လက္ပံေတာင္းမွာ ေျမယာေလ်ာ္ေၾကး တိုးမေပးႏိုင္ေၾကာင္း ကာကြယ္ေရးဌာနေျပာ

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္က လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းကို ေတြ႕ရစဥ္
Photo: Wai Mar Tun/RFA
(Zawgyi)⤵⤵⤵
စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းမွာ ေျမယာေလ်ာ္ေၾကး မထုတ္ရေသးသူေတြကို လက္ရွိကာလေပါက္ေဈးနဲ႔ ေပးဖို႔မျဖစ္ႏိုင္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန ဒု-ဝန္ႀကီး ဗိုလ္ခ်ဳပ္ျမင့္ႏြယ္က ေျပာပါတယ္။

ဒီကေန႔ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲထြဋ္က ဒီေန႔တိုင္ ေလ်ာ္ေၾကး မရေသးသူေတြကို ကာလေပါက္ေဈးနဲ႔ ေပးေလ်ာ္ဖို႔ရွိ မရွိဆိုတဲ့ ေမးခြန္းကို ကာကြယ္ေရးဝန္ႀကီးက လာေရာက္ေျဖရွင္းတာျဖစ္ပါတယ္။

လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း အေကာင္အထည္ေဖာ္ေရးအတြက္ ေျမယာေလ်ာ္ေၾကး သုံးႀကိမ္၊ ႏွစ္ရွည္နဲ႔ ေရတြင္းေရကန္ ေက်း႐ြာသစ္ေျမေနရာမ်ားအတြက္ ေလ်ာ္ေၾကး၊ ကုမၸဏီအတြက္ ၿခံစည္း႐ိုးခတ္ဖို႔ သီးႏွံေလ်ာ္ေၾကးတို႔အတြက္ က်ပ္သန္းေပါင္း တစ္ေသာင္းသုံးေထာင္ေျခာက္ဆယ့္ရွစ္သန္းေက်ာ္ ေပးေလ်ာ္ၿပီး ျဖစ္တယ္လို႔ ဒုဝန္ႀကီးက ရွင္းျပပါတယ္။

ဒီစီမံကိန္းကို ေျမဧရိယာေပါင္း ၇၈၆၇ ဧကကို လြန္ခဲ့တဲ့ ၂၀၀၀ ခုႏွစ္က စတင္အသုံးျပဳခြင့္ရဖို႔ အရင္ စစ္အစိုးရ က ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
လက်ပံတောင်းမှာ မြေယာလျော်ကြေး တိုးမပေးနိုင်ကြောင်း ကာကွယ်ရေးဌာနပြော

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တွေ့ရစဉ်
Photo: Wai Mar Tun/RFA

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေး မထုတ်ရသေးသူတွေကို လက်ရှိကာလပေါက်ဈေးနဲ့ ပေးဖို့မဖြစ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ဒီနေ့တိုင် လျော်ကြေး မရသေးသူတွေကို ကာလပေါက်ဈေးနဲ့ ပေးလျော်ဖို့ရှိ မရှိဆိုတဲ့ မေးခွန်းကို ကာကွယ်ရေးဝန်ကြီးက လာရောက်ဖြေရှင်းတာဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြေယာလျော်ကြေး သုံးကြိမ်၊ နှစ်ရှည်နဲ့ ရေတွင်းရေကန် ကျေးရွာသစ်မြေနေရာများအတွက် လျော်ကြေး၊ ကုမ္ပဏီအတွက် ခြံစည်းရိုးခတ်ဖို့ သီးနှံလျော်ကြေးတို့အတွက် ကျပ်သန်းပေါင်း တစ်သောင်းသုံးထောင်ခြောက်ဆယ့်ရှစ်သန်းကျော် ပေးလျော်ပြီး ဖြစ်တယ်လို့ ဒုဝန်ကြီးက ရှင်းပြပါတယ်။

ဒီစီမံကိန်းကို မြေဧရိယာပေါင်း ၇၈၆၇ ဧကကို လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က စတင်အသုံးပြုခွင့်ရဖို့ အရင် စစ်အစိုးရ က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
လက္ပံေတာင္းမွာ ေျမယာေလ်ာ္ေၾကး တိုးမေပးႏိုင္ေၾကာင္း ကာကြယ္ေရးဌာနေျပာ လက္ပံေတာင္းမွာ ေျမယာေလ်ာ္ေၾကး တိုးမေပးႏိုင္ေၾကာင္း ကာကြယ္ေရးဌာနေျပာ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.