ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိုင္းမွာ အေရးေပၚအေျခေန ေၾကညာေတာ့မည္

ထိုင္းႏိုင္ငံရွိ ဘတ္စ္ကားဂိတ္က ထိုင္ခံုေနရာေတြကို ပိုးသတ္ေဆးလိုက္ဖ်န္းေနေသာ လူတခ်ိဳ႕ (မတ္ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ထုိင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ပ်ံ ႔ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ႏုိင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာေတာ့မွာျဖစ္ပါတယ္။

ၾကာသပေတးေန႔ကစၿပီး တလၾကာ အေရးေပၚအေျခအေန စတင္ခ်မွတ္ဖို႔ ထုိင္းအစိုးရအဖြဲ႔က သေဘာတူထားၿပီးၿပီ လို႔ ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha က ဒီကေန႔ေျပာပါတယ္။

ထိုင္းႏုိင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္သူ ၁၀၆ ဦး ထပ္တိုးလာတာေၾကာင့္ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူ စုစုေပါင္း ၈၂၇ ေယာက္အထိ ရွိလာၿပီဆိုတာ အတည္ျပဳထုတ္ျပန္တဲ့ အဂၤါေန႔မွာပဲ အေရးေပၚအေျခအေန ေၾကညာမယ့္အေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာတာပါ။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိုင္းႏုိ္င္ငံမွာ ေသဆံုးသူေပါင္းကေတာ့ ေလးဦး ရွိသြားပါၿပီ။

ႏုိင္ငံေတာ္ အေရးေပၚအေျခအေန စၿပီး အာဏာသက္ေရာက္ၿပီဆိုရင္ေတာ့ အစိုးရအေနနဲ႔ အျပင္မထြက္ရအမိန္႔ ထုတ္ျပန္တာ၊ သတင္းမီဒီယာေတြကို ဆင္ဆာလုပ္ ပိတ္ပင္တာ၊ လူစုလူေဝးေတြကို ၿဖိဳခြဲတာ၊ စစ္တပ္အင္အား အသံုးျပဳတာ စတဲ့ သာမန္အေျခအေနမွာ မရတဲ့ လုပ္ပိုင္ခြင့္ေတြ ရလာမွာျဖစ္ပါတယ္။

အမ်ားျပည္သူအေနနဲ႔ တည္တည္ၿငိမ္ၿငိမ္ရွိၾကဖို႔ ႐ုပ္သံကထုတ္လႊင့္တဲ့ မိန္႔ခြန္းမွာ ဝန္ႀကီးခ်ဳပ္ Prayuth က တိုက္တြန္းခဲ့သလို ဆိုရွယ္မီဒီယာကို မေတာ္မေလ်ာ္ အသံုးျပဳတာေတြအေပၚ သတိေပးၿပီး ခ်ဳိးေဖာက္သူေတြကို ပိုၿပီး တင္းတင္းက်ပ္က်ပ္ အေရးယူသြားမယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအထိက ထိုင္းနုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူအေရအတြက္ဟာ ၁၀ ေယာက္ေတာင္ မရွိခဲ့ဘဲ လြန္ခဲ့တဲ့ သီတင္းတပတ္ထဲမွာတင္ ရာနဲ႔ခ်ီတိုးလာတာေတာင္မွ ဝန္ႀကီးခ်ဳပ္ Prayuth အစိုးရက အခိုင္အမာ အေရးယူလုပ္ေဆာင္မႈ မရွိတဲ့အေပၚ ေဝဖန္ ေျပာဆုိၾကပါတယ္။


[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ အရေးပေါ်အခြေနေ ကြေညာတော့မည်

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာတော့မှာဖြစ်ပါတယ်။

ကြာသပတေးနေ့ကစပြီး တလကြာ အရေးပေါ်အခြေအနေ စတင်ချမှတ်ဖို့ ထိုင်းအစိုးရအဖွဲ့က သဘောတူထားပြီးပြီ လို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ဒီကနေ့ပြောပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူ ၁၀၆ ဦး ထပ်တိုးလာတာကြောင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ စုစုပေါင်း ၈၂၇ ယောက်အထိ ရှိလာပြီဆိုတာ အတည်ပြုထုတ်ပြန်တဲ့ အင်္ဂါနေ့မှာပဲ အရေးပေါ်အခြေအနေ ကြေညာမယ့်အကြောင်း ဝန်ကြီးချုပ်က ပြောတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ သေဆုံးသူပေါင်းကတော့ လေးဦး ရှိသွားပါပြီ။

နိုင်ငံတော် အရေးပေါ်အခြေအနေ စပြီး အာဏာသက်ရောက်ပြီဆိုရင်တော့ အစိုးရအနေနဲ့ အပြင်မထွက်ရအမိန့် ထုတ်ပြန်တာ၊ သတင်းမီဒီယာတွေကို ဆင်ဆာလုပ် ပိတ်ပင်တာ၊ လူစုလူဝေးတွေကို ဖြိုခွဲတာ၊ စစ်တပ်အင်အား အသုံးပြုတာ စတဲ့ သာမန်အခြေအနေမှာ မရတဲ့ လုပ်ပိုင်ခွင့်တွေ ရလာမှာဖြစ်ပါတယ်။

အများပြည်သူအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ရုပ်သံကထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ် Prayuth က တိုက်တွန်းခဲ့သလို ဆိုရှယ်မီဒီယာကို မတော်မလျော် အသုံးပြုတာတွေအပေါ် သတိပေးပြီး ချိုးဖောက်သူတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိက ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက်ဟာ ၁၀ ယောက်တောင် မရှိခဲ့ဘဲ လွန်ခဲ့တဲ့ သီတင်းတပတ်ထဲမှာတင် ရာနဲ့ချီတိုးလာတာတောင်မှ ဝန်ကြီးချုပ် Prayuth အစိုးရက အခိုင်အမာ အရေးယူလုပ်ဆောင်မှု မရှိတဲ့အပေါ် ဝေဖန် ပြောဆိုကြပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိုင္းမွာ အေရးေပၚအေျခေန ေၾကညာေတာ့မည္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိုင္းမွာ အေရးေပၚအေျခေန ေၾကညာေတာ့မည္ Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.