ႕ေပၚကေနၿပီး နာေရးကို ေခၚလို႔လည္း အဆင္မေျပေတာ့ဘူး။ ႐ြာကလူေတြလည္း ထြက္ေျပးေနေတာ့ သြားမယ့္လာမယ့္သူမရွိ ျဖစ္ေနတုန္းပဲ”

ပစ္ခတ္ခံရတဲ့ သာစည္ေက်း႐ြာမွာ ေနအိမ္ ၁၄ လုံးခန႔္ မီးေလာင္သြားသလို တင္းမေက်း႐ြာမွာလည္း ေန႔လယ္က ေနအိမ္ ၁၃ လုံး မီးေလာင္ပ်က္စီးသြားတယ္လို႔ ေဒသခံ႐ြာသားေတြက ေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္တပင္သိန္းတန္႐ြာက အမ်ိဳးသားတစ္ေယာက္နဲ႔ အသက္ ၄၀ နဲ႔ ၆၀ အ႐ြယ္ အမ်ိဳးသမီးႏွစ္ေယာက္လည္း ဒဏ္ရာရလို႔ လူမႈအဖြဲ႕ေတြရဲ႕ အကူအညီနဲ႔ စစ္ေတြေဆး႐ုံႀကီးကို ေခၚေဆာင္ လာေနပါတယ္။

ပစ္ခတ္ခံရတဲ့ သိန္းတန္ရပ္ကြက္ဟာ ေျမာက္ဦး-ေက်ာက္ေတာ္ ကားလမ္းမေဘးမွာရွိၿပီး တပ္မေတာ္ စစ္ေၾကာင္း ကားတန္း ရွစ္စီးက ႐ြာေတြဘက္ကိုလွည့္ၿပီး ပစ္ခတ္ခဲ့တာလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ရပ္႐ြာလူႀကီး တစ္ဦးက ေျပာပါတယ္။

“တပ္မေတာ္ဘက္က ကား ရွစ္စီးက ႐ြာထဲကို ဆက္တိုက္ပစ္ၿပီးလာတယ္။ သိန္းတန္ရပ္ကြက္ထဲမွာ သုံးဦး ဒဏ္ရာရတယ္။ မိန္းကေလးတစ္ဦးကေတာ့ ေတာ္ေတာ္ျပင္းတယ္။ ဦးေခါင္းကို က်ည္ထိမွန္သြားတယ္လို႔ သိရတယ္။ ကားတန္းက ႐ြာကိုပစ္တာေလ။ မိမိအိမ္မွာေနၿပီး ဒဏ္ရာေတြရတာ။ တိုက္ပြဲျဖစ္တာ မဟုတ္ဘူး။ ေျမာက္ဦးဘက္က ေက်ာက္ေတာ္ကို လာတဲ့အခ်ိန္မွာ ႐ြာကို ရမ္းသမ္းၿပီးပစ္တာ”

ေျမာက္ဦးၿမိဳ႕နယ္ ေပါင္းတုတ္ေက်း႐ြာမွာလည္း ေက်း႐ြာထဲ ပစ္ခတ္ခံရလို႔ မြတ္စလင္ ကိုးေယာက္ ထိခိုက္ဒဏ္ရာ ရသြားတယ္လို႔ ႐ြာခံမြတ္စလင္တစ္ဦးက ေျပာပါတယ္။

ဒီေန႔မနက္အေစာပိုင္းမွာလည္း ေျမာက္ဦးၿမိဳ႕နယ္ တိမ္ညိဳ႐ြာမွာရွိတဲ့ ေဆး႐ုံနဲ႔ စစ္ေဘးဒုကၡသည္စခန္းကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုက လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္လို႔ အရပ္သား ၁၆ ေယာက္ေလာက္ ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ဘူး႐ြက္မညႇိဳးနဲ႔ တိမ္ညိဳေက်း႐ြာအၾကား ကားလမ္းမေပၚမွာ တပ္မေတာ္စစ္ေၾကာင္း ကားတန္းကို AA က မိုင္းခြဲတိုက္ခိုက္ရာကေန အဲဒီစစ္ေၾကာင္းက ပစ္ခတ္ခဲ့တာလို႔ တိမ္ညိဳေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေဝလွေအာင္က ေျပာပါတယ္။

“တပ္စစ္ေၾကာင္က ကားေတြနဲ႔ ေျမာက္ဦးဘက္ကေန စစ္ေတြဘက္ကိုသြားတာ။ တိမ္ညိဳနားကို မေရာက္ခင္ တိမ္ညိဳနဲ႔ တစ္မိုင္ေက်ာ္ေက်ာ္ေလာက္အကြာမွာ မိုင္းဆြဲခံရတယ္လို႔ သိရတယ္။ အဲဒါနဲ႔ သူတို႔က ေတာက္ေလွ်ာက္ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္တယ္။ တိမ္ညိဳတစ္႐ြာလုံးကို ပစ္တာ။ ေဆး႐ုံအပါအဝင္ စစ္ေဘးေရွာင္စခန္းေရာေပါ့။ တိမ္ညိဳ႐ြာထဲက တစ္ေယာက္ကေတာ့ လက္နက္ငယ္က်လို႔ လက္ေမာင္းမွာ ဒဏ္ရာရတယ္။ တိမ္ညိဳေဆး႐ုံမွာ လူနာေစာင့္ေနတဲ့ တစ္ေယာက္ေတာ့ လည္ပင္းကို ေဖာက္သြားတယ္။ စစ္ေဘးေရွာင္က လူဆယ္ေယာက္ ဒဏ္ရာရတယ္။ အားလုံးေပါင္း လူဆယ့္ႏွစ္ေယာက္ ဒဏ္ရာရတယ္”

တိမ္ညိဳ႐ြာမွာ ပစ္ခတ္ခံရမႈေၾကာင့္ ဒဏ္ရာရသူ ၁၂ ေယာက္ထဲက အသက္ ၅၃ ႏွစ္အ႐ြယ္ ေဒၚသန္းေအးၾကည္ဟာ ေဆး႐ုံထဲက လူနာေစာင့္တစ္ဦးပါ။ က်ည္ဟာ မွန္ျပဴတင္းကေနတဆင့္ ေဒၚသန္းေအးၾကည္ရဲ႕လည္ပင္းကို ေဖာက္ဝင္သြားတာေၾကာင့္ အသက္အႏၲရယ္ စိုးရိမ္ရတယ္လို႔ ဆိုပါတယ္။

ေဆး႐ုံပစ္ခံထားရတာေၾကာင့္ တိမ္ညိဳေဆး႐ုံကို ယာယီပိတ္လိုက္ရၿပီး ေဆး႐ုံဝန္ထမ္းအားလုံးကို ဒီေန႔ေန႔လယ္မွာ ေျမာက္ဦးၿမိဳ႕ကို အေရးေပၚေျပာင္းေ႐ႊ႕လိုက္ရတယ္လို႔ ေဆး႐ုံဝန္ထမ္းေတြက ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ေဝသာလီ႐ြာအနီးမွာ အျပန္အလွန္ပစ္ခတ္မႈေတြ ရွိခဲ့တယ္လို႔ ေျပာဆိုပါတယ္။

“လြန္ခဲ့တဲ့ညက မင္းျပားဘက္ကေန ေျမာက္ဦး-ေက်ာက္ေတာ္ဘက္ကို ခ်ီတက္လာတဲ့ ၁၇ စီးပါ စစ္ယာဥ္ တန္းကိုေတာ့ ေျမာင္းေဘြနဲ႔ ေျမာက္ဦးၾကားမွာ ကြၽန္ေတာ္တို႔ဘက္က ျဖတ္ေတာက္တိုက္ခိုက္ခဲ့တယ္။ အဲဒီေနာက္ပိုင္း မနက္ပိုင္းေရာက္တဲ့အခါက်ေတာ့ ဘာမွတိုက္ပြဲျဖစ္တာမရွိဘဲ လမ္းတေလွ်ာက္မွာေတြ႕တဲ့ ႐ြာေတြ အထူးသျဖင့္ ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္ၾကား တိမ္ညိဳတို႔ဘာတို႔ေရာက္တဲ့အခါ ျမန္မာစစ္တပ္က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ လွမ္းပစ္ၿပီး သြားခဲ့တယ္”

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ တပ္မေတာ္ယာဥ္တန္း မိုင္းဆြဲ တိုက္ခိုက္ခံရၿပီး အဲဒီစစ္ေၾကာင္းက ေဆး႐ုံနဲ႔ စစ္ေဘးဒုကၡသည္စခန္းအပါအဝင္ ႐ြာေတြကိုပစ္ခတ္တယ္ဆိုတဲ့ ေျပာဆိုခ်က္အေပၚ သူ႔အေနနဲ႔ မသိေသးဘူးလို႔ ေျပာပါတယ္။

“ေက်ာက္တန္း၊ ၿခဳံသိုင္းျပင္တို႔၊ ၿပိဳင္းတိုင္းတို႔၊ တင္းမတို႔ အဲဒီ႐ြာေတြမွာ ႐ြာသူ ႐ြာသားေတြ မရွိဘူး။ အဲဒီမွာ AA ေတြဝင္ၿပီး ေနေနတယ္။ ႐ြာကိုအကာအကြယ္လုပ္ၿပီး တပ္မေတာ္စစ္ေၾကာင္းကို ပစ္ခတ္ေနတာရွိတယ္။ အဲဒီမွာေတာ့ က်ေတာ္တို႔ ျပန္လည္ပစ္ခတ္ေနတာရွိတယ္။ ခုနေျပာတဲ့ ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္ၾကားေတာ့ ျဖစ္စရာမရွိဘူး။ တပ္မေတာ္စစ္ေၾကာင္းပဲျဖစ္ျဖစ္ ယာဥ္တန္းပဲျဖစ္ျဖစ္ ႐ြာထဲကေန သူတို႔ကိုမပစ္ခတ္မခ်င္း ပစ္ခတ္စရာအေၾကာင္းမရွိဘူး။ ကြၽန္ေတာ္တို႔ဆီမွာ တိက်တဲ့လုပ္ထုံးလုပ္နည္းေတြ လိုက္နာရမယ့္ ထိေတ့ြတိုက္ခိုက္မႈစည္းမ်ဥ္းေတြ ဒါေတြကို အတိအက်လိုက္နာလ်က္ရွိတယ္။ ျပန္ၿပီးပစ္ၿပီဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က ကာကြယ္ခုခံပိုင္ခြင့္အရ အဖြဲ႕အစည္းတိုင္း လူတိုင္းမွာ ကာကြယ္ခုခံပိုင္ခြင့္ရွိတယ္။ စၿပီးပစ္ၿပီဆိုရင္ ကြၽန္ေတာ္တို႔လည္း မလြဲမေသြျပန္ၿပီးလက္တုံ႔ျပန္ရမွာပဲ”

ဒီေန႔ ေျမာက္ဦး၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြမွာ ျဖစ္ခဲ့တဲ့ကိစၥေတြနဲ႔ ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္(AA) ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက တိုက္ပြဲမရွိဘဲ တပ္မေတာ္က ရည္႐ြယ္ခ်က္တစ္ခုခုနဲ႔ ပစ္ခတ္ခဲ့တာလို႔ ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ တပ္မေတာ္က အေၾကာင္းမဲ့ ပစ္ခတ္တာေတြ မလုပ္ဘူးလို႔ ဒီညေနမွာ RFA ကို ေျပာပါတယ္။

ေက်း႐ြာေတြထဲ ပစ္ခတ္ခံရလို႔ အိမ္ထဲမွာေနရင္း ေနာက္ထပ္ဒဏ္ရာရသူ ႏွစ္ေယာက္ကေတာ့ တိမ္ညိဳနဲ႔ ေတာင္ဦးေက်း႐ြာေတြကပါ။

တိမ္ညိဳေက်း႐ြာက ဒဏ္ရာရသူေတြကို ေျမာက္ဦးေဆး႐ုံကို ပို႔ေဆာင္ထားၿပီး အဲဒီအထဲက သုံးေယာက္ကိုေတာ့ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ(ICRC)ရဲ႕အကူအညီနဲ႔ ဒီေန႔ ညေနပိုင္းမွာ စစ္ေတြေဆး႐ုံကို သယ္လာ ပါတယ္။ ဒီေန႔ ပစ္ခတ္ခံရလို႔ ဒဏ္ရာရသူေတြထဲမွာ အသက္ ၁၅ ႏွစ္ေအာက္ ကေလး ေလးေယာက္ ပါဝင္ပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ စစ္ေရးကာလအတြင္း ၿပီးခဲ့တဲ့ ၂၀၁၉ တစ္ႏွစ္တာမွာ အရပ္သားေသဆုံးသူ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရသူ ၃၀၀ ေက်ာ္ရွိတယ္လို႔ အရပ္ဖက္အဖြဲ႕ေတြကေျပာဆိုၿပီး ဘယ္အဖြဲ႕က ပစ္ခတ္တယ္ဆိုတာ ကိုေတာ့ ဘယ္သူကမွ ဝန္ခံေျပာဆိုတာ မေတြ႕ရပါဘူး။

စစ္ေဘးဒုကၡသည္ အေရအတြက္ဟာလည္း ဒီလဆန္းပိုင္းအထိ တစ္သိန္းသုံးေသာင္းရွိေနၿပီလို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအ႐ုံး(REC)က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
မြောက်ဦး၊ ကျောက်တော်ပစ်ခတ်မှုမှာ အရပ်သား သုံးဦးသေ၊ ၃၀ ဒဏ်ရာရ

ICRC ဝန်ထမ်းများက လူနာတွေကို မြောက်ဦးကနေ စစ်တွေဆေးရုံကို ၂၀၂၀ မတ် ၁၃ရက်နေ့က သယ်ယူလာစဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ ဒီနေ့ မတ် ၁၃ ရက် မနက်က ဆေးရုံ၊ စစ်ဘေးဒုက္ခသည် စခန်းနဲ့ ကျေးရွာအချို့ပစ်ခတ်ခံရလို့ တစ်နေ့တည်းမှာ အရပ်သား သုံးယောက်သေပြီး ကလေးလေးယောက် အပါအဝင် အယောက် ၃၀ ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူ သုံးယောက်က ကျောက်တော်မြို့နယ် သာစည်ကျေးရွာက ဒေသခံတွေပါ။

ဒီနေ့လယ်က တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကို ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ လူ သုံးယောက်သေဆုံးပြီး ငါးယောက် ဒဏ်ရာရသွားတယ်လို့ သာစည်ရွာသားတွေက ပြောပါတယ်။

လမ်းတွေပိတ်နေတာကြောင့် ဒဏ်ရာရလူနာတွေကို ဒီညနေအထိ ဆေးရုံပို့ဆောင်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“၁၁ နာရီဝန်းကျင်ကနေပြီးတော့ ရွာကိုဝင်ပြီး တပ်မတော်က ပစ်ခဲ့တယ်။ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးနှစ်ယောက် တခါတည်း ပွဲချင်းပြီးဆုံးသွားတယ်။ သူတို့က စပါးကျီအောက်မှာ ဝပ်နေတာကို ဖော်ထုတ်ပြီးတော့ ပစ်ခဲ့တာပါ။ ရွာအရှေ့ဘက် ကားလမ်းနဘေးမှာ မိုင်းကွဲတယ်ဆိုပြီး ရွာကိုပြေးဝင်လာပြီး ပစ်တဲ့သူကို ပစ်တာပဲ။ ဒဏ်ရာရတဲ့သူက ငါးယောက်ပါ။ မြို့ပေါ်ကနေပြီး နာရေးကို ခေါ်လို့လည်း အဆင်မပြေတော့ဘူး။ ရွာကလူတွေလည်း ထွက်ပြေးနေတော့ သွားမယ့်လာမယ့်သူမရှိ ဖြစ်နေတုန်းပဲ”

ပစ်ခတ်ခံရတဲ့ သာစည်ကျေးရွာမှာ နေအိမ် ၁၄ လုံးခန့် မီးလောင်သွားသလို တင်းမကျေးရွာမှာလည်း နေ့လယ်က နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် သရက်တပင်သိန်းတန်ရွာက အမျိုးသားတစ်ယောက်နဲ့ အသက် ၄၀ နဲ့ ၆၀ အရွယ် အမျိုးသမီးနှစ်ယောက်လည်း ဒဏ်ရာရလို့ လူမှုအဖွဲ့တွေရဲ့ အကူအညီနဲ့ စစ်တွေဆေးရုံကြီးကို ခေါ်ဆောင် လာနေပါတယ်။

ပစ်ခတ်ခံရတဲ့ သိန်းတန်ရပ်ကွက်ဟာ မြောက်ဦး-ကျောက်တော် ကားလမ်းမဘေးမှာရှိပြီး တပ်မတော် စစ်ကြောင်း ကားတန်း ရှစ်စီးက ရွာတွေဘက်ကိုလှည့်ပြီး ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ရွာလူကြီး တစ်ဦးက ပြောပါတယ်။

“တပ်မတော်ဘက်က ကား ရှစ်စီးက ရွာထဲကို ဆက်တိုက်ပစ်ပြီးလာတယ်။ သိန်းတန်ရပ်ကွက်ထဲမှာ သုံးဦး ဒဏ်ရာရတယ်။ မိန်းကလေးတစ်ဦးကတော့ တော်တော်ပြင်းတယ်။ ဦးခေါင်းကို ကျည်ထိမှန်သွားတယ်လို့ သိရတယ်။ ကားတန်းက ရွာကိုပစ်တာလေ။ မိမိအိမ်မှာနေပြီး ဒဏ်ရာတွေရတာ။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ မြောက်ဦးဘက်က ကျောက်တော်ကို လာတဲ့အချိန်မှာ ရွာကို ရမ်းသမ်းပြီးပစ်တာ”

မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှာလည်း ကျေးရွာထဲ ပစ်ခတ်ခံရလို့ မွတ်စလင် ကိုးယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ရွာခံမွတ်စလင်တစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာလည်း မြောက်ဦးမြို့နယ် တိမ်ညိုရွာမှာရှိတဲ့ ဆေးရုံနဲ့ စစ်ဘေးဒုက္ခသည်စခန်းကို တပ်မတော်စစ်ကြောင်းတစ်ခုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အရပ်သား ၁၆ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ် ဘူးရွက်မညှိုးနဲ့ တိမ်ညိုကျေးရွာအကြား ကားလမ်းမပေါ်မှာ တပ်မတော်စစ်ကြောင်း ကားတန်းကို AA က မိုင်းခွဲတိုက်ခိုက်ရာကနေ အဲဒီစစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။

“တပ်စစ်ကြောင်က ကားတွေနဲ့ မြောက်ဦးဘက်ကနေ စစ်တွေဘက်ကိုသွားတာ။ တိမ်ညိုနားကို မရောက်ခင် တိမ်ညိုနဲ့ တစ်မိုင်ကျော်ကျော်လောက်အကွာမှာ မိုင်းဆွဲခံရတယ်လို့ သိရတယ်။ အဲဒါနဲ့ သူတို့က တောက်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ တိမ်ညိုတစ်ရွာလုံးကို ပစ်တာ။ ဆေးရုံအပါအဝင် စစ်ဘေးရှောင်စခန်းရောပေါ့။ တိမ်ညိုရွာထဲက တစ်ယောက်ကတော့ လက်နက်ငယ်ကျလို့ လက်မောင်းမှာ ဒဏ်ရာရတယ်။ တိမ်ညိုဆေးရုံမှာ လူနာစောင့်နေတဲ့ တစ်ယောက်တော့ လည်ပင်းကို ဖောက်သွားတယ်။ စစ်ဘေးရှောင်က လူဆယ်ယောက် ဒဏ်ရာရတယ်။ အားလုံးပေါင်း လူဆယ့်နှစ်ယောက် ဒဏ်ရာရတယ်”

တိမ်ညိုရွာမှာ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူ ၁၂ ယောက်ထဲက အသက် ၅၃ နှစ်အရွယ် ဒေါ်သန်းအေးကြည်ဟာ ဆေးရုံထဲက လူနာစောင့်တစ်ဦးပါ။ ကျည်ဟာ မှန်ပြူတင်းကနေတဆင့် ဒေါ်သန်းအေးကြည်ရဲ့လည်ပင်းကို ဖောက်ဝင်သွားတာကြောင့် အသက်အန္တရယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဆေးရုံပစ်ခံထားရတာကြောင့် တိမ်ညိုဆေးရုံကို ယာယီပိတ်လိုက်ရပြီး ဆေးရုံဝန်ထမ်းအားလုံးကို ဒီနေ့နေ့လယ်မှာ မြောက်ဦးမြို့ကို အရေးပေါ်ပြောင်းရွှေ့လိုက်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက ဝေသာလီရွာအနီးမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြောဆိုပါတယ်။

“လွန်ခဲ့တဲ့ညက မင်းပြားဘက်ကနေ မြောက်ဦး-ကျောက်တော်ဘက်ကို ချီတက်လာတဲ့ ၁၇ စီးပါ စစ်ယာဉ် တန်းကိုတော့ မြောင်းဘွေနဲ့ မြောက်ဦးကြားမှာ ကျွန်တော်တို့ဘက်က ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်း မနက်ပိုင်းရောက်တဲ့အခါကျတော့ ဘာမှတိုက်ပွဲဖြစ်တာမရှိဘဲ လမ်းတလျှောက်မှာတွေ့တဲ့ ရွာတွေ အထူးသဖြင့် မြောက်ဦးနဲ့ ကျောက်တော်ကြား တိမ်ညိုတို့ဘာတို့ရောက်တဲ့အခါ မြန်မာစစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်ပြီး သွားခဲ့တယ်”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အဲဒီစစ်ကြောင်းက ဆေးရုံနဲ့ စစ်ဘေးဒုက္ခသည်စခန်းအပါအဝင် ရွာတွေကိုပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုချက်အပေါ် သူ့အနေနဲ့ မသိသေးဘူးလို့ ပြောပါတယ်။

“ကျောက်တန်း၊ ခြုံသိုင်းပြင်တို့၊ ပြိုင်းတိုင်းတို့၊ တင်းမတို့ အဲဒီရွာတွေမှာ ရွာသူ ရွာသားတွေ မရှိဘူး။ အဲဒီမှာ AA တွေဝင်ပြီး နေနေတယ်။ ရွာကိုအကာအကွယ်လုပ်ပြီး တပ်မတော်စစ်ကြောင်းကို ပစ်ခတ်နေတာရှိတယ်။ အဲဒီမှာတော့ ကျတော်တို့ ပြန်လည်ပစ်ခတ်နေတာရှိတယ်။ ခုနပြောတဲ့ မြောက်ဦးနဲ့ ကျောက်တော်ကြားတော့ ဖြစ်စရာမရှိဘူး။ တပ်မတော်စစ်ကြောင်းပဲဖြစ်ဖြစ် ယာဉ်တန်းပဲဖြစ်ဖြစ် ရွာထဲကနေ သူတို့ကိုမပစ်ခတ်မချင်း ပစ်ခတ်စရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ဆီမှာ တိကျတဲ့လုပ်ထုံးလုပ်နည်းတွေ လိုက်နာရမယ့် ထိတေ့ွတိုက်ခိုက်မှုစည်းမျဉ်းတွေ ဒါတွေကို အတိအကျလိုက်နာလျက်ရှိတယ်။ ပြန်ပြီးပစ်ပြီဆိုရင်တော့ ကျွန်တော်တို့က ကာကွယ်ခုခံပိုင်ခွင့်အရ အဖွဲ့အစည်းတိုင်း လူတိုင်းမှာ ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်။ စပြီးပစ်ပြီဆိုရင် ကျွန်တော်တို့လည်း မလွဲမသွေပြန်ပြီးလက်တုံ့ပြန်ရမှာပဲ”

ဒီနေ့ မြောက်ဦး၊ ကျောက်တော်မြို့နယ်တွေမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တိုက်ပွဲမရှိဘဲ တပ်မတော်က ရည်ရွယ်ချက်တစ်ခုခုနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်က အကြောင်းမဲ့ ပစ်ခတ်တာတွေ မလုပ်ဘူးလို့ ဒီညနေမှာ RFA ကို ပြောပါတယ်။

ကျေးရွာတွေထဲ ပစ်ခတ်ခံရလို့ အိမ်ထဲမှာနေရင်း နောက်ထပ်ဒဏ်ရာရသူ နှစ်ယောက်ကတော့ တိမ်ညိုနဲ့ တောင်ဦးကျေးရွာတွေကပါ။

တိမ်ညိုကျေးရွာက ဒဏ်ရာရသူတွေကို မြောက်ဦးဆေးရုံကို ပို့ဆောင်ထားပြီး အဲဒီအထဲက သုံးယောက်ကိုတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့အကူအညီနဲ့ ဒီနေ့ ညနေပိုင်းမှာ စစ်တွေဆေးရုံကို သယ်လာ ပါတယ်။ ဒီနေ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၅ နှစ်အောက် ကလေး လေးယောက် ပါဝင်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ စစ်ရေးကာလအတွင်း ပြီးခဲ့တဲ့ ၂၀၁၉ တစ်နှစ်တာမှာ အရပ်သားသေဆုံးသူ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀၀ ကျော်ရှိတယ်လို့ အရပ်ဖက်အဖွဲ့တွေကပြောဆိုပြီး ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ ကိုတော့ ဘယ်သူကမှ ဝန်ခံပြောဆိုတာ မတွေ့ရပါဘူး။

စစ်ဘေးဒုက္ခသည် အရေအတွက်ဟာလည်း ဒီလဆန်းပိုင်းအထိ တစ်သိန်းသုံးသောင်းရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ေျမာက္ဦး၊ ေက်ာက္ေတာ္ပစ္ခတ္မႈမွာ အရပ္သား သုံးဦးေသ၊ ၃၀ ဒဏ္ရာရ ေျမာက္ဦး၊ ေက်ာက္ေတာ္ပစ္ခတ္မႈမွာ အရပ္သား သုံးဦးေသ၊ ၃၀ ဒဏ္ရာရ Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.