
(Zawgyi)⤵⤵⤵





BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵

ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ် သီးသန့်ခွဲခြားနေထိုင်
ဓာတ်ပုံ မူပိုင် Pool
Image caption ဝန်ကြီးချုပ်ကို ကျန်းမာရေးစစ်ဆေးပေးခဲ့တဲ့ ဆရာဝန်မှာ ကိုဗစ်၁၉ ကူးစက်ခံနေရ

ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်ဟာ သူ့ကို ကျန်းမာရေးစစ်ဆေးပေးတဲ့ ဆရာဝန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေကြောင်း တွေ့ရှိရတဲ့အတွက် ဝန်ကြီးချုပ်ဟာ သူ့ဘာသာ သီးသန့်ခွဲခြားနေထိုင်လိုက်ပါတယ်။

သောကြာနေ့က ဝန်ကြီးချုပ်ကို ကျန်းမာရေးစစ်ဆေးပေးခဲ့တဲ့ ဆရာဝန်မှာ ကိုဗစ်၁၉ ကူးစက်ခံနေရတာကို စစ်ဆေးအတည်ပြုပြီးတဲ့နောက်မှာ အခုလို သီးသန့်ခွဲခြားနေထိုင်တာဖြစ်တယ်လို့ CNN သတင်းမှာဖော်ပြပါတယ်။

ဝန်ကြီးချုပ်ဟာ ခုလို သီးသန့်နေထိုင်ချိန်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုရှိမရှိ ဆေးစစ်မှုခံယူမယ်လို့ အစိုးရပြောခွင့်ရသူ စတက်ဖင်ဆီးဘာ့ထ်က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ်။

ဝန်ကြီးချုပ် အဲဒီလိုသီးသန့်ခွဲခြားနေထိုင်ပြီးတဲ့နောက် ဂျာမနီမှာ လူနှစ်ဦးထက် ပိုမစုဝေးဖို့နဲ့ လူတစ်ဦးနဲ့တစ်ဦး လေးပေ ခန့်အကွာကနေ တွေ့ဆုံဖို့ ကန့်သတ်လိုက်ပါတယ်။

ဂျာမနီမှာ ကိုဗစ်၁၉ ကူးစက်ခံရသူ နှစ်သောင်းကျော်နဲ့ သေဆုံးသူ ၉၀ ကျော် ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ် သီးသန့်ခွဲခြားနေထိုင် ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ် သီးသန့်ခွဲခြားနေထိုင် Reviewed by THITHTOOLWIN on 01:22 Rating: 5
Powered by Blogger.