ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ ေနာ္တင္ဟမ္ေဖာရက္စ္ ပိုင္ရွင္နဲ႔ အာဆင္နယ္ ကစားသမားေတြ လက္ဆြဲႏႈတ္ဆက္ခဲ့

 ပြဲၾကည့္သူ မရွိဘဲ ေဘာလုံးကစားဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဆိုတဲ့ မန္စီးတီး နည္းျပ ဂြာဒီယိုလာ
(Zawgyi)⤵⤵⤵
အာဆင္နယ္ ကစားသမားတခ်ိဳ႕ ကိုယ့္ဖာသာ သီးျခားခြဲ ေနဖို႔ စီစဥ္ ခံထားရတာေၾကာင့္ ဒီေန႔ မတ္လ ၁၁ရက္ေန႔မွာ ကစားမယ့္ မန္စီးတီးနဲ႔ အာဆင္နယ္ တို႔ ကစားၾကမယ့္ ပြဲစဥ္ကို ေ႐ြ႕ဆိုင္းလိုက္ပါတယ္။

ဂရိက အိုလံပီယာေကာ့စ္ ပိုင္ရွင္ Evangelos Marinakis ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရ ၿပီးေနာက္မွာ အခုလို စီစဥ္မႈေတြ ေပၚေပါက္လာတာ ျဖစ္ပါတယ္။

အသက္ ၅၂ႏွစ္ ရွိၿပီ ျဖစ္တဲ့ မစၥတာ မရီနာကစ္ ဟာ လြန္ခဲ့တဲ့ သီတင္းႏွစ္ပတ္တုန္းက ယူ႐ိုပါလိဂ္ ပြဲစဥ္တခုမွာ အာဆင္နယ္ ကစားသမားေတြနဲ႔ လက္ဆြဲႏႈတ္ဆက္ ခဲ့ဖူးတယ္လို႔ အာဆင္နယ္က ေျပာပါတယ္။

ေနာ္တင္ဟမ္ ေဖာရက္စ္ အသင္း ပိုင္ရွင္လည္း ျဖစ္တဲ့ မစၥတာ မရီနာကစ္ ဟာ ကိုဗစ္ ႏိုင္တင္း စမ္းသပ္ စစ္ေဆး ေတြ႕ရွိရတယ္လို႔ ၿပီးခဲ့တဲ့ အဂၤါေန႔က ေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ႕ ကိုလံပီယာေကာ့စ္ ဟာ မနက္ျဖန္ ၾကာသပေတး မတ္လ ၁၂ ရက္ေန႔မွာ ယူ႐ိုပါလိဂ္ ပြဲစဥ္ တခု ျဖစ္တဲ့ ဝိုးဖ္စ္ အသင္းနဲ႔ ကစားဖို႔ ရွိပါတယ္။

 ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔က အာဆင္နယ္ ကြင္းမွာ ေတြ႕ရတဲ့ Evangelos Marinakis
၁၆ အသင္း ပထမအဆင့္ ပြဲစဥ္ေတြကို ဖ်က္သိမ္းေပးဖို႔ ဝိုးဖ္ ရဲ႕ ေတာင္းဆိုခ်က္ကို UEFA က ပယ္ခ်ခဲ့ၿပီးေနာက္ အခုလို ကစားဖို႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ကေတာ့ ဒီေန႔ အာဆင္နယ္နဲ႔ မန္စီးတီး ပြဲကလြဲလို႔ တျခားပြဲစဥ္ေတြ အားလုံးကို ေ႐ြ႕ဆိုင္းဖို႔ အစီအစဥ္ မရွိဘူးလို႔ ဆိုၿပီး လိုအပ္တဲ့ အေရးယူ ေဆာင္႐ြက္မႈေတြ အားလုံးကို လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

လာမယ့္ စေနေန႔ အိမ္ကြင္းမွာ ကစားမယ့္ အာဆင္နယ္နဲ႔ ပြဲကို အရင္ စီစဥ္ထားတဲ့ အတိုင္း ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔ ဘ႐ိုက္တန္ အသင္းက ေျပာပါတယ္။

ေဘာလုံးသမားေတြ သီးျခား ခြဲေနရမယ့္ ကာလ အတိုင္းအတာက လာမယ့္ ၾကာသပေတး ဆိုရင္ ၿပီးဆုံးသြားၿပီမို႔ ပြဲဖ်က္ဖို႔ အစီအစဥ္ ျဖစ္ႏိုင္ေျခ သိပ္နည္းပါတယ္လို႔ ဘ႐ိုက္တန္ က ေျပာပါတယ္။

မတ္လ ၁၂ ရက္ေန႔ ထုတ္ျပန္ခ်က္ အရ ယူေကမွာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ေျခာက္ေယာက္ရွိၿပီး ကူးစက္ခံထားရသူ ၃၈၂ ေယာက္ ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

အဖ်ားတက္ ၊ ေခ်ာင္းဆိုး နဲ႔ အသက္ရႈၾကပ္တဲ့ လကၡဏာေတြ ျဖစ္ေလ့ရွိတဲ့ ကိုဗစ္ႏိုင္တင္း ေရာဂါဟာ ကမာၻတလႊား ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိကာ လူတစ္သိန္း တစ္ေသာင္း ေျခာက္ေထာင္မွာ ဒီေရာဂါပိုး ေတြ႕ရပါတယ္။

ဒီေရာဂါ ကူးစက္မႈေၾကာင့္ ကမာၻတလႊား အားကစားပြဲေတြ အေပၚ ႐ိုက္ခတ္မႈ ရွိေနၿပီး အီတလီမွာ ဆိုရင္ စီးရီးေအ ပြဲေတြ ရပ္ဆိုင္းခဲ့ရသလို ျပင္သစ္နဲ႔ စပိန္ ထိပ္တန္း ပြဲေတြကိုလည္း ကြင္းပိတ္ကာ ပရိသတ္ မရွိဘဲ ကစားခဲ့ရပါတယ္။

မန္ယူ ၊ ရိန္းဂ်ားစ္ နဲ႔ ခ်ယ္လ္ဆီး တို႔ပါတဲ့ ဥေရာပ ေဘာလုံး ပြဲစဥ္ေတြကို ၾသစႀတီးယား နဲ႔ ဂ်ာမနီမွာ လာမယ့္ ရက္ေတြက ကစားဖို႔ ရွိရာ အခုလို ကြင္းပိတ္ၿပီး ၾကည့္သူမဲ့ ကန္ရမယ့္ အေျခအေနမွာ ရွိေနပါတယ္။

အခု မန္စီးတီးနဲ႔ အာဆင္နယ္ တို႔ရဲ႕ ေ႐ႊ႕ဆိုင္းထားရတဲ့ ပြဲစဥ္ဟာ ယူေကမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံး သက္ေရာက္မႈ ရွိလာတဲ့ ကစားပြဲ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နော်တင်ဟမ်ဖောရက်စ် ပိုင်ရှင်နဲ့ အာဆင်နယ် ကစားသမားတွေ လက်ဆွဲနှုတ်ဆက်ခဲ့
Image caption ပွဲကြည့်သူ မရှိဘဲ ဘောလုံးကစားဖို့ မဖြစ်နိုင်ဘူးလို့ ဆိုတဲ့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ

အာဆင်နယ် ကစားသမားတချို့ ကိုယ့်ဖာသာ သီးခြားခွဲ နေဖို့ စီစဉ် ခံထားရတာကြောင့် ဒီနေ့ မတ်လ ၁၁ရက်နေ့မှာ ကစားမယ့် မန်စီးတီးနဲ့ အာဆင်နယ် တို့ ကစားကြမယ့် ပွဲစဉ်ကို ရွေ့ဆိုင်းလိုက်ပါတယ်။

ဂရိက အိုလံပီယာကော့စ် ပိုင်ရှင် Evangelos Marinakis ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရ ပြီးနောက်မှာ အခုလို စီစဉ်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အသက် ၅၂နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ မရီနာကစ် ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်တုန်းက ယူရိုပါလိဂ် ပွဲစဉ်တခုမှာ အာဆင်နယ် ကစားသမားတွေနဲ့ လက်ဆွဲနှုတ်ဆက် ခဲ့ဖူးတယ်လို့ အာဆင်နယ်က ပြောပါတယ်။

နော်တင်ဟမ် ဖောရက်စ် အသင်း ပိုင်ရှင်လည်း ဖြစ်တဲ့ မစ္စတာ မရီနာကစ် ဟာ ကိုဗစ် နိုင်တင်း စမ်းသပ် စစ်ဆေး တွေ့ရှိရတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ကိုလံပီယာကော့စ် ဟာ မနက်ဖြန် ကြာသပတေး မတ်လ ၁၂ ရက်နေ့မှာ ယူရိုပါလိဂ် ပွဲစဉ် တခု ဖြစ်တဲ့ ဝိုးဖ်စ် အသင်းနဲ့ ကစားဖို့ ရှိပါတယ်။
ဓာတ်ပုံ မူပိုင် Rex Features
Image caption ဖေဖော်ဝါရီ ၂၇ ရက်နေ့က အာဆင်နယ် ကွင်းမှာ တွေ့ရတဲ့ Evangelos Marinakis

၁၆ အသင်း ပထမအဆင့် ပွဲစဉ်တွေကို ဖျက်သိမ်းပေးဖို့ ဝိုးဖ် ရဲ့ တောင်းဆိုချက်ကို UEFA က ပယ်ချခဲ့ပြီးနောက် အခုလို ကစားဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကတော့ ဒီနေ့ အာဆင်နယ်နဲ့ မန်စီးတီး ပွဲကလွဲလို့ တခြားပွဲစဉ်တွေ အားလုံးကို ရွေ့ဆိုင်းဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပြီး လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အားလုံးကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

လာမယ့် စနေနေ့ အိမ်ကွင်းမှာ ကစားမယ့် အာဆင်နယ်နဲ့ ပွဲကို အရင် စီစဉ်ထားတဲ့ အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဘရိုက်တန် အသင်းက ပြောပါတယ်။

ဘောလုံးသမားတွေ သီးခြား ခွဲနေရမယ့် ကာလ အတိုင်းအတာက လာမယ့် ကြာသပတေး ဆိုရင် ပြီးဆုံးသွားပြီမို့ ပွဲဖျက်ဖို့ အစီအစဉ် ဖြစ်နိုင်ခြေ သိပ်နည်းပါတယ်လို့ ဘရိုက်တန် က ပြောပါတယ်။

မတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက် အရ ယူကေမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခြောက်ယောက်ရှိပြီး ကူးစက်ခံထားရသူ ၃၈၂ ယောက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဖျားတက် ၊ ချောင်းဆိုး နဲ့ အသက်ရှုကြပ်တဲ့ လက္ခဏာတွေ ဖြစ်လေ့ရှိတဲ့ ကိုဗစ်နိုင်တင်း ရောဂါဟာ ကမ္ဘာတလွှား ကူးစက်ပျံ့နှံ့လျက်ရှိကာ လူတစ်သိန်း တစ်သောင်း ခြောက်ထောင်မှာ ဒီရောဂါပိုး တွေ့ရပါတယ်။

ဒီရောဂါ ကူးစက်မှုကြောင့် ကမ္ဘာတလွှား အားကစားပွဲတွေ အပေါ် ရိုက်ခတ်မှု ရှိနေပြီး အီတလီမှာ ဆိုရင် စီးရီးအေ ပွဲတွေ ရပ်ဆိုင်းခဲ့ရသလို ပြင်သစ်နဲ့ စပိန် ထိပ်တန်း ပွဲတွေကိုလည်း ကွင်းပိတ်ကာ ပရိသတ် မရှိဘဲ ကစားခဲ့ရပါတယ်။

မန်ယူ ၊ ရိန်းဂျားစ် နဲ့ ချယ်လ်ဆီး တို့ပါတဲ့ ဥရောပ ဘောလုံး ပွဲစဉ်တွေကို သြစတြီးယား နဲ့ ဂျာမနီမှာ လာမယ့် ရက်တွေက ကစားဖို့ ရှိရာ အခုလို ကွင်းပိတ်ပြီး ကြည့်သူမဲ့ ကန်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

အခု မန်စီးတီးနဲ့ အာဆင်နယ် တို့ရဲ့ ရွှေ့ဆိုင်းထားရတဲ့ ပွဲစဉ်ဟာ ယူကေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သက်ရောက်မှု ရှိလာတဲ့ ကစားပွဲ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ ေနာ္တင္ဟမ္ေဖာရက္စ္ ပိုင္ရွင္နဲ႔ အာဆင္နယ္ ကစားသမားေတြ လက္ဆြဲႏႈတ္ဆက္ခဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ ေနာ္တင္ဟမ္ေဖာရက္စ္ ပိုင္ရွင္နဲ႔ အာဆင္နယ္ ကစားသမားေတြ လက္ဆြဲႏႈတ္ဆက္ခဲ့ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.