ရခိုင္မွာ ေက်ာင္းသား ေလးေထာင္ေက်ာ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ လာမေျဖ

ရခိုင္စာစစ္ဌာန ၂၀ ပိတ္လို႔ ေက်ာင္းသားေထာင္ခ်ီ ေနရာေျပာင္းေျဖရ
(Zawgyi)⤵⤵⤵
တိုက္ပြဲေတြျဖစ္ေနတဲ့ရခိုင္ျပည္နယ္ကေက်ာင္းသား ေက်ာင္းသူ ၄၀၀၀ေက်ာ္ ဟာ မတ္လ ၁၁ ရက္ေန႔က စတင္ ေျဖဆိုေနၾကရတဲ့ တကၠသိုလ္ဝင္တန္းစာေမးပြဲကို လာေရာက္ မေျဖဆိုၾကဘူးလို႔ ရခိုင္ျပည္နယ္ပညာေရးမႉး႐ုံးက သိရပါတယ္။

ရခိုင္ျပည္နယ္တစ္ခုလုံးမွာ တကၠသိုလ္ဝင္တန္းဝင္ေရာက္ေျဖဆိုမယ့္သူေလးေသာင္းခြဲေက်ာ္ရွိေပမယ့္ ၄၀၂၂ ေယာက္ပ်က္ကြက္တယ္လို႔လည္းရခိုင္ျပည္နယ္ပညာေရး မႉး႐ုံး က သတင္းအရသိရ ပါတယ္။

ရခိုင္ျပည္နယ္အတြင္း တကၠသိုလ္ဝင္တန္းေျဖဆိုမယ့္ ေက်ာင္းသူ ေက်ာင္းသားေတြဟာ စာေမးပြဲရက္နီးမွ စာစစ္ဌာနေျပာင္းလိုက္ရတာေတြ၊ သြားလာရခက္ခဲတာေတြ၊ တိုက္ပြဲျဖစ္ပြားေနမႈ စတဲ့ အခက္အခဲေတြကို ရင္ဆိုင္ေနၾကရတယ္လို႔ စစ္ေဘးေရွာင္ေနရတဲ့ ေက်ာင္းသူေက်ာင္းသား မိသားစုဝင္ေတြက ဆိုပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ တစ္ခုတည္းကို ေက်ာင္းသား ၂၆၀ ေက်ာ္စာေမးပြဲ လာမေျဖဘူးလို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ ကေျပာပါတယ္။

 ၿမိဳ႕ေပၚလာေျဖတဲ့ အခ်ိဳ႕ေက်ာင္းသားေတြ ဘုန္းေတာ္ႀကီးေက်ာင္းတြမွာတည္း ခိုၾက

ရေသ့ေတာင္ၿမိဳ႕နယ္ တစ္ခုတည္း မွာ လုံၿခဳံေရး အေျခအေန အရ စာစစ္ဌာန အခ်ိဳ႕ အနီးကပ္မွ ထပ္ၿပီးေျပာင္းခဲ့ရ လို႔ အခက္အခဲေတြႀကဳံခဲ့ရတယ္လို႔ လည္းသူက ဘီဘီစီကိုေျပာပါတယ္။

ရေသ့ေတာင္မွာ စာစစ္ဌာန ၁၁ ခုရွိၿပီး စာေမးပြဲေျဖဆိုမယ့္ ေက်ာင္းသား ေက်ာင္းသူ ၃၂၀၀ ေက်ာ္ရွိပါတယ္။

စာေမးပြဲ ေျဖခါနီးမွ ရေသ့ေတာင္ၿမိဳ႕ေပၚကို အနီးကပ္ ေျပာင္းေ႐ႊ႕ ရတဲ့ စာစစ္ဌာနေတြအတြက္ ျပင္ဆင္ရတဲ့ အခက္ခဲ လည္းရွိၿပီး ဘုန္းေတာ္ႀကီးေက်ာင္းနဲ႔ အားကစားခန္းမ ကိုပါ စာစစ္ ဌာန အျဖစ္ တိုး ခ်ဲ႕ဖြင့္လွစ္ခဲ့ရတယ္ လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ ကေျပာပါတယ္။

အနီးကပ္မွ စာစစ္ဌာန ေတြေနရာ ေျပာင္းေတာ့ အခ်ိဳ႕ေက်ာင္းသားေတြဟာ ၿမိဳ႕ေပၚလာေျဖဖို႔ ေနေရးထိုင္ေရး အခက္ အခဲေတြရွိၾကတယ္၊ဒါေၾကာင့္ တစ္ခ်ိဳ႕ေက်ာင္းသား ေလးေတြ လာမေျဖႏိုင္ၾကတာပါ လို႔ လည္းသူက ရွင္းျပပါတယ္။

စာစ္ဌာနေတြ မ ေလွ်ာ့

ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြေၾကာင့္ ျပည္နယ္ေျမာက္ပိုင္းက ေက်ာင္းသားေက်ာင္းသူ ၆ ေထာင္ေက်ာ္ရဲ႕ စာစစ္ဌာန ၂၀ ကို ၿမိဳ႕ေပၚေ႐ႊ႕ေျပာင္းထားရပါတယ္။

"စာစစ္ဌာန တခုမွ မေလွ်ာ့ပါဘူး၊ လုံၿခဳံေရးမရွိတဲ့ ႐ြာေတြ အကုန္လုံးက စာစစ္ဌာနေတြကို ၿမိဳ႕ေပၚေ႐ႊ႕တာပါ၊ ျပည္နယ္ ေျမာက္ပိုင္း တခုလုံးနဲ႔ ခ်င္းျပည္နယ္ ပလက္ဝက စာစစ္ဌာနေတြပါ" လို႔ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန တာဝန္ရွိသူ ဘီဘီစီကို ေျပာပါတယ္။

ရခိုင္ျပည္နယ္ ပညာေရးမႉး ဦးတင္သိန္းကေတာ့ တိုက္ပြဲေတြေၾကာင့္ လုံၿခဳံေရးစိုးရိမ္ရလို႔ ေက်ာက္ျဖဴ၊ အမ္း၊ ေျမပုံ၊ မင္းျပား၊ ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ ၿမိဳ႕နယ္ေတြက စာစစ္ဌာနေတြကို ပိတ္ထားမယ္လို႔ ေဖေဖာ္ဝါရီလလယ္တုန္းက ဘီဘီစီကို ေျပာထားပါတယ္။

ရခိုင္တျပည္လုံးအေနနဲ႔ တကၠသိုလ္ဝင္တန္း စာစစ္ဌာနေပါင္း ၁၂၇ ခုရွိၿပီး ေက်ာင္းသား ေက်ာင္းသူေပါင္း ၄၉၁၈၁ ဦး ဝင္ေရာက္ေျဖဆိုဖို႔ စာရင္းေပးထားခဲ့ပါတယ္။
 ေျဖဆိုမယ့္သူဦးေရဟာ ျပည္နယ္နဲ႔ တိုင္း အကုန္လုံးမွာ တိုးလာ
မတ္လ ၁၁ ရက္ေန႔မွာ စေျဖတဲ့ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲ အတြက္ စာစစ္ဌာန ၁၉၉၉ ခု ရွိၿပီး ေျဖဆိုဖို႔ စာရင္းေပးထားတဲ့ ေက်ာင္းသား ေက်ာင္းသူေပါင္း ၉၇၁,၃၃၉ ဦး ရွိပါတယ္။

"ၿပီးခဲ့တဲ့ ႏွစ္ကထက္စာရင္ စာေမးပြဲေျဖဆိုမယ့္သူဦးေရ ၁ သိန္း ၂ ေသာင္းေက်ာ္ ပိုမ်ားလာတယ္" လို႔ ပညာေရးဝန္ႀကီးဌာန ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ေျဖဆိုမယ့္သူဦးေရဟာ ျပည္နယ္နဲ႔ တိုင္း အကုန္လုံးမွာ တိုးလာတာျဖစ္ၿပီး ရန္ကုန္၊ မႏၲေလးနဲ႔ စစ္ကိုင္းမွာေတာ့ ေက်ာင္းသား ေက်ာင္းသူေပါင္း ၁ သိန္း ၃ ေသာင္းေက်ာ္စီနဲ႔ အမ်ားဆုံး ေျဖဆိုၾကမွာျဖစ္ပါတယ္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းကေတာ့ အနည္းဆုံးျဖစ္ၿပီး ေျဖဆိုမယ့္သူေပါင္း ၅၄၆၈ ဦး ရွိပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ရခိုင်မှာ ကျောင်းသား လေးထောင်ကျော် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာမဖြေ

ဓာတ်ပုံ မူပိုင် MPA
Image caption ရခိုင်စာစစ်ဌာန ၂၀ ပိတ်လို့ ကျောင်းသားထောင်ချီ နေရာပြောင်းဖြေရ

တိုက်ပွဲတွေဖြစ်နေတဲ့ရခိုင်ပြည်နယ်ကကျောင်းသား ကျောင်းသူ ၄၀၀၀ကျော် ဟာ မတ်လ ၁၁ ရက်နေ့က စတင် ဖြေဆိုနေကြရတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာရောက် မဖြေဆိုကြဘူးလို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုမယ့်သူလေးသောင်းခွဲကျော်ရှိပေမယ့် ၄၀၂၂ ယောက်ပျက်ကွက်တယ်လို့လည်းရခိုင်ပြည်နယ်ပညာရေး မှူးရုံး က သတင်းအရသိရ ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေဟာ စာမေးပွဲရက်နီးမှ စာစစ်ဌာနပြောင်းလိုက်ရတာတွေ၊ သွားလာရခက်ခဲတာတွေ၊ တိုက်ပွဲဖြစ်ပွားနေမှု စတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်နေရတဲ့ ကျောင်းသူကျောင်းသား မိသားစုဝင်တွေက ဆိုပါတယ်။

ရသေ့တောင်မြို့နယ် တစ်ခုတည်းကို ကျောင်းသား ၂၆၀ ကျော်စာမေးပွဲ လာမဖြေဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption မြို့ပေါ်လာဖြေတဲ့ အချို့ကျောင်းသားတွေ ဘုန်းတော်ကြီးကျောင်းတွမှာတည်း ခိုကြ

ရသေ့တောင်မြို့နယ် တစ်ခုတည်း မှာ လုံခြုံရေး အခြေအနေ အရ စာစစ်ဌာန အချို့ အနီးကပ်မှ ထပ်ပြီးပြောင်းခဲ့ရ လို့ အခက်အခဲတွေကြုံခဲ့ရတယ်လို့ လည်းသူက ဘီဘီစီကိုပြောပါတယ်။

ရသေ့တောင်မှာ စာစစ်ဌာန ၁၁ ခုရှိပြီး စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ ၃၂၀၀ ကျော်ရှိပါတယ်။

စာမေးပွဲ ဖြေခါနီးမှ ရသေ့တောင်မြို့ပေါ်ကို အနီးကပ် ပြောင်းရွှေ့ ရတဲ့ စာစစ်ဌာနတွေအတွက် ပြင်ဆင်ရတဲ့ အခက်ခဲ လည်းရှိပြီး ဘုန်းတော်ကြီးကျောင်းနဲ့ အားကစားခန်းမ ကိုပါ စာစစ် ဌာန အဖြစ် တိုး ချဲ့ဖွင့်လှစ်ခဲ့ရတယ် လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။

အနီးကပ်မှ စာစစ်ဌာန တွေနေရာ ပြောင်းတော့ အချို့ကျောင်းသားတွေဟာ မြို့ပေါ်လာဖြေဖို့ နေရေးထိုင်ရေး အခက် အခဲတွေရှိကြတယ်၊ဒါကြောင့် တစ်ချို့ကျောင်းသား လေးတွေ လာမဖြေနိုင်ကြတာပါ လို့ လည်းသူက ရှင်းပြပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption စာစ်ဌာနတွေ မ လျှော့

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်နယ်မြောက်ပိုင်းက ကျောင်းသားကျောင်းသူ ၆ ထောင်ကျော်ရဲ့ စာစစ်ဌာန ၂၀ ကို မြို့ပေါ်ရွှေ့ပြောင်းထားရပါတယ်။

"စာစစ်ဌာန တခုမှ မလျှော့ပါဘူး၊ လုံခြုံရေးမရှိတဲ့ ရွာတွေ အကုန်လုံးက စာစစ်ဌာနတွေကို မြို့ပေါ်ရွှေ့တာပါ၊ ပြည်နယ် မြောက်ပိုင်း တခုလုံးနဲ့ ချင်းပြည်နယ် ပလက်ဝက စာစစ်ဌာနတွေပါ" လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန တာဝန်ရှိသူ ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းကတော့ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်ရလို့ ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်တွေက စာစစ်ဌာနတွေကို ပိတ်ထားမယ်လို့ ဖေဖော်ဝါရီလလယ်တုန်းက ဘီဘီစီကို ပြောထားပါတယ်။

ရခိုင်တပြည်လုံးအနေနဲ့ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနပေါင်း ၁၂၇ ခုရှိပြီး ကျောင်းသား ကျောင်းသူပေါင်း ၄၉၁၈၁ ဦး ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ဖြေဆိုမယ့်သူဦးရေဟာ ပြည်နယ်နဲ့ တိုင်း အကုန်လုံးမှာ တိုးလာ

မတ်လ ၁၁ ရက်နေ့မှာ စဖြေတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် စာစစ်ဌာန ၁၉၉၉ ခု ရှိပြီး ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ကျောင်းသား ကျောင်းသူပေါင်း ၉၇၁,၃၃၉ ဦး ရှိပါတယ်။

"ပြီးခဲ့တဲ့ နှစ်ကထက်စာရင် စာမေးပွဲဖြေဆိုမယ့်သူဦးရေ ၁ သိန်း ၂ သောင်းကျော် ပိုများလာတယ်" လို့ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြေဆိုမယ့်သူဦးရေဟာ ပြည်နယ်နဲ့ တိုင်း အကုန်လုံးမှာ တိုးလာတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမှာတော့ ကျောင်းသား ကျောင်းသူပေါင်း ၁ သိန်း ၃ သောင်းကျော်စီနဲ့ အများဆုံး ဖြေဆိုကြမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းကတော့ အနည်းဆုံးဖြစ်ပြီး ဖြေဆိုမယ့်သူပေါင်း ၅၄၆၈ ဦး ရှိပါတယ်။

BBC Burmese
https://www.bbc.com
ရခိုင္မွာ ေက်ာင္းသား ေလးေထာင္ေက်ာ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ လာမေျဖ ရခိုင္မွာ ေက်ာင္းသား ေလးေထာင္ေက်ာ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ လာမေျဖ Reviewed by THITHTOOLWIN on 23:37 Rating: 5
Powered by Blogger.