စစ္ကိုင္းတိုင္းေဒသႀကီး ကေလးဝၿမိဳ႕နယ္၌ သစ္တင္ယာဥ္တိမ္းေမွာက္ ၊ လူသုံးဦး ေသဆုံး

ယာဥ္တိမ္းေမွာက္မႈ ျဖစ္စဥ္အား ေတြ႕ရစဥ္(ဓာတ္ပုံ - Ministry of Home Affairs, Myanmar)
(Zawgyi)⤵⤵⤵
    ရန္ကုန္ ၊ မတ္ ၂၄ ရက္(ဆင္ဟြာ)

    စစ္ကိုင္းတိုင္းေဒသႀကီး ကေလးဝၿမိဳ႕နယ္၌ သစ္မ်ားတင္ေဆာင္လာသည့္ ယာဥ္တစ္စီးသည္ မတ္ ၂၃ ရက္တြင္  တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ၿပီး ယာဥ္ေပၚပါရွိသူ သုံးဦး အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနထံမွ သိရသည္။

ကေလးဝၿမိဳ႕နယ္၊ ေခ်ာင္းဆုံ ေက်း႐ြာ အနီး ေတာင္႐ိုးေပၚ၌ ပ်ဥ္းကတိုးသစ္မ်ား တင္ေဆာင္လာေသာ ယာဥ္ေမာင္း အပါအဝင္ လူ ၁၁ ဦး လိုက္ပါလာသည့္ယာဥ္တစ္စီးသည္ ေတာင္႐ိုးေတာင္အဆင္း၌ ဘရိတ္ေပါက္ကာ အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္သြားျခင္း ျဖစ္ေၾကာင္း ၊ ယာဥ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ေၾကာင္း သိရသည္။အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ လူ ၇ ဦး ထိခိုက္ဒဏ္ရာ ရခဲ့ၿပီး ကေလးဝၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။ယာဥ္ေမာင္းျဖစ္သူအား ေပါ့ေလ်ာ့မႈေၾကာင့္ သာမန္/ျပင္းထန္နာက်င္ေစမႈ ၊ လူေသမႈျဖင့္ မစိန္နယ္ေျမရဲစခန္းမွ အမႈဖြင့္ စစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၌ သစ်တင်ယာဉ်တိမ်းမှောက် ၊ လူသုံးဦး သေဆုံး

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

    ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

    စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၌ သစ်များတင်ဆောင်လာသည့် ယာဉ်တစ်စီးသည် မတ် ၂၃ ရက်တွင်  တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါရှိသူ သုံးဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကလေးဝမြို့နယ်၊ ချောင်းဆုံ ကျေးရွာ အနီး တောင်ရိုးပေါ်၌ ပျဉ်းကတိုးသစ်များ တင်ဆောင်လာသော ယာဉ်မောင်း အပါအဝင် လူ ၁၁ ဦး လိုက်ပါလာသည့်ယာဉ်တစ်စီးသည် တောင်ရိုးတောင်အဆင်း၌ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း ၊ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လူ ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ယာဉ်မောင်းဖြစ်သူအား ပေါ့လျော့မှုကြောင့် သာမန်/ပြင်းထန်နာကျင်စေမှု ၊ လူသေမှုဖြင့် မစိန်နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
စစ္ကိုင္းတိုင္းေဒသႀကီး ကေလးဝၿမိဳ႕နယ္၌ သစ္တင္ယာဥ္တိမ္းေမွာက္ ၊ လူသုံးဦး ေသဆုံး စစ္ကိုင္းတိုင္းေဒသႀကီး ကေလးဝၿမိဳ႕နယ္၌ သစ္တင္ယာဥ္တိမ္းေမွာက္ ၊ လူသုံးဦး ေသဆုံး Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.