ကခ်င္လူငယ္ေတြအတြက္ ပညာေရးအခြင့္အလမ္းသစ္

(Zawgyi)⤵⤵⤵
ပညာေရးနဲ႔ ပတ္သက္ၿပီး အစိုးရနဲ႔ ေကအိုင္အို ကခ်င္လြတ္လပ္ေရးအဖြဲ႕ၾကားမွာ ေကအိုင္အို အထက္တန္းေက်ာင္း ေအာင္ျမင္ၿပီးသူေတြဟာ အစိုးရတကၠသိုလ္ေတြမွာ တက္ခြင့္ရွိတယ္ဆိုတဲ့ ႏွစ္ဘက္သေဘာတူညီခ်က္ေတြ ရွိခဲ့ပါတယ္။

ဒါေပမဲ့ ကခ်င္ျပည္နယ္အတြင္း ၂၀၁၁ ခုႏွစ္ တိုက္ပြဲေတြ ျဖစ္ပြားလာတဲ့ ေနာက္ပိုင္းမွာေတာ့ ဒီ သေဘာတူခ်က္ ပ်က္သြားၿပီးတဲ့ ေက်ာင္းက ၁၀ တန္းေအာင္လူငယ္ တစ္ေသာင္းနီးပါးဟာ ေက်ာင္း ဆက္မတက္ႏိုင္ ျဖစ္သြားခဲ့ရပါတယ္။

ဒါေၾကာင့္ ဒီလူငယ္ေတြ ပညာဆက္လက္သင္ၾကားႏိုင္ဖို႔ ေကအိုင္အို ထိန္းခ်ဳပ္နယ္ေျမ တ႐ုတ္နယ္စပ္ မိုင္ဂ်ာယာန္မွာ မိုင္ဂ်ာယန္အမ်ိဳးသားေကာလိပ္ကို ဖြင့္လွစ္ခဲ့တာလို႔ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚ လုလုေအာင္က ေျပာပါတယ္။

မိုင္ဂ်ာယန္ အမ်ိဳးသား ေကာလိပ္ကို ၂၀၁၅ ခုႏွစ္ ၊ စက္တင္ဘာလက စတင္ဖြင့္လွစ္ခဲ့ၿပီး ကြန္ပ်ဴတာ သိပၸံ၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး စီမံခန႔္ခြဲမႈ ဖြံၿဖိဳးတိုးတက္ေရး အဂၤလိပ္စာနဲ႔  ႏိုင္ငံေရး သိပၸံဘာသာရပ္ေတြကို ဂ်ိန္းေဖါ့၊ အဂၤလိပ္ ၊တ႐ုတ္ဘာသာစကားေတြနဲ႔ သင္ၾကားေနတာပါ။

အခုလို သင္ၾကားပို႔ခ်ေနတဲ့ဘာသာရပ္ အသုံးျပဴေနတဲ့ ဘာသာစကားေတြဟာ ကခ်င္လူငယ္ေတြအတြက္ ျပည္မက တကၠသိုလ္၊ ေကာလိပ္ ေတြထက္ပ္ုၿပီး ဆြဲေဆာင္မႈရွိေနပါတယ္။

ဒါေၾကာင့္ပဲ လူငယ္အမ်ားအျပားဟာ ျမန္မာအစိုးရရဲ႕ပညာေရးထက္ ေကအိုင္အိုက ဖြင့္လွစ္တဲ့ ပညာေရးကို ပိုၿပီးစိတ္ဝင္းစားၾကတာပါ။

မိုင္ဂ်ာယန္ေကာလိပ္မွာ ျပည္တြင္း ျပည္ပ ေက်ာင္းေတြမွာ အနည္းဆုံးမဟာဘြဲ႕ ရၿပီးတဲ့ ကခ်င္အမ်ိဳးသား ပညာရွင္ေတြက သင္ၾကားေပးေနတာပါ။

ႏိုင္ငံတကာအဆင့္ရွိတဲ့ ပညာရွင္ေတြ သင္ၾကားေပးေနေပမယ့္ ျမန္မာအစိုးရက အသိအမွတ္ျပဳေပးတာ မရွိေသးတာေၾကာင့္ ဘဝအာမခံခ်က္ ဘယ္ေလာက္ရွိမလဲဆိုတဲ့အေပၚ ကခ်င္လူငယ္ေတြက စိုးရိမ္မႈေတြ ရွိေနပါတယ္။

ဒီေကာလိပ္ရဲ႕ ပထမအႀကိမ္ ဘြဲႏွင္းသဘင္ကိုေတာ့ ေဖေဖာ္ဝါရီ ၂၉ ရက္ေန႔က မိုင္ဂ်ာယန္မွာ က်င္းပခဲ့ပါတယ္။

အစိုးရေက်ာင္းေတြမွာ ၁၀ တန္းေအာင္ၿပီးသူေတြနဲ႔ ေကအိုင္အို အထက္တန္းေက်ာင္းေတြမွာ ၁၀ တန္း ေအာင္ၿပီးသူ ရွစ္ဆယ္ႏွစ္ဦး အဲဒီ အခမ္းအနားမွာ ဘြဲ႕ယူခဲ့ၾကတာပါ။

၂၀၁၁ ခုႏွစ္ တစ္ေက်ာ့ျပန္ တိုက္ပြဲမျဖစ္ခင္ ေကအိုင္အိုမွာ ေက်ာင္းေပါင္း ၂၆၃ ေက်ာင္းသူ၊ ေက်ာင္းသား ႏွစ္ေသာင္းငါးေထာင္ေက်ာ္ ရွိခဲ့ပါတယ္။

တိုက္ပြဲျဖစ္ၿပီးေနာက္ ေက်ာင္းေပါင္း တစ္ရာငါးဆယ္ေလာက္ ပိတ္လိုက္ရၿပီး ေက်ာင္းသားတစ္ေသာင္းေက်ာ္ ၿမိဳ႕ေပၚထြက္ေျပးသြားခဲ့ရတယ္လို႔ ေအအိုင္အိုပညာရးဌာနက ေျပာပါတယ္။

ဒီေက်ာင္းသားေတြထဲက မူလတန္းနဲ႔ အလယ္တန္း ေက်ာင္းသားေတြဟာ ထြက္ေျပးတိမ္းေရွာင္းရင္း ၿမိဳ႕ေပၚကအစိုးရ ေက်ာင္းေတြမွာ ပညာသင္ခြင့္ရခဲ့ေပမယ့္  ဆယ္တန္းေအာင္ၿပီးသူေတြကေတာ့ အစိုးရ တကၠသိုလ္ေတြမွာ ဆက္မတက္ႏိုင္ၾကေတာ့ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ အစိုးရနဲ႔ ေကအိုင္ေအ အၾကား ပညာေရးသေဘာတူညီခ်က္ ပ်က္သြားခဲ့လို႔ပါပဲ။

လက္ရွိ ေကအိုင္အို ထိန္းခ်ဳပ္နယ္ေျမမွာ အထက္တန္းေက်ာင္း (၇) ခု ဖြင့္ထားထားပါတယ္။

ဒီအထက္တန္းေက်ာင္းက ဆယ္တန္းေအာင္သူေတြဟာ အစိုးရတကၠသိုလ္ေတြမွာ တက္ခြင့္မရွိေတာ့တဲ့အတြက္ ေကအိုင္အို ထိန္းခ်ဳပ္နယ္ေျမမွာ ဖြင့္ထားတဲ့ မိုင္ဂ်ာယန္ အမ်ိဳးသားေကာလိပ္၊ မိုင္ဂ်ာယန္ ပညာေရးေကာလိပ္၊ ဖက္ဒရယ္ဥပေဒ အကယ္ဒမီ၊ ဒီပလိုမာ စိုက္ပ်ိဳးေရးေက်ာင္း၊ သူနာျပဳေက်ာင္းနဲ႔ တ႐ုတ္ႏိုင္ငံမွာ ပညာ သင္ယူေနၾကပါတယ္။

အဲဒါေၾကာင့္ ေအအိုင္ေအက ဖြင့္လွစ္ထားတဲ့ အဆင့္ျမင့္ ပညာေရးေက်ာင္းေတြဟာ ကခ်င္လူငယ္ေတြအတြက္ အစိုးရပညာေရးအျပင္ ေကအိုင္ေအ ပညာေရးကလည္း ေ႐ြးခ်ယ္စရာ တစ္ခုျဖစ္လာပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ကချင်လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းသစ်

ပညာရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ကြားမှာ ကေအိုင်အို အထက်တန်းကျောင်း အောင်မြင်ပြီးသူတွေဟာ အစိုးရတက္ကသိုလ်တွေမှာ တက်ခွင့်ရှိတယ်ဆိုတဲ့ နှစ်ဘက်သဘောတူညီချက်တွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့ နောက်ပိုင်းမှာတော့ ဒီ သဘောတူချက် ပျက်သွားပြီးတဲ့ ကျောင်းက ၁၀ တန်းအောင်လူငယ် တစ်သောင်းနီးပါးဟာ ကျောင်း ဆက်မတက်နိုင် ဖြစ်သွားခဲ့ရပါတယ်။

ဒါကြောင့် ဒီလူငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ ကေအိုင်အို ထိန်းချုပ်နယ်မြေ တရုတ်နယ်စပ် မိုင်ဂျာယာန်မှာ မိုင်ဂျာယန်အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခဲ့တာလို့ ကျောင်းအုပ်ဆရာမကြီး ဒေါ် လုလုအောင်က ပြောပါတယ်။

မိုင်ဂျာယန် အမျိုးသား ကောလိပ်ကို ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလက စတင်ဖွင့်လှစ်ခဲ့ပြီး ကွန်ပျူတာ သိပ္ပံ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု ဖွံဖြိုးတိုးတက်ရေး အင်္ဂလိပ်စာနဲ့  နိုင်ငံရေး သိပ္ပံဘာသာရပ်တွေကို ဂျိန်းဖေါ့၊ အင်္ဂလိပ် ၊တရုတ်ဘာသာစကားတွေနဲ့ သင်ကြားနေတာပါ။

အခုလို သင်ကြားပို့ချနေတဲ့ဘာသာရပ် အသုံးပြူနေတဲ့ ဘာသာစကားတွေဟာ ကချင်လူငယ်တွေအတွက် ပြည်မက တက္ကသိုလ်၊ ကောလိပ် တွေထက်ပ်ုပြီး ဆွဲဆောင်မှုရှိနေပါတယ်။

ဒါကြောင့်ပဲ လူငယ်အများအပြားဟာ မြန်မာအစိုးရရဲ့ပညာရေးထက် ကေအိုင်အိုက ဖွင့်လှစ်တဲ့ ပညာရေးကို ပိုပြီးစိတ်ဝင်းစားကြတာပါ။

မိုင်ဂျာယန်ကောလိပ်မှာ ပြည်တွင်း ပြည်ပ ကျောင်းတွေမှာ အနည်းဆုံးမဟာဘွဲ့ ရပြီးတဲ့ ကချင်အမျိုးသား ပညာရှင်တွေက သင်ကြားပေးနေတာပါ။

နိုင်ငံတကာအဆင့်ရှိတဲ့ ပညာရှင်တွေ သင်ကြားပေးနေပေမယ့် မြန်မာအစိုးရက အသိအမှတ်ပြုပေးတာ မရှိသေးတာကြောင့် ဘဝအာမခံချက် ဘယ်လောက်ရှိမလဲဆိုတဲ့အပေါ် ကချင်လူငယ်တွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒီကောလိပ်ရဲ့ ပထမအကြိမ် ဘွဲနှင်းသဘင်ကိုတော့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က မိုင်ဂျာယန်မှာ ကျင်းပခဲ့ပါတယ်။

အစိုးရကျောင်းတွေမှာ ၁၀ တန်းအောင်ပြီးသူတွေနဲ့ ကေအိုင်အို အထက်တန်းကျောင်းတွေမှာ ၁၀ တန်း အောင်ပြီးသူ ရှစ်ဆယ်နှစ်ဦး အဲဒီ အခမ်းအနားမှာ ဘွဲ့ယူခဲ့ကြတာပါ။

၂၀၁၁ ခုနှစ် တစ်ကျော့ပြန် တိုက်ပွဲမဖြစ်ခင် ကေအိုင်အိုမှာ ကျောင်းပေါင်း ၂၆၃ ကျောင်းသူ၊ ကျောင်းသား နှစ်သောင်းငါးထောင်ကျော် ရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ကျောင်းပေါင်း တစ်ရာငါးဆယ်လောက် ပိတ်လိုက်ရပြီး ကျောင်းသားတစ်သောင်းကျော် မြို့ပေါ်ထွက်ပြေးသွားခဲ့ရတယ်လို့ အေအိုင်အိုပညာရးဌာနက ပြောပါတယ်။

ဒီကျောင်းသားတွေထဲက မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေဟာ ထွက်ပြေးတိမ်းရှောင်းရင်း မြို့ပေါ်ကအစိုးရ ကျောင်းတွေမှာ ပညာသင်ခွင့်ရခဲ့ပေမယ့်  ဆယ်တန်းအောင်ပြီးသူတွေကတော့ အစိုးရ တက္ကသိုလ်တွေမှာ ဆက်မတက်နိုင်ကြတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့ ကေအိုင်အေ အကြား ပညာရေးသဘောတူညီချက် ပျက်သွားခဲ့လို့ပါပဲ။

လက်ရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ အထက်တန်းကျောင်း (၇) ခု ဖွင့်ထားထားပါတယ်။

ဒီအထက်တန်းကျောင်းက ဆယ်တန်းအောင်သူတွေဟာ အစိုးရတက္ကသိုလ်တွေမှာ တက်ခွင့်မရှိတော့တဲ့အတွက် ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ဖွင့်ထားတဲ့ မိုင်ဂျာယန် အမျိုးသားကောလိပ်၊ မိုင်ဂျာယန် ပညာရေးကောလိပ်၊ ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ ဒီပလိုမာ စိုက်ပျိုးရေးကျောင်း၊ သူနာပြုကျောင်းနဲ့ တရုတ်နိုင်ငံမှာ ပညာ သင်ယူနေကြပါတယ်။

အဲဒါကြောင့် အေအိုင်အေက ဖွင့်လှစ်ထားတဲ့ အဆင့်မြင့် ပညာရေးကျောင်းတွေဟာ ကချင်လူငယ်တွေအတွက် အစိုးရပညာရေးအပြင် ကေအိုင်အေ ပညာရေးကလည်း ရွေးချယ်စရာ တစ်ခုဖြစ်လာပါတယ်။

RFA Burmese
https://www.rfa.org
ကခ်င္လူငယ္ေတြအတြက္ ပညာေရးအခြင့္အလမ္းသစ္ ကခ်င္လူငယ္ေတြအတြက္ ပညာေရးအခြင့္အလမ္းသစ္ Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.