ႏိုင္ငံ့ဝန္ထမ္းမ်ား သၾကၤန္ ႐ုံးပိတ္ရက္ကာလ သြားလာေရး အဆင္ေျပေစရန္ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ကို ေမာ္ေတာ္ယာဥ္ႀကီး မ်ားျဖင့္ ေျပးဆြဲေပးမည္

ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းမႀကီးအားေတြ႕ရစဥ္ (ဓာတ္ပုံ-- အင္တာနက္)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

    ေနျပည္ေတာ္ရွိ ႐ုံးဌာနအသီးသီးတြင္ တာဝန္ ထမ္းေဆာင္လ်က္ရွိေသာ ႏိုင္ငံ့ဝန္ထမ္းမ်ား သၾကၤန္ ႐ုံးပိတ္ရက္ကာလအတြင္း သြားလာေရး အဆင္ေျပေစရန္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနေအာက္ရွိ ေနျပည္ေတာ္ ကုန္းလမ္း ပို႔ေဆာင္ေရးဌာန၏ အစီအစဥ္ျဖင့္ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္တစ္ခုကို ေမာ္ေတာ္ယာဥ္ႀကီး မ်ားျဖင့္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန က မတ္ ၂၅ ရက္တြင္ သတင္းေဖာ္ျပခဲ့သည္။

အဆိုပါခရီးစဥ္တြင္ MAN/Volvo Express Bus အမ်ိဳးအစား ငါးစီး၊ ခုံ ၂၀၀ ျဖင့္ ေနျပည္ေတာ္-ရန္ကုန္(အသြား/အျပန္) ယာဥ္စီးခ ေငြက်ပ္ ၁၅,၀၀၀ ျဖင့္လည္းေကာင္း၊ Hyundai City Bus အမ်ိဳးအစား ငါးစီး၊ ခုံ ၂၀၀ ျဖင့္ ေနျပည္ေတာ္-ရန္ကုန္ (အသြား/အျပန္) ယာဥ္စီးခ ေငြက်ပ္ ၁၁,၀၀၀ ျဖင့္ လည္း ေကာင္း စုစုေပါင္း ယာဥ္ ၁၀ စီး လူ ၄၀၀ အတြက္ ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ယာဥ္စီးခႏွင့္ လက္မွတ္ မ်ားကို ဧၿပီ ၂ ရက္မွ ၆ ရက္အထိ နံနက္ ၇ နာရီမွ ညေန ၆ နာရီအတြင္း ေနျပည္ေတာ္ ၿမိဳ႕မေဈး က.ပ.ရ (ဂိတ္)တြင္ ေရာင္းခ်ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။

ေနျပည္ေတာ္မွ ရန္ကုန္သို႔ စတင္ထြက္ရွိ မည့္ေန႔မွာ ဧၿပီ ၉ ရက္ ညေန ၆ နာရီျဖစ္ၿပီး ရန္ကုန္မွ ေနျပည္ေတာ္သို႔ ျပန္လည္ထြက္ရွိ မည့္ေန႔မွာ ဧၿပီ ၁၉ ရက္ ညေန ၆ နာရီျဖစ္ေၾကာင္း သိရသည္။

အဆိုပါခရီးစဥ္တြင္ ေမာ္ေတာ္ယာဥ္စီးနင္း ခြင့္လက္မွတ္ေရာင္းခ်ေပးႏိုင္မည့္ အေရအတြက္ ထက္ ခရီးသြားဝန္ထမ္း ပိုမိုမ်ားျပားေန ပါက ဝန္ႀကီးဌာနအလိုက္ အခ်ိဳးခ်ကန႔္သတ္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရ သည္။

အဆိုပါ ကုန္းလမ္းပို႔ေဆာင္ေရးဌာနမွ ေျပးဆြဲ ေပးသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ကို ေထာက္ၾကန႔္လမ္းဆုံမွ ျပည္လမ္းအတိုင္း ေမာင္းႏွင္၍ ရန္ကုန္ဘူတာ ႀကီးတြင္ ခရီးစဥ္ၿပီးဆုံးမည္ျဖစ္ၿပီး ဒုတိယ လမ္းေၾကာင္းအျဖစ္ အမွတ္ (၃) လမ္းမႀကီးမွ ေမာင္းႏွင္၍ ေအာင္မဂၤလာ အေဝးေျပးဂိတ္၊ ေျမာက္ဥကၠလာပအဝိုင္း၊ တံတားေလးလမ္းဆုံ၊ ကမာၻေအးဘုရားလမ္းတို႔မွတစ္ဆင့္ ရန္ကုန္ ဘူတာႀကီးတြင္ ခရီးစဥ္ အဆုံးသတ္မည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ၏ သတင္းထုတ္ျပန္ခ်က္ထဲ တြင္ပါရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
------------
(Unicode)⤵⤵⤵
နိုင်ငံ့ဝန်ထမ်းများ သင်္ကြန် ရုံးပိတ်ရက်ကာလ သွားလာရေး အဆင်ပြေစေရန် နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို မော်တော်ယာဉ်ကြီး များဖြင့် ပြေးဆွဲပေးမည်

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

    ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

    နေပြည်တော်ရှိ ရုံးဌာနအသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း သွားလာရေး အဆင်ပြေစေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်-ရန်ကုန် ခရီးစဉ်တစ်ခုကို မော်တော်ယာဉ်ကြီး များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါခရီးစဉ်တွင် MAN/Volvo Express Bus အမျိုးအစား ငါးစီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန်(အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၅,၀၀၀ ဖြင့်လည်းကောင်း၊ Hyundai City Bus အမျိုးအစား ငါးစီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန် (အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၁,၀၀၀ ဖြင့် လည်း ကောင်း စုစုပေါင်း ယာဉ် ၁၀ စီး လူ ၄၀၀ အတွက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယာဉ်စီးခနှင့် လက်မှတ် များကို ဧပြီ ၂ ရက်မှ ၆ ရက်အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေပြည်တော် မြို့မဈေး က.ပ.ရ (ဂိတ်)တွင် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

နေပြည်တော်မှ ရန်ကုန်သို့ စတင်ထွက်ရှိ မည့်နေ့မှာ ဧပြီ ၉ ရက် ညနေ ၆ နာရီဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ ပြန်လည်ထွက်ရှိ မည့်နေ့မှာ ဧပြီ ၁၉ ရက် ညနေ ၆ နာရီဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် မော်တော်ယာဉ်စီးနင်း ခွင့်လက်မှတ်ရောင်းချပေးနိုင်မည့် အရေအတွက် ထက် ခရီးသွားဝန်ထမ်း ပိုမိုများပြားနေ ပါက ဝန်ကြီးဌာနအလိုက် အချိုးချကန့်သတ် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

အဆိုပါ ကုန်းလမ်းပို့ဆောင်ရေးဌာနမှ ပြေးဆွဲ ပေးသည့် နိုင်ငံ့ဝန်ထမ်းများအတွက် နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း မောင်းနှင်၍ ရန်ကုန်ဘူတာ ကြီးတွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယ လမ်းကြောင်းအဖြစ် အမှတ် (၃) လမ်းမကြီးမှ မောင်းနှင်၍ အောင်မင်္ဂလာ အဝေးပြေးဂိတ်၊ မြောက်ဥက္ကလာပအဝိုင်း၊ တံတားလေးလမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်းတို့မှတစ်ဆင့် ရန်ကုန် ဘူတာကြီးတွင် ခရီးစဉ် အဆုံးသတ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ႏိုင္ငံ့ဝန္ထမ္းမ်ား သၾကၤန္ ႐ုံးပိတ္ရက္ကာလ သြားလာေရး အဆင္ေျပေစရန္ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ကို ေမာ္ေတာ္ယာဥ္ႀကီး မ်ားျဖင့္ ေျပးဆြဲေပးမည္ ႏိုင္ငံ့ဝန္ထမ္းမ်ား သၾကၤန္ ႐ုံးပိတ္ရက္ကာလ သြားလာေရး အဆင္ေျပေစရန္ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ကို ေမာ္ေတာ္ယာဥ္ႀကီး မ်ားျဖင့္ ေျပးဆြဲေပးမည္ Reviewed by THITHTOOLWIN on 02:00 Rating: 5
Powered by Blogger.