
(Zawgyi)⤵⤵⤵




မျိုးချစ်ဦး(ပြန်/ဆက်)
Myanmaalinn
--------------
(Unicode)⤵⤵⤵
ရပ်ထားသည့်ထော်လာဂျီအား ကားဖြင့်ဝင်တိုက် တစ်ဦးသေဆုံး

သရက်ချောင်း မတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာ ကားလမ်းမိုင်တိုင် အမှတ် ၉/ဝနှင့် ၉/၁ ဖာလုံအကြားတွင် မတ်၁၁ရက်နေ့ ညနေ၅နာရီက ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ထားဝယ်ဘက်မှ မြိတ်ဘက်သို့ ယာဉ်မောင်း ကိုကိုဦး(၄၈)နှစ် ထားဝယ်မြို့နယ် ကညုံရပ်ကွက် နေသူမောင်းနှင်သော ယာဉ်အမှတ် ၊4k/-----တိုယိုတာကလူဂျာသည် အထက်ပါနေရာအရောက်တွင် ထားဝယ်-မြိတ်ကားလမ်း ယာဘက်၌ ရပ်ထားသည့် ထော်လာဂျီပေါ်သို့ ကျောက်တင်နေသော လမ်းလုပ်သမား ပိုင်စိုးဦး(၂၂)နှစ် ရေဖြူမြို့နယ် နှင်းထွေးကျေးရွာနေသူနှင့် ဝေယံဦး(၂၄)နှစ် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်း ကျေးရွာနေသူတို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိဖြစ်ရာ ပိုင်စိုးဦးသည် အခင်း ဖြစ်နေရာတွင် သေဆုံးသွားပြီး ဝေယံဦးမှာ (စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကိုကိုဦးအား သရက်ချောင်းမြို့မ ရဲစခန်းက အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရပ်ထားသည့်ထော်လာဂျီအား ကားဖြင့်ဝင်တိုက် တစ်ဦးသေဆုံး ရပ်ထားသည့်ထော်လာဂျီအား ကားဖြင့်ဝင်တိုက် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:35 Rating: 5
Powered by Blogger.