အီတလီ လူဦးေရ ၁၆ သန္းေက်ာ္ကို သီးျခားကန္႔သတ္ထား

အီတလီႏိုင္ငံ Florence ႏိုင္ငံမွာ ေတြ႔ရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ပိုးအႏၱရာယ္ ကာကြယ္ဖို႔ ႏွာေခါင္းစီးမ်ား တပ္ထားတဲ့ လူတခ်ိဳ႕ (မတ္ ၀၇၊ ၂၀၂၀)

(Zawgyi/Unicode)

Coronavirus ပိုးကူးစက္မႈကို တားဆီးႏိုင္ဖုိ႔အတြက္ အီတလီႏိုင္ငံလူဦးေရရဲ႕ ၂၅ ရာခုိင္ႏႈန္းေလာက္ကို တေနရာကေန တေနရာ အသြားအလာ အဝင္အထြက္ေတြ တားျမစ္ထားပါတယ္။

Milan ၿမိဳ႕ Venice ၿမိဳ႕အပါအဝင္ အီတလီေျမာက္ပိုင္းေဒသက လူ ၁၆ သန္းေလာက္ရဲ႕ အသြားအလာေတြကို ကန္႔သတ္လိုက္တာ ျဖစ္ပါတယ္။ တၿမိဳ႕ကေန တၿမိဳ႕သြားလာမႈေတြကို April လေရာက္တဲ့အထိ ျပင္းျပင္းထန္ထန္ ထိန္းခ်ဳပ္ထားပါတယ္။

အီတလီတႏိုင္ငံလံုးမွာလည္း ျပတိုက္ေတြ၊ ႐ုပ္႐ွင္႐ံုေတြ၊ ကဇတ္႐ံုေတြ အားကစားကြင္းေတြအပါအဝင္ လူစုလူေဝးျဖစ္မယ့္ေနရာေတြအားလံုးကို ပိတ္ထားဖို႔လည္း အမိန္႔ထုတ္ထားပါတယ္။

ေလာေလာဆယ္ အီတလီမွာ Virus ပိုးကူးသူ ၇,၃၀၀ ေက်ာ္၊ ေသဆံုးသူ ၃၆၆ ေယာက္ ႐ွိေနပါတယ္။ ပုပ္ရဟန္းမင္းႀကီး Francis ကလည္း Coronavirus ပိုးကူးစက္ေနသူေတြအတြက္ ဒီေန႔ဆုေတာင္းေပးခဲ့ပါတယ္။ ပံုမွန္အားျဖင့္ ပုပ္ရဟန္းမင္းႀကီးေန႔စဥ္ သီးသန္႔ဝတ္ျပဳတာကို Online ေပၚမွာ ဒီကေန႔ တို္က္႐ိုက္ထုတ္လႊင့္ခဲ့တာပါ။

ပုပ္ရဟန္းမင္းႀကီး Francis

Coronavirus ပိုး ကူးစက္ေနသူေတြ၊ သူတို႔ကို ကုသေပးေနတဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ လုပ္အားေပးေတြအပါအဝင္ ဒီပိုးေၾကာင့္ နာမက်န္း ထိခိုက္ေနသူေတြ အားလံုးအတြက္ ပုပ္ရဟန္းမင္းႀကီး ဆုေတာင္းေပးေနတာျဖစ္ပါတယ္။

Coronavirus ပိုးကူးစက္သူ အမ်ားဆံုးျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ ေနာက္ထပ္ ပိုးကူးသူ ၄၀ ႐ွိၿပီး ဒါဟာ ဇန္နဝါရီလထဲက အနည္းဆံုးကူးစက္သူ အေရအတြက္ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာေတာ့ ေလာေလာဆယ္အထိ Virus ပိုးကူးသူ ၅၆၄ ေယာက္ ေသဆံုးသူ ၂၂ ေယာက္႐ွိေနပါတယ္။

Virus ပိုးကူးေနသူနဲ႔ ထိေတြ႔ခဲ့တဲ့ အေမရိကန္ လႊတ္ေတာ္အမတ္ ၂ ေယာက္လည္း တျခားသူေတြနဲ႔ မေတြ႔ဘဲ သီးျခားခဲြေန ေနၾကပါတယ္။ California ျပည္နယ္ ကမ္းလြန္မွာ ကမ္းကပ္ခြင့္ရဖုိ႔ ေစာင့္ေနတဲ့ Grand Princess အေပ်ာ္စီးသေဘၤာႀကီးကိုေတာ့ ခရီးသည္ေတြ ကမ္းဆင္းႏို္င္ဖုိ႔ ဒီကေန႔ Oakland ၿမိဳ႕မွာ ရပ္နားခြင့္ေပးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

သေဘၤာေပၚက Coronavirus ပိုးကူးစက္ေနသူေတြကို ဘယ္လိုကိုင္တြယ္မယ့္ဆိုတဲ့ အစီအစဥ္ေတြကို ေဒသခံနဲ႔ ျပည္ေထာင္စုအစိုးရတာဝန္႐ွိသူေတြ ျပင္ဆင္ထားၾကပါတယ္။ California ျပည္နယ္ထဲက ခရီးသည္ေတြဆိုရင္ ျပည္နယ္ထဲက စစ္စခန္းေတြမွာ ၁၄ ရက္ သီးျခားခြဲထားမွာျဖစ္ၿပီး တျခားျပည္နယ္ေတြမွာ ေနသူေတြဆိုရင္ေတာ့ Texas နဲ႔ Georgia ျပည္နယ္ေတြမွာ႐ွိတဲ ့စစ္စခန္းေတြမွာ သီးျခားခြဲေစာင့္ၾကည့္မွာ ျဖစ္ပါတယ္။

သေဘၤာေပၚပါလာတဲ့ ႏိုင္ငံျခားသားေတြကိုေတာ့ သူတို႔ ေနရပ္ျပန္ႏိုင္ၾကဖုိ႔ သက္ဆုိင္ရာႏုိ္င္ငံေတြနဲ႔ ႏုိင္ငံျခားေရးဌာနက ဆက္သြယ္ ေဆာင္႐ြက္ေနတယ္လို႔ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ေျပာပါတယ္။

သေဘၤာဝန္ထမ္းေတြကေတာ့ ကမ္းဆင္းခြင့္ရမွာ မဟုတ္ပါဘူး။ ကမာၻတဝန္း Coronavirus ပိုးကူးစက္မႈအေျခအေနကေတာ့ ပိုးကူးစက္ေနတဲ့ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္႐ွိသြားၿပီး COVID-19 ေရာဂါျဖစ္ေနသူ တသိန္းေက်ာ္သြားၿပီလို႔ WHO ကမာၻ႔က်န္းမာေရးအဖဲြ႔ႀကီးက ေျပာပါတယ္။

[Unicode Version]

အီတလီ လူဦးရေ ၁၆ သန်းကျော်ကို သီးခြားကန့်သတ်ထား

Coronavirus ပိုးကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် အီတလီနိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ကို တနေရာကနေ တနေရာ အသွားအလာ အဝင်အထွက်တွေ တားမြစ်ထားပါတယ်။

Milan မြို့ Venice မြို့အပါအဝင် အီတလီမြောက်ပိုင်းဒေသက လူ ၁၆ သန်းလောက်ရဲ့ အသွားအလာတွေကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ တမြို့ကနေ တမြို့သွားလာမှုတွေကို April လရောက်တဲ့အထိ ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားပါတယ်။

အီတလီတနိုင်ငံလုံးမှာလည်း ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေ၊ ကဇတ်ရုံတွေ အားကစားကွင်းတွေအပါအဝင် လူစုလူဝေးဖြစ်မယ့်နေရာတွေအားလုံးကို ပိတ်ထားဖို့လည်း အမိန့်ထုတ်ထားပါတယ်။

လောလောဆယ် အီတလီမှာ Virus ပိုးကူးသူ ၇,၃၀၀ ကျော်၊ သေဆုံးသူ ၃၆၆ ယောက် ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ကလည်း Coronavirus ပိုးကူးစက်နေသူတွေအတွက် ဒီနေ့ဆုတောင်းပေးခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပုပ်ရဟန်းမင်းကြီးနေ့စဉ် သီးသန့်ဝတ်ပြုတာကို Online ပေါ်မှာ ဒီကနေ့ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပါ။

Coronavirus ပိုး ကူးစက်နေသူတွေ၊ သူတို့ကို ကုသပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ လုပ်အားပေးတွေအပါအဝင် ဒီပိုးကြောင့် နာမကျန်း ထိခိုက်နေသူတွေ အားလုံးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေးနေတာဖြစ်ပါတယ်။

Coronavirus ပိုးကူးစက်သူ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ နောက်ထပ် ပိုးကူးသူ ၄၀ ရှိပြီး ဒါဟာ ဇန်နဝါရီလထဲက အနည်းဆုံးကူးစက်သူ အရေအတွက်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ လောလောဆယ်အထိ Virus ပိုးကူးသူ ၅၆၄ ယောက် သေဆုံးသူ ၂၂ ယောက်ရှိနေပါတယ်။

Virus ပိုးကူးနေသူနဲ့ ထိတွေ့ခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ် ၂ ယောက်လည်း တခြားသူတွေနဲ့ မတွေ့ဘဲ သီးခြားခွဲနေ နေကြပါတယ်။ California ပြည်နယ် ကမ်းလွန်မှာ ကမ်းကပ်ခွင့်ရဖို့ စောင့်နေတဲ့ Grand Princess အပျော်စီးသင်္ဘောကြီးကိုတော့ ခရီးသည်တွေ ကမ်းဆင်းနိုင်ဖို့ ဒီကနေ့ Oakland မြို့မှာ ရပ်နားခွင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

သင်္ဘောပေါ်က Coronavirus ပိုးကူးစက်နေသူတွေကို ဘယ်လိုကိုင်တွယ်မယ့်ဆိုတဲ့ အစီအစဉ်တွေကို ဒေသခံနဲ့ ပြည်ထောင်စုအစိုးရတာဝန်ရှိသူတွေ ပြင်ဆင်ထားကြပါတယ်။ California ပြည်နယ်ထဲက ခရီးသည်တွေဆိုရင် ပြည်နယ်ထဲက စစ်စခန်းတွေမှာ ၁၄ ရက် သီးခြားခွဲထားမှာဖြစ်ပြီး တခြားပြည်နယ်တွေမှာ နေသူတွေဆိုရင်တော့ Texas နဲ့ Georgia ပြည်နယ်တွေမှာရှိတဲ့စစ်စခန်းတွေမှာ သီးခြားခွဲစောင့်ကြည့်မှာ ဖြစ်ပါတယ်။

သင်္ဘောပေါ်ပါလာတဲ့ နိုင်ငံခြားသားတွေကိုတော့ သူတို့ နေရပ်ပြန်နိုင်ကြဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ နိုင်ငံခြားရေးဌာနက ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

သင်္ဘောဝန်ထမ်းတွေကတော့ ကမ်းဆင်းခွင့်ရမှာ မဟုတ်ပါဘူး။ ကမ္ဘာတဝန်း Coronavirus ပိုးကူးစက်မှုအခြေအနေကတော့ ပိုးကူးစက်နေတဲ့နိုင်ငံပေါင်း ၁၀၀ ကျော်ရှိသွားပြီး COVID-19 ရောဂါဖြစ်နေသူ တသိန်းကျော်သွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
အီတလီ လူဦးေရ ၁၆ သန္းေက်ာ္ကို သီးျခားကန္႔သတ္ထား အီတလီ လူဦးေရ ၁၆ သန္းေက်ာ္ကို သီးျခားကန္႔သတ္ထား Reviewed by THITHTOOLWIN on 01:14 Rating: 5
Powered by Blogger.