မင္းျပား႐ြာထဲဗုံးက်လို႔ ကေလး တစ္ဦးေသ၊ ၁၅ ဦးဒဏ္ရာျပင္းထန္

(Zawgyi)⤵⤵⤵

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္မွာ မေန႔က တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းကို တိုက္ခိုက္ခဲ့တဲ့ ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕ကို တပ္မေတာ္က ေလေၾကာင္းကေန ျပန္လည္တိုက္ခိုက္ခဲ့ရာမွာ ခ်င္းလူမ်ိဳးေတြေနထိုင္တဲ့ ခ်ဲေတာင္ေက်း႐ြာထဲကို ဗုံးက်ေရာက္လို႔ ကေလးတစ္ဦး ေသဆုံးၿပီး ၁၅ ဦး ဒဏ္ရာျပင္းထန္ခဲ့ပါတယ္။ တပ္မေတာ္ကေတာ့ ႐ြာထဲကို ဗုံးက်စရာအေၾကာင္းမရွိဘူးလို႔ ျငင္းဆိုပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ကမ္းနီအုပ္စုမွာရွိတဲ့ ခ်ဲေတာင္ေက်း႐ြာထဲကို မတ္ ၂၃ ရက္ မေန႔ညေနက တပ္မေတာ္ တိုက္ခိုက္ေရး ရဟတ္ယာဥ္ေပၚကေန ဗုံးတစ္လုံး က်ေရာက္ ေပါက္ကြဲခဲ့တာလို႔ ႐ြာသားေတြက ေျပာပါတယ္။

အဲဒီဗုံးေၾကာင့္ လူ ၁၆ ဦး ဒဏ္ရာရၿပီး အဲဒီအထဲက ကေလးတစ္ဦးကေတာ့ မတ္ ၂၄ ရက္ ဒီေန႔မနက္က မင္းျပားေဆး႐ုံမွာ ေသဆုံးသြားတယ္လို႔ အကူအညီေပးေနသူေတြနဲ႔ ေဒသခံ႐ြာသားေတြက ေျပာပါတယ္။

ေက်း႐ြာသားေတြက အိမ္ေအာက္က ဗုံးခိုက်င္းထဲမွာ ပုန္းေအာင္းေနတဲ့အခ်ိန္ အဲဒီေနအိမ္ကို ေလယာဥ္ေပၚကေန ပစ္ခတ္တဲ့ ဗုံးက်ေရာက္လာခဲ့တာလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေက်း႐ြာသားတစ္ဦးကေျပာပါတယ္။

ေသဆုံးတဲ့ကေလးဟာ အသက္ ၁၀ ႏွစ္အ႐ြယ္ ေမာင္ဘီဒင္ျဖစ္ၿပီး မေန႔က အခ်ိန္မီ ေဆးကုသခြင့္မရဘဲ ႐ြာထဲမွာ ပိတ္မိေနခဲ့တာပါ။ ဒီေန႔မနက္ကေတာ့ မင္းျပားေဆး႐ုံကို ပို႔ေဆာင္ခဲ့ေပမယ့္ ေဆး႐ုံမွာပဲ ေသဆုံးခဲ့တာလို႔ ဆိုပါတယ္။

က်န္တဲ့ လူနာ ၁၅ ဦးထဲက ဒဏ္ရာျပင္းထန္တဲ့ အသက္ ၄၇ ႏွစ္အ႐ြယ္ ဦးဇနီေအာင္နဲ႔ အသက္ ၁၃ ႏွစ္အ႐ြယ္ ေမာင္ထြန္းေနလင္းတို႔ သားအဖ ႏွစ္ဦးကိုေတာ့ စစ္ေတြေဆး႐ုံႀကီးကို ဒီေန႔မနက္ကပဲ ပို႔ေဆာင္လိုက္ပါတယ္။

ဒဏ္ရာရသူေတြထဲမွာ ေက်ာင္းသူေက်ာင္းသား ခုႏွစ္ဦးပါဝင္ၿပီး အသက္ တစ္ႏွစ္ခြဲအ႐ြယ္ ကေလးတစ္ဦးလည္း ပါဝင္ပါတယ္။

ဒဏ္ရာရသူအားလုံးကို ဒီေန႔မနက္ကမွ ေဆး႐ုံကိုပို႔ခြင့္ရခဲ့တာလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ အကူအညီေပးသူတစ္ဦးကေျပာပါတယ္။

ေနအိမ္မီးေလာင္သြားတာေၾကာင့္ အိမ္ေအာက္ဗုံးခိုက်င္းမွာပုန္းေနတဲ့ လူႀကီးေတြနဲ႔ကေလးေတြဟာ မီးေလာင္ဒဏ္ရာနဲ႔ က်ည္စ ထိမွန္တဲ့ဒဏ္ရာေတြ ရခဲ့ၾကတာပါ။

ကမ္းနီအုပ္စုက တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းကို ေအေအအဖြဲ႕က မေန႔က မနက္ ၆ နာရီေလာက္က ေန ၁၁ နာရီေလာက္အထိ တိုက္ခိုက္ခဲ့ၿပီးေနာက္ တပ္မေတာ္က ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာပါ။

ေလယာဥ္ေပၚကေန ပစ္ခတ္တဲ့ဗုံးဟာ တိုက္ပြဲမရွိေတာ့တဲ့ ညေန ေလးနာရီေက်ာ္အခ်ိန္ေလာက္မွာ ႐ြာထဲကို က်ေရာက္ခဲ့တာလို႔ ႐ြာသားေတြကဆိုပါတယ္။

တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ႐ြာထဲကို ဗုံးက်စရာအေၾကာင္းမရွိဘူးလို႔ တုံ႔ျပန္ပါတယ္။

ခ်ဲေတာင္ေက်း႐ြာဟာ အိမ္ေျခ ၁၇၀ ေလာက္ရွိတဲ့ ခ်င္းလူမ်ိဳးေတြ ေနထိုင္တဲ့ေက်း႐ြာျဖစ္ၿပီး ေအေအအဖြဲ႕က မေန႔ကတိုက္ခိုက္ခဲ့တဲ့ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးသင္တန္းေက်ာင္းရွိရာ ကမ္းနီအုပ္စုထဲက ႐ြာတစ္႐ြာ ပါ။

သင္တန္းေက်ာင္းထဲက အေဆာက္အဦးေတြကို မီးရႈိ႕ဖ်က္ဆီးၿပီး လက္နက္ခဲယမ္းအခ်ိဳ႕နဲ႔ သုံ႔ပန္းတစ္ဦးကို ဖမ္းဆီးခဲ့သလို တပ္မေတာ္ဘက္က ၂၀ ခန႔္က်ဆုံးခဲ့တယ္လို႔ AA က မေန႔က ထုတ္ျပန္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕မေန႔ကထုတ္ျပန္ခ်က္မွာလည္း အင္အား ၃၀၀ ေလာက္ရွိတဲ့ ေအေအအဖြဲ႕ဟာ မေန႔က မနက္အေစာပိုင္းမွာ ေနရာ ငါးခုကေန တိုက္ခိုက္ခဲ့ေပမယ့္ အက်အဆုံးေတြနဲ႔ ျပန္လည္ဆုတ္ခြာခဲ့ရတယ္လို႔ ေဖာ္ျပပါတယ္။

ေအေအအဖြဲ႕ရဲ႕ အေလာင္း ၁၅ ေလာင္းနဲ႔ လက္နက္မ်ိဳးစုံ ၁၅ လက္သိမ္းဆည္းရမိခဲ့ၿပီး ေလေၾကာင္းအပါအဝင္ ေျမျပင္နဲ႔ အေျမာက္ပစ္ကူေတြနဲ႔ ေအေအအဖြဲ႕ကို ေခ်မႈန္းသြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ေက်း႐ြာေတြအနီးမွာ တိုက္ပြဲေတြကို ေရွာင္ရွားေစလိုတယ္လို႔ ရခိုင္ျပည္နယ္ခ်င္း တကၠသိုလ္ ေက်ာင္းသား/သူမ်ားအဖြဲ႕(CUSR)ရဲ႕ ဥကၠ႒ ဆလိုင္းထြန္းလွေက်ာ္က ေျပာပါတယ္။

RFA က ရရွိခဲ့တဲ့အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၆ ကေန ဒီေန႔ မတ္လ ၂၄ ရက္ေန႔ အထိ အခ်ိန္ တစ္လနီးပါးကာလမွာ ေသဆုံးတဲ့အရပ္သား ၅၀ ဦးထက္မနည္းရွိေနသလို ထိခိုက္ ဒဏ္ရာရသူဟာလည္း ၁၅၀ ေက်ာ္အထိ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာဆိုရင္လည္း ေသဆုံးသူ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရသူ ၃၀၀ ေက်ာ္ ရွိခဲ့တယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး (REC) က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မင်းပြားရွာထဲဗုံးကျလို့ ကလေး တစ်ဦးသေ၊ ၁၅ ဦးဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မနေ့က တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို တိုက်ခိုက်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ကို တပ်မတော်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ ချင်းလူမျိုးတွေနေထိုင်တဲ့ ချဲတောင်ကျေးရွာထဲကို ဗုံးကျရောက်လို့ ကလေးတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ တပ်မတော်ကတော့ ရွာထဲကို ဗုံးကျစရာအကြောင်းမရှိဘူးလို့ ငြင်းဆိုပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီအုပ်စုမှာရှိတဲ့ ချဲတောင်ကျေးရွာထဲကို မတ် ၂၃ ရက် မနေ့ညနေက တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယာဉ်ပေါ်ကနေ ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

အဲဒီဗုံးကြောင့် လူ ၁၆ ဦး ဒဏ်ရာရပြီး အဲဒီအထဲက ကလေးတစ်ဦးကတော့ မတ် ၂၄ ရက် ဒီနေ့မနက်က မင်းပြားဆေးရုံမှာ သေဆုံးသွားတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံရွာသားတွေက ပြောပါတယ်။

ကျေးရွာသားတွေက အိမ်အောက်က ဗုံးခိုကျင်းထဲမှာ ပုန်းအောင်းနေတဲ့အချိန် အဲဒီနေအိမ်ကို လေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့ ဗုံးကျရောက်လာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

သေဆုံးတဲ့ကလေးဟာ အသက် ၁၀ နှစ်အရွယ် မောင်ဘီဒင်ဖြစ်ပြီး မနေ့က အချိန်မီ ဆေးကုသခွင့်မရဘဲ ရွာထဲမှာ ပိတ်မိနေခဲ့တာပါ။ ဒီနေ့မနက်ကတော့ မင်းပြားဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံမှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကျန်တဲ့ လူနာ ၁၅ ဦးထဲက ဒဏ်ရာပြင်းထန်တဲ့ အသက် ၄၇ နှစ်အရွယ် ဦးဇနီအောင်နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ထွန်းနေလင်းတို့ သားအဖ နှစ်ဦးကိုတော့ စစ်တွေဆေးရုံကြီးကို ဒီနေ့မနက်ကပဲ ပို့ဆောင်လိုက်ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ကျောင်းသူကျောင်းသား ခုနှစ်ဦးပါဝင်ပြီး အသက် တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးလည်း ပါဝင်ပါတယ်။

ဒဏ်ရာရသူအားလုံးကို ဒီနေ့မနက်ကမှ ဆေးရုံကိုပို့ခွင့်ရခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကူအညီပေးသူတစ်ဦးကပြောပါတယ်။

နေအိမ်မီးလောင်သွားတာကြောင့် အိမ်အောက်ဗုံးခိုကျင်းမှာပုန်းနေတဲ့ လူကြီးတွေနဲ့ကလေးတွေဟာ မီးလောင်ဒဏ်ရာနဲ့ ကျည်စ ထိမှန်တဲ့ဒဏ်ရာတွေ ရခဲ့ကြတာပါ။

ကမ်းနီအုပ်စုက တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို အေအေအဖွဲ့က မနေ့က မနက် ၆ နာရီလောက်က နေ ၁၁ နာရီလောက်အထိ တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

လေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့ဗုံးဟာ တိုက်ပွဲမရှိတော့တဲ့ ညနေ လေးနာရီကျော်အချိန်လောက်မှာ ရွာထဲကို ကျရောက်ခဲ့တာလို့ ရွာသားတွေကဆိုပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရွာထဲကို ဗုံးကျစရာအကြောင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။

ချဲတောင်ကျေးရွာဟာ အိမ်ခြေ ၁၇၀ လောက်ရှိတဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့ကျေးရွာဖြစ်ပြီး အေအေအဖွဲ့က မနေ့ကတိုက်ခိုက်ခဲ့တဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းရှိရာ ကမ်းနီအုပ်စုထဲက ရွာတစ်ရွာ ပါ။

သင်တန်းကျောင်းထဲက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးပြီး လက်နက်ခဲယမ်းအချို့နဲ့ သုံ့ပန်းတစ်ဦးကို ဖမ်းဆီးခဲ့သလို တပ်မတော်ဘက်က ၂၀ ခန့်ကျဆုံးခဲ့တယ်လို့ AA က မနေ့က ထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့မနေ့ကထုတ်ပြန်ချက်မှာလည်း အင်အား ၃၀၀ လောက်ရှိတဲ့ အေအေအဖွဲ့ဟာ မနေ့က မနက်အစောပိုင်းမှာ နေရာ ငါးခုကနေ တိုက်ခိုက်ခဲ့ပေမယ့် အကျအဆုံးတွေနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အေအေအဖွဲ့ရဲ့ အလောင်း ၁၅ လောင်းနဲ့ လက်နက်မျိုးစုံ ၁၅ လက်သိမ်းဆည်းရမိခဲ့ပြီး လေကြောင်းအပါအဝင် မြေပြင်နဲ့ အမြောက်ပစ်ကူတွေနဲ့ အေအေအဖွဲ့ကို ချေမှုန်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေကို ရှောင်ရှားစေလိုတယ်လို့ ရခိုင်ပြည်နယ်ချင်း တက္ကသိုလ် ကျောင်းသား/သူများအဖွဲ့(CUSR)ရဲ့ ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က ပြောပါတယ်။

RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ ဒီနေ့ မတ်လ ၂၄ ရက်နေ့ အထိ အချိန် တစ်လနီးပါးကာလမှာ သေဆုံးတဲ့အရပ်သား ၅၀ ဦးထက်မနည်းရှိနေသလို ထိခိုက် ဒဏ်ရာရသူဟာလည်း ၁၅၀ ကျော်အထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာဆိုရင်လည်း သေဆုံးသူ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀၀ ကျော် ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
မင္းျပား႐ြာထဲဗုံးက်လို႔ ကေလး တစ္ဦးေသ၊ ၁၅ ဦးဒဏ္ရာျပင္းထန္ မင္းျပား႐ြာထဲဗုံးက်လို႔ ကေလး တစ္ဦးေသ၊ ၁၅ ဦးဒဏ္ရာျပင္းထန္ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.