ျမန္မာႏိုင္ငံရွိ ၿဗိတိန္ႏိုင္ငံသားမ်ားအားလုံး ႏိုင္ငံအတြင္းမွ ထြက္ခြာရန္ အႀကံျပဳ ၊ ၿဗိတိန္သံ႐ုံးရွိ တစ္ခ်ိဳ႕ေသာ ဝန္ထမ္းမ်ားႏွင့္ မွီခိုသူမ်ားအား ျပန္လည္ေခၚေဆာင္ထား

ျမန္မာႏိုင္ငံရွိ ၿဗိတိန္သံ႐ုံးမွ ေၾကညာထားမႈအား ေတြ႕ရစဥ္(ဓာတ္ပုံ - UK in Myanmar)
(Zawgyi)⤵⤵⤵
    ရန္ကုန္ ၊ မတ္ ၂၀ ရက္(ဆင္ဟြာ)

    ျမန္မာႏိုင္ငံရွိ ၿဗိတိန္ႏိုင္ငံသားမ်ားအားလုံး ျဖစ္ႏိုင္မည္ဆိုလွ်င္ ျမန္မာႏိုင္ငံ အတြင္းမွ ထြက္ခြာရန္ ၿဗိတိန္ႏိုင္ငံမွ အႀကံျပဳခ်က္အား ျမန္မာႏိုင္ငံရွိ ၿဗိတိန္သံ႐ုံးမွ ေၾကညာခဲ့ၿပီး ၿဗိတိန္သံ႐ုံးရွိ တစ္ခ်ိဳ႕ေသာ ဝန္ထမ္းမ်ားႏွင့္ မွီခိုသူမ်ားအား ျပန္လည္ေခၚေဆာင္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေၾကညာခ်က္တြင္ ကမာၻတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ျဖစ္ပြားမႈသည္ ျမန္မာႏိုင္ငံ၏ ေဆးဘက္ ဆိုင္ရာ ေဆာင္႐ြက္မႈအေပၚ သိသိသာသာ ဖိအားေပးလိမ့္မည္ဟု ေမွ်ာ္လင့္ရၿပီး ၎တို႔အေနျဖင့္ ပုံမွန္ ေစာင့္ေရွာက္မႈ ေပးႏိုင္လိမ့္မည္ မဟုတ္ေၾကာင္း ၊ ႏိုင္ငံ၏ ေလေၾကာင္းလိုင္းမ်ားသည္လည္း ႀကိဳတင္ အေၾကာင္းၾကားျခင္း မရွိဘဲ ဖ်က္သိမ္းႏိုင္သည့္ အႏၲရာယ္ရွိေၾကာင္း ျမန္မာႏိုင္ငံရွိ ၿဗိတိန္သံ႐ုံးမွ မတ္ ၁၇ ရက္စြဲျဖင့္ ေၾကညာခဲ့သည္။

ျမန္မာႏိုင္ငံမွ ထြက္ခြာရန္ အတြက္ ၿဗိတိန္ႏိုင္ငံသားမ်ားသည္ ကိုယ္တိုင္ အစီအစဥ္ ျပဳလုပ္သင့္ေၾကာင္း ၊ မိမိတို႔ အေနျဖင့္ ျဖစ္႐ိုးျဖစ္စဥ္ မဟုတ္ေသာ အေျခအေနမ်ားမွသာ ထြက္ခြာရန္ ကူညီေပးသြားမည္ ျဖစ္ၿပီး ယင္းအစီအစဥ္အား ျမန္မာႏိုင္ငံ အတြင္း၌ လုပ္ေဆာင္ေပးမည္ဟု မေမွ်ာ္လင့္ရန္ ေၾကညာခ်က္တြင္ ေရးသားထားသည္။

ၿဗိတိန္သံ႐ုံးရွိ တစ္ခ်ိဳ႕ေသာ ဝန္ထမ္းမ်ားႏွင့္ မွီခိုသူမ်ားအား ျပန္လည္ေခၚေဆာင္ခဲ့ၿပီး ျဖစ္ေၾကာင္း ၊ ေကာင္စစ္ဝန္ အကူအညီေပးရန္ အပါအဝင္ အေရးပါေသာ လုပ္ငန္းမ်ားကို ဆက္လက္ လုပ္ကိုင္ရန္ လိုအပ္သည့္ ဝန္ထမ္းမ်ား ဆက္လက္ ရွိေနေသးေၾကာင္း ၊ ျမန္မာႏိုင္ငံရွိ ၿဗိတိန္ႏိုင္ငံသားမ်ားအတြက္ အကူအညီေပးႏိုင္ရန္ ဖုန္းနံပါတ္ +95 (0)1370863 အား ၂၄ နာရီလုံး ဆက္သြယ္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားများအားလုံး နိုင်ငံအတွင်းမှ ထွက်ခွာရန် အကြံပြု ၊ ဗြိတိန်သံရုံးရှိ တစ်ချို့သော ဝန်ထမ်းများနှင့် မှီခိုသူများအား ပြန်လည်ခေါ်ဆောင်ထား

မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးမှ ကြေညာထားမှုအား တွေ့ရစဉ်(ဓာတ်ပုံ - UK in Myanmar)

    ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ)

    မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားများအားလုံး ဖြစ်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ အတွင်းမှ ထွက်ခွာရန် ဗြိတိန်နိုင်ငံမှ အကြံပြုချက်အား မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးမှ ကြေညာခဲ့ပြီး ဗြိတိန်သံရုံးရှိ တစ်ချို့သော ဝန်ထမ်းများနှင့် မှီခိုသူများအား ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားမှုသည် မြန်မာနိုင်ငံ၏ ဆေးဘက် ဆိုင်ရာ ဆောင်ရွက်မှုအပေါ် သိသိသာသာ ဖိအားပေးလိမ့်မည်ဟု မျှော်လင့်ရပြီး ၎င်းတို့အနေဖြင့် ပုံမှန် စောင့်ရှောက်မှု ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ၊ နိုင်ငံ၏ လေကြောင်းလိုင်းများသည်လည်း ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ဖျက်သိမ်းနိုင်သည့် အန္တရာယ်ရှိကြောင်း မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးမှ မတ် ၁၇ ရက်စွဲဖြင့် ကြေညာခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ခွာရန် အတွက် ဗြိတိန်နိုင်ငံသားများသည် ကိုယ်တိုင် အစီအစဉ် ပြုလုပ်သင့်ကြောင်း ၊ မိမိတို့ အနေဖြင့် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော အခြေအနေများမှသာ ထွက်ခွာရန် ကူညီပေးသွားမည် ဖြစ်ပြီး ယင်းအစီအစဉ်အား မြန်မာနိုင်ငံ အတွင်း၌ လုပ်ဆောင်ပေးမည်ဟု မမျှော်လင့်ရန် ကြေညာချက်တွင် ရေးသားထားသည်။

ဗြိတိန်သံရုံးရှိ တစ်ချို့သော ဝန်ထမ်းများနှင့် မှီခိုသူများအား ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း ၊ ကောင်စစ်ဝန် အကူအညီပေးရန် အပါအဝင် အရေးပါသော လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရန် လိုအပ်သည့် ဝန်ထမ်းများ ဆက်လက် ရှိနေသေးကြောင်း ၊ မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားများအတွက် အကူအညီပေးနိုင်ရန် ဖုန်းနံပါတ် +95 (0)1370863 အား ၂၄ နာရီလုံး ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
ျမန္မာႏိုင္ငံရွိ ၿဗိတိန္ႏိုင္ငံသားမ်ားအားလုံး ႏိုင္ငံအတြင္းမွ ထြက္ခြာရန္ အႀကံျပဳ ၊ ၿဗိတိန္သံ႐ုံးရွိ တစ္ခ်ိဳ႕ေသာ ဝန္ထမ္းမ်ားႏွင့္ မွီခိုသူမ်ားအား ျပန္လည္ေခၚေဆာင္ထား ျမန္မာႏိုင္ငံရွိ ၿဗိတိန္ႏိုင္ငံသားမ်ားအားလုံး ႏိုင္ငံအတြင္းမွ ထြက္ခြာရန္ အႀကံျပဳ ၊ ၿဗိတိန္သံ႐ုံးရွိ တစ္ခ်ိဳ႕ေသာ ဝန္ထမ္းမ်ားႏွင့္ မွီခိုသူမ်ားအား ျပန္လည္ေခၚေဆာင္ထား Reviewed by THITHTOOLWIN on 00:04 Rating: 5
Powered by Blogger.