စာေမးပြဲေျဖဆိုခြင့္ ဆုံးရႈံးသူ ေထာင္ခ်ီရွိတဲ့ ရခိုင္ေဒသ

စစ္ေတြၿမိဳ႕က ဆယ္တန္းစာေမးပြဲေျဖဆိုတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြနဲ႔ အုပ္ထိန္းသူ၊ မိဘေတြကို‌ေတြ႕ရစဥ္။ / Photo: Min Thein Aung/ RFA
(Zawgyi)⤵⤵⤵
ဆယ္တန္း စာေမးပြဲကို ျမန္မာတစ္ႏိုင္ငံလုံးမွာ ဒီေန႔ မတ္ ၁၁ ရက္ေန႔ စတင္ ေျဖဆိုေနၾကပါၿပီ။ ေက်ာင္းသား၊ ေက်ာင္းသူ ေျခာက္ေထာင္ေက်ာ္ ေနရာေ႐ႊ႕ေျပာင္း ေျဖဆိုရတဲ့ တိုက္ပြဲေဒသ ရခိုင္ျပည္နယ္မွာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စာေမးပြဲခန္းထဲ မေရာက္လာႏိုင္သူေတြ ေထာင္နဲ႔ခ်ီ ရွိေနပါတယ္။

ရခိုင္ျပည္နယ္တစ္ခုလုံးမွာ ဒီေန႔ မတ္ ၁၁ ရက္ေန႔ စာရင္းေတြအရ စာေမးပြဲခန္းထဲ မေရာက္လာသူ ၄၀၀၀ ေက်ာ္ ရွိပါတယ္။

သားသမီးခ်င္း ကိုယ္ခ်င္းစာမိတယ္လို႔ ရန္ကုန္ သဃၤန္းကြၽန္းၿမိဳ႕နယ္ အထက (၁)မွာ စာေမးပြဲလာေျဖတဲ့ ေက်ာင္းသူတစ္ဦးရဲ႕ မိခင္ ေဒၚလွလွစိန္ က ေျပာပါတယ္။

စစ္ျဖစ္ပြားရာေနရာနဲ႔ ၿမိဳ႕ျပေတြမွာ ကြာျခားခ်က္ေတြက ရွိစၿမဲပဲလို႔ ေတာင္ဥကၠလာၿမိဳ႕နယ္က အထက (၃) မွာ စာေမးပြဲ ေျဖေနတဲ့ တူျဖစ္သူကို ေစာင့္ႀကိဳေနတဲ့ ဦးမင္းထြဋ္ ကေျပာပါတယ္။

ျမန္မာတႏိုင္ငံလုံးမွာ ေက်ာင္းသား၊ ေက်ာင္းသူ ကိုးသိန္းခုႏွစ္ေသာင္းေက်ာ္ ဝင္ေျဖဖို႔ စာရင္းေပးထားၿပီး တိုက္ပြဲေတြျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာေတာ့ လူဦးေရ ေလးေသာင္းကိုးေထာင္ေက်ာ္ ေျဖမယ္လို႔ စာရင္းေပးထားတာပါ။

တိုက္ပြဲေတြျဖစ္ေနတဲ့ ရခိုင္ျပည္နယ္က ရေသ့ေတာင္၊ ေျမာက္ဦး၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ မင္းျပား၊ အမ္း၊ ေျမပုံ၊ ေက်ာက္ျဖဴ အစရွိတဲ့ ၿမိဳ႕နယ္ေတြက စာစစ္ဌာန ၂၀ ပိတ္ထားလို႔ ၿမိဳ႕ေပၚတက္ၿပီး စာေမးပြဲေျဖရတဲ့ ေက်ာင္းသူ ေက်ာင္းသားေတြက ၆၀၀၀ ေလာက္ရွိေနတာပါ။ ဒီေန႔ စာေမးပြဲခန္းထဲ မေရာက္လာႏိုင္တဲ့ ေလးေထာင္ေက်ာ္ထဲက အမ်ားစုဟာ စာစစ္ဌာနေတြ ပိတ္လို႔ ၿမိဳ႕ေပၚတက္ ေျဖဆိုရမယ့္သူေတြလို႔ ေျပာလို႔ရပါတယ္။

ၿမိဳ႕ေပၚကို ေျပာင္းေ႐ႊ႕စာေမးပြဲေျဖရမွာ လမ္းပန္းဆက္သြယ္ေရးနဲ႔ ေငြေၾကးအခက္အခဲေတြေၾကာင့္ စာေမးပြဲ မေျဖႏိုင္သူေတြ ရွိတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က ေျပာပါတယ္။

ေဒၚခင္ေစာေဝက ဒီေန႔ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စာစစ္ဌာနေတြကို လိုက္ေလ့လာခဲ့တာပါ။

လုံၿခဳံေရးအရ စာစစ္ဌာန ၂၀ ကို ေျပာင္းေ႐ႊ႕ဖို႔ အစိုးရက ၿပီးခဲ့တဲ့ တလေလာက္ကမွ ႐ုတ္တရက္ စီစဥ္လိုက္သလို စာေမးပြဲေျဖခါနီး ရက္အနည္းငယ္အလိုက်မွ ေျပာင္းဖို႔ စီစဥ္တဲ့ စာစစ္ဌာနေတြလည္း ရွိပါတယ္။

အခုလို ေျပာင္းေ႐ႊ႕ ေျဖၾကားရမွာျဖစ္လို႔ မိဘေတြေရာ ေက်ာင္းသား၊ ေက်ာင္းသူေတြမွာပါ အခက္အခဲေတြ ရွိတယ္လို႔ စစ္ေတြၿမိဳ႕မွာ ၁၀ တန္းလာေျဖေနတဲ့ သားျဖစ္သူကို ေစာင့္ႀကိဳေနတဲ့ ဦးေက်ာ္မင္းေအာင္ က ေျပာပါတယ္။

တိုက္ပြဲေတြေၾကာင့္ ေက်ာင္းအခ်ိန္ျပည့္ မတက္ခဲ့ရဘဲ အခု စာေမးပြဲကို ေျဖဆိုခဲ့ရတာလို႔ ေျမာက္ဦးၿမိဳ႕နယ္၊ လကၠာေက်း႐ြာက ၁၀ တန္းေက်ာင္းသား ေမာင္ဦးဝင္းေမာင္ က ေျပာပါတယ္။

ရခိုင္က ေက်ာင္းသားေတြ အခုလို အခက္အခဲေတြရွိတာကို ကိုယ္ခ်င္းစာမိတယ္လို႔ ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ၁၀ တန္းေက်ာင္းသားဖခင္ ဦးေနဝင္းက ဆိုပါတယ္။

စာေမးပြဲမေျဖခင္ ႏွစ္ရက္အလိုအထိ လက္နက္ႀကီး ပစ္ခတ္သံေတြၾကားေနခဲ့ရတဲ့ ရေသ့ေတာင္မွာဆိုရင္ ေက်ာင္းသူ ေက်ာင္းသားေတြ လုံၿခဳံေရးနဲ႔ စာေမးပြဲ ေမးခြန္းေတြကို အလြယ္တကူ ပို႔ေပးႏိုင္ဖို႔ စာစစ္ဌာနေတြ အားလုံးကို ၿမိဳ႕ေပၚကို ေ႐ႊ႕လိုက္တာပါ။ ရေသ့ေတာင္မွာ စာစစ္ဌာန ၁၁ ခုရွိတာပါ။

ေ႐ႊ႕လိုက္တာေၾကာင့္ ၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္း၊ အားကစားခန္းမလို ေနရာမ်ိဳးေတြဟာလည္း ေက်ာင္းသားေက်ာင္းသူ ေတြ စာေမးပြဲေျဖရတဲ့ ေနရာေတြျဖစ္လာခဲ့ပါတယ္။

ရေသ့ေတာင္က ေစတီျပင္၊ ေလာင္းေခ်ာင္း၊ ကူေတာင္၊ ဦးကာ အစရွိတဲ့ ေက်း႐ြာေတြက စာစစ္ဌာနေတြကို ၿမိဳ႕ေပၚကိုေ႐ႊ႕လိုက္ရတဲ့အတြက္ ေက်ာင္းသား ၂၀၀၀ ေက်ာ္ ရေသ့ေတာင္ၿမိဳ႕ေပၚကို ေျပာင္းေ႐ႊ႕ စာေမးပြဲ ေျဖဆိုခဲ့ရပါတယ္။

အဲဒီအျပင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဇီးကိုင္းေက်း႐ြာက ေက်ာင္းသား ၂၀၀ ေက်ာ္ကလည္း စစ္ေတြၿမိဳ႕ေပၚကို ေျပာင္းၿပီး စာေမးပြဲ ေျဖရပါတယ္။

စာေမးပြဲကာလအတြင္း တိုက္ပြဲေတြကို ရပ္တန႔္ေပးေစလိုတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေလးကန္ေက်း႐ြာ သား ဦးေ႐ႊစိန္ထြန္း ကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြကေတာ့ မေန႔က အထိ ေက်ာက္ေတာ္နဲ႔ ပလက္ဝၿမိဳ႕နယ္ၾကားမွာရွိခဲ့သလို မတ္လ ၉ ရက္ေန႔အထိ မင္းျပားၿမိဳ႕နယ္အတြင္းမွာ ရွိခဲ့ပါတယ္။

တကၠသိုလ္ဝင္တန္းစာေမးပြဲကို ျမန္မာတစ္ႏိုင္ငံလုံးက စာစစ္ဌာန ၁၉၀၀ ေက်ာ္မွာ ဒီေန႔ကေန လာမယ့္ ၂၀ ရက္ေန႔အထိ စစ္ေဆးသြားမွာ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးသူ ထောင်ချီရှိတဲ့ ရခိုင်ဒေသ

စစ်တွေမြို့က ဆယ်တန်းစာမေးပွဲဖြေဆိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အုပ်ထိန်းသူ၊ မိဘတွေကို‌တွေ့ရစဉ်။
Photo: Min Thein Aung/ RFA

ဆယ်တန်း စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးမှာ ဒီနေ့ မတ် ၁၁ ရက်နေ့ စတင် ဖြေဆိုနေကြပါပြီ။ ကျောင်းသား၊ ကျောင်းသူ ခြောက်ထောင်ကျော် နေရာရွှေ့ပြောင်း ဖြေဆိုရတဲ့ တိုက်ပွဲဒေသ ရခိုင်ပြည်နယ်မှာ အကြောင်း အမျိုးမျိုးကြောင့် စာမေးပွဲခန်းထဲ မရောက်လာနိုင်သူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဒီနေ့ မတ် ၁၁ ရက်နေ့ စာရင်းတွေအရ စာမေးပွဲခန်းထဲ မရောက်လာသူ ၄၀၀၀ ကျော် ရှိပါတယ်။

သားသမီးချင်း ကိုယ်ချင်းစာမိတယ်လို့ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် အထက (၁)မှာ စာမေးပွဲလာဖြေတဲ့ ကျောင်းသူတစ်ဦးရဲ့ မိခင် ဒေါ်လှလှစိန် က ပြောပါတယ်။

စစ်ဖြစ်ပွားရာနေရာနဲ့ မြို့ပြတွေမှာ ကွာခြားချက်တွေက ရှိစမြဲပဲလို့ တောင်ဥက္ကလာမြို့နယ်က အထက (၃) မှာ စာမေးပွဲ ဖြေနေတဲ့ တူဖြစ်သူကို စောင့်ကြိုနေတဲ့ ဦးမင်းထွဋ် ကပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းခုနှစ်သောင်းကျော် ဝင်ဖြေဖို့ စာရင်းပေးထားပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ လူဦးရေ လေးသောင်းကိုးထောင်ကျော် ဖြေမယ်လို့ စာရင်းပေးထားတာပါ။

တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ မြေပုံ၊ ကျောက်ဖြူ အစရှိတဲ့ မြို့နယ်တွေက စာစစ်ဌာန ၂၀ ပိတ်ထားလို့ မြို့ပေါ်တက်ပြီး စာမေးပွဲဖြေရတဲ့ ကျောင်းသူ ကျောင်းသားတွေက ၆၀၀၀ လောက်ရှိနေတာပါ။ ဒီနေ့ စာမေးပွဲခန်းထဲ မရောက်လာနိုင်တဲ့ လေးထောင်ကျော်ထဲက အများစုဟာ စာစစ်ဌာနတွေ ပိတ်လို့ မြို့ပေါ်တက် ဖြေဆိုရမယ့်သူတွေလို့ ပြောလို့ရပါတယ်။

မြို့ပေါ်ကို ပြောင်းရွှေ့စာမေးပွဲဖြေရမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ငွေကြေးအခက်အခဲတွေကြောင့် စာမေးပွဲ မဖြေနိုင်သူတွေ ရှိတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

ဒေါ်ခင်စောဝေက ဒီနေ့ ရသေ့တောင်မြို့ပေါ်မှာ စာစစ်ဌာနတွေကို လိုက်လေ့လာခဲ့တာပါ။

လုံခြုံရေးအရ စာစစ်ဌာန ၂၀ ကို ပြောင်းရွှေ့ဖို့ အစိုးရက ပြီးခဲ့တဲ့ တလလောက်ကမှ ရုတ်တရက် စီစဉ်လိုက်သလို စာမေးပွဲဖြေခါနီး ရက်အနည်းငယ်အလိုကျမှ ပြောင်းဖို့ စီစဉ်တဲ့ စာစစ်ဌာနတွေလည်း ရှိပါတယ်။

အခုလို ပြောင်းရွှေ့ ဖြေကြားရမှာဖြစ်လို့ မိဘတွေရော ကျောင်းသား၊ ကျောင်းသူတွေမှာပါ အခက်အခဲတွေ ရှိတယ်လို့ စစ်တွေမြို့မှာ ၁၀ တန်းလာဖြေနေတဲ့ သားဖြစ်သူကို စောင့်ကြိုနေတဲ့ ဦးကျော်မင်းအောင် က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကျောင်းအချိန်ပြည့် မတက်ခဲ့ရဘဲ အခု စာမေးပွဲကို ဖြေဆိုခဲ့ရတာလို့ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက ၁၀ တန်းကျောင်းသား မောင်ဦးဝင်းမောင် က ပြောပါတယ်။

ရခိုင်က ကျောင်းသားတွေ အခုလို အခက်အခဲတွေရှိတာကို ကိုယ်ချင်းစာမိတယ်လို့ ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်တဲ့ ၁၀ တန်းကျောင်းသားဖခင် ဦးနေဝင်းက ဆိုပါတယ်။

စာမေးပွဲမဖြေခင် နှစ်ရက်အလိုအထိ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေခဲ့ရတဲ့ ရသေ့တောင်မှာဆိုရင် ကျောင်းသူ ကျောင်းသားတွေ လုံခြုံရေးနဲ့ စာမေးပွဲ မေးခွန်းတွေကို အလွယ်တကူ ပို့ပေးနိုင်ဖို့ စာစစ်ဌာနတွေ အားလုံးကို မြို့ပေါ်ကို ရွှေ့လိုက်တာပါ။ ရသေ့တောင်မှာ စာစစ်ဌာန ၁၁ ခုရှိတာပါ။

ရွှေ့လိုက်တာကြောင့် မြို့ပေါ်က ဘုန်းကြီးကျောင်း၊ အားကစားခန်းမလို နေရာမျိုးတွေဟာလည်း ကျောင်းသားကျောင်းသူ တွေ စာမေးပွဲဖြေရတဲ့ နေရာတွေဖြစ်လာခဲ့ပါတယ်။

ရသေ့တောင်က စေတီပြင်၊ လောင်းချောင်း၊ ကူတောင်၊ ဦးကာ အစရှိတဲ့ ကျေးရွာတွေက စာစစ်ဌာနတွေကို မြို့ပေါ်ကိုရွှေ့လိုက်ရတဲ့အတွက် ကျောင်းသား ၂၀၀၀ ကျော် ရသေ့တောင်မြို့ပေါ်ကို ပြောင်းရွှေ့ စာမေးပွဲ ဖြေဆိုခဲ့ရပါတယ်။

အဲဒီအပြင် ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာက ကျောင်းသား ၂၀၀ ကျော်ကလည်း စစ်တွေမြို့ပေါ်ကို ပြောင်းပြီး စာမေးပွဲ ဖြေရပါတယ်။

စာမေးပွဲကာလအတွင်း တိုက်ပွဲတွေကို ရပ်တန့်ပေးစေလိုတယ်လို့ ရသေ့တောင်မြို့နယ်၊ လေးကန်ကျေးရွာ သား ဦးရွှေစိန်ထွန်း ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကတော့ မနေ့က အထိ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်ကြားမှာရှိခဲ့သလို မတ်လ ၉ ရက်နေ့အထိ မင်းပြားမြို့နယ်အတွင်းမှာ ရှိခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးက စာစစ်ဌာန ၁၉၀၀ ကျော်မှာ ဒီနေ့ကနေ လာမယ့် ၂၀ ရက်နေ့အထိ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
စာေမးပြဲေျဖဆိုခြင့္ ဆုံးရႈံးသူ ေထာင္ခ်ီရွိတဲ့ ရခိုင္ေဒသ စာေမးပြဲေျဖဆိုခြင့္ ဆုံးရႈံးသူ ေထာင္ခ်ီရွိတဲ့ ရခိုင္ေဒသ Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.