ျမန္မာႏုိင္ငံတြင္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ တားဆီးေရး အရွိန္ျမွင့္


(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူေတြထဲမွာ ေလယာဥ္လိုင္းေၾကာင္းက ၀င္လာသူေတြေရာ နယ္စပ္လမ္းကေန ျဖတ္ေက်ာ္လာသူေတြေရာမွာ ေတြ႔ရတဲ့အျပင္ ခရီးသြားမွတ္တမ္းမရိွဘဲ ျပည္တြင္းမွာတင္ ကူးစက္ခံရတဲ့ လူနာပါ ေတြ႔လာရတဲ့ေနာက္ အစိုးရဘက္က ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ပိုမို တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္လာပါၿပီ။ ထိပ္ပိုင္း ျပည္ေထာင္စုအဆင့္ကေန ေအာက္ေျခၿမိဳ႕နယ္အဆင့္ေတြအထိပါ ပူးတဲြအဖဲြ႔ေတြ ဖဲြ႔စည္းၿပီး ေရာဂါထိန္းခ်ဳပ္ေရးကို အရိွန္ျမင့္ေဆာင္ရြက္လာတယ္လို႔ ေျပာရမွာပါ။

ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ လက္ေတြ႔ေျမျပင္ေဆာင္ရြက္ရာမွာ ႀကီးၾကပ္မယ့္ COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႕အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီကို ဒု သမၼတ ဦးျမင့္ေဆြကို ဦးစီးေစၿပီး မတ္လ ၃၀ ရက္ေန႔က ဖဲြ႕စည္းေၾကာင္း ထုတ္ျပန္ပါတယ္။ ဒီေကာ္မတီအေနနဲ႔ ေရာဂါထိန္းခ်ဳပ္ေရးလုပ္ငန္းေတြကို ဥပေဒအရ တင္းတင္းတင္းၾကပ္ၾကပ္ကိုင္တြယ္အေရးယူႏိုင္မွာျဖစ္တဲ့အျပင္ လိုအပ္ရင္ လံုၿခံဳေရးအင္အား အသံုးျပဳဖို႔အထိပါ လုပ္ပိုင္ခြင့္ေပးထားပါတယ္။ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိန္းကေတာ့ ဒါဟာ ေရာဂါထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ အစိုးရနဲ႔ တပ္မေတာ္ ပူးတဲြေဆာင္ရြက္လာတဲ့ အေျခအေနျဖစ္တယ္လို႔ ဆိုပါတယ္။

ေဒါက္တာရန္မ်ိဳးသိန္း။ ။ တပ္မေတာ္ဘက္က ညိွႏိႈင္းကြပ္ကဲေရးမွဴးေပါ့ ဒီ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ေကာ္မတီမွာ အဖဲြ႔၀င္အျဖစ္ ပါလာတယ္။ အဲ့ဒီအတြက္ေၾကာင့္မို႔လို႔ COVID-19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရးနဲ႔ ကုသေရးလုပ္ငန္းေတြမွာေပါ့ေလ ... တပ္မေတာ္ဘက္ကလည္းပဲ အစိုးရနဲ႔ ပိုၿပီးေတာ့ ျဖစ္ျဖစ္ေရာက္ေရာက္ ပူးေပါင္းေဆာင္ရြက္လာမယ့္သေဘာမ်ိဳး ဟန္ခ်က္ညီညီ ေဆာင္ရြက္လာမယ့္သေဘာမ်ိဳးလို႔ သံုးသပ္လို႔ရပါတယ္။

ျမန္မာအစိုးရရဲ႕ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြဟာ ေႏွးေကြးလြန္းတယ္၊ ေနာက္က်လြန္းတယ္ဆိုၿပီး ေ၀ဖန္မႈေတြက အေတာ္ေလး ရိွခဲ့တာပါ။ ေရာဂါပိုး ကူးစက္ခံရသူအခ်ိဳ႕ ရွာေဖြေတြ႔လာရတဲ့အခ်ိန္အထိ အစိုးရရဲ႕ တုံ႔ျပန္မႈ၊ သတင္းျပန္ၾကားမႈေတြဟာ ေႏွးေကြးလြန္းတယ္လို႔ မခ်င့္မရဲျဖစ္ခဲ့ၾကပါတယ္။ ေအာက္ေျခလူထုအၾကားမွာလည္း ကပ္ေရာဂါဆိုး အတိုင္းအဆကို သိသူ အင္မတန္ နည္းခဲ့ပါတယ္။ ဒါေပမဲ့ ဒီရက္ပိုင္းမွာေတာ့ တိုင္းနဲ႔ ျပည္နယ္အလိုက္ ၿမိဳ႕နယ္အလိုက္ ေအာက္ေျခပိုင္းမွာ ေရာဂါထိန္းခ်ဳပ္ေရး ေဆာင္ရြက္မႈေတြ ပိုၿပီး အားေကာင္းလာပါတယ္လို႔ ေဒါက္တာရန္မ်ိဳးသိန္းက သံုးသပ္ပါတယ္။

ေဒါက္တာရန္မ်ိဳးသိန္း။ ။ အစိုးရအပါအ၀င္ေပါ့ေလ... လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ က်ေနာ္တို႔ အရပ္ဘက္အဖဲြ႔အစည္းေတြ၊ ေနာက္ ရပ္မိရပ္ဖေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ တႏိုင္ငံလံုးအတိုင္းအတာနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္လာတဲ့သေဘာေတြကို ေတြ႔ရပါတယ္။

ျပည္ပက ျပန္လာသူေတြ အထူးသျဖင့္ေတာ့ ထိုင္းနယ္စပ္ဘက္ကေန ျပည္တြင္းထဲအထိ ျပန္လာတဲ့ ျမန္မာလူမ်ိဳးက ေသာင္းဂဏန္းေလာက္ထိ ရွိလာတာမို႔ ဒီလူေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္မႈ အေတာ္ႀကီးလာပါတယ္။ ဒီအတြက္လည္း သက္ဆိုင္ရာၿမိဳ႕နယ္ေတြအလိုက္ သီးျခားေစာင့္ၾကည့္မႈေတြ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚဇင္မာေအာင္က ေျပာပါတယ္။

ေဒၚဇင္မာေအာင္။ ။ အဓိကကေတာ့ က်မတို႔ ဒီဘက္ေနာက္ပိုင္း ထိုင္းက ၀င္လာတဲ့ ျမန္မာေတြေပါ့ က်မတို႔ ၿမိဳ႕နယ္အလိုက္ေလ ... ၀င္လာတဲ့သူေတြရွိလို႔ရွိရင္ Community Quarantine လိုမ်ိဳး လုပ္ဖို႔လို႔ဆိုၿပီးေတာ့ က်မတို႔ ျပင္ဆင္ထားတာေတြ ရွိပါတယ္။ အဲ့ဒီအတြက္ကို ေလာေလာဆယ္လုပ္ေနပါတယ္။ အဲ့ဒီ မတိုင္ခင္က ၂၅ ရက္ မတိုင္ခင္ကဆိုလို႔ရွိရင္လည္း ဒီ ေလယာဥ္က ၀င္လာတဲ့ လူေတြကို အဲ့ဒီ list ေတြနဲ႔ ဥပမာ TMO ေတြေပါ့ က်န္မာေရး၀န္ထမ္းေတြနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းေတြက လိုက္ၿပီးေတာ့ ဒီေစာင့္ၾကည့္တာေတြေပါ့ေနာ္... Home Quarantine လုပ္တာေတြ ရွိပါတယ္။ အိမ္မွာေနၿပီးေတာ့ ေစာင့္ၾကည့္ခိုင္းတာလည္း ရွိသလို ခု Community Base ေပါ့ေနာ္ ေနရာတခု သတ္မွတ္ၿပီးေတာ့ Quarantine လုပ္ေနတာ ႏွစ္မ်ိဳး ရွိပါတယ္။

အခုလို သီးျခားထားေစာင့္ၾကည့္မႈအျပင္ ေစ်းေတြ လူစည္ကားရာေနရာေတြ ရပ္ကြက္ေတြထဲမွာ ပိုးသတ္ေဆးျဖန္းတာေတြ ေရာဂါကာကြယ္ေရးသတိေပးထုတ္တာေတြကို ၿမိဳ႕နယ္အလိုက္ ေဆာင္ရြက္တာေတြရိွပါတယ္။ ဒါ့အျပင္ ၿမိဳ႕နယ္အလိုက္ ေဒသႏၱရအမိန္႔ေတြ ထုတ္ၿပီးေတာ့ လူစုလူေ၀းမလုပ္ဖို႔၊ သံသယလူနာေတြေတြ႔ရင္ နီးစပ္ရာအုပ္ခ်ဳပ္ေရးကိုအေၾကာင္းၾကားဖို႔ ညႊြန္ၾကားခ်က္ေတြ ထုတ္ေနပါတယ္။ ရန္ကုန္ၿမိဳ႕ေနရာအေတာ္မ်ားမ်ားမွာေတာ့ ေစ်းဆိုင္ေတြ စတိုးဆိုင္ေတြ ဖြင့္လွစ္ခ်ိန္ကို အခ်ိန္ေလွ်ာ့ခ်တဲ့အျပင္၊ စားေသာက္ဆိုင္ေတြဆိုရင္လည္း ဆိုင္မွာ ထိုင္ခြင့္မေပးေတာ့ပဲ အထုပ္နဲ႔ပဲ ၀ယ္ခြင့္ ေပးပါေတာ့တယ္။ ၿမိဳ႕နယ္အလိုက္ဖဲြ႔တဲ့ ေရာဂါထိန္းခ်ဳပ္ေရးေကာ္မတီေတြအျပင္၊ ပုဂၢလိကအဖဲြ႔အစည္းေတြ စီးပြားေရးလုပ္ငန္းေတြကလည္း ေရာဂါကာကြယ္ေရးအတြက္ တႏိုင္တပိုင္သီးျခားေဆာင္ရြက္တာေတြ လုပ္လာပါတယ္။ လူထုၾကားထဲမွာ စိုးရိမ္မႈတိုးလာတာနဲ႔အတူပဲ ရပ္ကြက္အခ်ိဳ႕မွာေတာ့ ကပ္ေရာဂါေရွာင္လဲႊႏိုင္ဖို႔ သက္ဆိုင္ရာဘာသာေရးအရ ရြတ္ဖက္သရဇယ္တာေတြ ၊ လွည့္လည္လုပ္ေနတာေတြ ရိွပါတယ္။

ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ၿမိဳ႕နယ္အလိုက္ေကာ္မတီေတြ ဖဲြ႔လုပ္ေဆာင္ရာမွာ အခက္အခဲေတြေတာ့ ရိွေနပါတယ္လို႔ ေဒၚဇင္မာေအာင္က ေျပာပါတယ္။

ဒီအတြက္ေၾကာင့္မို႔လို႔လည္း ဒီအစိုးရအေနနဲ႔က ၿမိဳ႕နယ္အလိုက္ေဆာင္ရြက္မႈေတြအတြက္ Budget အသံုးစာရိတ္ေတြ သီးျခားခ်ေပးသင့္တယ္လို႔ ေဒၚတာရန္မ်ိဳးသိန္းက ျမင္ပါတယ္။

ေဒါက္တာရန္မ်ိဳးသိန္း။ ။ အေရးေပၚ ရန္ပံုေငြ၊ ေနာက္ ထပ္ေဆာင္း ရန္ပံုေငြေတြရဲ႕ စိစစ္မႈကို ေအာက္ေျခၿမိဳ႕နယ္အဆင့္ေလာက္အထိ ထိထိေရာက္ေရာက္နဲ႔ ပို႔ေဆာင္ေပးႏိုင္ဖို႔လည္းပဲ ေရရွည္မွာ မျဖစ္မေန လိုအပ္တယ္လို႔ ျမင္ပါတယ္။

အခုလို အသစ္ဖဲြ႔စည္းလိုက္တဲ့ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီဟာ ေအာက္ေျခ ၿမိဳ႕နယ္အလိုက္ ႀကံဳေနရတဲ့ အခုလိုအခက္အခဲေတြ ရန္ပံုေငြကိစၥအျပင္ ဥပေဒနဲ႔ တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္ဖို႔ လက္ေတြ႔ကိစၥရပ္ေတြမွာ ေပါင္းစပ္ႀကီးၾကပ္ႏိုင္မယ္လို႔ အေကာင္းျမင္သူေတြလည္း ရိွပါတယ္။ ဒီ ကမၻာ့ကပ္ေရာဂါႀကီးဟာ ျမန္မာႏို္င္ငံအတြင္းမွာလည္း ကပ္ေရာဂါလိုျဖစ္လာႏိုင္တယ္လို႔ က်န္းမာေရးဌာနဘက္က သတိေပးလာတဲ့အေျခအေနေၾကာင့္လည္း၊ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အခုလို အစိုးရေရာ တပ္မေတာ္ေရာ အျခားအရပ္ဘက္အဖဲြ႕ေတြေရာ အားလံုး ဟန္ခ်က္ညီ ပူးေပါင္းေဆာင္ရြက္ႏိုင္တဲ့အေျခအေန တရပ္ျဖစ္လာဖို႔ ေမွ်ာ္လင့္ၾကတာပါ။
----------------------------------------------
[Unicode Version]

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတားဆီးရေး အရှိန်မြှင့်

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေထဲမှာ လေယာဉ်လိုင်းကြောင်းက ဝင်လာသူတွေရော နယ်စပ်လမ်းကနေ ဖြတ်ကျော်လာသူတွေရောမှာ တွေ့ရတဲ့အပြင်၊ ခရီးသွားမှတ်တမ်းမရှိဘဲ ပြည်တွင်းမှာတင် ကူးစက်ခံရတဲ့ လူနာပါ တွေ့လာရတဲ့နောက် အစိုးရဘက်က ရောဂါထိန်းချုပ်ရေးအတွက် ပိုမို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာပါပြီ။ ထိပ်ပိုင်း ပြည်ထောင်စုအဆင့်ကနေ အောက်ခြေမြို့နယ်အဆင့်တွေအထိပါ ပူးတွဲအဖွဲ့တွေ ဖွဲ့စည်းပြီး ရောဂါထိန်းချုပ်ရေးကို အရှိန်မြင့်ဆောင်ရွက်လာတယ်လို့ ပြောရမှာပါ။

ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ လက်တွေ့မြေပြင်ဆောင်ရွက်ရာမှာ ကြီးကြပ်မယ့် COVID-19 ရောဂါ ထိန်းချုပ်ရေးနဲ့အရေးပေါ် တုံ့ပြန်ရေးကော်မတီကို ဒု သမ္မတ ဦးမြင့်ဆွေကို ဦးစီးစေပြီး မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။ ဒီကော်မတီအနေနဲ့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို ဥပဒေအရ တင်းတင်းတင်းကြပ်ကြပ်ကိုင်တွယ်အရေးယူနိုင်မှာဖြစ်တဲ့အပြင် လိုအပ်ရင် လုံခြုံရေးအင်အား အသုံးပြုဖို့အထိပါ လုပ်ပိုင်ခွင့်ပေးထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့ ဒါဟာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အစိုးရနဲ့ တပ်မတော် ပူးတွဲဆောင်ရွက်လာတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာရန်မျိုးသိန်း။ ။ တပ်မတော်ဘက်က ညှိနှိုင်းကွပ်ကဲရေးမှူးပေါ့ ဒီ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကော်မတီမှာ အဖွဲ့ဝင်အဖြစ် ပါလာတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေမှာပေါ့လေ ... တပ်မတော်ဘက်ကလည်းပဲ အစိုးရနဲ့ ပိုပြီးတော့ ဖြစ်ဖြစ်ရောက်ရောက် ပူးပေါင်းဆောင်ရွက်လာမယ့်သဘောမျိုး ဟန်ချက်ညီညီ ဆောင်ရွက်လာမယ့်သဘောမျိုးလို့ သုံးသပ်လို့ရပါတယ်။

မြန်မာအစိုးရရဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေဟာ နှေးကွေးလွန်းတယ်၊ နောက်ကျလွန်းတယ်ဆိုပြီး ဝေဖန်မှုတွေက အတော်လေး ရှိခဲ့တာပါ။ ရောဂါပိုး ကူးစက်ခံရသူအချို့ ရှာဖွေတွေ့လာရတဲ့အချိန်အထိ အစိုးရရဲ့ တုံ့ပြန်မှု၊ သတင်းပြန်ကြားမှုတွေဟာ နှေးကွေးလွန်းတယ်လို့ မချင့်မရဲဖြစ်ခဲ့ကြပါတယ်။ အောက်ခြေလူထုအကြားမှာလည်း ကပ်ရောဂါဆိုး အတိုင်းအဆကို သိသူ အင်မတန် နည်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ တိုင်းနဲ့ ပြည်နယ်အလိုက် မြို့နယ်အလိုက် အောက်ခြေပိုင်းမှာ ရောဂါထိန်းချုပ်ရေး ဆောင်ရွက်မှုတွေ ပိုပြီး အားကောင်းလာပါတယ်လို့ ဒေါက်တာရန်မျိုးသိန်းက သုံးသပ်ပါတယ်။

ဒေါက်တာရန်မျိုးသိန်း။ ။ အစိုးရအပါအဝင်ပေါ့လေ... လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နောက် ရပ်မိရပ်ဖတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာတဲ့သဘောတွေကို တွေ့ရပါတယ်။

ပြည်ပက ပြန်လာသူတွေ အထူးသဖြင့်တော့ ထိုင်းနယ်စပ်ဘက်ကနေ ပြည်တွင်းထဲအထိ ပြန်လာတဲ့ မြန်မာလူမျိုးက သောင်းဂဏန်းလောက်ထိ ရှိလာတာမို့ ဒီလူတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှု အတော်ကြီးလာပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာမြို့နယ်တွေအလိုက် သီးခြားစောင့်ကြည့်မှုတွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒေါ်ဇင်မာအောင်။ ။ အဓိကကတော့ ကျမတို့ ဒီဘက်နောက်ပိုင်း ထိုင်းက ဝင်လာတဲ့ မြန်မာတွေပေါ့ ကျမတို့ မြို့နယ်အလိုက်လေ ... ဝင်လာတဲ့သူတွေရှိလို့ရှိရင် Community Quarantine လိုမျိုး လုပ်ဖို့လို့ဆိုပြီးတော့ ကျမတို့ ပြင်ဆင်ထားတာတွေ ရှိပါတယ်။ အဲ့ဒီအတွက်ကို လောလောဆယ်လုပ်နေပါတယ်။ အဲ့ဒီ မတိုင်ခင်က ၂၅ ရက် မတိုင်ခင်ကဆိုလို့ရှိရင်လည်း ဒီ လေယာဉ်က ဝင်လာတဲ့ လူတွေကို အဲ့ဒီ list တွေနဲ့ ဥပမာ TMO တွေပေါ့ ကျန်မာရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေက လိုက်ပြီးတော့ ဒီစောင့်ကြည့်တာတွေပေါ့နော်... Home Quarantine လုပ်တာတွေ ရှိပါတယ်။ အိမ်မှာနေပြီးတော့ စောင့်ကြည့်ခိုင်းတာလည်း ရှိသလို ခု Community Base ပေါ့နော် နေရာတခု သတ်မှတ်ပြီးတော့ Quarantine လုပ်နေတာ နှစ်မျိုး ရှိပါတယ်။

အခုလို သီးခြားထားစောင့်ကြည့်မှုအပြင် ဈေးတွေ လူစည်ကားရာနေရာတွေ ရပ်ကွက်တွေထဲမှာ ပိုးသတ်ဆေးဖြန်းတာတွေ ရောဂါကာကွယ်ရေးသတိပေးထုတ်တာတွေကို မြို့နယ်အလိုက် ဆောင်ရွက်တာတွေရှိပါတယ်။ ဒါ့အပြင် မြို့နယ်အလိုက် ဒေသန္တရအမိန့်တွေ ထုတ်ပြီးတော့ လူစုလူဝေးမလုပ်ဖို့၊ သံသယလူနာတွေတွေ့ရင် နီးစပ်ရာအုပ်ချုပ်ရေးကိုအကြောင်းကြားဖို့ ညွှွန်ကြားချက်တွေ ထုတ်နေပါတယ်။ ရန်ကုန်မြို့နေရာအတော်များများမှာတော့ ဈေးဆိုင်တွေ စတိုးဆိုင်တွေ ဖွင့်လှစ်ချိန်ကို အချိန်လျှော့ချတဲ့အပြင်၊ စားသောက်ဆိုင်တွေဆိုရင်လည်း ဆိုင်မှာ ထိုင်ခွင့်မပေးတော့ပဲ အထုပ်နဲ့ပဲ ဝယ်ခွင့် ပေးပါတော့တယ်။ မြို့နယ်အလိုက်ဖွဲ့တဲ့ ရောဂါထိန်းချုပ်ရေးကော်မတီတွေအပြင်၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ စီးပွားရေးလုပ်ငန်းတွေကလည်း ရောဂါကာကွယ်ရေးအတွက် တနိုင်တပိုင်သီးခြားဆောင်ရွက်တာတွေ လုပ်လာပါတယ်။ လူထုကြားထဲမှာ စိုးရိမ်မှုတိုးလာတာနဲ့အတူပဲ ရပ်ကွက်အချို့မှာတော့ ကပ်ရောဂါရှောင်လွဲှနိုင်ဖို့ သက်ဆိုင်ရာဘာသာရေးအရ ရွတ်ဖက်သရဇယ်တာတွေ ၊ လှည့်လည်လုပ်နေတာတွေ ရှိပါတယ်။

ရောဂါထိန်းချုပ်ရေးအတွက် မြို့နယ်အလိုက်ကော်မတီတွေ ဖွဲ့လုပ်ဆောင်ရာမှာ အခက်အခဲတွေတော့ ရှိနေပါတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒီအတွက်ကြောင့်မို့လို့လည်း ဒီအစိုးရအနေနဲ့က မြို့နယ်အလိုက်ဆောင်ရွက်မှုတွေအတွက် Budget အသုံးစာရိတ်တွေ သီးခြားချပေးသင့်တယ်လို့ ဒေါ်တာရန်မျိုးသိန်းက မြင်ပါတယ်။

ဒေါက်တာရန်မျိုးသိန်း။ ။ အရေးပေါ် ရန်ပုံငွေ၊ နောက် ထပ်ဆောင်း ရန်ပုံငွေတွေရဲ့ စိစစ်မှုကို အောက်ခြေမြို့နယ်အဆင့်လောက်အထိ ထိထိရောက်ရောက်နဲ့ ပို့ဆောင်ပေးနိုင်ဖို့လည်းပဲ ရေရှည်မှာ မဖြစ်မနေ လိုအပ်တယ်လို့ မြင်ပါတယ်။

အခုလို အသစ်ဖွဲ့စည်းလိုက်တဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဟာ အောက်ခြေ မြို့နယ်အလိုက် ကြုံနေရတဲ့ အခုလိုအခက်အခဲတွေ ရန်ပုံငွေကိစ္စအပြင် ဥပဒေနဲ့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ လက်တွေ့ကိစ္စရပ်တွေမှာ ပေါင်းစပ်ကြီးကြပ်နိုင်မယ်လို့ အကောင်းမြင်သူတွေလည်း ရှိပါတယ်။ ဒီ ကမ္ဘာ့ကပ်ရောဂါကြီးဟာ မြန်မာနိုင်ငံအတွင်းမှာလည်း ကပ်ရောဂါလိုဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးဌာနဘက်က သတိပေးလာတဲ့အခြေအနေကြောင့်လည်း၊ ရောဂါထိန်းချုပ်ရေးအတွက် အခုလို အစိုးရရော တပ်မတော်ရော အခြားအရပ်ဘက်အဖွဲ့တွေရော အားလုံး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခြေအနေ တရပ်ဖြစ်လာဖို့ မျှော်လင့်ကြတာပါ။

သားၫြန္႔ဦး / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-covid-prevention/5353304.html
ျမန္မာႏုိင္ငံတြင္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ တားဆီးေရး အရွိန္ျမွင့္ ျမန္မာႏုိင္ငံတြင္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ တားဆီးေရး အရွိန္ျမွင့္ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.