ဘိလပ္ေျမစက္႐ုံ ဝန္းအတြင္း မီးရႈိ႕ဖ်က္ဆီးမႈနဲ႔ ႐ြာသား ငါးဦးကို ေထာင္ဒဏ္ ငါးႏွစ္ ခ်မွတ္

ေအာင္သေျပေက်း႐ြာက ႐ြာသားေတြကို ပုသိမ္ႀကီးၿမိဳ႕နယ္ တရား႐ုံးမွာ၂၀၂၀၊ မတ္ ၂၀ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ေက်း႐ြာအနီးမွာ တည္ေဆာက္ေနတဲ့ ေက်ာက္မီးေသြးသုံး ဘိလပ္ေျမစက္႐ုံနဲ႔ စက္႐ုံပိုင္ယာဥ္တခ်ိဳ႕ကို မီးရႈိ႕တယ္ဆိုၿပီး မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္တရား႐ုံးမွာ တရားစြဲဆိုခံထားရတဲ့ ႐ြာသား ငါးေယာက္ကို ေထာင္ဒဏ္ ငါးႏွစ္ တရား႐ုံးက ဒီကေန႔ အမိန႔္ခ်လိုက္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေမလ ၁၅ ရက္ေန႔က ေက်း႐ြာေဒသခံေတြ၊ ရဲတပ္ဖြဲ႕နဲ႔ စက္႐ုံတာဝန္ရွိသူေတြၾကား ပဋိပကၡ ျဖစ္ခဲ့အၿပီးမွာ ကုမၸဏီ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဦးဟန္ေဇာ္လင္းက ပုဒ္မ ၄၃၆ /၁၁၄ (ေပါက္ကြဲေစတတ္တဲ့အရာနဲ႔ အက်ိဳးဖ်က္စီးမႈ႕) ၊ပုဒ္မ ၄၄၀/၁၁၄ (ျပင္ဆင္ၿပီး အက်ိဳးဖ်က္စီးမႈ) တို႔နဲ႔ ႐ြာသားေတြကို တရားစြဲဆိုခဲ့တာပါ။

အခုလို တရားစြဲဆိုခံရတဲ့အထဲမွာ ေက်း႐ြာ ရာအိမ္မႉးျဖစ္တဲ့ ကိုမိုးလင္းလည္း ပါဝင္ပါတယ္။

“ရာအိမ္မႈးတစ္ေယာက္အေနနဲ႔ ျဖစ္သင့္ျဖစ္ထိုက္တာ ေျပာတာကို ဖမ္းဆီးအမိန႔္ခ်လိုက္ပါတယ္”

တရား႐ုံးေတြက ၂၀၁၅ ခုႏွစ္က ျပဌာန္းထားတဲ့ သက္ေသခံ ဥပေဒကို တေသြမတိမ္းလိုက္နာဖို႔ တာဝန္ရွိတယ္လို႔ အမႈကို လိုက္ပါေဆာင္႐ြက္ေပးတဲ့ ေရွ႕ေန ဦးစည္သူက ေျပာပါတယ္။

“စီစီတီဗြီမွတ္တမ္းက ဘယ္ကေန ကူးယူလာတာလဲ၊ ဒုတိယ သက္ေသျဖစ္သြားၿပီ၊ ဒီကေန ထုတ္ထားတဲ့ ႐ုပ္သံမွတ္တမ္းေတြက ဘာျဖစ္သြားမလဲ၊ ဒါေတြကို စဥ္းစားဖို႔လိုတယ္၊ ႐ုပ္သံေတြက ‌ေဝဝါးေနတယ္။ ေပၚလြင္မႈ႕မရွိရင္ အျပစ္ေပးလို႔ရမလား”

ဒီကေန႔ ႐ုံးခ်ိန္းကို ေဒသခံ ေက်း႐ြာသူ၊ ေက်း႐ြာသား ၅၀ ေလာက္က ႐ြာသား ငါးဦးကို လာေရာက္ဝန္းရံ အားေပးခဲ့ပါတယ္။

ပဋိပကၡျဖစ္စဥ္မွာပါဝင္တယ္ဆိုၿပီး ဖမ္းဆီးခံရၿပီး အိုးဘိုအက်ဥ္းေထာင္အတြင္းမွာ ေသဆုံးသြားခဲ့တဲ့ ႐ြာသား ကိုထြန္းျမင့္ဝင္းရဲ႕ ညီမျဖစ္သူ မေအးေအးျမင့္က စစ္ေဆးမႈေတြမွာ ကုမၸဏီဘက္ကို ဘက္လိုက္တယ္လို႔ စြပ္စြဲေျပာဆိုလိုက္ပါတယ္။

“ညီမ အကို သတ္ေတာ့ေရာ ဒီလိုလုပ္ၾကလား၊ ဥပေဒကို ဖင္ခုထိုင္ထားၾကတာ၊ ေထာင္ထဲမွာ ရက္ရက္စက္စက္ အႏိုင္က်င့္သတ္ၾကတာ၊ ဒါက် ေဖာ္မေပးၾကဘူး၊ ပါတဲ့သူက တျခား ၊ မပါတဲ့သူက တျခား”

အခုအမိန႔္ခ်ခံထားရသူေတြဟာ တာဝန္ဝတၱရား ေႏွာက္ယွက္မႈေတြနဲ႔လည္း တရားစြဲဆိုခံထားရၿပီး အဲဒီအမႈကို လာမယ့္ ဧၿပီလ ၃ ရက္ေန႔မွာ အမိန႔္ခ်သြားမယ္လို႔ သိရပါတယ္။

လတ္တေလာမွာ အိုးဘိုအက်ဥ္းေထာင္အတြင္းကေန တရားရင္ဆိုင္ေနရတဲ့သူ ကိုးေယာက္ရွိၿပီး တရားခံေျပး ျဖစ္သြားတဲ့ ႐ြာသား အေရအတြက္ကေတာ့ ၃၃ ေယာက္ရွိတယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။

အမႈရင္ဆိုင္ေနရတဲ့သူေတြက တရားစြဲထားတာေတြဟာ မတရား စြပ္စြဲခ်က္ေတြျဖစ္တယ္ဆိုၿပီး ဒီေန႔ ကစတင္ၿပီး တရား႐ုံးကို သပိတ္ေမွာက္တဲ့အေနနဲ႔ တရားခြင္မွာ ခုခံေျဖရွင္းတာေတြ မျပဳလုပ္ေတာ့ေၾကာင္း ေျပာပါတယ္။

ေက်ာက္မီးေသြးသုံးဘိလပ္ေျမစက္႐ုံဟာ တ႐ုတ္ျမန္မာ ပုဂၢလိက အက်ိဳးတူလုပ္ငန္းျဖစ္ၿပီး တစ္ေန႔ကို တန္ ၅၀၀၀ ထုတ္လုပ္မယ့္ စီမံကိန္းျဖစ္ပါတယ္။

ဒီကေန႔ ႐ုံးခ်ိန္းမွာ ႐ုံးထုတ္စစ္ေဆးသူေတြကို ခါတိုင္းလို  ရဲစခန္းကေန တရား႐ုံးကိုလမ္းေလွ်ာက္ ထြက္ခိုင္းတာမဟုတ္ပဲ အခ်ဳပ္ကားကို တရား႐ုံးအေပါက္ဝ ကားဝင္လို႔ရတဲ့ေနရာအထိ ဝင္ခဲ့တာျဖစ္ပါတယ္။

တရားစြဲဆို အမိန႔္ခ်ခံရသူေတြဟာ တလြဲခ်ခံခဲ့ရတယ္ဆိုၿပီး ႐ြာသူ ႐ြာသားေတြက ေအာ္ဟစ္ ဆႏၵျပခဲ့ၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဘိလပ်မြေစက်ရုံ ဝန်းအတွင်း မီးရှို့ဖျက်ဆီးမှုနဲ့ ရွာသား ငါးဦးကို ထောင်ဒဏ် ငါးနှစ် ချမှတ်

အောင်သပြေကျေးရွာက ရွာသားတွေကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ၂၀၂၀၊ မတ် ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win / RFA

ကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံနဲ့ စက်ရုံပိုင်ယာဉ်တချို့ကို မီးရှို့တယ်ဆိုပြီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ ရွာသား ငါးယောက်ကို ထောင်ဒဏ် ငါးနှစ် တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၁၅ ရက်နေ့က ကျေးရွာဒေသခံတွေ၊ ရဲတပ်ဖွဲ့နဲ့ စက်ရုံတာဝန်ရှိသူတွေကြား ပဋိပက္ခ ဖြစ်ခဲ့အပြီးမှာ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဟန်ဇော်လင်းက ပုဒ်မ ၄၃၆ /၁၁၄ (ပေါက်ကွဲစေတတ်တဲ့အရာနဲ့ အကျိုးဖျက်စီးမှု့) ၊ပုဒ်မ ၄၄၀/၁၁၄ (ပြင်ဆင်ပြီး အကျိုးဖျက်စီးမှု) တို့နဲ့ ရွာသားတွေကို တရားစွဲဆိုခဲ့တာပါ။

အခုလို တရားစွဲဆိုခံရတဲ့အထဲမှာ ကျေးရွာ ရာအိမ်မှူးဖြစ်တဲ့ ကိုမိုးလင်းလည်း ပါဝင်ပါတယ်။

“ရာအိမ်မှုးတစ်ယောက်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာ ပြောတာကို ဖမ်းဆီးအမိန့်ချလိုက်ပါတယ်”

တရားရုံးတွေက ၂၀၁၅ ခုနှစ်က ပြဌာန်းထားတဲ့ သက်သေခံ ဥပဒေကို တသွေမတိမ်းလိုက်နာဖို့ တာဝန်ရှိတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးစည်သူက ပြောပါတယ်။

“စီစီတီဗွီမှတ်တမ်းက ဘယ်ကနေ ကူးယူလာတာလဲ၊ ဒုတိယ သက်သေဖြစ်သွားပြီ၊ ဒီကနေ ထုတ်ထားတဲ့ ရုပ်သံမှတ်တမ်းတွေက ဘာဖြစ်သွားမလဲ၊ ဒါတွေကို စဉ်းစားဖို့လိုတယ်၊ ရုပ်သံတွေက ‌ဝေဝါးနေတယ်။ ပေါ်လွင်မှု့မရှိရင် အပြစ်ပေးလို့ရမလား”

ဒီကနေ့ ရုံးချိန်းကို ဒေသခံ ကျေးရွာသူ၊ ကျေးရွာသား ၅၀ လောက်က ရွာသား ငါးဦးကို လာရောက်ဝန်းရံ အားပေးခဲ့ပါတယ်။

ပဋိပက္ခဖြစ်စဉ်မှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရပြီး အိုးဘိုအကျဉ်းထောင်အတွင်းမှာ သေဆုံးသွားခဲ့တဲ့ ရွာသား ကိုထွန်းမြင့်ဝင်းရဲ့ ညီမဖြစ်သူ မအေးအေးမြင့်က စစ်ဆေးမှုတွေမှာ ကုမ္ပဏီဘက်ကို ဘက်လိုက်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

“ညီမ အကို သတ်တော့ရော ဒီလိုလုပ်ကြလား၊ ဥပဒေကို ဖင်ခုထိုင်ထားကြတာ၊ ထောင်ထဲမှာ ရက်ရက်စက်စက် အနိုင်ကျင့်သတ်ကြတာ၊ ဒါကျ ဖော်မပေးကြဘူး၊ ပါတဲ့သူက တခြား ၊ မပါတဲ့သူက တခြား”

အခုအမိန့်ချခံထားရသူတွေဟာ တာဝန်ဝတ္တရား နှောက်ယှက်မှုတွေနဲ့လည်း တရားစွဲဆိုခံထားရပြီး အဲဒီအမှုကို လာမယ့် ဧပြီလ ၃ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ သိရပါတယ်။

လတ်တလောမှာ အိုးဘိုအကျဉ်းထောင်အတွင်းကနေ တရားရင်ဆိုင်နေရတဲ့သူ ကိုးယောက်ရှိပြီး တရားခံပြေး ဖြစ်သွားတဲ့ ရွာသား အရေအတွက်ကတော့ ၃၃ ယောက်ရှိတယ်လို့ ရှေ့နေတွေကပြောပါတယ်။

အမှုရင်ဆိုင်နေရတဲ့သူတွေက တရားစွဲထားတာတွေဟာ မတရား စွပ်စွဲချက်တွေဖြစ်တယ်ဆိုပြီး ဒီနေ့ ကစတင်ပြီး တရားရုံးကို သပိတ်မှောက်တဲ့အနေနဲ့ တရားခွင်မှာ ခုခံဖြေရှင်းတာတွေ မပြုလုပ်တော့ကြောင်း ပြောပါတယ်။

ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံဟာ တရုတ်မြန်မာ ပုဂ္ဂလိက အကျိုးတူလုပ်ငန်းဖြစ်ပြီး တစ်နေ့ကို တန် ၅၀၀၀ ထုတ်လုပ်မယ့် စီမံကိန်းဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ ရုံးထုတ်စစ်ဆေးသူတွေကို ခါတိုင်းလို  ရဲစခန်းကနေ တရားရုံးကိုလမ်းလျှောက် ထွက်ခိုင်းတာမဟုတ်ပဲ အချုပ်ကားကို တရားရုံးအပေါက်ဝ ကားဝင်လို့ရတဲ့နေရာအထိ ဝင်ခဲ့တာဖြစ်ပါတယ်။

တရားစွဲဆို အမိန့်ချခံရသူတွေဟာ တလွဲချခံခဲ့ရတယ်ဆိုပြီး ရွာသူ ရွာသားတွေက အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese
https://www.rfa.org
ဘိလပ္ေျမစက္႐ုံ ဝန္းအတြင္း မီးရႈိ႕ဖ်က္ဆီးမႈနဲ႔ ႐ြာသား ငါးဦးကို ေထာင္ဒဏ္ ငါးႏွစ္ ခ်မွတ္ ဘိလပ္ေျမစက္႐ုံ ဝန္းအတြင္း မီးရႈိ႕ဖ်က္ဆီးမႈနဲ႔ ႐ြာသား ငါးဦးကို ေထာင္ဒဏ္ ငါးႏွစ္ ခ်မွတ္ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.