တ႐ုတ္ႏိုင္ငံဝူဟန႔္ၿမိဳ႕၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူအသစ္ လုံးဝမရွိေတာ့ေၾကာင္း သိရ


(Zawgyi)⤵⤵⤵
    ဝူဟန႔္ ၊ မတ္ ၁၉ ရက္(ဆင္ဟြာ)

    တ႐ုတ္ႏိုင္ငံ ဝူဟန႔္ၿမိဳ႕၌ မတ္ ၁၈ ရက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအသစ္မ်ား လုံးဝ မရွိေၾကာင္း ၊ ေရာဂါတိုက္ဖ်က္ေရး ကာလရွည္ၾကာလုပ္ေဆာင္ခဲ့ရသည့္ ၿမိဳ႕ေတာ္အတြက္ ပထမဆုံးအႀကိမ္အျဖစ္ လူနာသစ္လုံးဝ မရွိေသာ မွတ္တမ္းကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ဟူေပျပည္နယ္ က်န္းမာေရးေကာ္မရွင္က ျပည္နယ္အတြင္း ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၈ ဦးရွိေၾကာင္း ေျပာၾကားခဲ့သည္။ သို႔ေသာ္ မတ္ ၁၈ ရက္တြင္ ဝူဟန႔္ႏွင့္ဟူေပ တို႔တြင္ COVID-19 အတည္ျပဳလူနာ ၅၀,၀၀၅ ဦး ႏွင့္ ၆၇,၈၀၀ ဦး အသီးသီး က်န္ေနေသးေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။

ျပည္နယ္အတြင္းသံသယလူနာတစ္ဦးတစ္ေယာက္မွ် ထပ္မံတိုးပြားလာျခင္းမရွိေၾကာင္း  ၊ မတ္ ၁၇ ရက္ တြင္ လူနာသစ္လုံးဝ မရွိသည့္ မွတ္တမ္းရရွိခဲ့ေၾကာင္း ႏွင့္ ကူးစက္မႈအျမင့္မားဆုံးအေျခအေနကို ေက်ာ္ျဖတ္ခဲ့ၿပီးျဖစ္သည္ကို အျခားတစ္ဖက္တြင္ ေဖာ္ျပေနျခင္းျဖစ္ေၾကာင္း ေကာ္မရွင္က ဆိုသည္။တ႐ုတ္ႏိုင္ငံအလယ္ပိုင္းရွိ ဟူေပျပည္နယ္တြင္ လြန္ခဲ့ေသာ ရက္သတၱပတ္ ဗုဒၶဟူးေန႔မွစတင္ကာ COVID-19 လူနာသစ္ အေရအတြက္ ခုဂဏန္းသာ ရွိခဲ့ၿပီး ယင္းလူနာအားလုံးသည္ ဝူဟန႔္မွျဖစ္ေၾကာင္း ၊ ယင္းေဒသတြင္ လြန္ခဲ့ေသာ တစ္လေက်ာ္က ေန႔စဥ္ ကူးစက္လူနာအသစ္ ေထာင္ဂဏန္းအထိ ရွိခဲ့ေၾကာင္း စာရင္းအရ သိရသည္။

ေရာဂါသက္သာလာ၍ မတ္ ၁၈ ရက္တြင္ ျပည္နယ္အတြင္း ေဆး႐ုံဆင္းခြင့္ရေသာ လူနာအေရအတြက္မွာ ၇၉၅ ဦးရွိေၾကာင္း ၊ အေျခအေနအလြန္ဆိုးဝါးေသာ လူနာ ၁,၈၀၉ ဦး ႏွင့္ ေရာဂါျပင္းထန္ လူနာ ၄၆၅ ဦး အပါအဝင္ ေဆး႐ုံတင္ထားရေသာ လူနာအေရအတြက္မွာ ၆,၆၃၆ ဦးအထိ ေလ်ာ့က်သြားခဲ့ေၾကာင္း သိရသည္။ဝူဟန႔္ၿမိဳ႕၌ ကူးစက္လူနာအသစ္ လုံးဝ မရွိျခင္းႏွင့္အတူ တ႐ုတ္ႏိုင္ငံျပည္မႀကီးတြင္ ျပည္တြင္းကူးစက္မႈလူနာသစ္အေရအတြက္ကို သုညဦး အထိေလွ်ာ့ခ်ႏိုင္ခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ လက္ရွိတြင္ ႏိုင္ငံရပ္ျခားမွ ဝင္ေရာက္လာေသာ ကူးစက္မႈ ၿခိမ္းေျခာက္ျခင္းဒဏ္ကို ပိုမိုရင္ဆိုင္ႀကဳံေတြ႕ေနရၿပီး မတ္ ၁၈ ရက္တြင္ ၃၄ ဦးထိ ကူးစက္ခံခဲ့ရေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံဝူဟန့်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် လုံးဝမရှိတော့ကြောင်း သိရ

တရုတ်နိုင်ငံဝူဟန့်မြို့ Tianhe နိုင်ငံတကာလေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစ်စင်းပျံတက်သွားသည်ကို မတ် ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

    ဝူဟန့် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

    တရုတ်နိုင်ငံ ဝူဟန့်မြို့၌ မတ် ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ လုံးဝ မရှိကြောင်း ၊ ရောဂါတိုက်ဖျက်ရေး ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသည့် မြို့တော်အတွက် ပထမဆုံးအကြိမ်အဖြစ် လူနာသစ်လုံးဝ မရှိသော မှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က ပြည်နယ်အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈ ဦးရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် မတ် ၁၈ ရက်တွင် ဝူဟန့်နှင့်ဟူပေ တို့တွင် COVID-19 အတည်ပြုလူနာ ၅၀,၀၀၅ ဦး နှင့် ၆၇,၈၀၀ ဦး အသီးသီး ကျန်နေသေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်နယ်အတွင်းသံသယလူနာတစ်ဦးတစ်ယောက်မျှ ထပ်မံတိုးပွားလာခြင်းမရှိကြောင်း  ၊ မတ် ၁၇ ရက် တွင် လူနာသစ်လုံးဝ မရှိသည့် မှတ်တမ်းရရှိခဲ့ကြောင်း နှင့် ကူးစက်မှုအမြင့်မားဆုံးအခြေအနေကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်ကို အခြားတစ်ဖက်တွင် ဖော်ပြနေခြင်းဖြစ်ကြောင်း ကော်မရှင်က ဆိုသည်။တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟူပေပြည်နယ်တွင် လွန်ခဲ့သော ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့မှစတင်ကာ COVID-19 လူနာသစ် အရေအတွက် ခုဂဏန်းသာ ရှိခဲ့ပြီး ယင်းလူနာအားလုံးသည် ဝူဟန့်မှဖြစ်ကြောင်း ၊ ယင်းဒေသတွင် လွန်ခဲ့သော တစ်လကျော်က နေ့စဉ် ကူးစက်လူနာအသစ် ထောင်ဂဏန်းအထိ ရှိခဲ့ကြောင်း စာရင်းအရ သိရသည်။

ရောဂါသက်သာလာ၍ မတ် ၁၈ ရက်တွင် ပြည်နယ်အတွင်း ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ၇၉၅ ဦးရှိကြောင်း ၊ အခြေအနေအလွန်ဆိုးဝါးသော လူနာ ၁,၈၀၉ ဦး နှင့် ရောဂါပြင်းထန် လူနာ ၄၆၅ ဦး အပါအဝင် ဆေးရုံတင်ထားရသော လူနာအရေအတွက်မှာ ၆,၆၃၆ ဦးအထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။ဝူဟန့်မြို့၌ ကူးစက်လူနာအသစ် လုံးဝ မရှိခြင်းနှင့်အတူ တရုတ်နိုင်ငံပြည်မကြီးတွင် ပြည်တွင်းကူးစက်မှုလူနာသစ်အရေအတွက်ကို သုညဦး အထိလျှော့ချနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် နိုင်ငံရပ်ခြားမှ ဝင်ရောက်လာသော ကူးစက်မှု ခြိမ်းခြောက်ခြင်းဒဏ်ကို ပိုမိုရင်ဆိုင်ကြုံတွေ့နေရပြီး မတ် ၁၈ ရက်တွင် ၃၄ ဦးထိ ကူးစက်ခံခဲ့ရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တ႐ုတ္ႏိုင္ငံဝူဟန႔္ၿမိဳ႕၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူအသစ္ လုံးဝမရွိေတာ့ေၾကာင္း သိရ တ႐ုတ္ႏိုင္ငံဝူဟန႔္ၿမိဳ႕၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူအသစ္ လုံးဝမရွိေတာ့ေၾကာင္း သိရ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.