မူဆယ္မွာ တရားမဝင္ေနထိုင္ေနတဲ့ တ႐ုတ္ ၇ ဦးကို ဗုံးပစ္ေလာင္ခ်ာပါေသနတ္အပါအဝင္ လက္နက္ခဲယမ္းေတြနဲ႔ အတူဖမ္းမိ


(Zawgyi)⤵⤵⤵

ေတာင္ႀကီး၊ မတ္ ၁၉

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္မွာ တရားမဝင္ ေနထိုင္ေနတဲ့ တ႐ုတ္ ၇ ဦးကို ဗုံးပစ္ေလာင္ခ်ာပါေသနတ္အပါအဝင္ လက္နက္ခဲယမ္းေတြနဲ႔ အတူ ဒီက‌ေန႔မတ္လ ၁၉ရက္၊ မနက္ပိုင္းအခ်ိန္က ဖမ္းဆီးရမိခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

မူဆယ္ၿမိဳ႕၊ စြမ္းေစာ္ရပ္ကြက္၊ မန္ဝိန္းနယ္ေျမရွိ ေနအိမ္တစ္လုံးမွာ ခိုက္ရန္ျဖစ္ပြားေနတဲ့အတြက္ တာဝန္ရွိသူေတြက သြားေရာက္စစ္ေဆးရာမွ တ႐ုတ္ႏိုင္ငံသားေတြကို လက္နက္၊ ခဲယမ္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တာပါ။

အဲဒီတ႐ုတ္ႏိုင္ငံသားေတြဟာ တရားမဝင္ေနထိုင္ေနသူေတြျဖစ္ၿပီး SIGSAUER အမ်ိဳးအစား ပစၥတို ေသနတ္တစ္လက္နဲ႔ က်ည္အိမ္တစ္ခု၊ ၉ မမ က်ည္၁၆ ေတာင့္၊ M-22 ေမာင္းျပန္႐ိုင္ဖယ္ (၄၀ မမ ဗုံးပစ္ေလာင္ခ်ာတြဲလ်က္) ေသနတ္တစ္လက္နဲ႔ က်ည္ ၄၅ ေတာင့္၊ က်ည္အိမ္ႏွစ္ခု၊ CTG တံဆိပ္ပါ ၄၀ မမ ဗုံးသီး ၁၀ လုံးတို႔ကို ေတြ႕ရွိသိမ္း ရမိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဆိုပါတ႐ုတ္နိုင္ငံသား ၇ဦးနဲ႔ လက္နက္ခဲယမ္းေတြကို မူဆယ္ၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးထားၿပီး လုပ္ထုံးလုပ္နည္းနဲ႔အညီ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------------
(Unicode)⤵⤵⤵

မူဆယ်မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ် ၇ ဦးကို ဗုံးပစ်လောင်ချာပါသေနတ်အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ အတူဖမ်းမိ

တောင်ကြီး၊ မတ် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ တရားမဝင် နေထိုင်နေတဲ့ တရုတ် ၇ ဦးကို ဗုံးပစ်လောင်ချာပါသေနတ်အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ အတူ ဒီက‌နေ့မတ်လ ၁၉ရက်၊ မနက်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့၊ စွမ်းစော်ရပ်ကွက်၊ မန်ဝိန်းနယ်မြေရှိ နေအိမ်တစ်လုံးမှာ ခိုက်ရန်ဖြစ်ပွားနေတဲ့အတွက် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှ တရုတ်နိုင်ငံသားတွေကို လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီတရုတ်နိုင်ငံသားတွေဟာ တရားမဝင်နေထိုင်နေသူတွေဖြစ်ပြီး SIGSAUER အမျိုးအစား ပစ္စတို သေနတ်တစ်လက်နဲ့ ကျည်အိမ်တစ်ခု၊ ၉ မမ ကျည်၁၆ တောင့်၊ M-22 မောင်းပြန်ရိုင်ဖယ် (၄၀ မမ ဗုံးပစ်လောင်ချာတွဲလျက်) သေနတ်တစ်လက်နဲ့ ကျည် ၄၅ တောင့်၊ ကျည်အိမ်နှစ်ခု၊ CTG တံဆိပ်ပါ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့ကို တွေ့ရှိသိမ်း ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတရုတ်နိုင်ငံသား ၇ဦးနဲ့ လက်နက်ခဲယမ်းတွေကို မူဆယ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မူဆယ္မွာ တရားမဝင္ေနထိုင္ေနတဲ့ တ႐ုတ္ ၇ ဦးကို ဗုံးပစ္ေလာင္ခ်ာပါေသနတ္အပါအဝင္ လက္နက္ခဲယမ္းေတြနဲ႔ အတူဖမ္းမိ မူဆယ္မွာ တရားမဝင္ေနထိုင္ေနတဲ့ တ႐ုတ္ ၇ ဦးကို ဗုံးပစ္ေလာင္ခ်ာပါေသနတ္အပါအဝင္ လက္နက္ခဲယမ္းေတြနဲ႔ အတူဖမ္းမိ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.