ကို႐ိုနာကူးစက္မႈ ပိုဆိုးလာလို႔ ထိုင္း-ျမန္မာနယ္စပ္ဂိတ္ေတြ ပိတ္


(Zawgyi / Unicode)

ကုိ႐ုိနာဗိုင္းရပ္စ္ ျဖစ္ပြားမႈႏႈန္း တျဖည္းျဖည္း ျမင့္တက္လာေနတဲ့ ထုိင္းႏုိင္ငံဟာ ထုိင္း-ျမန္မာ နယ္စပ္ဂိတ္ေတြကို ပိတ္ပစ္လိုက္ပါၿပီ။ လက္ရွိမွာ ထုိင္း-ျမန္မာနယ္စပ္ ခ်စ္ၾကည္ေရးတံတား ၁ နဲ႔ မယ္ေဟာင္ေဆာင္၊ ရေနာင္း စတဲ့ ျမန္မာနဲ႔ ထိစပ္ေနတဲ့ နယ္စပ္လမ္းေတြကို မတ္လ ၂၁ ရက္ေန႔ကစလို႔ ပိတ္လိုက္ပါတယ္။ မဲေဆာက္ကေန ျမ၀တီကို ေနရပ္ျပန္ေနၾကတဲ့ ေထာင္ဂဏန္းရွိတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ အတြက္ကေတာ့ မဲေဆာက္-ျမ၀တီ ခ်စ္ၾကည္ေရးတံတား ၂ ကေန ၀င္ထြက္ခြင့္ ျပဳေနေသးပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းဘက္က မဲေဆာက္-ျမ၀တီ အမွတ္ ၁ ခ်စ္ၾကည္ေရးတံတားကုိ ပိတ္လိုက္တာေၾကာင့္ ေန႔စဥ္ ေထာင္ဂဏန္းေလာက္ ေနရပ္ျပန္ေနၾကတဲ့ ျမန္မာေတြအဖို႔ အခက္အခဲေတြ ရွိသြားပါတယ္။

ခ်စ္ႀကည္ေရးတံတားအမွတ္ ၁ ပိတ္ပစ္လုိက္တဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ျမ၀တီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က အခုလိုေျပာျပပါတယ္။

“ခ်စ္ၾကည္ေရးတံတား ၁ ကို တာ့ခ္ခ႐ုိင္ အစည္းအေ၀း ဆံုးျဖတ္ခ်က္နဲ႔ ပိတ္လိုက္တယ္လို႔ သူတို႔ဘက္က ေျပာပါတယ္။ ကို႐ုိနာ ေစာင့္ၾကည့္ၿပီးေတာ့ ေျပာတယ္၊ သူတို႔ အျပင္မွာ ေျပာတာကေတာ့ လုပ္ငန္းရွင္ေတြကို ၂ ပတ္ပိတ္မယ္လုိ႔ ေျပာပါတယ္။ ေၾကညာထားတာေတာ့ ၂ ပတ္ဆိုတာေတာ့ မပါဘူး။”

အခုလုိ အမွတ္ ၁ ခ်စ္ၾကည္ေရးတံတားကုိ ပိတ္လိုက္တဲ့အခါမွာ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ကုန္ၾကမ္းမရလို႔ ပိတ္လိုက္ရတဲ့ စက္႐ုံေတြက အလုပ္ျပဳတ္တ့ဲ အလုပ္သမားေတြ၊ ထိုင္းစီးပြားေရးက်လို႔ ေဒ၀ါလီခံလိုက္ရတဲ့ စက္႐ုံေတြက အလုပ္သမားေတြ၊ မဟာသႀကၤန္ကာလ ေနရပ္ျပန္ၾကမယ့္ ျမန္မာေတြ၊ မတ္လ ၃၁ ရက္ေန႔မွာ ကုန္ဆံုးေတာ့မယ့္ သူတုိ႔ရဲ႕ ဗီဇာသက္တမ္း ျပန္တုိးဖို႔ကိစၥေတြေၾကာင့္ မျဖစ္မေန ေနရပ္ျပန္ၾကတဲ့ ျမန္မာေတြကေတာ့ အခက္အခဲေတြ ျဖစ္ကုန္ပါတယ္။ ဒီအတြက္ ခ်စ္ၾကည္ေရး အမွတ္ ၂ တံတားအသစ္မွာေတာ့ အ၀င္အထြက္ေတြ ျပဳလုပ္ေပးေနဆဲ ျဖစ္တယ္လို႔ ဦးေတဇာေအာင္က ဆက္ေျပာျပပါတယ္။

“ခ်စ္ၾကည္ေရးတံတား ၂ ကေန ၀င္ေနပါတယ္။ အမွတ္ ၂ က Passenger အတြက္ ပါပါတယ္။ သြားၾကတာ နယ္စပ္ျဖတ္သန္းတဲ့ စစ္ေဆးေရးလုပ္ငန္းစဥ္ အျပည့္အ၀ ရွိတယ္။ တံတား ၂ က ေလဆိပ္လို ေဆာက္လုပ္ထားတာပါ။ Cargo သတ္သတ္ Passenger သတ္သတ္ အ၀င္ေရာ အထြက္ေရာ လုပ္လို႔ရတာရွိတယ္။”

မတ္လ ၂၁ ရက္ေန႔မွာေတာ့ ထုိင္းႏုိင္ငံဘက္က တာ့ခ္ခ႐ုိင္ နယ္စပ္ဂိတ္ေတြသာမက ျမန္မာနဲ႔ ထိစပ္ေနတဲ့ နယ္စပ္ေလွဂိတ္ေတြ၊ နယ္စပ္လမ္းေတြပါ ပိတ္ပစ္လိုက္တာပါ။

ဒါဟာ တာ့ခ္ခ႐ုိင္တခုတည္း မဟုတ္ဘဲ ျမန္မာနဲ႔ ထိစပ္ေနတဲ့ ခ႐ုိင္ေတြအျပင္ တျခား အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ထိစပ္ေနတဲ့ ခ႐ုိင္ေတြ အေတာ္မ်ားမ်ားကို ခ႐ုိင္အာဏာပုိင္ေတြ ဆံုးျဖတ္ခ်က္နဲ႔ ၿပီးခဲ့တဲ့ တပတ္ခန္႔က စတင္ၿပီး ပိတ္ေနတာေတြ ရွိပါတယ္။

အခုကေတာ့ ျမန္မာနဲ႔ ထိစပ္ေနတဲ့ ခ႐ုိင္ေတြကို ပိတ္လုိက္တာပါ။ ဒါက ထုိင္းႏိုင္ငံရဲ႕ ေပၚလစီေၾကာင့္ ျဖစ္ႏုိင္တယ္လို႔လည္း ဦးေတဇာေအာင္က ဆိုပါတယ္။

“ေကာ့ေသာင္းဆိုရင္ အကုန္ပိတ္တာပဲ။ အခုဆံုးျဖတ္ခ်က္ကေတာ့ တာ့ခ္ခ႐ုိင္က ဆံုးျဖတ္ခ်က္ေတြပဲ။ ဒါေပမယ့္ သူတို႔ မူဝါဒရွိတယ္ထင္ပါတယ္။ တာ့ခ္ခ႐ုိင္သက္သက္ တခုတည္းမွာ မဟုတ္ဘူး။ သူတို႔ကေတာ့ သူတို႔ဘာသာသူတို႔ ထိန္းတာပါပဲ။ ကုိ႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ကူးသန္းသြားလာမႈ မရွိေအာင္ ထိန္းတဲ့သေဘာပါ။”

ထိုင္း-ျမန္မာနယ္စပ္မွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရးအတြက္ နယ္စပ္ဂိတ္ေတြကို ပိုမိုအဆင္ျမႇင့္ၿပီး ပိတ္ပင္ခဲ့ရာမွာ မတ္လ ၂၁ ရက္ေန႔မွာေတာ့ ထိုင္း-ျမန္မာ နယ္စပ္အားလံုးနီးပါးမွာ အ၀င္အထြက္ကို ပိတ္ပစ္ခဲ့တာျဖစ္ပါတယ္။


--------------------------------------

(Unicode)

ကိုရိုနာကူးစက်မှု ပိုဆိုးလာလို့ ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေ ပိတ်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း မြင့်တက်လာနေတဲ့ ထိုင်းနိုင်ငံဟာ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်ပါပြီ။ လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား ၁ နဲ့ မယ်ဟောင်ဆောင်၊ ရနောင်း စတဲ့ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်လမ်းတွေကို မတ်လ ၂၁ ရက်နေ့ကစလို့ ပိတ်လိုက်ပါတယ်။ မဲဆောက်ကနေ မြဝတီကို နေရပ်ပြန်နေကြတဲ့ ထောင်ဂဏန်းရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက်ကတော့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ၂ ကနေ ဝင်ထွက်ခွင့် ပြုနေသေးပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းဘက်က မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားကို ပိတ်လိုက်တာကြောင့် နေ့စဉ် ထောင်ဂဏန်းလောက် နေရပ်ပြန်နေကြတဲ့ မြန်မာတွေအဖို့ အခက်အခဲတွေ ရှိသွားပါတယ်။

ချစ်ကြည်ရေးတံတားအမှတ် ၁ ပိတ်ပစ်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အခုလိုပြောပြပါတယ်။

“ချစ်ကြည်ရေးတံတား ၁ ကို တာ့ခ်ခရိုင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ပိတ်လိုက်တယ်လို့ သူတို့ဘက်က ပြောပါတယ်။ ကိုရိုနာ စောင့်ကြည့်ပြီးတော့ ပြောတယ်၊ သူတို့ အပြင်မှာ ပြောတာကတော့ လုပ်ငန်းရှင်တွေကို ၂ ပတ်ပိတ်မယ်လို့ ပြောပါတယ်။ ကြေညာထားတာတော့ ၂ ပတ်ဆိုတာတော့ မပါဘူး။”

    ထိုင်းရောက် မြန်မာအလုပ်သမားနှစ်ဦး COVID-19 ကူးစက်ခံထားရ သတင်း ဖတ်ရှုနိုင်ပါတယ်။

အခုလို အမှတ် ၁ ချစ်ကြည်ရေးတံတားကို ပိတ်လိုက်တဲ့အခါမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းမရလို့ ပိတ်လိုက်ရတဲ့ စက်ရုံတွေက အလုပ်ပြုတ်တဲ့ အလုပ်သမားတွေ၊ ထိုင်းစီးပွားရေးကျလို့ ဒေဝါလီခံလိုက်ရတဲ့ စက်ရုံတွေက အလုပ်သမားတွေ၊ မဟာသင်္ကြန်ကာလ နေရပ်ပြန်ကြမယ့် မြန်မာတွေ၊ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မယ့် သူတို့ရဲ့ ဗီဇာသက်တမ်း ပြန်တိုးဖို့ကိစ္စတွေကြောင့် မဖြစ်မနေ နေရပ်ပြန်ကြတဲ့ မြန်မာတွေကတော့ အခက်အခဲတွေ ဖြစ်ကုန်ပါတယ်။ ဒီအတွက် ချစ်ကြည်ရေး အမှတ် ၂ တံတားအသစ်မှာတော့ အဝင်အထွက်တွေ ပြုလုပ်ပေးနေဆဲ ဖြစ်တယ်လို့ ဦးတေဇာအောင်က ဆက်ပြောပြပါတယ်။

“ချစ်ကြည်ရေးတံတား ၂ ကနေ ဝင်နေပါတယ်။ အမှတ် ၂ က Passenger အတွက် ပါပါတယ်။ သွားကြတာ နယ်စပ်ဖြတ်သန်းတဲ့ စစ်ဆေးရေးလုပ်ငန်းစဉ် အပြည့်အ၀ ရှိတယ်။ တံတား ၂ က လေဆိပ်လို ဆောက်လုပ်ထားတာပါ။ Cargo သတ်သတ် Passenger သတ်သတ် အဝင်ရော အထွက်ရော လုပ်လို့ရတာရှိတယ်။”

    Covid-19 ကြောင့် ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေ ဝင်ထွက်ခွင့်ပိတ် သတင်း ဖတ်ရှုနိုင်ပါတယ်။

မတ်လ ၂၁ ရက်နေ့မှာတော့ ထိုင်းနိုင်ငံဘက်က တာ့ခ်ခရိုင် နယ်စပ်ဂိတ်တွေသာမက မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်လှေဂိတ်တွေ၊ နယ်စပ်လမ်းတွေပါ ပိတ်ပစ်လိုက်တာပါ။

ဒါဟာ တာ့ခ်ခရိုင်တခုတည်း မဟုတ်ဘဲ မြန်မာနဲ့ ထိစပ်နေတဲ့ ခရိုင်တွေအပြင် တခြား အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ ခရိုင်တွေ အတော်များများကို ခရိုင်အာဏာပိုင်တွေ ဆုံးဖြတ်ချက်နဲ့ ပြီးခဲ့တဲ့ တပတ်ခန့်က စတင်ပြီး ပိတ်နေတာတွေ ရှိပါတယ်။

အခုကတော့ မြန်မာနဲ့ ထိစပ်နေတဲ့ ခရိုင်တွေကို ပိတ်လိုက်တာပါ။ ဒါက ထိုင်းနိုင်ငံရဲ့ ပေါ်လစီကြောင့် ဖြစ်နိုင်တယ်လို့လည်း ဦးတေဇာအောင်က ဆိုပါတယ်။

“ကော့သောင်းဆိုရင် အကုန်ပိတ်တာပဲ။ အခုဆုံးဖြတ်ချက်ကတော့ တာ့ခ်ခရိုင်က ဆုံးဖြတ်ချက်တွေပဲ။ ဒါပေမယ့် သူတို့ မူဝါဒရှိတယ်ထင်ပါတယ်။ တာ့ခ်ခရိုင်သက်သက် တခုတည်းမှာ မဟုတ်ဘူး။ သူတို့ကတော့ သူတို့ဘာသာသူတို့ ထိန်းတာပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးသန်းသွားလာမှု မရှိအောင် ထိန်းတဲ့သဘောပါ။”

    မြန်မာလုပ်သားတွေ သင်္ကြန်အိမ်ပြန်ရေး တတ်နိုင်သမျှရှောင်ဖို့ သံရုံးသတိပေး သတင်း ဖတ်ရှုနိုင်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် နယ်စပ်ဂိတ်တွေကို ပိုမိုအဆင်မြှင့်ပြီး ပိတ်ပင်ခဲ့ရာမှာ မတ်လ ၂၁ ရက်နေ့မှာတော့ ထိုင်း-မြန်မာ နယ်စပ်အားလုံးနီးပါးမှာ အဝင်အထွက်ကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာကူးစက္မႈ ပိုဆိုးလာလို႔ ထိုင္း-ျမန္မာနယ္စပ္ဂိတ္ေတြ ပိတ္ ကို႐ိုနာကူးစက္မႈ ပိုဆိုးလာလို႔ ထိုင္း-ျမန္မာနယ္စပ္ဂိတ္ေတြ ပိတ္ Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.