ေဒၚေအာင္ဆန္းစုၾကည္ကုိ သမၼတမျဖစ္ေအာင္ အဟန္႔အတားျဖစ္ေစတဲ့ ပုဒ္မ အပါအ၀င္ ပုဒ္မအားလုံး မျပင္ဆင္ႏုိင္ခဲ့

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္၊ မတ္ ၁၁

ဖြဲ႕စည္းပုံအေျခခံ ဥပေဒကုိ ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥေပဒမူၾကမ္းပါ ပုဒ္မ ၄၃၆ ၊ ပုဒ္မခြဲ (က) မွာ အက်ဳံး၀င္ တဲ့ ပုဒ္မေေတြအတြက္ ဒီကေန႔ မတ္လ ၁၁ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ခဲ့ရာ ပုဒ္မ ၁၅ ခု လုံးအတြက္ မျပင္ဆင္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔မဲခြဲတဲ့ ပုဒ္မေတြထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတမျဖစ္ေအာင္ ကန႔္သတ္ထားတဲ့ပုဒ္မ ၅၉ (စ) လည္းပါ၀င္ခဲ့တာ ျဖစ္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒမွာထည့္သြင္း ေရးဆြဲထားတဲ့ ပုဒ္မ ၅၉(စ) ဟာ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ မျဖစ္ေရးကုိ ဦးတည္ေရးဆြဲထားတဲ့ ပုဒ္မလုိ႔ ႏုိင္ငံေရး ေလ့လာသုံးသပ္သူေတြ က ဆုိထားပါတယ္။

ဒါအျပင္ ပုဒ္မ ၅၉ (စ) အတြက္ ျပင္ဆင္ဖုိ႔ ေထာက္ခံမဲ ၃၉၃ မဲသာ ရရွိခဲ့တဲ့အတြက္ ၇၅ ရာခိုင္ႏႈန္း မေက်ာ္ခဲ့ တာေၾကာင့္ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ပုဒ္မ ၅၉ (စ) ကို ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္ လႊတ္ေတာ္ကိုယ္စား လွယ္ စုစုေပါင္း ၆၃၉ ဦးအထိရွိရာ ခြင့္တိုင္ၾကားသူ ၁၉ ဦးရွိတဲ့အတြက္ တက္ေရာက္တဲ့ လႊတ္ေတာ္ကိုယ္စား လွယ္ ၆၂၀ ဦးက မဲခြဲဆံုးျဖတ္ရာမွာ ၃၉၃ မဲသာ ရရွိတဲ့အတြက္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမဲ ၄၉၁ မဲ မရရွိတဲ့အတြက္ ပယ္ဖ်က္ႏိုင္ခဲ့ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္ကို တက္ေရာက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၆၃၅ ဦးရွိၿပီး ခြင့္ တိုင္ၾကားသူ ၁၉ ဦးရွိခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာ အဲဒီပုဒ္မ ၁၅ ခုလုံး ျပင္ဆင္ႏုိင္ဖို႔အတြက္ လုိအပ္တဲ့ ၇၅ ရာခုိင္ႏႈန္းေက်ာ္ ဆႏၵမဲ အေရအတြက္ ၄၉၁ ဦးေထာက္ခံမႈ ရရွိမွသာ ျပင္ဆင္ႏုိင္မွာ ျဖစ္ပါတယ္။

ျပင္ဆင္တဲ့ ပုဒ္မေတြ အေနနဲ႔ ပုဒ္မ ၅၉ (ဂ) ၊ ပုဒ္မ ၅၉ (ဃ) ၊ ၅၉ (စ) ၊ ပုဒ္မ ၁၀၉ (ခ) ပုဒ္မ ၁၄၁ (ခ)၊ ပုဒ္မ ၁၆၁ (ဃ) အမ်ိဳးသား ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ ကာလုံကို ျပန္လည္ဖြဲ႕စည္းတဲ့ ပုဒ္မ ၂၀၁ ၊ ပုဒ္မ ၂၀၁ (ဋ)၊ ပုဒ္မ ၂၀၁(က) ၊ ပုဒ္မ ၂၄၈ (ဂ) ပုဒ္မ ၂၉၄၊ ပုဒ္မ ၄၀၁ ၊ ပုဒ္မ ၄၀၁ (ခ) တုိ႔ ပါ၀င္တာ မဲခြဲခဲ့ရာ ၇၅ ရာ ခိုင္ႏႈန္းေက်ာ္ ေထာက္ခံမႈမရရွိခဲ့တာေၾကာင့္ မူလအတိုင္း ဆက္လက္တည္ရွိခဲ့တာ ျဖစ္ပါတယ္။

သမၼတ၊ ဒုတိယသမၼတ ျဖစ္ခြင့္ရွိသူ၏ အရည္အခ်င္း ကန႔္သတ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ၂ဝဝ၈ ဖြဲ႕စည္းပုံ အ ေျခခံ ဥပေဒ အခန္း (၃)၊ ပုဒ္မ (၅၉) (စ) မွာ “ မိမိကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိမိ၏ မိဘတစ္ပါးပါးေသာ္ လည္းေကာင္း၊ မိမိ၏ ဇနီး သို႔မဟုတ္ ခင္ပြန္းေသာ္လည္းေကာင္း၊ မိမိ၏ တရားဝင္သား သမီးတစ္ဦးဦးေသာ္ လည္းေကာင္း၊ ထိုတရားဝင္ သားသမီးတစ္ဦးဦး၏ ဇနီး သို႔မဟုတ္ ခင္ပြန္းေသာ္လည္းေကာင္း ႏိုင္ငံျခားအ စိုးရ၏ ေက်းဇူးသစၥာေတာ္ကို ခံယူေစာင့္ေရွာက္႐ိုေသသူ သို႔မဟုတ္ ႏိုင္ငံျခားအစိုးရ၏ လက္ေအာက္ခံျဖစ္သူ သို႔မဟုတ္ တိုင္းတစ္ပါး၏ ႏိုင္ငံသားျဖစ္သူမ်ား မျဖစ္ေစရ၊ ထိုသူမ်ားသည္ ႏိုင္ငံျခားအစိုးရ၏ လက္ေအာက္ခံ ျဖစ္သူေသာ္လည္းေကာင္း၊ တိုင္းတစ္ပါး၏ ႏိုင္ငံသားေသာ္လည္းေကာင္း ခံစားရေသာ အခြင့္အေရးမ်ားႏွင့္ ေက်းဇူးခံစားခြင့္မ်ားကို ခံစားႏိုင္ခြင့္ရွိသူမ်ား မျဖစ္ေစရ " ဟု ေဖာ္ျပပါရွိတာ ျဖစ္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရး ပထမေန႔မွာလည္း ဥပေဒမူၾကမ္းရဲ႕ ပုဒ္မ၊ ပုဒ္မခြဲ ၁၄ ခုကို ျပည္ ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္ရာ ျပင္ဆင္ခ်က္ ၂ ခုသာ ၇၅ ရာခိုင္ႏႈန္း အထက္ေထာက္ခံမႈ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဆုသီရိစံ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် အဟန့်အတားဖြစ်စေတဲ့ ပုဒ်မ အပါအဝင် ပုဒ်မအားလုံး မပြင်ဆင်နိုင်ခဲ့

နေပြည်တော်၊ မတ် ၁၁

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပေဒမူကြမ်းပါ ပုဒ်မ ၄၃၆ ၊ ပုဒ်မခွဲ (က) မှာ အကျုံးဝင် တဲ့ ပုဒ်မေတွေအတွက် ဒီကနေ့ မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ပုဒ်မ ၁၅ ခု လုံးအတွက် မပြင်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မဲခွဲတဲ့ ပုဒ်မတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ကန့်သတ်ထားတဲ့ပုဒ်မ ၅၉ (စ) လည်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာထည့်သွင်း ရေးဆွဲထားတဲ့ ပုဒ်မ ၅၉(စ) ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးကို ဦးတည်ရေးဆွဲထားတဲ့ ပုဒ်မလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ က ဆိုထားပါတယ်။

ဒါအပြင် ပုဒ်မ ၅၉ (စ) အတွက် ပြင်ဆင်ဖို့ ထောက်ခံမဲ ၃၉၃ မဲသာ ရရှိခဲ့တဲ့အတွက် ၇၅ ရာခိုင်နှုန်း မကျော်ခဲ့ တာကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပုဒ်မ ၅၉ (စ) ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော် လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၆၃၉ ဦးအထိရှိရာ ခွင့်တိုင်ကြားသူ ၁၉ ဦးရှိတဲ့အတွက် တက်ရောက်တဲ့ လွှတ်တော်ကိုယ်စား လှယ် ၆၂၀ ဦးက မဲခွဲဆုံးဖြတ်ရာမှာ ၃၉၃ မဲသာ ရရှိတဲ့အတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ၄၉၁ မဲ မရရှိတဲ့အတွက် ပယ်ဖျက်နိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၃၅ ဦးရှိပြီး ခွင့် တိုင်ကြားသူ ၁၉ ဦးရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီပုဒ်မ ၁၅ ခုလုံး ပြင်ဆင်နိုင်ဖို့အတွက် လိုအပ်တဲ့ ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲ အရေအတွက် ၄၉၁ ဦးထောက်ခံမှု ရရှိမှသာ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ပြင်ဆင်တဲ့ ပုဒ်မတွေ အနေနဲ့ ပုဒ်မ ၅၉ (ဂ) ၊ ပုဒ်မ ၅၉ (ဃ) ၊ ၅၉ (စ) ၊ ပုဒ်မ ၁၀၉ (ခ) ပုဒ်မ ၁၄၁ (ခ)၊ ပုဒ်မ ၁၆၁ (ဃ) အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံကို ပြန်လည်ဖွဲ့စည်းတဲ့ ပုဒ်မ ၂၀၁ ၊ ပုဒ်မ ၂၀၁ (ဋ)၊ ပုဒ်မ ၂၀၁(က) ၊ ပုဒ်မ ၂၄၈ (ဂ) ပုဒ်မ ၂၉၄၊ ပုဒ်မ ၄၀၁ ၊ ပုဒ်မ ၄၀၁ (ခ) တို့ ပါဝင်တာ မဲခွဲခဲ့ရာ ၇၅ ရာ ခိုင်နှုန်းကျော် ထောက်ခံမှုမရရှိခဲ့တာကြောင့် မူလအတိုင်း ဆက်လက်တည်ရှိခဲ့တာ ဖြစ်ပါတယ်။

သမ္မတ၊ ဒုတိယသမ္မတ ဖြစ်ခွင့်ရှိသူ၏ အရည်အချင်း ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေ အခန်း (၃)၊ ပုဒ်မ (၅၉) (စ) မှာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သား သမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအ စိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ " ဟု ဖော်ပြပါရှိတာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပထမနေ့မှာလည်း ဥပဒေမူကြမ်းရဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို ပြည် ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ပြင်ဆင်ချက် ၂ ခုသာ ၇၅ ရာခိုင်နှုန်း အထက်ထောက်ခံမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆုသီရိစံ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေဒၚေအာင္ဆန္းစုၾကည္ကုိ သမၼတမျဖစ္ေအာင္ အဟန္႔အတားျဖစ္ေစတဲ့ ပုဒ္မ အပါအ၀င္ ပုဒ္မအားလုံး မျပင္ဆင္ႏုိင္ခဲ့ ေဒၚေအာင္ဆန္းစုၾကည္ကုိ သမၼတမျဖစ္ေအာင္ အဟန္႔အတားျဖစ္ေစတဲ့ ပုဒ္မ အပါအ၀င္ ပုဒ္မအားလုံး မျပင္ဆင္ႏုိင္ခဲ့ Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.