ကုိ႐ုိနာဗုိင္းရပ္စ္အတြက္ ေဆးသစ္ ေရွ႕လထဲ တ႐ုတ္ စတင္အသုံးျပဳမည္

ဝူဟန္ၿမိဳ႕ ေဆး႐ုံတြင္ ကုိ႐ိုနာဗုိင္းရပ္စ္ ျဖစ္ပြားေနသည့္ လူနာအား သယ္ေဆာင္လာသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (ေဖေဖာ္္ဝါရီ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္အတြက္ အေရးေပၚ အသုံးျပဳႏုိင္မယ့္ ေဆးကုိ ပထမဆုံးအႀကိမ္အျဖစ္ ေရွ႕လထဲမွာ စတင္အသုံးျပဳႏုိင္ေတာ့မွာျဖစ္ေၾကာင္း တ႐ုတ္ႏုိင္ငံက ေၾကညာလုိက္ပါတယ္။

ကမာၻတ၀ွမ္းမွာ လူေပါင္း ၃,၅၀၀ ေက်ာ္ ေသဆုံးၿပီး ၁ သိန္းေက်ာ္ ကူးစက္မႈေတြ စတင္ခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာ ေဆးထုတ္လုပ္ဖုိ႔ အရွိန္ျမႇင့္ ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္းလည္း တ႐ုတ္ႏုိင္ငံက ထိပ္တန္း က်န္းမာေရး အရာရွိတဦးက ေသာၾကာေန႔မွာပဲ ေျပာခဲ့တာပါ။

အေရးေပၚအေျခအေနမ်ဳိးမွာ လက္ေတြ႔စမ္းသပ္မႈေတြအတြက္ ေဆးတခ်ဳိ႕ကုိ ဧၿပီလေလာက္မွာ စတင္အသုံးျပဳႏုိင္လိမ့္မယ္လုိ႔ ခန္႔မွန္းထားေၾကာင္းလည္း တ႐ုတ္အမ်ဳိးသား က်န္းမာေရးေကာ္မရွင္ရဲ႕ သိပၸံနဲ႔နည္းပညာ ဖြံ႔ၿဖိဳးေရးဌာန ညႊန္ၾကားေရးမွဴး Zheng Zhongwei က ေျပာပါတယ္။

ေဆးထုတ္လုပ္တဲ့ လုပ္ငန္းမွာ တ႐ုတ္သုေတသနဌာန ဒါဇင္နဲ႔ခ်ီ ပါ၀င္ေနၿပီး မတူကဲြျပားတဲ့ ေဆးအမ်ဳိးစားေတြ ထုတ္လုပ္ဖုိ႔ ႀကိဳးပမ္းေနတယ္လုိ႔လည္း ေျပာပါတယ္။

ဒါေပမယ့္လည္း အႏၱရာယ္ကင္းၿပီး ထိေရာက္တဲ့ ေဆး၀ါးထုတ္လုပ္ရာမွာ အခ်ိန္နဲ႔ ေငြ ရင္းႏွီးျမႇဳပ္ႏွံဖုိ႔ လုိအပ္သလုိ သိပၸံပညာရပ္မွာလည္း ကၽြမ္းက်င္ဖုိ႔ လုိပါတယ္။

COVID-19 ေရာဂါ ျဖစ္ေစတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္လုိမ်ဳိး ဆုိရင္ေတာ့ ပုိၿပီးေတာ့ေတာင္ စိန္ေခၚမႈေတြလည္း ရွိပါတယ္။ အႏၱရာယ္ကင္းၿပီး ထိေရာက္တဲ့ ေဆး၀ါးထုတ္လုပ္ဖုိ႔ အနည္းဆုံး တႏွစ္ကေန တႏွစ္ခဲြေလာက္အထိ အခ်ိန္ယူရတယ္လုိ႔လည္း ကၽြမ္းက်င္သူေတြက ေျပာဆုိထားၾကတာပါ။

တ႐ုတ္ႏုိင္ငံရဲ႕ တည္ဆဲဥပေဒေတြအရ အႏၱရာယ္ရွိေပမယ့္လည္း ကုသမႈဟာ အက်ဳိးရွိႏုိင္တယ္လုိ႔ အမ်ဳိးသားေဆး၀ါးထုတ္လုပ္ေရး ဦးစီးဌာနက ယူဆတယ္ဆုိရင္ေတာ့ လူထုက်န္းမာေရး အေရးေပၚ အေျခအေနမ်ဳိးမွာ ေဆး၀ါးထုတ္လုပ္ခြင့္ ျပဳထားပါတယ္။

--------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးသစ် ရှေ့လထဲ တရုတ် စတင်အသုံးပြုမည်

ကိုရိုနာဗိုင်းရပ်စ်အတွက် အရေးပေါ် အသုံးပြုနိုင်မယ့် ဆေးကို ပထမဆုံးအကြိမ်အဖြစ် ရှေ့လထဲမှာ စတင်အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။

ကမ္ဘာတဝှမ်းမှာ လူပေါင်း ၃,၅၀၀ ကျော် သေဆုံးပြီး ၁ သိန်းကျော် ကူးစက်မှုတွေ စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ဆေးထုတ်လုပ်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း တရုတ်နိုင်ငံက ထိပ်တန်း ကျန်းမာရေး အရာရှိတဦးက သောကြာနေ့မှာပဲ ပြောခဲ့တာပါ။

အရေးပေါ်အခြေအနေမျိုးမှာ လက်တွေ့စမ်းသပ်မှုတွေအတွက် ဆေးတချို့ကို ဧပြီလလောက်မှာ စတင်အသုံးပြုနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်းလည်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်ရဲ့ သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး Zheng Zhongwei က ပြောပါတယ်။

ဆေးထုတ်လုပ်တဲ့ လုပ်ငန်းမှာ တရုတ်သုတေသနဌာန ဒါဇင်နဲ့ချီ ပါဝင်နေပြီး မတူကွဲပြားတဲ့ ဆေးအမျိုးစားတွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့်လည်း အန္တရာယ်ကင်းပြီး ထိရောက်တဲ့ ဆေးဝါးထုတ်လုပ်ရာမှာ အချိန်နဲ့ ငွေ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်သလို သိပ္ပံပညာရပ်မှာလည်း ကျွမ်းကျင်ဖို့ လိုပါတယ်။

COVID-19 ရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်လိုမျိုး ဆိုရင်တော့ ပိုပြီးတော့တောင် စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ အန္တရာယ်ကင်းပြီး ထိရောက်တဲ့ ဆေးဝါးထုတ်လုပ်ဖို့ အနည်းဆုံး တနှစ်ကနေ တနှစ်ခွဲလောက်အထိ အချိန်ယူရတယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောဆိုထားကြတာပါ။

တရုတ်နိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ အန္တရာယ်ရှိပေမယ့်လည်း ကုသမှုဟာ အကျိုးရှိနိုင်တယ်လို့ အမျိုးသားဆေးဝါးထုတ်လုပ်ရေး ဦးစီးဌာနက ယူဆတယ်ဆိုရင်တော့ လူထုကျန်းမာရေး အရေးပေါ် အခြေအနေမျိုးမှာ ဆေးဝါးထုတ်လုပ်ခွင့် ပြုထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကုိ႐ုိနာဗုိင္းရပ္စ္အတြက္ ေဆးသစ္ ေရွ႕လထဲ တ႐ုတ္ စတင္အသုံးျပဳမည္ ကုိ႐ုိနာဗုိင္းရပ္စ္အတြက္ ေဆးသစ္ ေရွ႕လထဲ တ႐ုတ္ စတင္အသုံးျပဳမည္ Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.