ဂ်ပန္ေရာက္ ျမန္မာမ်ား လူစုလူေဝးကို ေရွာင္ဖို႔ သံ႐ုံးသတိေပး

(Zawgyi)⤵⤵⤵
ရန္ကုန္၊ မတ္ ၁၁

ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြကို လူစုလူေဝး မ်ားျပားရာ ေနရာေတြနဲ႔ ပြဲေတာ္ေတြကို အတတ္ႏိုင္ဆုံး ေရွာင္ၾကဥ္ၾကဖို႔ ဂ်ပန္ႏိုင္ငံ ျမန္မာသံ႐ုံးက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

လက္ရွိ အေနအထားအရ ဂ်ပန္ႏိုင္ငံအတြင္း ျပည္နယ္(၃၃) ခုမွာ ေကာ္႐ိုနာ ဗိုင္းရတ္ (COVID-19) လကၡဏာ မ်ား စိစစ္ေတြ႕ရွိေနရၿပီး၊ ေဟာ့ကိုင္းဒိုးမွာ ၁၀၈ ဦး၊ အာအိခ်ိမွာ ၈၀ ဦး၊ တိုက်ိဳမွာ ၆၄ ဦး၊ အိုဆာကာမွာ ၅၅ ဦး နဲ႔ ကာနာဂါဝါမွာ ၄၂ ဦးအထိ ေရာဂါကူးစက္မႈ ရွိေနပါတယ္။

ဒါေၾကာင့္ အေရွ႕ဂ်ပန္ ငလ်င္ႀကီးရဲ႕ (၉)ႏွစ္ေျမာက္အထိမ္းအမွတ္ အခမ္းအနား အပါအဝင္၊ J-League နဲ႔ High School Baseball အားကစားၿပိဳင္ပြဲမ်ား၊ ဆာကူရာၾကည့္ပြဲ၊ ယဥ္ေက်းမႈ ျပပြဲမ်ားစတဲ့ လူစုလူေဝး ျဖစ္ေပၚေစ မယ့္ အခမ္းအနားေတြကို ေ႐ႊ႕ဆိုင္း/ဖ်က္သိမ္းေပးဖို႔ ႏိုင္ငံတကာ သံ႐ုံးေတြက ဂ်ပန္အစိုးရကို တိုက္တြန္းထား ၾကပါတယ္။

ဂ်ပန္ႏိုင္ငံမွာ ေက်ာင္းတက္ရင္း အလုပ္လုပ္ေနတဲ့ ေဒၚအိရတနာက “ တစ္ခ်ိဳ႕ပြဲေတာ္ေတြေတာ့ ပိတ္လိုက္ တယ္ ၾကားတယ္။ ကြၽန္မတို႔ အလုပ္ဆိုရင္လည္း အဆိုင္းေတြလွည့္ၿပီးေတာ့ ဆင္းရတယ္။ ဒီမွာက အစိုးရေရာ ျပည္သူကပါ သတိရွိၾကတယ္။ စိုးရိမ္ပူပန္မႈေတြေၾကာင့္ လူစုလူေဝး ေနရာေတြမွာဆို သတိထား ေနထိုင္ၾက တယ္ ” လို႔ ဆိုပါတယ္။

ထုတ္ျပန္ခ်က္မွာ ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံ သားမ်ားအေနနဲ႔ သက္ဆိုင္ရာ ၿမိဳ႕နယ္/ ေဒသႏၲရ အုပ္ခ်ဳပ္ေရး ႐ုံးမ်ားက ထုတ္ျပန္တဲ့ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားကို အေလးထား လိုက္နာေဆာင္႐ြက္ၾကဖို႔၊ ႀကိဳ တင္ကာကြယ္သည့္ အစီအမံမ်ား ေဆာင္႐ြက္ၾကဖို႔နဲ႔ က်န္းမာေရးဆိုင္ရာ အေၾကာင္းကိစၥ တစ္စုံတရာ ေပၚ ေပါက္လာပါက ျမန္မာသံ႐ုံးသို႔ ေဆာလ်င္စြာ ဆက္သြယ္အသိေပး ေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းခ်က္ေတြ ပါရွိ ပါတယ္။

ျမတ္ယေသာ္
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ဂျပန်ရောက် မြန်မာများ လူစုလူဝေးကို ရှောင်ဖို့ သံရုံးသတိပေး

ရန်ကုန်၊ မတ် ၁၁

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို လူစုလူဝေး များပြားရာ နေရာတွေနဲ့ ပွဲတော်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ ဂျပန်နိုင်ငံ မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိ အနေအထားအရ ဂျပန်နိုင်ငံအတွင်း ပြည်နယ်(၃၃) ခုမှာ ကော်ရိုနာ ဗိုင်းရတ် (COVID-19) လက္ခဏာ များ စိစစ်တွေ့ရှိနေရပြီး၊ ဟော့ကိုင်းဒိုးမှာ ၁၀၈ ဦး၊ အာအိချိမှာ ၈၀ ဦး၊ တိုကျိုမှာ ၆၄ ဦး၊ အိုဆာကာမှာ ၅၅ ဦး နဲ့ ကာနာဂါဝါမှာ ၄၂ ဦးအထိ ရောဂါကူးစက်မှု ရှိနေပါတယ်။

ဒါကြောင့် အရှေ့ဂျပန် ငလျင်ကြီးရဲ့ (၉)နှစ်မြောက်အထိမ်းအမှတ် အခမ်းအနား အပါအဝင်၊ J-League နဲ့ High School Baseball အားကစားပြိုင်ပွဲများ၊ ဆာကူရာကြည့်ပွဲ၊ ယဉ်ကျေးမှု ပြပွဲများစတဲ့ လူစုလူဝေး ဖြစ်ပေါ်စေ မယ့် အခမ်းအနားတွေကို ရွှေ့ဆိုင်း/ဖျက်သိမ်းပေးဖို့ နိုင်ငံတကာ သံရုံးတွေက ဂျပန်အစိုးရကို တိုက်တွန်းထား ကြပါတယ်။

ဂျပန်နိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်လုပ်နေတဲ့ ဒေါ်အိရတနာက “ တစ်ချို့ပွဲတော်တွေတော့ ပိတ်လိုက် တယ် ကြားတယ်။ ကျွန်မတို့ အလုပ်ဆိုရင်လည်း အဆိုင်းတွေလှည့်ပြီးတော့ ဆင်းရတယ်။ ဒီမှာက အစိုးရရော ပြည်သူကပါ သတိရှိကြတယ်။ စိုးရိမ်ပူပန်မှုတွေကြောင့် လူစုလူဝေး နေရာတွေမှာဆို သတိထား နေထိုင်ကြ တယ် ” လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံ သားများအနေနဲ့ သက်ဆိုင်ရာ မြို့နယ်/ ဒေသန္တရ အုပ်ချုပ်ရေး ရုံးများက ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြဖို့၊ ကြို တင်ကာကွယ်သည့် အစီအမံများ ဆောင်ရွက်ကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းကိစ္စ တစ်စုံတရာ ပေါ် ပေါက်လာပါက မြန်မာသံရုံးသို့ ဆောလျင်စွာ ဆက်သွယ်အသိပေး ဆောင်ရွက်ကြဖို့ တိုက်တွန်းချက်တွေ ပါရှိ ပါတယ်။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဂ်ပန္ေရာက္ ျမန္မာမ်ား လူစုလူေဝးကို ေရွာင္ဖို႔ သံ႐ုံးသတိေပး ဂ်ပန္ေရာက္ ျမန္မာမ်ား လူစုလူေဝးကို ေရွာင္ဖို႔ သံ႐ုံးသတိေပး Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.