၁၀၄ ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြား

၁၀၄ ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြား
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ တ႐ုတ္ႏိုင္ငံနယ္နိမိတ္ကိုေက်ာ္လြန္လို႔ မေန႔ကထိ ၁၀၄ ႏိုင္ငံမွာ ျဖစ္ပြားေနပါတယ္။ ဥေရာပတိုက္မွာဆို အီတလီႏိုင္ငံမွာ အမ်ားဆုံးျဖစ္႐ုံမက အေသအေပ်ာက္ လည္းမ်ားတာမို႔ ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔ ႏိုင္ငံေျမာက္ပိုင္းက လူ ၁၆ သန္းကို အသြားအလာကန႔္သတ္လိုက္ပါတယ္။ လြန္ဘာဒီမွာေနထိုင္သူ အားလုံးနဲ႔ ႏိုင္ငံအလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းျပည္နယ္ ၁၄  ျပည္နယ္က ေဒသခံေတြအဖို႔ အထူးခရီးသြားလာခြင့္လိုအပ္ၿပီး ကမာၻလွည့္ေတြအလာမ်ားတဲ့ Venice နဲ႔ မီလန္ၿမိဳ႕လည္း အက်ဳံးဝင္ပါတယ္။

အီတလီမွာရွိတဲ့ ျမန္မာသံ႐ုံးကေတာ့ ကန႔္သတ္ေဒသေတြမွာရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ အကူအညီ လိုရင္ ျမန္မာသံ႐ုံးကို ဆက္သြယ္ႏိုင္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

မေန႔ကထိ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အီတလီတႏိုင္ငံတည္းမွာတင္ လူ ၂၃၀ ေသဆုံးရၿပီး ၂၄ နာရီအတြင္း လူ ၃၆ ေယာက္ေသဆုံးရပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတာ  ဒီလ ၇ ရက္မွာ သိသိသာသာမ်ားလာၿပီး လူ ၁၂၀၀ ေက်ာ္ကေန ၅၈၈၃ ေက်ာ္ ျဖစ္ပြားရပါတယ္။

ေရာဂါပ်ိဳးခ်ိန္က သီတင္းႏွစ္ပတ္ေလာက္ၾကာတဲ့အတြက္ ေရာဂါစရရခ်င္း ျဖစ္မွန္းမသိတာမို႔လည္း  စိုးရိမ္ရ တာပါ။ အေမရိကန္ျပည္ေထာင္စုက  CDC  ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနကေတာ့ လာမယ့္ရက္ေတြ မွာ  အေမရိကန္ျပည္ေထာင္စုမွာ အပါအဝင္ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ေနၿပီလို႔  အတည္ျပဳႏိုင္တဲ့ဦးေရ ပိုမ်ားလာ ဖြယ္ရွိတယ္လို႔ ေၾကညာထားပါတယ္။ လူကလူကို ဆက္ကူးစက္ေနမွာမို႔  တခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ထူေျပာလာဖြယ္ရာရွိတယ္လို႔ ခန႔္မွန္းပါတယ္။

အဲဒီလိုဆိုရင္ လူေတြတၿပဳံလုံး တခ်ိန္တည္းမွာ ေဆးဝါးကုသဖို႔ လိုလာမယ္ဆိုပါတယ္။ ေက်ာင္းေတြ၊ ကေလးထိန္း ဌာနေတြ၊ လုပ္ငန္းခြင္ေတြမွာ ပ်က္ကြက္သူေတြမ်ားလာဖြယ္ရွိတယ္၊ လူစုေဝးေလ့ရွိတဲ့ပြဲေတြ အခမ္းအနားေတြ တက္ေရာက္မယ့္လူေတြနည္းရင္နည္း ပြဲေတြဖ်က္ရင္ဖ်က္မယ္လို႔လည္းဆိုပါတယ္။ တကယ္ျဖစ္လာရင္ ျပည္သူ႔ က်န္းမာေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းပိုင္း မႏိုင္မနင္းျဖစ္ၿပီး ကုရာနိတၳိ ေဆးမရွိေသးတာကိုလည္း  CDC  က ေျပာပါတယ္။ ဒိအတြက္ တာဝန္ရွိသူေတြအပိုင္းက ခ်ိတ္ဆက္ေဆာင္႐ြက္ေနခ်ိန္မွာ တဦးခ်င္းအေနနဲ႔ လက္သန႔္ရွင္းေရးကို အထူးအေလးထားဖို႔ မျပတ္သတိေပးေနပါတယ္။

ကမာၻတဝန္းမွာေတာ့ မေန႔ကထိ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားတဲ့လူ တသိန္းေျခာက္ေထာင္ေက်ာ္ရွိၿပီး ၃၆၀၀ ေသဆုံးၿပီးျဖစ္ပါတယ္။ ေရာဂါပင္မျမစ္ဖ်ားခံတဲ့ တ႐ုတ္ႏိုင္ငံမွာတင္ လူ သုံးေထာင္ေက်ာ္ ေသဆုံးသြားရပါၿပီ၊

တ႐ုတ္ႏိုင္ငံနဲ႔ အလွမ္းေဝးတဲ့ အီတလီႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားသူ၊ ေသဆုံးသူဦးေရမ်ားသေလာက္ တ႐ုတ္ႏိုင္ငံရဲ႕ အိမ္နီးခ်င္း ထိုင္ဝမ္မွာ မေန႔ကစာရင္းအရ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားသူ ၄၂ ေယာက္ရွိပါတယ္။

ဝူဟန္မွာ မႏွစ္က ဒီဇင္ဘာကတည္းက အေျခအေနမဟန္ေတာ့တာသိတာနဲ႔ ထိုင္ဝမ္က်န္းမာေရး တာဝန္ရွိ သူေတြဟာ တ႐ုတ္ႏိုင္ငံကလာတဲ့ ခရီးသည္ေတြကို ေလဆိပ္မွာ စတင္စစ္ေဆးပါတယ္။ တ႐ုတိႏိုင္ငံက ေလေၾကာင္းခရီးစဥ္အမ်ားစုကိုလည္း ပိတ္ခ်လိုက္ပါတယ္။

ခုဆိုရင္လည္း ေက်ာင္းေတြလို  လူ အဝင္အထြက္မ်ားတဲ့ အေဆာက္အဦတိုင္းလိုလိုမွာ လက္သန႔္ရွင္းေရးအတြက္ ပိုးေသေဆးကမ္းပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားသူ ထပ္ေတြ႕ရင္ေတြ႕တဲ့အေၾကာင္းလည္း ထိုင္ဝမ္ေရာဂါ ထိန္းခ်ဳပ္ေရးဌာနက ေန႔စဥ္ေၾကညာပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ေ႐ႊတိဂုံတေပါင္းပြဲေတာ္လည္း က်င္းပမပ်က္၊ ေ႐ႊစက္ေတာ္ဘုရားပြဲလည္း က်င္းပမပ်က္တဲ့ အျပင္  ႏြားလွည္းတန္းနဲ႔ ဘုရားပြဲသြားတဲ့သတင္းကို အစိုးရပိုင္သတင္းစာမွာ ေဖာ္ျပတာေတြ႕ရပါတယ္။ ဒါေပမဲ့  တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနား မက်င္းပေတာ့ဘဲ မႏၲေလးမွာ ဒီလထဲက်င္းပမယ့္ ကုန္သြယ္ေရးျပပြဲကို ရက္ေ႐ႊ႕ဆိုင္းၿပီး က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနကလည္း ကို႐ိုနာဗိုင္းရပ္စ္ဆိုင္ရာ ေၾကညာခ်က္ကိုေန႔စဥ္ သတင္းစာမွာထုတ္ျပန္ပါတယ္။ ဒီလ ၇ ရက္ထိ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲအတည္ျပဳလူနာမရွိေသးေပမဲ့ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈ ေနတယ္လို႔ ေဖာ္ျပပါတယ္။

(အီတလီႏိုင္ငံက ကန႔္သတ္ေဒသေတြမွာရွိတဲ့ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ အကူအညီလိုရင္ ေရာမၿမိဳ႕၊ ျမန္မာသံ႐ုံး ဒုတိယအတြင္းဝန္ ေဒၚလြင္လြင္မိုး၊ Mobile phone - 328 7660965 နဲ႔ 380 2392139   ကို ဆက္သြယ္ႏိုင္ပါတယ္။)

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
၁၀၄ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွား

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံနယ်နိမိတ်ကိုကျော်လွန်လို့ မနေ့ကထိ ၁၀၄ နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။ ဥရောပတိုက်မှာဆို အီတလီနိုင်ငံမှာ အများဆုံးဖြစ်ရုံမက အသေအပျောက် လည်းများတာမို့ ရောဂါထိန်းချုပ်နိုင်ဖို့ နိုင်ငံမြောက်ပိုင်းက လူ ၁၆ သန်းကို အသွားအလာကန့်သတ်လိုက်ပါတယ်။ လွန်ဘာဒီမှာနေထိုင်သူ အားလုံးနဲ့ နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ် ၁၄  ပြည်နယ်က ဒေသခံတွေအဖို့ အထူးခရီးသွားလာခွင့်လိုအပ်ပြီး ကမ္ဘာလှည့်တွေအလာများတဲ့ Venice နဲ့ မီလန်မြို့လည်း အကျုံးဝင်ပါတယ်။

အီတလီမှာရှိတဲ့ မြန်မာသံရုံးကတော့ ကန့်သတ်ဒေသတွေမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အကူအညီ လိုရင် မြန်မာသံရုံးကို ဆက်သွယ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ကထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီတနိုင်ငံတည်းမှာတင် လူ ၂၃၀ သေဆုံးရပြီး ၂၄ နာရီအတွင်း လူ ၃၆ ယောက်သေဆုံးရပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာ  ဒီလ ၇ ရက်မှာ သိသိသာသာများလာပြီး လူ ၁၂၀၀ ကျော်ကနေ ၅၈၈၃ ကျော် ဖြစ်ပွားရပါတယ်။

ရောဂါပျိုးချိန်က သီတင်းနှစ်ပတ်လောက်ကြာတဲ့အတွက် ရောဂါစရရချင်း ဖြစ်မှန်းမသိတာမို့လည်း  စိုးရိမ်ရ တာပါ။ အမေရိကန်ပြည်ထောင်စုက  CDC  ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနကတော့ လာမယ့်ရက်တွေ မှာ  အမေရိကန်ပြည်ထောင်စုမှာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေပြီလို့  အတည်ပြုနိုင်တဲ့ဦးရေ ပိုများလာ ဖွယ်ရှိတယ်လို့ ကြေညာထားပါတယ်။ လူကလူကို ဆက်ကူးစက်နေမှာမို့  တချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထူပြောလာဖွယ်ရာရှိတယ်လို့ ခန့်မှန်းပါတယ်။

အဲဒီလိုဆိုရင် လူတွေတပြုံလုံး တချိန်တည်းမှာ ဆေးဝါးကုသဖို့ လိုလာမယ်ဆိုပါတယ်။ ကျောင်းတွေ၊ ကလေးထိန်း ဌာနတွေ၊ လုပ်ငန်းခွင်တွေမှာ ပျက်ကွက်သူတွေများလာဖွယ်ရှိတယ်၊ လူစုဝေးလေ့ရှိတဲ့ပွဲတွေ အခမ်းအနားတွေ တက်ရောက်မယ့်လူတွေနည်းရင်နည်း ပွဲတွေဖျက်ရင်ဖျက်မယ်လို့လည်းဆိုပါတယ်။ တကယ်ဖြစ်လာရင် ပြည်သူ့ ကျန်းမာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းပိုင်း မနိုင်မနင်းဖြစ်ပြီး ကုရာနိတ္ထိ ဆေးမရှိသေးတာကိုလည်း  CDC  က ပြောပါတယ်။ ဒိအတွက် တာဝန်ရှိသူတွေအပိုင်းက ချိတ်ဆက်ဆောင်ရွက်နေချိန်မှာ တဦးချင်းအနေနဲ့ လက်သန့်ရှင်းရေးကို အထူးအလေးထားဖို့ မပြတ်သတိပေးနေပါတယ်။

ကမ္ဘာတဝန်းမှာတော့ မနေ့ကထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတဲ့လူ တသိန်းခြောက်ထောင်ကျော်ရှိပြီး ၃၆၀၀ သေဆုံးပြီးဖြစ်ပါတယ်။ ရောဂါပင်မမြစ်ဖျားခံတဲ့ တရုတ်နိုင်ငံမှာတင် လူ သုံးထောင်ကျော် သေဆုံးသွားရပါပြီ၊

တရုတ်နိုင်ငံနဲ့ အလှမ်းဝေးတဲ့ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ၊ သေဆုံးသူဦးရေများသလောက် တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း ထိုင်ဝမ်မှာ မနေ့ကစာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၄၂ ယောက်ရှိပါတယ်။

ဝူဟန်မှာ မနှစ်က ဒီဇင်ဘာကတည်းက အခြေအနေမဟန်တော့တာသိတာနဲ့ ထိုင်ဝမ်ကျန်းမာရေး တာဝန်ရှိ သူတွေဟာ တရုတ်နိုင်ငံကလာတဲ့ ခရီးသည်တွေကို လေဆိပ်မှာ စတင်စစ်ဆေးပါတယ်။ တရုတိနိုင်ငံက လေကြောင်းခရီးစဉ်အများစုကိုလည်း ပိတ်ချလိုက်ပါတယ်။

ခုဆိုရင်လည်း ကျောင်းတွေလို  လူ အဝင်အထွက်များတဲ့ အဆောက်အဦတိုင်းလိုလိုမှာ လက်သန့်ရှင်းရေးအတွက် ပိုးသေဆေးကမ်းပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ထပ်တွေ့ရင်တွေ့တဲ့အကြောင်းလည်း ထိုင်ဝမ်ရောဂါ ထိန်းချုပ်ရေးဌာနက နေ့စဉ်ကြေညာပါတယ်။

မြန်မာနိုင်ငံမှာတော့ ရွှေတိဂုံတပေါင်းပွဲတော်လည်း ကျင်းပမပျက်၊ ရွှေစက်တော်ဘုရားပွဲလည်း ကျင်းပမပျက်တဲ့ အပြင်  နွားလှည်းတန်းနဲ့ ဘုရားပွဲသွားတဲ့သတင်းကို အစိုးရပိုင်သတင်းစာမှာ ဖော်ပြတာတွေ့ရပါတယ်။ ဒါပေမဲ့  တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မကျင်းပတော့ဘဲ မန္တလေးမှာ ဒီလထဲကျင်းပမယ့် ကုန်သွယ်ရေးပြပွဲကို ရက်ရွှေ့ဆိုင်းပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကလည်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကြေညာချက်ကိုနေ့စဉ် သတင်းစာမှာထုတ်ပြန်ပါတယ်။ ဒီလ ၇ ရက်ထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာမရှိသေးပေမဲ့ ရောဂါစောင့်ကြပ်ကြည့်ရှု နေတယ်လို့ ဖော်ပြပါတယ်။

(အီတလီနိုင်ငံက ကန့်သတ်ဒေသတွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အကူအညီလိုရင် ရောမမြို့၊ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဒေါ်လွင်လွင်မိုး၊ Mobile phone - 328 7660965 နဲ့ 380 2392139   ကို ဆက်သွယ်နိုင်ပါတယ်။)

RFA Burmese
https://www.rfa.org
၁၀၄ ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြား ၁၀၄ ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြား Reviewed by THITHTOOLWIN on 01:08 Rating: 5
Powered by Blogger.