ျမဝတီမွာ သတင္းေထာက္ ႏွစ္ဦး အဖမ္းခံရခ်ိန္ ႐ိုက္ႏွက္ခံရ

(Zawgyi)⤵⤵⤵
ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ နယ္ျခားေစာင့္တပ္ဖြဲ႕ BGF က ဖမ္းဆီးတာခံရၿပီး မေန႔က ျပန္လႊတ္လာတဲ့ သတင္းေထာက္ ႏွစ္ေယာက္က သူတို႔ကို ထိန္းသိမ္းခဲ့သူေတြက ႐ိုက္နက္ႏွိပ္စက္ခဲ့တယ္လို႔ ေျပာပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ေသာင္ရင္ျမစ္ေဘး BGF ထိန္းခ်ဳပ္နယ္ေျမထဲက သဲပုံဆိပ္မွာ အသစ္ေဆာက္လုပ္ေနတဲ့ ကာစီႏိုလုပ္ငန္း အေဆာက္အဦေတြကို မတ္လ ၄ ရက္ေန႔က ဓာတ္ပုံ႐ိုက္ေနတုန္း ဖမ္းဆီးခံခဲ့ရတာပါ။

ေနာ္ဘတ္တီဟန္က ညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရတယ္လို႔ RFA ကို ဒီကေန႔ ေျပာပါတယ္။

“ညီမတို႔ကို လုံၿခဳံေရးအရ ဆိုၿပီးေတာ့ မ်က္ႏွာေတြကိုအုပ္ၿပီးေတာ့ ရာဘာေတာလိုတစ္ေနရာကိုေခၚသြားတယ္၊ ညီမတို႔ ေသခ်ာလည္း မျမင္ရဘူး၊ ဘယ္ေရာက္ေနမွန္းလည္း မသိဘူး၊ အဲ့အခ်ိန္မွာ ေနာက္ထပ္ကားတစ္စီး ထပ္ေရာက္လာၿပီးေတာ့ လက္နက္ကိုင္ေတြ ႏွစ္ေယာက္ေလာက္ ပါတယ္၊ သူတို႔က ႐ိုက္တာႏွက္တာေတြ လုပ္တယ္၊ အဓိကကေတာ့ ေယာက္က်ားေလးကို ပို႐ိုက္တယ္ေပါ့ေနာ္၊ မ်က္ႏွာကို ကန္တာေတြဘာေတြ လုပ္တယ္၊ ညီမကိုက်ေတာ့ လက္ကိုေျခေထာက္နဲ႔နင္းတယ္၊ နားရင္းေတြ ဘာေတြ ႐ိုက္တယ္၊ ၿပီးေတာ့ ဖုန္းေတြဘာေတြ Password (လွ်ိဳ႕ဝွက္နံပါတ္) ဖြင့္ခိုင္းတယ္၊ ေနာက္ပီးေတာ့ ဘယ္သူ႔ကိုစာပို႔လဲ ဆိုတာမ်ိဳးေတြ သူတို႔ေျပာတယ္။ ထမင္းလည္း မေကြၽးဘူး ညီမတို႔ကို၊ လႊတ္ခါနီး တစ္နာရီေလာက္အလိုမွ အတင္းလာေကြၽးတာ”

သတင္းေထာက္ ေနာ္ဘက္တီဟန္ဟာ ၂၀၁၉  ဒီဇင္ဘာနဲ႔ ၂၀၂၀ ေဖေဖာ္ဝါရီလတုန္းက နယ္ျခားေစာင့္တပ္ဖြဲ႕ BGF ထိန္းခ်ဳပ္ရာနယ္ေျမမွာ ေျမအေရာင္းအဝယ္ျဖစ္ေနတာေတြ၊ BGF နဲ႔ တ႐ုတ္တို႔ရဲ႕ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို စုံစမ္းေဖာ္ထုတ္ၿပီး ရန္ကုန္အေျခစိုက္ Frontier Myanmar မဂၢဇင္းမွာ ေရးသားခဲ့ပါတယ္။

ေနာ္ဘတ္တီဟန္နဲ႔ အတူအဖမ္းခံရတဲ့ Myanmar Time ရဲ႕ ဓာတ္ပုံသတင္းေထာက္ မားေနာ္ကလည္း အျပင္းအထန္ ႏွိပ္စက္ခံခဲ့ရတယ္လို႔ ဒီေန႔ RFA ကို ေျပာပါတယ္။

“သူတို႔ကေတာ့ အဲဒီအခ်ိန္မွာ ကြၽန္ေတာ့္ကို ေသၿပီလို႔ပဲ ထင္တာ။ ေသနတ္မွာပါတဲ့ ဓားျဖစ္လိမ့္မယ္၊ အဲဒါနဲ႔လည္း လည္ပင္းထိုးဖို႔ ႐ြယ္တယ္၊ မ်က္ႏွာကို ဟိုဘက္ဒီဘက္ အားကန္ကို ကန္တယ္၊ ေသခ်ာ အားနဲ႔ ကန္ၿပီးေတာ့ မ်က္ႏွာတည့္တည့္ကို ကန္တယ္၊ ႏွာေခါင္းေသြး ေတာ္ေတာ္လွ်ံသြားတယ္”

သတင္းေထာက္ေတြကို ဖမ္းဆီးႏွိပ္စက္မႈနဲ႔ ပတ္သက္ၿပီး တာဝန္ရွိသူေတြကို အေရးယူမယ္လို႔ ကရင္ နယ္ျခားေစာင့္တပ္ဖြဲ႕ ေျပာခြင့္ရ ဗိုလ္မႉး ႏိုင္ေမာင္ေဇာ္က ကရင္ျပည္နယ္အေျခစိုက္ KIC သတင္းဌာနကို ေျပာပါတယ္။

“ပတ္သက္ခဲ့တဲ့ က်ဳးလြန္ခဲ့တဲ့ တပ္ဖြဲ႕ဝင္ေတြကို ေဖာ္ထုတ္မယ္၊ ကြၽန္ေတာ္တို႔ အခုလည္း ေဖာ္ထုတ္ၿပီးပီ၊ ထိန္းသိမ္းထားတယ္၊ ၿပီးေတာ့ ထိထိေရာက္ေရာက္ အေရးယူဖို႔ အထက္က လူႀကီးေတြ ထပ္ၿပီးေတာ့ စီစဥ္ေဆာင္႐ြက္ပါလိမ့္မယ္” လို႔  ဗိုလ္မႉး ႏိုင္ေမာင္ေဇာ္က ေျပာပါတယ္။

BGF ေခါင္းေဆာင္ ဗိုလ္မႉးႀကီး ေစာခ်စ္သူကေတာ့  သတင္းေထာက္ႏွစ္ေယာက္ကို ျပန္လႊတ္ေပးဖို႔ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က ၫႊန္ၾကားလာတာေၾကာင့္ ျပန္လႊတ္ေပးလိုက္တဲ့အေၾကာင္း RFA ကို ဖုန္းနဲ႔ျပန္ေျပာခဲ့ပါတယ္။

သတင္းေထာက္ ဖမ္းဆီးခံရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာသတင္းမီဒီယာေကာင္စီကလည္း အေရးေပၚ အစည္းအေဝးေခၚၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ ရဲမႉးတို႔ကို ဆက္သြယ္ အကူအညီ ေတာင္းခံခဲ့တယ္လို႔ ေကာင္စီအဖြဲ႕ဝင္ ဦးေဇယ်ာလႈိင္က RFA ကို မေန႔က ေျပာပါတယ္။

သတင္းေထာက္ေတြကို တစ္ရက္ေက်ာ္အၾကာ ဖမ္းဆီးၿပီး ႐ိုက္ႏွက္ ႏွိပ္စက္ခံခဲ့ရတာကေတာ့ မျဖစ္သင့္ဘူးလို႔ Frontier Myanmar မဂၢဇင္းရဲ႕  ျမန္မာပိုင္း အယ္ဒီတာ နႏၵက ေျပာပါတယ္။

အမႈဖြင့္ တရားစြဲဆိုဖို႔ အစီအစဥ္ရွိမရွိ  ကိုေတာ့ ကာယကံရွင္အပါအဝင္ တာဝန္ရွိသူေတြနဲ႔ တိုင္ပင္ရဦးမယ္လို႔ နႏၵက ေျပာပါတယ္။

“ဟုတ္ကဲ့ ကြၽန္ေတာ္တို႔ သတင္းေထာက္ရယ္၊ အယ္ဒီတာရယ္၊ ထုတ္ေဝသူရယ္၊ ကြၽန္ေတာ္တို႔ေတြ ေတြ႕ဆုံၿပီးေတာ့ ေဆြးေႏြးတိုင္ပင္ရမွာမွာ ဒီကိစၥကို၊ ေဆြးေႏြးတိုင္ပင္ၿပီးေတာ့မွ ဆုံးျဖတ္မွာပါ ဒီကိစၥကို၊ သတင္းေထာက္ရဲ႕သေဘာထားကိုလည္းေမးျမန္းသြားမွာပါ၊ သတင္းေထာက္မွန္းသိသိႀကီးနဲ႔ ဒီလို ေခၚသြားၿပီးေတာ့ ဒီလို႐ိုက္ႏွက္တယ္ဆိုတာ ေတာ္ေတာ္ေလးကို မေကာင္းဘူးေပါ့ေနာ္၊ အႀကီးအကဲေတြက ဒီကိစၥကို အေပၚပိုင္းကခိုင္းတာမဟုတ္ဘူးလို႔ ေျပာၾကပါတယ္၊ ဒါေပ့လည္း ဒီလိုမ်ိဳး ေအာက္ေျခက လူေတြကိုလည္း မီဒီယာေတြ အရပ္သားေတြနဲ႔ ဆက္ဆံတဲ့အခါၾကရင္ ဒီလိုမ်ိဳး ကိုယ္ထိလက္ေရာက္ေတြ မျဖစ္ဖို႔ ဒီလိုမက်ဴးလြန္ဖို႔ အေပၚကလူေတြကလည္း သြန္သင္ဖို႔လိုတယ္လို႔ ဒီကိစၥက မီးေမာင္းထိုးျပတာေပါ့။”

၂၀၁၄ ခုႏွစ္ကလည္း အလြတ္သတင္းေထာက္ ကိုပါႀကီးဟာ တပ္မေတာ္စခန္းတစ္ခုမွာ ဖမ္းဆီးထိန္းသိမ္း ခံေနရစဥ္ ေသဆုံးသြားပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ကိုပါႀကီးဟာ ေသနတ္လုဖို႔ ႀကိဳးစားတာေၾကာင့္ အပစ္ခံရတာလို႔ ေျပာခဲ့ပါတယ္။

ဗိုလ္မႉးႀကီး ေစာခ်စ္သူ ဦးစီးအုပ္ခ်ဳပ္တဲ့ BGF တပ္ဖြဲ႕ဟာ တပ္မေတာ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိတဲ့တပ္ဖြဲ႕ ျဖစ္ၿပီး၊ ထိုင္း-ျမန္မာနယ္စပ္မွာ ေဒၚလာဘီလီယံနဲ႔ခ်ီၿပီး တန္ဖိုးရွိတဲ့ စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈေတြကို တ႐ုတ္ကုမၸဏီနဲ႔ ပူးတြဲလုပ္ကိုင္ေနတာပါ။ အဲဒီလုပ္ငန္းေတြထဲမွာ ကရင္ျပည္နယ္က တ႐ုတ္ၿမိဳ႕သစ္ ေ႐ႊကုကၠိဳစီမံကိန္းနဲ႔ အျငင္းပြားဖြယ္ရာ လိုင္စင္မဲ့ ကာစီႏိုေလာင္းကစား႐ုံေတြဟာ လူသိမ်ားတဲ့ လုပ္ငန္းေတြ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
မြဝတီမှာ သတင်းထောက် နှစ်ဦး အဖမ်းခံရချိန် ရိုက်နှက်ခံရ

ကရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်ဖွဲ့ BGF က ဖမ်းဆီးတာခံရပြီး မနေ့က ပြန်လွှတ်လာတဲ့ သတင်းထောက် နှစ်ယောက်က သူတို့ကို ထိန်းသိမ်းခဲ့သူတွေက ရိုက်နက်နှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ သောင်ရင်မြစ်ဘေး BGF ထိန်းချုပ်နယ်မြေထဲက သဲပုံဆိပ်မှာ အသစ်ဆောက်လုပ်နေတဲ့ ကာစီနိုလုပ်ငန်း အဆောက်အဦတွေကို မတ်လ ၄ ရက်နေ့က ဓာတ်ပုံရိုက်နေတုန်း ဖမ်းဆီးခံခဲ့ရတာပါ။

နော်ဘတ်တီဟန်က ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ RFA ကို ဒီကနေ့ ပြောပါတယ်။

“ညီမတို့ကို လုံခြုံရေးအရ ဆိုပြီးတော့ မျက်နှာတွေကိုအုပ်ပြီးတော့ ရာဘာတောလိုတစ်နေရာကိုခေါ်သွားတယ်၊ ညီမတို့ သေချာလည်း မမြင်ရဘူး၊ ဘယ်ရောက်နေမှန်းလည်း မသိဘူး၊ အဲ့အချိန်မှာ နောက်ထပ်ကားတစ်စီး ထပ်ရောက်လာပြီးတော့ လက်နက်ကိုင်တွေ နှစ်ယောက်လောက် ပါတယ်၊ သူတို့က ရိုက်တာနှက်တာတွေ လုပ်တယ်၊ အဓိကကတော့ ယောက်ကျားလေးကို ပိုရိုက်တယ်ပေါ့နော်၊ မျက်နှာကို ကန်တာတွေဘာတွေ လုပ်တယ်၊ ညီမကိုကျတော့ လက်ကိုခြေထောက်နဲ့နင်းတယ်၊ နားရင်းတွေ ဘာတွေ ရိုက်တယ်၊ ပြီးတော့ ဖုန်းတွေဘာတွေ Password (လျှို့ဝှက်နံပါတ်) ဖွင့်ခိုင်းတယ်၊ နောက်ပီးတော့ ဘယ်သူ့ကိုစာပို့လဲ ဆိုတာမျိုးတွေ သူတို့ပြောတယ်။ ထမင်းလည်း မကျွေးဘူး ညီမတို့ကို၊ လွှတ်ခါနီး တစ်နာရီလောက်အလိုမှ အတင်းလာကျွေးတာ”

သတင်းထောက် နော်ဘက်တီဟန်ဟာ ၂၀၁၉  ဒီဇင်ဘာနဲ့ ၂၀၂၀ ဖေဖော်ဝါရီလတုန်းက နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်ရာနယ်မြေမှာ မြေအရောင်းအဝယ်ဖြစ်နေတာတွေ၊ BGF နဲ့ တရုတ်တို့ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို စုံစမ်းဖော်ထုတ်ပြီး ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။

နော်ဘတ်တီဟန်နဲ့ အတူအဖမ်းခံရတဲ့ Myanmar Time ရဲ့ ဓာတ်ပုံသတင်းထောက် မားနော်ကလည်း အပြင်းအထန် နှိပ်စက်ခံခဲ့ရတယ်လို့ ဒီနေ့ RFA ကို ပြောပါတယ်။

“သူတို့ကတော့ အဲဒီအချိန်မှာ ကျွန်တော့်ကို သေပြီလို့ပဲ ထင်တာ။ သေနတ်မှာပါတဲ့ ဓားဖြစ်လိမ့်မယ်၊ အဲဒါနဲ့လည်း လည်ပင်းထိုးဖို့ ရွယ်တယ်၊ မျက်နှာကို ဟိုဘက်ဒီဘက် အားကန်ကို ကန်တယ်၊ သေချာ အားနဲ့ ကန်ပြီးတော့ မျက်နှာတည့်တည့်ကို ကန်တယ်၊ နှာခေါင်းသွေး တော်တော်လျှံသွားတယ်”

သတင်းထောက်တွေကို ဖမ်းဆီးနှိပ်စက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ကရင် နယ်ခြားစောင့်တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်က ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနကို ပြောပါတယ်။

“ပတ်သက်ခဲ့တဲ့ ကျုးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်မယ်၊ ကျွန်တော်တို့ အခုလည်း ဖော်ထုတ်ပြီးပီ၊ ထိန်းသိမ်းထားတယ်၊ ပြီးတော့ ထိထိရောက်ရောက် အရေးယူဖို့ အထက်က လူကြီးတွေ ထပ်ပြီးတော့ စီစဉ်ဆောင်ရွက်ပါလိမ့်မယ်” လို့  ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကတော့  သတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ညွှန်ကြားလာတာကြောင့် ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း RFA ကို ဖုန်းနဲ့ပြန်ပြောခဲ့ပါတယ်။

သတင်းထောက် ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသတင်းမီဒီယာကောင်စီကလည်း အရေးပေါ် အစည်းအဝေးခေါ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရဲမှူးတို့ကို ဆက်သွယ် အကူအညီ တောင်းခံခဲ့တယ်လို့ ကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က RFA ကို မနေ့က ပြောပါတယ်။

သတင်းထောက်တွေကို တစ်ရက်ကျော်အကြာ ဖမ်းဆီးပြီး ရိုက်နှက် နှိပ်စက်ခံခဲ့ရတာကတော့ မဖြစ်သင့်ဘူးလို့ Frontier Myanmar မဂ္ဂဇင်းရဲ့  မြန်မာပိုင်း အယ်ဒီတာ နန္ဒက ပြောပါတယ်။

အမှုဖွင့် တရားစွဲဆိုဖို့ အစီအစဉ်ရှိမရှိ  ကိုတော့ ကာယကံရှင်အပါအဝင် တာဝန်ရှိသူတွေနဲ့ တိုင်ပင်ရဦးမယ်လို့ နန္ဒက ပြောပါတယ်။

“ဟုတ်ကဲ့ ကျွန်တော်တို့ သတင်းထောက်ရယ်၊ အယ်ဒီတာရယ်၊ ထုတ်ဝေသူရယ်၊ ကျွန်တော်တို့တွေ တွေ့ဆုံပြီးတော့ ဆွေးနွေးတိုင်ပင်ရမှာမှာ ဒီကိစ္စကို၊ ဆွေးနွေးတိုင်ပင်ပြီးတော့မှ ဆုံးဖြတ်မှာပါ ဒီကိစ္စကို၊ သတင်းထောက်ရဲ့သဘောထားကိုလည်းမေးမြန်းသွားမှာပါ၊ သတင်းထောက်မှန်းသိသိကြီးနဲ့ ဒီလို ခေါ်သွားပြီးတော့ ဒီလိုရိုက်နှက်တယ်ဆိုတာ တော်တော်လေးကို မကောင်းဘူးပေါ့နော်၊ အကြီးအကဲတွေက ဒီကိစ္စကို အပေါ်ပိုင်းကခိုင်းတာမဟုတ်ဘူးလို့ ပြောကြပါတယ်၊ ဒါပေ့လည်း ဒီလိုမျိုး အောက်ခြေက လူတွေကိုလည်း မီဒီယာတွေ အရပ်သားတွေနဲ့ ဆက်ဆံတဲ့အခါကြရင် ဒီလိုမျိုး ကိုယ်ထိလက်ရောက်တွေ မဖြစ်ဖို့ ဒီလိုမကျူးလွန်ဖို့ အပေါ်ကလူတွေကလည်း သွန်သင်ဖို့လိုတယ်လို့ ဒီကိစ္စက မီးမောင်းထိုးပြတာပေါ့။”

၂၀၁၄ ခုနှစ်ကလည်း အလွတ်သတင်းထောက် ကိုပါကြီးဟာ တပ်မတော်စခန်းတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်း ခံနေရစဉ် သေဆုံးသွားပါတယ်။

တပ်မတော်ဘက်ကတော့ ကိုပါကြီးဟာ သေနတ်လုဖို့ ကြိုးစားတာကြောင့် အပစ်ခံရတာလို့ ပြောခဲ့ပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးအုပ်ချုပ်တဲ့ BGF တပ်ဖွဲ့ဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့တပ်ဖွဲ့ ဖြစ်ပြီး၊ ထိုင်း-မြန်မာနယ်စပ်မှာ ဒေါ်လာဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်ကုမ္ပဏီနဲ့ ပူးတွဲလုပ်ကိုင်နေတာပါ။ အဲဒီလုပ်ငန်းတွေထဲမှာ ကရင်ပြည်နယ်က တရုတ်မြို့သစ် ရွှေကုက္ကိုစီမံကိန်းနဲ့ အငြင်းပွားဖွယ်ရာ လိုင်စင်မဲ့ ကာစီနိုလောင်းကစားရုံတွေဟာ လူသိများတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ျမဝတီမွာ သတင္းေထာက္ ႏွစ္ဦး အဖမ္းခံရခ်ိန္ ႐ိုက္ႏွက္ခံရ ျမဝတီမွာ သတင္းေထာက္ ႏွစ္ဦး အဖမ္းခံရခ်ိန္ ႐ိုက္ႏွက္ခံရ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.