ကျောက်တော် လက်နက်ကြီး ပေါက်ကွဲမှု အရပ်သား သုံးယောက် ထိခိုက်ဒဏ်ရာရ

(Unicode)⤵⤵⤵
■ ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီးက ပြိုင်းတိုင်းရွာမှာ ဒီနေ့မနက်က လက်နက်ကြီးကျည် ကျပေါက်ကွဲတာကြောင့် အရပ်သား သုံးယောက်ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

အသက် ကိုးနှစ်အရွယ် ကလေးတစ်ယောက် ဘယ်ဘက်လက်ဖဝါး ပေါက်ထွက်သွားပြီး ညာဘက်ပေါင်ကိုလည်း ထိမှန်တယ်၊ အသက် ၈၀ အရွယ်အဘွားအိုတစ်ယောက်ကတော့ ညာဘက်ချိုင်းကြားကိုထိတယ်၊ အသက် ၅၇ နစ်အရွယ် အမျိုးသားတစ်ယောက်ကိုတော့ ဘယ်ဘက်နို့အုံမှာ ထိမှန်တယ်လို့ ပြိုင်းတိုင်းရွာဒေသခံ ဦးမောင်ဘစောက RFA ကို ပြောပါတယ်။

လက်ဝါးထုတ်ချင်းပေါက်သွားတဲ့ ကလေးက သွေးထွက်လွန်နေတယ်။ ရေလမ်းကြောင်းတွေ၊ ကားလမ်းတွေ ပိတ်ထားတာကြောင့် ဒဏ်ရာရတဲ့သူတွေကို ကျောက်တော်ဆေးရုံကို ပို့ဖို့အခက်ခဲဖြစ်နေပါတယ်။ ကျောက်တော်မြို့နဲ့ ရွာကလည်း ၁၅ မိုင်လောက်ဝေးပြီး လမ်းတွေပိတ်ထားတာကြောင့် လူမှုကူညီရေးအဖွဲ့တွေလည်း လာလို့မရကြဘူးလို့ ဆိုပါတယ်။

အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ တပ်မတော်ဘက်ကနေ ကျေးရွာတွေဘက်ကို ပစ်နေတာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာကို ကြားရတဲ့သတင်းတွေ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

~~~~~~~~~~~~~
(Zawgyi)⤵⤵⤵
ေက်ာက္ေတာ္ လက္နက္ႀကီး ေပါက္ကြဲမႈ အရပ္သား သုံးေယာက္ ထိခိုက္ဒဏ္ရာရ

■ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕အနီးက ၿပိဳင္းတိုင္း႐ြာမွာ ဒီေန႔မနက္က လက္နက္ႀကီးက်ည္ က်ေပါက္ကြဲတာေၾကာင့္ အရပ္သား သုံးေယာက္ထိခိုက္ဒဏ္ရာရရွိတယ္လို႔ ေက်း႐ြာေဒသခံေတြက ေျပာပါတယ္။

အသက္ ကိုးႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ ဘယ္ဘက္လက္ဖဝါး ေပါက္ထြက္သြားၿပီး ညာဘက္ေပါင္ကိုလည္း ထိမွန္တယ္၊ အသက္ ၈၀ အ႐ြယ္အဘြားအိုတစ္ေယာက္ကေတာ့ ညာဘက္ခ်ိဳင္းၾကားကိုထိတယ္၊ အသက္ ၅၇ နစ္အ႐ြယ္ အမ်ိဳးသားတစ္ေယာက္ကိုေတာ့ ဘယ္ဘက္ႏို႔အုံမွာ ထိမွန္တယ္လို႔ ၿပိဳင္းတိုင္း႐ြာေဒသခံ ဦးေမာင္ဘေစာက RFA ကို ေျပာပါတယ္။

လက္ဝါးထုတ္ခ်င္းေပါက္သြားတဲ့ ကေလးက ေသြးထြက္လြန္ေနတယ္။ ေရလမ္းေၾကာင္းေတြ၊ ကားလမ္းေတြ ပိတ္ထားတာေၾကာင့္ ဒဏ္ရာရတဲ့သူေတြကို ေက်ာက္ေတာ္ေဆး႐ုံကို ပို႔ဖို႔အခက္ခဲျဖစ္ေနပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နဲ႔ ႐ြာကလည္း ၁၅ မိုင္ေလာက္ေဝးၿပီး လမ္းေတြပိတ္ထားတာေၾကာင့္ လူမႈကူညီေရးအဖြဲ႕ေတြလည္း လာလို႔မရၾကဘူးလို႔ ဆိုပါတယ္။

အဲဒီေနရာမွာ တိုက္ပြဲျဖစ္တာမ်ိဳးမရွိဘဲ တပ္မေတာ္ဘက္ကေန ေက်း႐ြာေတြဘက္ကို ပစ္ေနတာေၾကာင့္ ေဒသခံေတြ ထိခိုက္ဒဏ္ရာရတာကို ၾကားရတဲ့သတင္းေတြ ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး မသိရေသးဘူးလို႔ RFA ကို ေျပာပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/
ကျောက်တော် လက်နက်ကြီး ပေါက်ကွဲမှု အရပ်သား သုံးယောက် ထိခိုက်ဒဏ်ရာရ ကျောက်တော် လက်နက်ကြီး ပေါက်ကွဲမှု အရပ်သား သုံးယောက် ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.